Pages

Tuesday, October 29, 2013

“EAOC” Zuphpawng hta shang lawm ai Hpunau Rawt Malan Dat Kasa Salang ni Laiza Muklum du.

“EAOC” Zuphpawng hta shang lawm ai Hpunau Rawt Malan Dat Kasa Salang ni Laiza Muklum du.

October 29, 2013
Written by KNET




KIO Ginjaw, Laiza Muklum kaw galaw na ETHNIC ARMED ORGANIZATIONS CONFERENCE Zuphpawng hta shang lawm na Hpunau Rawt Malan Dat Kasa Salang ni, Myitkyina-Laiza mawdaw lam hku nna 2013 ning October (29) ya shani hkying (12:00)Noon aten daram hta Laiza Muklum de du wa sai lam hpe chye lu ai.
 
Du wa ai Hpunau Rawt Malan Uhpung na Dat Kasa Salang ni hpe Laiza Muklum kata na Mungshawa ni lam lapai lahkra tsap let kabu gara hkap tau hkalum la nna KIO Ginjaw Komiti Salang ni kaw nna mung laksan shachyen shaga hkap tau hkalum la ai lamang galaw ai hpe chye lu ai.

 
Zuphpawng hta shang lawm na matu du shang wa ai Hpunanu Rawt Malan uhpung ni gaw, KNPP, NMSP, ALP, ANC, LDU, WNO, ARAKAN ARMY, PSLF/T.N.L.A, CNF, SSPP/SSA, DKBA, (DKBA.KLLT.Kayan Pyitit), KNU, NMSP, KNPP, PNLO, RCSS/SSA ni re hpe mung chye lu ai.
 
ETHNIC ARMED ORGANIZATIONS CONFERENCED hta shang lawm na Hpunau Rawt Malan Uhpung Dat Kasa Salang ni hpehkying (5:00)pm aten hta KIO Ginjaw Komiti Salang ni kaw nna hkaptau hkalum ai manhkrumshana lu sha hpawng galaw ailam hpe mung matut nna chye lu ai.

Sunday, October 27, 2013

နောက်ကွယ်မှာ စိုးရိမ်နေတဲ့ “လူကြီး” ရှိနေတယ်

နောက်ကွယ်မှာ စိုးရိမ်နေတဲ့ “လူကြီး” ရှိနေတယ်



တူမောင်ညို (၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်)

ဗိုလ်ရွှေမန်း ပါးစပ်မှ ဗိုလ်သန်းရွှေ၏ “စိုးရိမ်မှု” ကို ထုတ်ပြောလာသည်။

ဗိုလ်သန်းရွှေ၏ “စိုးရိမ်မှု” ထဲတွင် “ ၂၀၀၈ အခြေခံဥပဒေ” ကို ဖျက်သိမ်းပြီး အခြေခံဥပဒေသစ် တစ်ရပ် ထပ်မံရေးဆွဲမည့် ကိစ္စ။ “စ – လယ် – ဆုံး” ပြင်မည့်ကိစ္စ။ “ပြင်သင့်တာအားလုံး ပြင်မည် ”ဆိုသည့်ကိစ္စ။ “အဖုံးကစ ပြင်ရမည်” ဆိုသည့်ကိစ္စများပါဝင်သည်။

ထိုကိစ္စများသည် ဗိုလ်သန်းရွှေစိုးရိမ်ရမည့် ကိစ္စများဖြစ်သည်။ စစ်အုပ်စုအဆက်ဆက်၏ အတိတ် – ပစ္စုပ္ပန် – အနာဂတ် အကျိုး စီးပွားများနှင့် တိုက်ရိုက်သက်ဆိုင်နေသည့်ကိစ္စဖြစ်သည်။

ထို့အပြင် “စိုးရိမ်မှု” ထဲတွင် လုပ်စရာရှိတာတွေကို “မင်းတို့ တုံးဆိုတိုက်၊ ကျားကိုက်ကိုက်လုပ်ကြ / လက်ဦးအောင်လုပ်ကြ” ဆိုသည့် သဘောလည်းပါဝင်သည်။

သို့အတွက် ဗိုလ်ရွှေမန်းက “ဖွဲ့စည်းပုံအခြေခံဥပဒေများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်ဖို့ အဓိကထား ဆောင်ရွက်နေတဲ့အခါ မှာ ပြည်တွင်းကဖြစ်စေ၊ ပြည်ပဖြစ်စေ မည်သို့ပင် ဖိအားပေးမှုရှိရှိ မိမိတို့ ကတော့ မိမိတို့သွားတဲ့ လမ်းကြောင်းပေါ်မှာ အခြေခံပြီး တော့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အောင်မြင်အောင်လည်းကြိုးစားသွားမှာဖြစ်ပါတယ်” ဆိုတဲ့ စကားကိုထုတ်ပြောခြင်း ဖြစ်သည်။

ဗိုလ်ရွှေမန်း၏ ဤသို့ပြောဆိုသော စကားမှာ က သီတင်းကျွတ်သွားကန်တော့ရင်း “လူကြီး” ထံ ပေးခဲ့သည့် ကတိစကားလည်း ဖြစ်သည်။ သံန္နိဌာန်လည်းဖြစ်လိမ့်မည်။ “လူကြီး” ထံ ဗိုလ်ရွှေမန်း ပေးခဲ့သော ကတိစကား/ သံန္နိဌာန်သည် (ကာလုံ)၊ စစ်တပ်၊ ကြံ့ဖွံ့ အစိုးရ၊ ကြံ့ဖွံ့ပါတီတို့၏ကိုယ်စား ပေးခဲ့သည့် ကတိစကား/သံန္နိဌာန်လည်းဖြစ်သည်။

