Pages

Saturday, October 13, 2012

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံခြင်း

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံခြင်း

Written by Min Htet San၊ Interview from : The Voice Weekly

အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တနှစ်နှင့် သုံးလ ကျော်ခဲ့ပြီဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေသော် လည်း အဆင်မပြေသေးပေ။ လတ်တလော အနေအထားတွင်လည်း တိုက်ပွဲများ ပြင်းထန်လျက် ရှိနေသော ကြောင့် ယင်းတိုက်ပွဲအခြေအနေများနှင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေရသည့် အခြေအနေများကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် The Voice Weekly တို့ တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။
 
Voice : အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲဖြစ်နေတာ တနှစ်ကျော်နေပြီ။ တချို့ကလည်း ခုဖြစ်နေတဲ့ တိုက်ပွဲက ခွဲထွက်ရေးအတွက် တိုက်နေတယ်လို့လည်း ပြောကြပါတယ်။ ကျနော်တို့ နားလည်ထား တာက ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းတယ်လို့ ကြားထားပါတယ်။ အဲဒီအပေါ်မှာ တိကျတဲ့ သဘော ထားကို ပြောပြပေးပါခင်ဗျ။
 
GGM : ကချင်တွေရဲ့စိတ်ထဲမှာ ပြည်ထောင်စုမြန်မာနိုင်ငံလို့ ပေါ်ထွက်လာအောင် အစကတည်းက ကြိုးစားတဲ့နေရာမှာ ကချင်တွေ ပါခဲ့ပါတယ်။ ဒါကြောင့်မို့ ပြည်ထောင်စုကနေ ခွဲထွက်ရေးလို့ ပြောတဲ့ အထဲမှာ ကချင် မပါဘူး။ ဦးအောင်မင်းကိုလည်း ပြောခဲ့တယ်။ ပြည်ထောင်စု ဆိုတဲ့ စကားကို ကျနော် တို့ ပြောခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ၊ သိပ်ပင်ပန်းနေပြီလို့ နောက်ခဲ့သေးတယ်။ ပြည်ထောင်စုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လို့ ပြောလိုက်ရင် ပြည်ထောင်စု ခွဲထွက်ရေးလို့ နားလည်ကြတယ်။ ဒါက ကချင် တွေ ရဲ့ Concept ပဲ။ ခု ပြောနေကြတာလည်း ပြည်ထောင်စုအရေးပဲ။ ကေအိုင်အိုက ဘယ်လောက် တောင် ရှင်းရှင်းလင်းလင်း လုပ်ခဲ့သလဲဆိုရင် ၁၉၈၁ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းနဲ့ တွေ့တဲ့အခါ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီကို လက်ခံမယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေး။ ဒီမှာ မူထိတယ် ဆိုပြီး စေ့စပ် ကြောင်းလမ်းရေး ပျက်ခဲ့တာ ဒီနေ့ထိပဲ။ ၁၉၉၄ တုန်းက အပစ်အခတ်ရပ်စဲရေး စေ့စပ်ပွဲလုပ်တယ်။ နိုင်ငံထဲမှာ အခြေခံဥပဒေတရပ် ပေါ်ထွက်ရေးအတွက် ကြိုးပမ်းတဲ့နေရာမှာ ပါဝင်ခဲ့တယ်။ အဲဒီမှာ နိုင်ငံရေးဆွေးနွေးရအောင်လို့ ပြောရင် လက်မခံခဲ့ဘူး။ အစိုးရနဲ့ လုပ်။ သူတို့က အာဏာသိမ်းထားတဲ့ တပ်မတော်အစိုးရလို့ ပြောတယ်။ ၂၀၀၈ ကုန်ခါနီးမှာ အသွင်ကူးပြောင်းရေးအတွက် နယ်ခြားစောင့် တပ် ဖွဲ့ဖို့ ပြောတယ်။ အသွင်ကူးပြောင်းရေး ဆိုတာက နိုင်ငံရေးဝေါဟာရ ဖြစ်တယ်။ အသွင်ကူး ပြောင်းရေးနဲ့ Road Map က ဘယ်လို ချိတ်ဆက်မှု ရှိသလဲ မေးတော့ မရှိဘူးလို့ ပြောတယ်။ နယ်ခြား စောင့်တပ်ဆိုတာ နိုင်ငံတော်စီမံကိန်းဆိုတာ သဘောပေါက်တယ်။ ဒါပေမယ့် နိုင်ငံတော်က ကေအိုင် အေ တပ် တခုတည်းကို ပြောနေတာ။ ကေအိုင်အိုမှာ ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေး ... အစရှိတဲ့ ဌာန ၁၀ ခု ရှိတယ်။ ကေအိုင်အေဆိုတဲ့ စစ်တပ်က ကေအိုင်အိုရဲ့ အဖွဲ့အစည်းတခုပဲ။ တပ်တခုတည်းကို မပြောဘဲနဲ့ တဖွဲ့လုံးကိစ္စ ပြောပါ။ ဘယ်လောက်ထိ ညှိခဲ့လဲဆိုရင် ပူးပေါင်းလို့ရတာ ပူးပေါင်းမယ်။ ဥပမာ - ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေပေါ့။ နောက် ကေအိုင်အေကို နယ်ခြားစောင့် တပ် ပေးရင် ဘယ်လောက်ပေးမလဲ မေးတော့ မသိဘူးတဲ့။ ကျန်းမာရေး မကောင်းတဲ့သူနဲ့ အသက် ၁၀ နှစ်ကျော်ကို ဖယ်လိုက်ရင် တပ်ရင်း ၃၀ ရနိုင်တယ်၊ ပေးမလား ဆိုတော့လည်း မဖြစ်ဘူးတဲ့။ ဒါနဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးက ပြီးသွားပြီ။ အဲဒီနောက်မှာ ဦးသန်းရွှေ (အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးဟောင်း) ဆီကို လိပ်မူပြီးတော့ ကေအိုင်အိုက စာပို့ခဲ့တယ်။ ပြည်ထောင်စု စကတည်းက ကချင်လူမျိုးတွေ ပါခဲ့ပါတယ်။ ပြည်ထောင်စုထဲ တန်းတူရေး ရချင်ပါတယ်။ တပ်မတော် မှာ ဦးစီးချုပ် တယောက်တည်း ထားမယ်ဆိုလည်း လက်ခံမယ်။ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းပေး ပါ။ အဲဒီလို ဖွဲ့ရင် ကျနော်တို့ တပ်တွေကို ပြင်ဆင်ဖွဲ့စည်းသွားမယ်။ နိုင်ငံတော်တောင်မှ ပြည်ထောင်စု မြန်မာနိုင်ငံလို့ ခေါ်သေးတယ်။ ဘာလို့ ပြည်ထောင်စုတပ်မတော်လို့ မရနိုင်ရမှာလဲ။ ဒါ ကျနော်တို့ရဲ့ သဘောထားပါ။
 
