Pages

Friday, July 13, 2012

Senators upset US firms can invest in Myanmar's MOGE

Senators upset US firms can invest in Myanmar's MOGE

Senators John McCain (L) and Joe Lieberman (R) (AFP/Getty Images/File, Mark Wilson)
(AFP)–22 hours ago
WASHINGTON — Senators John McCain and Joe Lieberman welcomed Thursday the easing of US sanctions on Myanmar but warned that doing business with the state oil and gas giant could put democratic reforms at risk.

President Barack Obama gave the green light Wednesday to companies to invest in Myanmar, in the United States' broadest and most controversial easing yet of sanctions on the former pariah nation.

Under the new rules, unveiled in recognition of reforms in the Southeast Asian nation dominated by the military since 1962, US companies will be able to enter into business with state-owned Myanma Oil and Gas Enterprise (MOGE), but must notify the State Department within 60 days.

"We are pleased that US companies will now be able to invest in Burma, a step we have advocated," said Republican McCain and Independent Lieberman, a former Democrat, referring to the country by its former name.

"We are concerned, however, that the Obama administration has chosen to permit US firms to do business with MOGE at this time."

They said the firm's operations "remain non-transparent, and the billions of dollars in foreign investment that it receives remain unaccountable to the people and parliament of Burma, even though this money is state and national revenue.

"Under these conditions, we are concerned that doing business with MOGE runs the risk of setting back Burma's democratic reforms, rather than reinforcing them, as is our common goal."

US companies have been pressing for an end to restrictions on investment, fearing they will lose out to European and Asian competitors that already enjoy access to the potentially lucrative economy.

But Obama's move marks a rare divergence from Aung San Suu Kyi, Myanmar's Nobel Peace Prize-winning opposition leader, who has warned foreign firms not to partner with MOGE.

Suu Kyi, who spent years under house arrest but won a seat in parliament since the reforms, said on a recent tour of Europe that MOGE needed first to sign up to international standards such as the IMF code on transparency.

A new investment law is currently under consideration by Myanmar's parliament.

McCain and Lieberman said they had hoped Obama would have given Suu Kyi and other legislators more time to produce a new law enabling investment in Myanmar's energy sector "with a more transparent, accountable and reformed business partner than MOGE is at present."

The senators' statement comes hours before Secretary of State Hillary Clinton and Myanmar President Thein Sein hold landmark talks Friday in Cambodia on the sidelines of a business conference.

Clinton has welcomed reforms by Myanmar's government over the past year, such as welcoming Suu Kyi back into mainstream politics, but the top US diplomat acknowledged that concerns remained.