ဗိုလ်ရွှေမန်းပြောသည့် “ပြည်တွင်းကဖြစ်စေ၊ ပြည်ပဖြစ်စေ မည်သို့ပင် ဖိအားပေးမှုရှိရှိ မိမိတို့ကတော့ မိမိတို့သွားတဲ့ လမ်း ကြောင်းပေါ်မှာ အခြေခံပြီးတော့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဆိုသည့်စကားမှာ “၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး” ဆောင်ရွက်နေသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီချုပ်အခြေခံဥပဒေပြင်ဆင်ရေးကော်မတီသို့ အဓိက သတိပေးလိုက်ခြင်းလည်းဖြစ်သည်။

အဓိကသတိပေးလိုသည့်အချက်မှာ “၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး”သည် ကြံ့ဖွံ့ပါတီက သုံးသပ် တင်ပြသည့် လမ်းအတိုင်း သာဖြစ်ရမည်/ သွားရမည်ဟု ယတိပြတ်ကြေညာလိုက်သည့် သဘော လည်းဖြစ်သည်။

ဗိုလ်ရွှေမန်းသည် သမ္မတ(ဗိုလ်) ဦးသိန်းစိန်ကို အကြိမ်ကြိမ် “ကျော” နိုင်သူဖြစ်သည်။ (ကာလုံ) အစည်းအဝေးမည်သည့် အချိန် တွင်ခေါ်ရမည်ဟု အမိန့်ပေးညွန်ကြားနိုင်သူဖြစ်သည်။ ယခုလည်း ၂၀၁၅တွင် (ဗိုလ်) ဦးသိန်းစိန် ဝင်ရောက်အရွေးခံမည်မဟုတ်ဟူသော စကားကိုပြောနိုင်သူဖြစ်သည်။

တကယ်တော့ (ဗိုလ်)ဦးသိန်းစိန်မှာ “အခြေခံဥပဒေမရှိသော စစ်အုပ်စု” မှ “အခြေခံဥပဒေရှိသော စစ်အုပ်စုအဖြစ်သို့ ” ပြောင်း လဲရသည့် “အပြောင်းအလဲ” ဇာတ်ကွက်ထဲမှ ရုပ်သေးဇာတ်ရုပ် တစ်ခု မျှသာဖြစ်သည်။

သို့အတွက်(ဗိုလ်)ဦးသိန်းစိန်သည် ပေါ်ပေါက်နေသည့် လူမျိုးရေး/ဘာသာရေး အရေခြုံ အကြမ်းဖက် လူသတ်၊ မီးရှို့မှုများ၊ ဗုံး ဖောက်ခွဲမှုများတွင် “နောက်ကွယ်မှကြိုးကိုင်နေသူများ”ရှိသည်ဟု ပြောနိုင် သော်လည်း ထိုသို့ “နောက်ကွယ်မှကြိုးကိုင်နေသူများ”ကို ဖော်ထုတ် အရေးယူနိုင်စွမ်းမရှိသော/ ဖော်ထုတ်အရေးမယူဝံ့သော ရုပ်ပြသမ္မတမျှသာဖြစ်သည်။ စစ်အုပ်စုသစ်အတွက် မြေစမ်းခရမ်းပျိုးရသူ သမ္မတကြီး၊ အကူးအပြောင်းကာလ၌ (Searching fire) ကျည်ဆံသဖွယ် သမ္မတကြီး မျှသာဖြစ်သည်။

ဗိုလ်သန်းရွှေ၏ “စိုးရိမ်မှု” ထဲတွင် ယခုလတ်တလောကာလတွင် ဗိုလ်ခင်ညွန့်တပည့် သားမြေးအချို့ ဖွ၊ ဆွ၊ ထောင်နေသည့်ကိစ္စ များ မပါဝင်ချေ။ ဗိုလ်သန်းရွှေသည် ထောက်လှမ်းရေးဂိုဏ်းကို (လုံးဝ) မမှုချေ။

ထောက်လှမ်းရေးဂိုဏ်းခေါင်းဆောင် ဗိုလ်ခင်ညွန့်သည် “နိုင်ငံရေးမလုပ်ပါ” ဆိုသည့် လက်မြှောက် အရှုံး ပေးစကားကို အကြိမ် ကြိမ်ပြောထားပြီးဖြစ်သည်။ ဤစကားမှာလည်း ဗိုလ်သန်းရွှေ နားသို့ ဆက်သွင်းနေရ သည့် ခံဝန်ချက်ပင်ဖြစ်သည်။

ထောက်လှမ်းရေးဂိုဏ်းဖြိုဖျက်ရေး အမိန့်ပေးသူမှာ ဗိုလ်သန်းရွှေဖြစ်ပြီး၊ ဗိုလ်ရွှေမန်းသည် လက်တွေ့ အကောင်အထည်ဖော်သူ ဖြစ်သည်။ ဗိုလ်ရွှေမန်းသည် ထိုကတည်းက ဗိုလ်သန်းရွှေ၏အဓိက လူဖြစ် သည်။

လွှတ်တော်ဥက္ကဋ္ဌဖြစ်လာတော့လည်း ဗိုလ်ရွှေမန်းသည် ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ကို ဖြုတ်ချနိုင်သူဖြစ်သည်။ သမ္မတထက် မြင့်သည့် ရာထူးရှိလျှင်ပင်ယူမည်ဟု ပြောဝံ့သူဖြစ်သည်။ “၂၀၀၈ အခြေခံဥပဒေ”ကို ဆန့်ကျင်ပြီး ဥပဒေပယ်ဖျက်နိုင်သူ/ ဥပဒေပြုနိုင်သူလည်းဖြစ် သည်။ ဗိုလ်သန်းရွှေ၏ “စိုးရိမ်မှု”ကို ကိုယ်စားပြု ပြောဆိုနိုင်သူလည်းဖြစ်သည်။

ဗိုလ်သန်းရွှေ “စိုးရိမ်မှု”နေသော “မဖြစ်သင့်တာတွေ မဖြစ်ပေါ်ဖို့အတွက်” တုံးဆိုတိုက်၊ ကျားဆိုကိုက် လုပ်မည့်သူလည်း ဖြစ် သည်။ သို့အတွက် ဗိုလ်ရွှေမန်းကို ယုံသူသည်ဟုဆိုသောသူသည် ဗိုလ် သန်းရွှေကို သွယ်ဝိုက်သောအားဖြင့် ယုံသူပင်ဖြစ်မည်။

ယခုအခါ ဗိုလ်သန်းရွှေသည် သီတင်းကျွတ်တွင် လာ၍ကန်တော့သော ဗိုလ်ရွှေမန်းမှတဆင့် သူ၏ “စိုးရိမ်မှု”ကို ထုတ်ဖော် ပြောကြားလိုက်ခြင်းဖြင့် “ကန့်လန်ကာနောက်ကွယ်မှ သူ၏ တည်ရှိမှု” ကို ထပ်မံအတည်ပြုလိုက်လေသတည်း။

အပြောတင်မကတဲ့ ရွှေမန်း

အပြောတင်မကတဲ့ ရွှေမန်း


October 24, 2013

ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေမယ့် အပြုအမူ၊ အပြောအဆိုတွေ မပြုလုပ်ကြဖို့  သူရဦးရွှေမန်း တိုက်တွန်း လိုက် ပါတယ်။
 
- စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် အနစ်(၅၀)ကျော် အဟန့် အတား၊ အနှောက်အယှက် ပေးနေရုံမကဘဲ တတိုင်းပြည်လုံး စုတ်ပျက်သတ်သွားအောင် လုပ်နေခဲ့ကြတာဟာ ဗမာ့တပ်မတော် နဲ့  နောက်လိုက် ခရိုနီ တွေမှာသာ တာဝန်အရှိဆုံးဖြစ်ပါတယ်။
 
အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မှ ပိတ်ပင်ထားသည်ဟု အများက ယုံကြည် ထားသည့် အခြေခံဥပဒေပါ သမ္မတအရည်အချင်းပြဋ္ဌာန်းချက်များကို ပြင်မှသာ လွတ်လပ်မျှတ သည့် ရွေးကောက်ပွဲဖြစ်မည်ဟု သူရဦးရွှေမန်းက အောက်တိုဘာ ၂၄ ရက်က မီဒီယာများကို ပြောဆိုလိုက် သည်။  ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၅၉(စ)
 
- တတိုင်းပြည်လုံး ဒီ 2008 Constitution ကို ပြင်ဖို့ နဲ့  အသစ်ပြန်ေ၇းဖို့  အုတ်အော် သောင်းနင်း ဖြစ်နေတဲ့ အချိန်မှာ ဒီပုဒ်မ ၅၉(စ) ကိုဘဲ ပြင်ဆင်ဖို့  ပြောနေမဲ့အစား 2008 Constitution ကို ပြင်ဖို့  မလူးမလွန့် နိုင် အောင် လုပ်ထားတဲ့ ပုဒ်မ ၄၃၆(က)(ခ) ကိုပြင်ဆင်ဖို့  ပြောခဲ့၇င် သူရဦးရွှေမန်းဟာ အနောက်နိုင်ငံတွေက မျှော်လင့်ထားတဲ့ ဗမာခေါင်းဆောင် ကောင်း တစ်ယောက် အနေနဲ့  သံသယရှိစ၇ာ လိုမယ်မထင်ဘူး။
 
ဒီနေ့နေပြည်တော် ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေ က မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်နေတဲ့ အကြောင်း ပြောတယ်လို့လည်း သူရဦးရွှေမန်းက ပြောပါတယ်။
 
- 2008 Constitution ကို ပြင်ဖို့  နဲ့  အသစ်ပြန်ေ၇းဖို့  ပြည်သူလူထု စပြီး လှုပ်ရှားလာတာနဲ့  ဗမာ့သတ် မတော်၊ အစိုး၇၊ ကြံ့ဖွံ့ (ဖွတ်)၊ ခရိုနီတွေဖက်က ပြည်သူတွေကို ပုံစံအမျိုးမျိုးနဲ့  စပြီးခြိမ်းချောက် လာပါ တယ် .. အခု သူရဦးရွှေမန်းက ပြည်သူ့  ချဉ်ဖတ် ဗိုလ်ချုပ် မှူးကြီးဟောင်း ဦးသန်းရွှေ နာမယ်ကို ထုတ်ပြော လာတာကိုက ဗမာ့သတ်မတော်၊ လွတ်တော်၊ သမ္မတ သိန်းစိန်အစိုး၇ အားလုံး မဟာဗျူဟာတခုကို နည်းပ၇ိယယ် အမျိုးမျိုးနဲ့  ကစားနေတယ် ဆိုတာ ပိုပြီးထင်ရှားစေပါတယ်။
 
တိုင်းပြည်တကယ်ဘဲ စစ်မှန်တဲ့ ငြိမ်းချမ်းေ၇းကို လိုချင်၇င် ဗမာ့တပ်မတော်ကို ..
 
စောက်ရူး မထကြနဲ့ ” လို့ ဆိုဆုံးမနိုင်တာ ဘယ်သူရှိသလဲ ?
 