Tuesday, July 10, 2012

ဦးအောင်မင်း ဘာတွေ တော်နေသလဲ

ဦးအောင်မင်း ဘာတွေ တော်နေသလဲ

KNU မှ နော်စီဖိုးရာစိန်နဲ့အတူ ဦးအောင်မင်း

Tuesday, 10 July 2012 00:00

မီးရထားဝန်ကြီး ဦးအောင်မင်းဟာ ယခင်က ထောက်လှမ်းရေး မျက်မှန်ကြီး တင်ဦးရဲ့ တပည့် တစ်ယောက် ဖြစ်ခဲ့တဲ့ အပြင် မဟာဘုတ်တိုင် ဗေဒင်ယတြာ ကျွမ်းကျင်သူလို့ သိရပါတယ်။ ဒါကြောင့် ဦးအောင်မင်းဟာ အဖားတော်၊ ယတြာတော်တဲ့သူ ဖြစ်တာကြောင့် ဒေါ်ကြိုင်ကြိုင်ကို ယတြာ အစီအမံ ပြုလုပ်ပေးရင်း ပိုမို အလွမ်းသင့် လိုင်းဝင်သွားဟန် ရှိတယ်လို့ စစ်တပ် နီးစပ်သူ များက ဆိုပါတယ်။ သူဟာ တပ်မ (၆၆) တပ်မမှူး ဖြစ်ခဲ့ပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ထပ်မံ ရာထူး တိုးခဲ့ပါတယ်။ သူ့ရဲ့ ဇနီးဟာ ဆရာဝန်ဖြစ်ပြီး မိခင်နဲ့ကလေး စောင့်ရှောက်ရေးအသင်းမှာ တာဝန် ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ အဲဒီနောက် ရထားဝန်ကြီး ဖြစ်လာပြီးမှ အစိုးရသစ် ပြန်ဖွဲ့လာတဲ့အခါ ရထား ၀န်ကြီး အဖြစ်ပင် ဆက်လက် တာဝန် ပေးအပ်ခံရသူ ဖြစ်လို့ အခြား ၀န်ကြီးများနဲ့ ယှဉ်ရင် သူဟာ ‘ခေလှသူ’ မဟုတ်ကြောင်း စစ်ရုံးနဲ့ နီးစပ်သူများက ဆိုပါတယ်။

ယနေ့ခေတ် ၀န်ကြီးတွေဟာ စစ်တပ် ဆိုရိုးစကားအတိုင်း ကျောပိုးအိပ် ပြင်ထားရတယ် ဆိုတဲ့အတိုင်း ထိုင်ခုံမမြဲ နေရာ အတည်တကျ မဖြစ်ဘဲ ပြုတ်မှာကို အမြဲ စိတ်ပူနေရပါတယ်။ မျက်စိရှေ့မှာပင် ယခင် က ပုခုံးယှဉ်လာတဲ့ တိုင်းမှူးဗိုလ်ချုပ်တွေ တဖြုတ်ဖြုတ်နဲ့ ဇာတ်သိမ်းမလှတာကို တွေ့မြင်နေရပြီ ဖြစ်ပါ တယ်။ ယနေ့ ဦးအောင်မင်းကတော့ ပန်းပန်လျှက် ရှိနေရာ ထိုင်ခုံ မြဲလှပါတယ် ဆိုတဲ့ ဦးအောင် သောင်း တောင် ယခု ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင်အဖြစ် နှုတ်ထွက်သွားရပြီ ဖြစ်ပါတယ်။ ဦးအောင်မင်းဟာ လက်နက် ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ အထိုက်အလျောက် အောင်မြင်မှု ရရှိနေသူ ဖြစ်ပါတယ်။

သူဟာ ထောက်လှမ်းရေးမှာ နေခဲ့သူပီပီ ပရိယာယ်၊ ဥာဏ်များလှပြီး ဗေဒင်ယတြာ အစီအမံတွေနဲ့ လုပ်လာတက်တာကြောင့် တိုင်းရင်းသား အဖွဲ့များ အနေဖြင့် သတိထား ဆက်ဆံသွားဖို့ လိုကြောင်း စစ်ဖက်နီးစပ်သူများမှ တိုက်တွန်း အကြံပြု သွားပါတယ်။ သူဟာ မီဒီယာများနဲ့ တွေ့တိုင်း မိုက်ဖြစ်ဖြစ်၊ ကင်မရာနဲ့ ဖြစ်ဖြစ် တည့်တည့် မပြောဘဲ သူ့ရဲ့ မျက်နှာ တစောင်း ပြောနေဟန်ပုံတွေဟာ အဓိပ္ပာယ် ကောက် ခက်ခဲလှပါတယ်။ ထောက်လှမ်းရေးတွေရဲ့ စကားအတိုင်း တိုင်းရင်းသား အဖွဲ့တွေကို စီးပွားရေး မက်လုံးပေးရုံနဲ့ နှပ်ကြောင်း ပေးလို့ ရတယ် ဆိုတာ ဦးအောင်မင်း လေသံထွက်ခဲ့ဖူးပါတယ်။ သူ့ရဲ့ အပြုံးတွေဟာ သဘာဝကျကျ ရိုးသားမှု ရှိ မရှိ ကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဦးအောင်မင်းတစ်ယောက် KNU နှင့် ဆွေးနွေးပွဲတွေမှာ အောင်မြင်မှု ရသလောက် KIA နှင့် ဆွေးနွေးပွဲတွေမှာ အောင်မြင်ဖို့ အလှမ်းဝေးနေဆဲပင်ဖြစ်ကြောင်း စစ်ဖက်နီး စပ်သူ များက သုံးသပ်လာပါတယ်။ ဦးအောင်မင်း လူရည်လည်တဲ့ အချက် တစ်ချက်က ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီမှာ အဖွဲ့ဝင် အဖြစ်ပါလာတဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းကို ကျောသတ်ရင်သတ် ဖားနေတာကို စစ်ဖက် နီးစပ်သူများက သိရှိရပါတယ်။ ယခင်က ဦးအောင်သောင်းတို့ဟာ တိုင်းမှူးတွေကို လူရာမသွင်း တဲ့အတွက် တိုင်းရင်းသား နယ်မြေတွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကို ဦးအောင်မင်း ကောင်းကောင်းသိနေပါတယ်။ ဒါကြောင့် ကိုစိုးဝင်းကို ဦးအောင်မင်း တွဲခေါ်မှ ဖြစ်တယ်လို့ ခံယူ ထားဟန် တူကြောင်း စစ်ဖက်နီးစပ် သူများက စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ် www.photayokeking.org သို့ သတင်းပေးပို့လာပါတယ်။

www.photayokeking.org မှပြန်လည်ဖေါ်ပြပါသည်။

Monday, July 9, 2012

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းဆိုသည်မှာ

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းဆိုသည်မှာ

တူမောင်ညို ။ ဇူလိုင် ၉၊ ၂၀၁၂

“ပြည်ထောင်စု” ဟူသောမြန်မာဘာသာစကားလုံးတွင် တူညီကြသော် အင်္ဂလိပ်ဘာသာနှင့် ကိုင်စွဲကြသည့် အနှစ်သာရအပိုင်း သဘောတရားရေးအပိုင်းတွင်မူ ပြက်ပြက်ထင်ထင်ကွဲလွဲနေကြပါ သည်။ အင်္ဂလိပ် ဘာသာစကားလုံးတွင် အုပ်စိုးသူများဘက်က (Union) ဟူသောစကားလုံးကို သုံး၍ တိုင်းရင်းသားအင်အား စုများဘက်က (Federal)ဟု တစ်သမတ်တည်းသုံးစွဲခဲ့ကြသည်။

၂၀၁၂ ခုနှစ်၊ မေလ ၃ ရက် တွင်ထုတ်ပြန်ခဲ့သော နိုင်ငံတော်သမ္မတရုံး၊ အမိန့်အမှတ် ( ၁၂/ ၂၀၁၂) ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း ဆိုသည့် ကြေညာ ချက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ၏ တာဝန်များအဖြစ် အောက်ပါအတိုင်း (က) နှင့် (ခ) ဟူ၍ ၂ပိုင်းခွဲပြီး ဖေါ်ပြထားပါသည်။

(က) ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးခြင်း
(ခ) ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးခြင်း

ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးခြင်း တွင် လုပ်ငန်းတာဝန် (၅) ပါရှိပြီး၊ ပြည်ထောင်စု အဆင့် ငြိမ်း ချမ်းရေးဆွေးနွေးခြင်း တွင် လုပ်ငန်းတာဝန် (၈) ရပ်ပါရှိပါသည်။ ပြည်နယ်အဆင့် ငြိမ်း ချမ်းရေး ဆွေးနွေး ခြင်းတွင် တိုင်းရင်းသားလက်နက်အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် ပဏာမသဘော တူညီ ချက်လက် မှတ်ရေးထိုး ပြီးဖြစ်ပါသည်။