 
အညတြ ကချင်စစ်သည်ဟောင်း တစ်ဦး

Saturday, October 12, 2013

ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး နှစ်ဖက်လိုက်နာရမည့် အခြေခံမူများ


ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး နှစ်ဖက်လိုက်နာရမည့် အခြေခံမူများ

(က)    ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတည်ဆောက်ရန် အမှန်တကယ်ဆန္ဒရှိရန်။

(ခ)     သဘောတူညီချက်များအတိုင်း ကတိတည်ရန်။

(ဂ)     ရရှိထားသောသဘောတူညီချက်များအပေါ်အမြတ်မထုတ်ရန်နှင့်လက်တွေ့အကောင် အထည် ဖော်ဆောင်ရွက်သွားရန်။

(ဃ)    ဒေသခံပြည်သူများအပေါ်ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန်။

(င)     ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်လုပ်ဆောင်နိုင်ရန် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအဏာ တည်တံ့ ခိုင်မြဲရေး တို့တွင် လက်တွဲဆောင်ရွက်ရန်။

နှစ်ဖက်လိုက်နာရန်အချက်များ

၁။       တိုက်ပွဲများထပ်မံ မဖြစ်ပွားရေးအတွက် စောင့်ကြည့်ကြီးကြပ်မှုများ ပြုလုပ်နိုင်ရန် အောက်ပါ အချက်များကို နှစ်ဖက်အဖွဲ့များက လိုက်နာဆောင်ရွက်ရန်သဘောတူသည်။

(က)    နှစ်ဖက်တပ်များထိတွေ့ပစ်ခတ်မှုများ၊ တွေ့ဆုံတိုက်ပွဲများ မဖြစ်ပွားရေး ညိနှိုင်း ဆောင်ရွက်ရန်

( ခ )   နှစ်ဖက်သဘောတူသတ်မှတ်ထားသော ကန့်သတ်နယ်မြေများရှိလာပါက ထိုနယ်မြေ အတွင်း နှစ်ဖက်ညိနှိုင်း သဘောတူညီချက်မရှိဘဲ စခန်းသစ်များဆောက်လုပ်ခြင်း၊ ကန့်သတ်နယ်မြေ ကျော်လွန် သွားလာလှုပ်ရှားခြင်း၊ ကျူးကျော်ဝင်ရောက်ခြင်း မပြု လုပ်ရန်။

( ဂ )   ပြည်သူလူထုနှင့် နှစ်ဖက်အဖွဲ့များ၏ ၀န်ထမ်းများ၊ တာဝန်ရှိသူများအား ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင် ခြင်း၊  သတ်ဖြတ်ခြင်း၊ မတရားညင်းပန်းနှိပ်စက်ခြင်း၊ အဓမ္မပြု ကျင့်ခြင်း အပါအ၀င် အကြမ်းဖက်လုပ်ရပ် များမပြုလုပ်ရန်။

(ဃ)    ပြည်သူလူထုအား အကြောင်းမဲ့/အမှုဆင်ပြီး ဖမ်းဆီးအရေးယူခြင်း၊ အပြစ်ပေးခြင်း လုံးဝမပြု လုပ်ရန် နှင့် ဥပဒေနှင့် အညီဆောင်ရွက်ရန်။

( င )   ပြည်သူလူထုထံမှ တရားမဝင် အခွန်ကောက်ခံခြင်း၊ အတင်းအဓမ္မ ငွေကြေး ပစ္စည်းများရယူခြင်း မပြုလုပ်ရ။

( စ )   ကာယကံရှင်၏ဆန္ဒမပါဘဲ တပ်ဖွဲ့ဝင်အဖြစ် အဓမ္မသွတ်သွင်းခြင်း မပြုလုပ်ရန်။

(ဆ)    အများပြည်သူ အသုံးပြုသောလမ်းများအား တားဆီးပိတ်ဆို့ခြင်း၊ ပြည်သူလူထု သွားလာရေးနှင့် ကုန်စည်စီးဆင်းမှုအားဟန့်တားပိတ်ဆို့ခြင်း၊ မိုင်းထောင်ဖျက်ဆီးခြင်း၊ မပြုလုပ်ရန်။

( ဇ )   နိုင်ငံတော်မှ တရားဝင်ဖွဲ့စည်းထားပြီးဖြစ်သော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအပေါ် လူမျိုးရေး အရဖိအား ပေး ဖဲ့ထုတ်ခြင်း၊ ဖမ်းဆီးခြင်း၊ စစ်ရေးအရ ဖိအားပေး ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်းများမပြုလုပ်ရန် နှင့် ပြည်သူ့စစ်အဖွဲ့များ၏ လုပ်ဆောင်ချက်တို့ကို သက်ဆိုင်ရာ အဖွဲ့အစည်းများက တာဝန်ခံရန်။

(ဈ )    နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာနေထိုင်ကြသော ပြည်သူများကို လူသားချင်း စာနာထောက်ထား သော အကူအညီများ ပေးအပ်သွားရန်နှင့် အခြားအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများအား နှောင့်ယှက် ဟန့်တား ပိတ်ပင်ခြင်းမပြုလုပ်ရန်နှင့်ဒေသခံ အဖွဲ့အစည်းများနှင့် ညိနှိုင်းဆောင်ရွက်သွားရန်။

(ည)    ကျွန်ပြုခြင်း၊ အဓမ္မခိုင်းစေခြင်းမပြုလုပ်ရန်။

( ဋ )   အမျိုးသမီးများအား ဗလက္ကာယ ပြုခြင်း၊ လိင်အကြမ်းဖက်ခြင်း၊ အဓမ္မသားမယား ပြုကျင့်ခြင်း၊ လိင်မှုဆိုင်ရာ ကျွန်ပြုခြင်းမပြုလုပ်ရန်။

( )   ကလေးငယ်များအားသတ်ဖြတ်ခြင်း နှင့် ကိုယ်အင်္ဂါဖြတ်တောက်ခြင်း၊ ကလေးစစ်သား အဖြစ် စုဆောင်း/စစ်မှုထမ်းစေခြင်း၊ အဓမ္မပြုခြင်းနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ မပြုလုပ်ရန်။

( )   ဘာသာရေး အကြောင်းပြ၍ စစ်ရေးကိစ္စများတွင် ပါဝင်စွက်ဖက် အမြတ်ထုတ်ခြင်း များကို ရှောင် ကြဉ်ရန်နှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို ပစ်ခတ် တိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများ မပြုလုပ်ရန်၊ ကျေးရွာဆုတောင်းတောင်များ၊ ဘုန်းကြီးကျောင်းများ (သို့မဟုတ်) လူထုဝတ်ပြုရာနေရာများ၌ ထပ်မံ၍ တပ်စခန်းချခြင်း၊ နေထိုင်ခြင်း စသည်ဖြင့် ဘာသာရေးဆိုင်ရာမြေနေရာများကို သိမ်းပိုက်နေရာ ယူခြင်း၊ မီးရှို့ခြင်းများ မပြုလုပ်ရန်။ ဘာသာရေးဆိုင်ရာနေရာများနှင့် ငြိစွန်းနေသော တပ်နေရာ များနှင့် ပတ်သက်၍ နှစ်ဖက်မှ ဆက်လက်ညှိနှိုင်းဆွေးနွေးသွားရန်။

( )   ဂျီနီဗာကွန်ဗင်းရှင်း - (၄)        စစ်ကာလအတွင်း အရပ်သားများအား အကာအကွယ် ပေးရေး ( Geneva Convention ( IV ) – Relative to the protection of civilian persons in time of war) တွင်ပါရှိသည့်အချက်များကို လေးစားလိုက်နာကြမည်။

၂။       လက်နက်ကိုင်တိုက်ပွဲများတွင် ဖမ်းဆီးရမိသူများ၊ လက်နက်ချပြီးသူများအား လူသားဆန်စွာ ဆက်ဆံပြီး အောက်ဖော်ပြပါအချက်များကို မည်သည့်အကြောင်းပြချက်နှင့်မျှမပြုလုပ်ရန် -

(က)    လူ့အသက်နှင့် ခန္ဓာကိုယ်ကို ထိခိုက်နစ်နာအောင်ပြုမူခြင်း၊  အထူးသဖြင့်နည်းမျိုးစုံဖြင့် သတ်ဖြတ် ခြင်း၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကို ဖြတ်တောက်ပစ်ခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ ပြုမူ ဆက်ဆံခြင်းနှင့် နှိပ်စက်ကလူပြုခြင်း၊

( ခ )   ဓားစာခံအဖြစ်ဖမ်းဆီးထားခြင်း။

( ဂ )   လူ့ဂုဏ်သိက္ခာကို စော်ကားခြင်း၊ အထူးသဖြင့် အရှက်ရသိမ်ငယ်စေသော ဆက်ဆံမှုများ ပြုလုပ်ခြင်း။

(ဃ)    တရားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမပြုဘဲ ပြစ်ဒဏ်များချမှတ်ခြင်း၊ သေဒဏ် စီရင်ခြင်း။     

ဖယ်ဒရယ်စနစ်ကို လက်ခံကြရင် KIA ငြိမ်းချမ်းရေးလုပ်မည်

ဖယ်ဒရယ်စနစ်ကို လက်ခံကြရင် KIA ငြိမ်းချမ်းရေးလုပ်မည်

(ကာကွယ်ရေးဝန်ကြီးဌာန) ဗိုလ်ချုပ်မြင့်စိုး(ယာ) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ဂွမ်မော် (ဝဲ) တို့ ၃ ရက်တာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပြီးနှုတ်ဆက်နေစဉ်။ (အောက်တိုဘာ ၁၀၊ ၁၃)

VOA
ကိုဇော်ဝင်းလှိုင်
11.10.2013

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရအကြား ကနေ့အထိ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးတာဟာ ပြည့်ဝတဲ့ ဖက်ဒရယ်စံနစ် အကောင်အထည် မဖော်နိုင်သေးတဲ့အတွက် ဖြစ်တယ်လို့ KIO ညှိနှိုင်းဆောင်ရွက်ရေးမှူး ဦးဒေါင်ခါးက ပြောပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ပေါ်ပေါက်လာရေး အတွက်ပဲ တိုင်းရင်းသားတွေက လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့တာ ဖြစ်တဲ့အတွက် စစ်မှန်တဲ့ ဖက်ဒရယ်စနစ် ပေါ်ထွက်လာရင် ပြည်တွင်းစစ် လည်း ငြိမ်းချမ်း သွားမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
 
ဖက်ဒရယ်စနစ်ကို အစိုးရနဲ့ စစ်တပ်အပါအဝင် နိုင်ငံရေးအင်အားစုတွေဘက်က နားလည်သဘော ပေါက်ရင် အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ် ထိုးစရာမလိုဘဲ ပြည်တွင်းစစ် အလိုလိုငြိမ်းချမ်း သွားမှာ ဖြစ်တယ်လို့ မြန်မာအစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မီတီနဲ့ ကေအိုင်အို ခေါင်းဆောင်တွေအကြား မြစ်ကြီးနားမြို့မှာ ၃ ရက်ကြာ တွေ့ဆုံ ဆွေးနွေးပြီး နောက် တနေ့မှာပဲ KIO အဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး တဦးဖြစ်သူ ဦးဒေါင်ခါးက ဗွီအိုအေကို ပြောကြား လိုက်တာပါ။
 