(KIO/KIA)အဖွဲ့နှင့်မူ ယနေ့အချိန်အထိ မည်သည့် သဘောတူညီမှုမျှမရရှိသေးဘဲ၊ ဆက်လက်တိုက်ခိုက် နေကြဆဲဖြစ်ပါသည်။

အထက်တွင်ဖေါ်ပြခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ၏ တာဝန် (က) နှင့် (ခ) ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့၊ သမ္မတအိမ်တော်တွင် ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ပထမ အကြိမ်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်တွင် လုပ်ငန်းတာဝန် ၅ ရပ်နှင့် ပြည်ထောင်စုအဆင့်တွင် လုပ်ငန်း တာဝန် ၈ ရပ်တို့ကို မူဝါဒ အဖြစ်ချမှတ်ပေးထားပြီးဖြစ်ပါကြောင်း” ဟူ၍ ထည့်သွင်းပြောကြားခဲ့ ပါသည်။

ကျွန်တော့်အနေဖြင့် ဤဆောင်းပါးတွင် အဆိုပါ မူဝါဒ အဖြစ်ချမှတ်ပေးထားသည့် ပြည်နယ်အဆင့် ငြိမ်း ချမ်းရေးဆွေးနွေးခြင်း နှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးခြင်း လုပ်ငန်း ၂ ခုအနက်မှ ပြည် ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးခြင်း အပိုင်းတွင် ပါဝင်သည့် လုပ်ငန်းတာဝန်ကို ၈ ရပ်ကို တစ်ခုချင်းစီ အလိုက် လေ့လာတင်ပြသွားပါမည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က မူဝါဒအဖြစ် ချမှတ်ပေးထားသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေး နွေးခြင်းတွင် လုပ်ငန်း တာဝန် ၈ ရပ်ပါရှိပါသည်။ ၄င်းတို့မှာ -

၁။ ပြည်ထောင်စုအတွင်း အမြဲအတူတကွ ပူးပေါင်းနေထိုင်ရေး

၂။ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး တို့ကို သဘောတူရေး

၃။ စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ နှစ်ဖက်ပူးတွဲ၍ တရားဝင် ဆောင် ရွက်ရေး

၎။ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများတိုက်ဖျက်ရေးအား ပူးပေါင်းဆောင်ရွက်ရေး

၅။ ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရေး

၆။ ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံရန်နှင့်ပြင်ဆင်လိုသည့်ကိစ္စများရှိပါက လွှတ်တော်အတွင်း၌ အများ သဘောတူဆန္ဒနှင့် အညီ ဆောင်ရွက်ရေး၊

၇။ ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တန်းတူနေထိုင်၊ သွားလာ၊ လုပ်ကိုင်၊ စားသောက်ရေး၊

၈။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်း ရေးကို ညှိနှိုင်း ဆောင်ရွက်ရေ

၁။ ပြည်ထောင်စုအတွင်း အမြဲအတူတကွ ပူးပေါင်းနေထိုင်ရေး

ဤအချက်၏ အနှစ်သာရနှင့် လိုရင်းသဘောမှာ ပြည်ထောင်စုမှ “ခွဲမထွက်ရ” ဟူသည့်သဘောသာဖြစ်ပါ သည်။ ဤအချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၊ ပုဒ်မ ၁၀ အဖြစ်ထည့်သွင်း ပြဋ္ဌာန်းထားပြီးပါသည်။

တစ်ချိန်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇) အခန်း (၁၀) ပုဒ်မ ၂၀၀ တွင်ဖေါ်ပြထားသည့် “ခွဲထွက်ခွင့်”မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်ပါရှိသော တရားဝင်ပြဋ္ဌာန်းထားသည့် အခွင့်အရေး တစ်ရပ်ဖြစ်ပါသည်။ ပင်လုံစာချုပ် ချုပ်ဆိုစဉ်ကပါရှိခဲ့သော အချက်အလက် လည်းဖြစ်ပါသည်။