“သမိုင်းကြောင်းတလျှောက်အရ ပြောမယ်ဆိုလို့ရှိရင်တော့ ဖက်ဒရယ်ပေါ့ဗျာ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့တော်လှန်ရေးဟာ ဒီ ဖက်ဒရယ်ကြောင့်ပဲလေ။ ဒီတော့ ခွဲထွက်ရေး ဆိုပြီး အစိုးရက ထိုးစစ်ဆင်တယ်၊ တိုင်းရင်းသားတွေကလည်း ဖက်ဒရယ်ကြောင့် ခုခံစစ်လုပ်တယ်၊ ဆိုတော့ ဒီအတွက်ကြောင့်ပဲ ပြည်တွင်းစစ်ဖြစ်လာတယ်။ “..ဆိုတော့ ဒီ ဖက်ဒရယ်ဆိုတဲ့ဟာကို အားလုံးက ကောင်းကောင်း သဘောပေါက်ပြီး လက်ခံသွားပြီဆိုလို့ရှိရင် ဒါ စနစ်တစ်ခုဖြစ်တယ်၊ ဒီစနစ်ကို နိုင်ငံ အတွင်းမှာ တည်ဆောက်သွားလို့ရှိရင် ပြည်တွင်းစစ်က ငြိမ်းသွားမှာပဲ။ ဘာမှ တမင် တကာ Ceasefire agreement တွေတောင် လုပ်နေစရာ မလိုဘူးပေါ့နော်။ “…ဆိုတော့ ဒီဥစ္စာက ကြန့်ကြာစေတဲ့ အချက် ဖြစ်သလို သဘောပေါက်သွားရင် အမြန်ဆုံးပြီးသွား စေမယ့် ဖက်ဒရယ်က priority ဖြစ်ပါတယ်။ အခုက ဖက်ဒရယ်ကိစ္စကို ဝန်ကြီးဦးအောင်မင်းရော - လွှတ်တော်ထဲမှာရော အစိုးရရော တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တွေပါ ပြောနေကြပြီဆိုတော့ သူတို့လည်း အတိုင်းအတာတစ်ခုမှာ လက်ခံတဲ့အနေအထား ရှိလာပြီဆိုတော့ လွန်ခဲ့တဲ့အချိန်မှာ လာခဲ့သလောက် ဒီတကြိမ်မှာ သူတို့ဒီအဆင့်ကို လက်ခံခြင်းအားဖြင့် အမြန်ဆုံးပြီးသွားမယ်တော့ ထင်တာပဲ။”
 
မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး မြန်မာအစိုးရနဲ့ ကေအိုင်အိုအကြား သဘော တူညီချက် ၇ ခုကို လက်မှတ်ရေးထိုးခဲ့ပေမယ့် အရေးကြီးတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်တော့ မရနိုင်သေးပါဘူး။ အဲဒီလို ကြန့်ကြာနေတာဟာ နှစ်ဖက် အသေးစိတ် နားလည်မှု ရအောင် တည်ဆောက်နေတဲ့အတွက်ဖြစ်တယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်။
 
“တဘက်နဲ့တဘက် အရစ်ရှည်တာမျိုးတော့ မဟုတ်ပါဘူး။ ပိုပြီးတော့ ခိုင်မာတဲ့အနေအထားတစ်ခုကို ဖန်တီးသွားဖို့အတွက်က အနုစိတ်သွားတဲ့ ခြေလှမ်းမျိုး ဖြစ်နေတော့ ကြန့်ကြာသလို ဖြစ်တာပေါ့။ ဒါ ပိုပီးတော့ ခိုင်မာတဲ့အနေအထားတရပ်ကို၊ နိုင်ငံရေးစနစ်ကိုရောက်သွားအောင် အနုစိတ်ဆန်တဲ့ ခြေလှမ်းနဲ့ သွားနေလို့ ကြာနေတယ်လို့ ကျနော်က အဲလိုမြင်တယ်။”
 
နောက်ဆွေးနွေးပွဲတွေမှာ သူတို့ဘက်က ထည့်သွင်းဆွေးနွေးဖို့ ပြင်ဆင်ထားတဲ့အချက်တွေနဲ့ ပတ်သက် လို့လည်း ဦးဒေါင်ခါးက အခုလို ဆက်ပြောပါတယ်။
 
“သဘောတရားက- Nationwide Ceasefire က အစိုးရရော ဒီအဆင့်ကို ကျော်ဖြတ်ပြီးတော့ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးကိုလုပ်ရမယ်။ အုပ်ချုပ်ပုံစနစ်တွေကို ပြည်သူဗဟိုပြုစနစ်နဲ့ တည်ဆောက်သွားရမယ်။ ကျနော်တို့လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးကလည်း ဒီနိုင်ငံရဲ့ Transition တစ်ခုကို ကျော်ဖြတ် ရမယ် ဆိုတာ သိတယ်။ “…ဆိုတော့ Nationwide Ceasefire ဟာ အစိုးရတစ်ခုတည်းတင်မဟုတ်ဘဲ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးအတွက်လည်း လိုပါတယ်။ ဒီလို သဘောပေါက်တဲ့အနေအထားမှာ နှစ်ဦးနှစ်ဘက်က အပြုသဘောဆောင်တဲ့ခြေလှမ်းမျိုးနဲ့ သွားသင့်ပါတယ်။ အဲဒီတော့ ဒီ စစ်ရေးပိုင်းဆိုင်ရာ ကိစ္စကို ကျနော်တို့ကလည်း အခုနကပြော သလိုမျိုးပေါ့နော် အသေးစိတ် ဆွေးနွေးရမယ့် အနေအထား ရှိတယ်။ “...ဆိုတော့ နောက်တစ်ခေါက် agenda ကျရင် Nationwide Ceasefire ကို ဘယ်ပုံဘယ်နည်း ချဉ်းကပ်မယ်ဆိုတဲ့ဟာကို ဆွေးနွေးဖို့ ဖြစ်ပါတယ်။ …ဆိုတော့ ဘယ်အခြေခံပေါ်မှာ ဆွေးနွေးမလဲလို့ စဉ်းစားရင် ကျနော်တို့ အားလုံးကို ကြည့်တဲ့အတိုင်းပဲ။ ကျနော်တို့မေးထားတဲ့ဟာက အစိုးရဘက်ကနေ စီမံချက် ဘယ်လိုမျိုးရှိသလဲ ဆိုတဲ့ဟာကို ကျနော်တို့ တောင်းထားတယ်။ အခု ဆက်တောင်းတုန်းပဲ။ အစိုးရကလည်း ဒါကို ပေးပို့မယ်လို့ ပြောပါတယ်။ “…ဆိုတော့ ဒီအစိုးရကနေ ရေးဆွဲထားတဲ့ စီမံချက်တွေ အပေါ်မှာ ကျနော်တို့က Nationwide Ceasefire ကို ဘယ်ပုံဘယ်နည်းနဲ့ ဘယ်လိုမျိုး အခန်းကဏ္ဍကနေ ပါရမယ်၊ ဘယ်ဘက်ကို ဦးတည်သွားရမယ်ဆိုတဲ့ဟာကို အဲဒီအပေါ်မှာ ကျနော်တို့ ဆွေးနွေးမှာပါ။”
 