“ပြည်ထောင်စု” ဟူသောမြန်မာဘာသာစကားလုံးတွင် တူညီကြသော် အင်္ဂလိပ်ဘာသာနှင့် ကိုင်စွဲကြသည့် အနှစ်သာရအပိုင်း သဘောတရားရေးအပိုင်းတွင်မူ ပြက်ပြက်ထင်ထင်ကွဲလွဲနေ ကြပါသည်။ အင်္ဂလိပ် ဘာသာစကားလုံးတွင် အုပ်စိုးသူများဘက်က (Union) ဟူသောစကားလုံးကို သုံး၍ တိုင်းရင်းသား အင် အားစုများ ဘက်က (Federal)ဟု တစ်သမတ်တည်းသုံးစွဲခဲ့ကြသည်။

ဖက်ဒရယ်ပြည်ထောင်စု၊ ပြည်နယ်ပေါင်းစုပြည်ထောင်စုဟူ၍ပင် ကွဲပြားအောင်ပင် ရေးသား ပြောဆိုဖေါ် ပြခဲ့ကြပါသည်။ အုပ်စိုး သူများဘက်က ဖက်ဒရယ် ဆိုလျှင် ခွဲထွက်ရေးဟုသာ သရုပ် ဖျက်ဝါဒဖြန့်ခဲ့ကြ သည်။ ဖြန့်နေဆဲဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၈ တွင် “နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်း တည်ဆောက် သည်” ဟုမြန်မာ ဘာသာဖြင့်ရေးသားပြီး၊ အင်္ဂလိပ်ဘာသာတွင်မူ The Union is constituted by the Union system ဟုရေးသားပါသည်။ ဖက်ဒရယ်ပြည်ထောင်စု တောင်းဆိုနေ သူများ သတိပြုဆန်းစစ်ကြ ရန်ဖြစ်ပါသည်။

၂။ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး တို့ကို သဘောတူရေး

ဤအချက်မှာ (နဝတ-နအဖ) စစ်အစိုးရ စီမံဖော်စပ်ခဲ့သော “ဒို့တာဝန်ရေး ၃ ပါး” ဖြစ်ပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၈၃ တွင် ထည့်သွင်းပြဋ္ဌာန်းထားသည့်အချက် လည်းဖြစ် ပါသည်။

၃။ စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ နှစ်ဖက်ပူးတွဲ၍ တရားဝင် ဆောင် ရွက်ရေး

ဤအချက်ကလည်း ဗိုလ်ခင်ညွန့်နဲ့ထောက်လှမ်းရေးမိုးကောင်းခဲ့စဉ်လုပ်ခဲ့သည့်နည်းကိုခွင့်မပြု၊ “ဥပဒေ နှင့်အညီ” လုပ်ရမည် ဟုကိုင်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာသူတို့အုပ်ချုပ်မှု ဘောင်အတွင်းက လုပ်ရမည်၊ ခွင့်ပြုချက်ယူရမည်၊ ခွင့်ပြုသည့်လုပ်ငန်းကိုသာ လုပ် ရမည်ဟူ၍ဖြစ်သည်။ နှစ်ဖက်ပူးတွဲ ဆောင်ရွက်ရမည် ဟုလည်းဆိုထားသည်။ ပြည်နယ်အဆင့်တွင် “ဆက်ဆံရေးစခန်း” ဟုသာသုံး ပါသည်။ တစ်ချိန်က “ဆက် ဆံရေးရုံး” ဟူ၍သုံးခဲ့ပါသည်။

တစ်ဖက်နှင့်တစ်ဖက် အခြေအနေနှင့်ဆက်ဆံမှုများ၏ သဘောထား အတိမ်အနက်နှင့်ဒီဂရီတို့ ကို စူးစမ်း ကြရာတွင် ဝေါဟာရ နှင့် စကားလုံးသုံးစွဲမှုများကိုလည်းအလေးထား သတိပြုသင့်ပါသည်။

၎။ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများတိုက်ဖျက်ရေးအား ပူးပေါင်းဆောင် ရွက်ရေး

ဤအချက်သည် မူးယစ်ဆေးဝါးနှင့်မကင်းရာမကင်းကြောင်းရှိကြသည့် အဖွဲ့များကို ချည်ပြီးတုတ် ပြီးလုပ် သည့် အချက်ဖြစ်ပါ သည်။ မူးယစ်ဆေးဝါးလုပ်ကြောင်း ဝန်ခံပြီး /ဖျက်သိမ်းရေးလုပ် ကြသည့် သဘော ဖြစ်သည်။

ဘိန်းဘုရင်ခွန်ဆာကို “လွတ်ငြိမ်းချမ်းသာခွင့်” ပေးနိုင်ခဲ့ကြသော စစ်အစိုးရသည် ငြိမ်းချမ်းစွာ ဆန္ဒပြသော ကျောင်းသားများ အပေါ်မပြေနိုင်သော အညှိုးအာဃာတဖြင့် ဘယ်ခေတ်မှာမှ မကြုံဖူး မကြားဖူးသည့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ မိသားစုနှင့် ဝေးရာထောင်များသို့ ရွှေ့ပြောင်း ပစ်ခဲ့သည်။ “လွတ် ငြိမ်းချမ်းသာခွင့်” မပေးခဲ့ချေ။ နိုင်ငံရေးအကျဉ်းသား၊ ယုံကြည်ချက်အရ အကျဉ်းကျ ခံရသူဟူ၍ပင် သဘောမထားနိုင်ခဲ့။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)အရ ပြစ်မှုကြွေးကျန် ဖြင့်သာလွှတ်ပေး ခဲ့သည်။

၅။ ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရေး

ဤအချက်သည် အဆင့်များကို ကျော်၍ပြောသောအချက်ဖြစ်ပါသည်။ ပါတီထောင်ရန် အတွက်မူ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံတွင် တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများ အရတည် ထောင်ခွင့်/ မှတ်ပုံတင်ခွင့်များကို တဆင့်ပြီးတဆင့် လျှောက် ထားကြ ရမည်။နိုင်ငံရေးပါတီ အဖြစ် တည်ထောင်ခွင့် လျှောက်ထားမည်ဆိုလျှင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ အချက်များကို စောင့်ထိန်း လိုက်နာပါမည်ဟူသော ဝန်ခံချက်ကို လက်မှတ်ရေးထိုးကြရမည်ဖြစ်သည်။

ပုဒ်မ ၆ တွင် အချက် (၆) ပါရှိပါသည်။ အဓိကအချက်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါ မည် ဟူသော အချက်ဖြစ်ပါသည်။ သို့အတွက် ဦးစွာအားဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ကို လက်ခံ မှသာ နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်/ မှတ်ပုံတင်ခွင့်များ လျှောက် ထားနိုင်မည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဖြစ်ပေါ်လာရေးတွင် တက်တက်ကြွကြွပါဝင်ခဲ့သော ဒေါက်တာတူးဂျာ၏ နိုင်ငံရေးပါတီ ထူ ထောင်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့မှုများ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က လုံးဝ ခွင့်မပြုခဲ့သဖြင့် အချည်းအနှီးဖြစ်ခဲ့ရသည်များကို လည်း သတိပြု ကြရပါမည်။ ဒေါက်တာတူးဂျာအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအဖြစ်ပင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့ ချေ။ လုံခြုံရေးအကြောင်း ပြပြီး မဲဆန္ဒနယ်များတွင် ရွေးကောက် ပွဲကျင်းပခြင်းကိုရွေ့ဆိုင်းပစ်ခဲ့သည်။