KIO ဘက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဦးဆောင်ပါဝင်ခဲ့တဲ့ ဦဆွန်လွတ်ဂန်နဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ဟာ မြစ်ကြီးနားမြို့က ကချင် ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ ၃ ရက်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရလဒ်တွေကို ဒီကနေ့ ပြန်လည် ရှင်းလင်းပြခဲ့တယ်လို့ သိရပါတယ်။
 
KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီတို့ နောက်တကြိမ်တွေ့ကြဖို့ စီစဉ်ထား ပေမယ့်လည်း ဘယ်တော့ တွေ့ဖြစ်မယ်ဆိုတဲ့အပေါ် ရက်အတိအကျ မသတ်မှတ်ရ သေးဘူးလို့ သိရ ပါတယ် ခင်ဗျား။

Thursday, October 10, 2013

Kachin Peace Talks Close Without Cease-Fire Pact

Kachin Peace Talks Close Without Cease-Fire Pact

RFA
2013-10-10
KIO and Myanmar government peace negotiators leave the building after talks in Myitkyina on Oct. 8, 2013.

The Myanmar government and ethnic Kachin rebels failed to nail down a permanent cease-fire accord after their latest round of peace talks ended Thursday, instead signing a new agreement aimed at reducing hostilities and laying the groundwork for political dialogue.

The deal between the government and the Kachin Independent Organization (KIO) ironed out new rules for teams monitoring clashes and arrangements for the resettlement of civilians displaced by fighting but stopped short of declaring a full ceasefire.

The seven-point deal, however, goes a step further than past agreements with government plans to link the Kachin rebels to a comprehensive nationwide cease-fire accord that includes all of the country’s armed ethnic groups.

As the KIO-government talks ended in the Kachin state capital Myitkyina, a key alliance of 11 of Myanmar’s ethnic armed groups including the KIO met in northern Thailand to discuss their strategy in upcoming talks for a nationwide ceasefire agreement.

Aung Min, the minister leading the government’s peace efforts, told RFA’s Myanmar Service that he was “optimistic” about forging the nationwide agreement.

“As the President has said, holding an all-inclusive political dialogue is the biggest goal for us and all organizations said they are moving toward this dialogue,” he said.

Talks 'successful,' 'open'

On the talks in Myitkyina, the highest-level meeting between the two sides since May, Aung Min said they were “successful” while General Gwan Maw, deputy chief of staff of the Kachin Independence Army (KIA), the KIO’s military wing, said the two sides had been able to speak more “openly” than before.

But a report by the Kachin News Group, which focuses on northern Myanmar's war-torn Kachin state, quoted those familiar with the talks as saying that the government team pushed very hard for the KIO to agree to a two-way ceasefire while the rebels were “not prepared to sign on to [it] at this time.”

“The goodwill created between the KIO and the government over the past few months has been somewhat dampened by recent fighting in northern Kachin state's Putao district,” the report said.

“The KIO is also highly suspicious of recent moves by the army to send large numbers of troop reinforcements to southern Kachin state.”

The Kachin is the only major one of the country’s armed ethnic groups that has not yet signed a cease-fire agreement with the government, which is racing to end decades of fighting to speed up political and economic reforms after decades of military rule.

More than 100,000 people have been displaced in the deadly violence since a 17-year cease-fire agreement between the two sides broke down in 2011.

Monitoring hostilities

A joint statement indicated that both the KIO and the government were in favor of moving forward with an agreement reached in May aimed at deescalating tensions.

Aung Min said the two sides, which had previously agreed to form a cease-fire monitoring committee, set down five basic policies and 18 rules for the formation of teams to keep track of hostilities.

He also said that they would work on resettling internally displaced persons through pilot projects in four villages.

In talks to forge a nationwide cease-fire pact, the Kachin and other rebel groups have insisted that political dialogue be a key component of any agreement, emphasizing greater ethnic rights and a federal system of government.

Political dialogue

The KIO delegation’s spokesman Daung Kha said after the meeting Thursday that the Kachin side had made gains this week in getting government negotiators to back down from their insistence on making a nationwide cease-fire agreement a precondition for political dialogue.

“The government had said they would hold political dialogues after signing the nationwide cease-fire,” he said.

“But [now] with the KIO it seems that the government is working toward the nationwide cease-fire and political dialogue at the same time.”

He said the KIO was in less of a rush to reach a nationwide cease-fire agreement than Aung Min’s team, which is under pressure to achieve the plan before 2015 elections and the end of President Thein Sein’s first term.

“The government wants to work on the peace talks within its own time frame … but our ethnic groups want to work step by step to make each step secure,” he said.

KIO-hosted conference

Aung Min’s team had hoped a comprehensive accord would be signed in July, but later postponed its goal to October and is now targeting November.

KIO leaders said at this week’s talks that before any government-organized nationwide cease-fire conference, they want to host their own meeting of armed ethnic groups to discuss how to respond to the government’s plans.

They may do so at their capital Laiza at the end of October, they said.