၆။ ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံရန်နှင့် ပြင်ဆင်လိုသည့်ကိစ္စများရှိပါက လွှတ်တော်အတွင်း၌ အများ သဘောတူဆန္ဒနှင့်အညီ ဆောင် ရွက်ရေး၊

ဤအချက်တွင် ဦးသိန်းစိန်အစိုးရသည် အခြားသောအချက်များကဲ့သို့ ဝေ့ဝိုက်နေခြင်းမရှိဘဲ၊ ဒဲ့ဒိုးပြောလိုက် သည့်အချက်ဖြစ်ပါ သည်။

- ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လက်ခံရမည်။
- လွှတ်တော်ပြင်ပတောင်းဆိုနေသည့် အခြေခံဥပဒေပြင်ဆင်ရေးကို မည်သို့မျှ လက်မခံဟု ဆိုလိုခြင်းဖြစ် သည်။

၇။ ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အညီ တန်းတူနေထိုင်၊ သွားလာ၊ လုပ်ကိုင်၊ စားသောက်ရေး၊

ဤအချက်ကလည်း အထက်က အချက် ၆ ကို သေချာအောင်ထပ်ပြောဆိုခြင်းနှင့် အချက် ၈ အတွက် ကြိုတင်လေပြေထိုး ခြင်းဖြစ်သည်။ ချွင်းချက်ထားရှိမည်မဟုတ်။ အပြီးအပိုင်တပ်ဖွဲ့ဖျက်သိမ်းပြီး လက်နက် အပ်ကြရမည်ဟူသောအချက်ကိုပြောခြင်းဖြစ်သည်။

၈။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင်ကူး ပြောင်း ရေးကို ညှိနှိုင်းဆောင်ရွက်ရေး

ဤအချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၃၈ “နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့ အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်” ဟူသော ပြဋ္ဌာန်းချက် ကို အတိ အလင်းရည်ညွန်းခြင်းပင်ဖြစ်ပါသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အောက်ပါအချက်ကိုထည့်သွင်းပြောကြားခဲ့ပါသည်။

“တိုင်းရင်းသားများအတွက် အသက်တမျှအရေးကြီးသည့် ဥပဒေအရပြဋ္ဌာန်း ထားသော တန်းတူရည်တူ အခွင့်အရေးများနှင့် အခြားသော တိုင်းရင်းသားအခွင့်အရေးများကို လွှတ်တော်မှ လေ့လာသုံးသပ်ပြီး ဥပဒေပြဋ္ဌာန်းပေးမည်ဆိုပါက မိမိတို့တာဝန်ယူဆောင် နေသည့် ပြည်တွင်း ငြိမ်းချမ်းရေး ဗဟိုကော်မတီ၏ လုပ်ငန်းများ အလျှင်အမြန်အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း” ဟူ၍ဖြစ်ပါသည်။

ဥပဒေအရ ပြဋ္ဌာန်းထားသော တန်းတူရည်တူအခွင့်အရေးများ နှင့် အခြားသော တိုင်းရင်း သားအခွင့် အရေးများ” ဆိုသည်မှာ အဘယ်နည်း။ ဤကိစ္စကို လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မေးခွန်း ထုတ်ကြရပါမည်။

ခြုံငုံသုံးသပ်ရသော်

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေး မူဝါဒလုပ်ငန်းတာဝန်များ ၈ ရပ် ၏ ရည်ရွယ် ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက လက်ခံရေးသာဖြစ်ပါ သည်။ သို့အတွက် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးခြင်း အောင်မြင် မှု/ မအောင်မြင်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို လက်နိုင်မှု/လက်မခံနိုင်မှုဆိုသည့် အချက်ပေါ်တွင်သာ အဓိက တည်မှီ နေပါသည်။ ဖြစ်ထွန်းလာမှုများကို စောင့်ကြည့်လေ့လာကြရပါဦးမည်။

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေး “လုပ် ငန်းကော်မတီ” သည် အထက်တွင်တင်ပြခဲ့သည့် မူဝါဒလုပ်ငန်းတာဝန်များကိုကိုင်စွဲလျက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ဆွေးနွေးကြရမည်။

ဆွေးနွေး ရရှိလာသည့်အချက်များကို အချိန်နှင့်တပြေးညီ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး “ဗဟို ကော်မတီ ” ထံ တင်ပြ အစီရင်ခံကြရမည်ဖြစ်သည်။

နှစ်ဖက်ဆွေးနွေးမှုနှင့်စပ်လျဉ်းပြီး အပြီးသတ်ဆုံးဖြတ်ချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး “လုပ်ငန်းကော်မတီ” က ချမှတ်ခွင့်ရှိသည်မဟုတ်။ အပြီးသတ်ဆုံးဖြတ်ချက်မှန် သမျှ ကို သမ္မတဦးသိန်းစိန် ဥက္ကဋ္ဌအဖြစ်ပါဝင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေး “ဗဟို ကော်မတီ” ကသာ ချမှတ်ပေး မည်ဖြစ်ပါသည်။

အသေအချာစိစစ်ကြည့်လျှင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး“ဗဟိုကော်မတီ” ဆို သည်မှာ နိုင်ငံ ခြားရေးဝန်ကြီး မပါ သည့် “အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ” ပင်ဖြစ်ပါ သည်။


ညွန်း

- နိုင်ငံတော်သမ္မတရုံး၊ အမိန့်အမှတ် ( ၁၂/၂၀၁၂) (၁၉ မေ ၂၀၁၂ မြန်မာ့အလင်းသတင်းစာ)

- ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေး (၄ ဇူလိုင် ၂၀၁၂ မြန်မာ့အလင်းသတင်းစာ)

- ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)

- နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ


Moemaka Blog မှကူးယူဖေါ်ပြပါသည်။

Memoir: Kachin Peace Efforts 1963 - 1994

Memoir - Kachin Peace Efforts

Sunday, July 8, 2012

The Fantastic Machine That Found the Higgs Boson

The Fantastic Machine That Found the Higgs Boson

DEMOCRACY IMPLICATIONS OF AUNG SAN SUU KYI’S EUROPEAN TRIP

Suu Kyi Democracy

What Killed Arafat?

What Killed Arafat?
An investigation into the mysterious death of the late Palestinian leader reveals that he may have been poisoned.
05 July 2012

Peres and Arafat

It was a scene that riveted the world for weeks: The ailing Yasser Arafat, first besieged by Israeli tanks in his Ramallah compound, then shuttled to Paris, where he spent his final days undergoing a barrage of medical tests in a French military hospital.

Eight years after his death, it remains a mystery exactly what killed the longtime Palestinian leader. Tests conducted in Paris found no obvious traces of poison in Arafat’s system. Rumors abound about what might have killed him – cancer, cirrhosis of the liver, even allegations that he was infected with HIV.

A nine-month investigation by Al Jazeera has revealed that none of those rumors were true: Arafat was in good health until he suddenly fell ill on October 12, 2004.

Tests have revealed that Arafat’s final personal belongings – his clothes, his toothbrush, even his iconic kaffiyeh – contained abnormal levels of polonium, a rare, highly radioactive element. Those personal effects, which were analysed at the Institut de Radiophysique in Lausanne, Switzerland, were variously stained with Arafat’s blood, sweat, saliva and urine. The tests carried out on those samples suggested that there was a high level of polonium inside his body when he died.

The findings have led Suha Arafat, his widow, to ask the Palestinian Authority to exhume her late husband’s body from its grave in Ramallah.

But a conclusive finding that Arafat was poisoned with polonium would not explain who killed him. It is a difficult element to produce, though – it requires a nuclear reactor – and the signature of the polonium in Arafat’s bones could provide some insight about its origin.

Source: Al Jazeera