Representatives from ten ethnic armed groups which attended Thursday’s talks as observers said they would join the meeting.

“We have requested that the government let us know the government’s plans before signing a nationwide cease-fire agreement. Then the KIO will hold a conference with other ethnic armed groups,” Daung Kha said.

“We now are preparing to hold the conference.”

UNFC meets in Chiang Mai

Meanwhile in northern Thailand’s Chiang Mai city, the United Nationalities Federal Council, an alliance of 11 ethnic armed groups including the KIO, at its one-day meeting Thursday also called for more information about the planned comprehensive peace agreement.

“The government has to announce its plans for the nationwide-cease-fire and also has to move its troops …. and order its army to follow the rules,” UNFC Secretary-general Naing Han Thar said.

“We will sign the nationwide cease-fire agreement if we can get what we request. If not, we won’t sign it,” he said.

RFA’s Myanmar Service. Translated by Khet Mar. Written in English by Rachel Vandenbrink.

Thursday, October 3, 2013

Kachin activists’ expectations fall flat at Jimmy Carter meeting

Kachin activists’ expectations fall flat at Jimmy Carter meeting

“The Elders”—(left to right) former Finnish President Martti Ahtisaari, former US President Jimmy Carter and former Norwegian Prime Minister Gro Harlem Brundtland—said their visit to Burma was “to listen and give support”, but representatives of the Kachin Peace Network said they were inattentive and seemed predisposed to the Burmese government narrative. (AFP photo)

DVB
By PANGMU SHAYI
3 October 2013

When the delegation of Elders, a group formed of former world leaders and Nobel Peace laureates, led by former US President Jimmy Carter visited Myanmar [Burma] for three days in September, Kachins had high expectations of making their voices heard, as the stated purpose of the visit was “to listen and give support to all those committed to a peaceful political transition in Myanmar”.

Kachin hopes fell flat however, after Khon Ja and May Sabe Phyu of the Kachin Peace Network met with President Carter and the other two Elders, former Finnish President Martti Ahtisaari and former Norwegian Prime Minister Gro Harlem Brundtland.

The perception the peace activists had was that the Elders were anything but attentive to what they had to say. Khon Ja said it was “a big challenge” trying to explain their concerns, as the Elders seemed predisposed to the narrative provided to them in their earlier meetings with government officials and the Myanmar Peace Center. President Carter was dismissive of their role as civil society representatives and kept urging them to persuade the KIO to participate in the upcoming nationwide ceasefire agreement, as if they were part of the KIO.

It would seem President Carter needs to be acquainted with the lessons learned from the 1994 peace accord signed by the KIO under pressure from the then military government and other stakeholders. The KIO leadership buckled under intense pressure from these quarters and other extenuating circumstances like the collapse of the Burma Communist Party, and the decision to agree to a ceasefire was made without seeking a Kachin consensus. There is reason to believe that the decision was not entirely unanimous even among the KIO leadership.

The Kachins have suffered mightily from the mistake of entering into a 17-year ceasefire without first insisting for guarantees for a specific time frame for political dialogue from the government, and a commitment to undertake certain crucial steps in the implementing and monitoring phases of the ceasefire.

The argument that ceasefires will lead to reconciliation and political reform does not hold water with the Kachins anymore. Past experience has taught them that applying leverage for guaranteed rights comes before, not after, a ceasefire agreement.

After the 1994 ceasefire, Kachins saw their state militarized with the Burma army dramatically increasing its presence from 24 battalions in 1994 to over 60 in 2011, the year the ceasefire broke down. The Burma army, its cronies, and Chinese enterprises have exploited Kachin natural resources to such a degree that there is now widespread environmental devastation throughout the Kachin area. Opportunities for livelihood and social advancement dwindled, and Kachins found themselves relegated to second-class citizen status in the land of their forefathers.

Kachin trust in the government is now at an all-time low. Questions about the need to sign a new ceasefire abound as clashes and heavy army deployment continue, even as peace negotiations take place between the KIO and the government. Other ethnic groups that have signed ceasefire agreements with State- and Union-level delegations also doubt the sincerity of the government due to the clashes with the Burma army that continue even after the signing of these agreements.

Instead of viewing Kachins recalcitrant for not falling in line with the government’s grandiose plan of a nationwide ceasefire signing ceremony, which chief peace negotiator U Aung Min says will be graced by his “dear friends” Bill and Hilary Clinton, Tony Blair and the likes, it is more important to try to understand why Kachins are wary of ceasefire agreements that fail to lead to genuine and lasting political transition.

Kachin leaders and civil society groups therefore, are pressing the KIO to hold off signing any agreement with the government without first setting these conditions:

§  The withdrawal of Burma army troops and removal of extended frontline posts as a gesture of the government’s genuine desire for a ceasefire and national reconciliation.

§  Guarantees of political dialogue within a specific timeframe.

§  Agreement that not all outcomes of the political dialogue need to be ratified by parliament, that some can be legitimized through a referendum of the Kachin public.

§  Specified codes of military conduct and arrangements for joint international and local monitoring of the ceasefire.

§  Mediation role of civil society groups.

§  Assistance for internally displaced people, or IDPs, to go beyond provision of basic humanitarian needs, and include rights education to ensure that IDPs are properly represented and consulted on all social and political issues that affect their lives.

Understandably, President Carter is eager to have the little matter of ethnic discontent swept away under the nationwide ceasefire mat, paving the way for the bigger picture of the Carter Center’s engagement in the 2015 elections and the national census taking process as international observers.

However the cautionary tale here is that peace cannot endure without political reform, that if ethnic concerns are not properly addressed—nationwide ceasefires or not—discontent will continue to boil, and the possibility of new disenfranchised groups taking up arms, renewing the cycle of violence and suffering all over again remains very strong.

Pangmu Shayi is a political analyst at the Kachinland News