Voice : ဟုတ်ကဲ့။ တိုက်ပွဲတွေ စဖြစ်ခဲ့တည်းက ညှိနှိုင်းနိုင်ခဲ့ရင် ခုလိုအခြေအနေမျိုး ဖြစ်မှာမဟုတ်ဘူး လို့ လေ့လာသူတွေက သုံးသပ်တယ်။ ဗိုလ်ချုပ်တို့ ဘာကြောင့် မညှိနှိုင်းနိုင်ခဲ့တာလဲခင်ဗျ။
 
GGM : တိုက်ပွဲတွေ မနှစ်က ဇွန်လ ၉ ရက်မှာ စဖြစ်တာနဲ့ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီထိ ကျွန်တော် တို့ဘက်က တိုက်မိန့် မပေးသေးဘူး။ ဦးအောင်သောင်းတို့၊ ဦးသိန်းဇော်တို့နဲ့ ဆွေးနွေးနေ တုန်း။ ကြာရင် မလိုလားအပ်တာ များလာမယ်။ ဒါကြောင့် ဒီတိုက်ပွဲ အမြန်ရပ်ဖို့ သူတို့ သမ္မတဆီ တင်ပြမယ်ဆိုတော့ သဘောတူတယ်။ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီအထိ စောင့်တယ်၊ သဘောတူညီ မှု မရခဲ့ဘူး။ ဒါကြောင့် ၁၄ ရက်နေ့က စပြီး ကျနော်တို့ကလည်း တိုက်မိန့်ပေးလိုက်တယ်။ ဆွေးနွေးပွဲ တွေ စလုပ်ကတည်းက တိုက်ပွဲတွေ စဖြစ်တာပဲ။ အပစ်အခတ် ရပ်ဖို့အတွက် လက်မှတ်ထိုးရအောင်လို့ ပြောတယ်။ တခြားနိုင်ငံတခုကို သက်သေထားပြီး လုပ်ပေးပါ ပြောရင်လည်း အစိုးရက သိက္ခာရှိသေး တဲ့အတွက် နိုင်ငံတကာမပါနဲ့၊ ပြည်တွင်း ပြဿနာပဲတဲ့။ ဒါဆို ကတိတခုပေးပါ။ အစိုးရက နိုင်ငံအတွင်း မှာရှိတဲ့ တိုက်ပွဲတွေအားလုံး ရပ်ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုတာကို ၁၅ ရက်အတွင်း ကြေညာပေးပါ။ ဒါလည်း မဖြစ်နိုင်ဘူးဆိုတော့ ဆွေးနွေးပွဲက ၃ ကြိမ်မှာ ပြီးသွားရောပဲ။ ခု ပထမ အဆင့်အနေနဲ့ လုပ်ရမှာက တိုက်ပွဲတွေ လျှော့ချရေး။ ခုတပ်တွေ ရောနေတယ်။ အစိုးရတပ်က ရိက္ခာပို့တာတောင် ကျနော်တို့ တပ်မဟာ ၃ ကို ဖြတ်ပြီး ပို့ရတာ။ ခဏ ခဏ ရိက္ခာပို့ခွင့်တောင်းတုန်း။ ကူညီပေးဖို့တော့ စဉ်းစားလို့ရပါတယ်။ ဒါပေမယ့် လက်တွေ့တော့ မကျဘူး။ မဟာဗျူဟာအရ နောက်ကျောရောက်နေတဲ့ တပ်ကို ခွာပေးပါ။ ခွာလိုက်ရင် တိုက်ပွဲတွေ လျော့သွားပါမယ်။ ဒုတိယ အဆင့်အနေနဲ့ ပင်လုံမှာ ကျင်းပသလို ညီလာခံ ကျင်းပရမယ်။ ဒုတိယပင်လုံလည်း မဟုတ်ဘူး။ နောက်ခံသမိုင်းနဲ့ လုပ်ဆောင်ရမယ့်ကိစ္စတွေ ရှိတဲ့အတွက် ကချင်ကလည်း ကချင်တွေချည်း အစည်းအဝေးလုပ်ရမယ်။ တခြားတိုင်းရင်းသားတွေနဲ့လည်း လုပ်ရမယ်။ ဘုံသဘောတူညီမှုပေါ့။ လက်တွေ့မှာတော့ အစိုးရနဲ့ ဆွေးနွေးတဲ့အခါ တပ်တွေ ရွှေ့ဖို့ ကိစ္စတွေမှာ မဆုံးဖြတ်နိုင်ဘူး။ တပ်ကိစ္စတွေ ပါလာရင် ဆွေးနွေးလို့ မရတော့ဘူး။
 
Voice : ကေအိုင်အိုအနေနဲ့ရော၊ အစိုးရရော တိုက်ပွဲတွေဖြစ်လို့ ပြည်သူတွေ ဒုက္ခရောက်နေတာကို    ငဲ့ပြီး နှစ်ဦးနှစ်ဘက် ဆွေးနွေးလို့ မရနိုင်တော့ဘူးလားခင်ဗျ။
 
GGM : ခုနက ပြောသလိုပဲ။ ဦးအောင်မင်းတို့နဲ့ တပ်ကိစ္စ ပြောရင် ဆက်ဆွေးနွေးလို့ မရတော့ဘူး။ နောက်တိုက်ပွဲ တနှစ်ကျော်လာတဲ့အထိ တိုက်ပွဲကိစ္စကို လွှတ်တော်က ဘယ်လိုစဉ်းစားသလဲ။ မစဉ်းစားဘူးလား။ ဆွေးနွေးတယ်ဆိုရင် ဒီတိုက်ပွဲတွေကို အစိုးရက ခွင့်ပြုလို့ တိုက်နေတာလား။ ဒါတပိုင်း။ နောက် ငြိမ်းချမ်းရေးလို့ ပြောနေတဲ့စကား လွှတ်တော်အနေနဲ့ ဘယ်မှာ ရပ်ပြီး ပြောနေ တာလဲ။ ကချင်ပြည်နယ်က လွှတ်တော်အမတ် ဦးစခုန်တိန့်ယိမ်းက တိုက်ပွဲမှာ လာဦးစီးနေတယ်။ အဲဒီအချိန်မှာ လွှတ်တော်အစည်းအဝေး ရှိတယ်။ လွှတ်တော်မှာ ဘယ်လို ခွင့်တောင်းပြီး စစ်ပွဲ ဦးစီးရသလဲ။
 
Voice : လွတ်လပ်တဲ့အာရှအသံ (RFA) မှာ ငြိမ်းချမ်းရေးအကျိုးဆောင်ပေးတဲ့ ဦးညိုအုန်းမြင့်က ပြောသွားတာရှိတယ်။ ကေအိုင်အိုက အခြေခံဖွဲ့စည်းပုံကိုလည်း လက်ခံတယ်။ ပြည်ထောင်စု တပ်မတော် ဦးစီးချုပ်တယောက်တည်း ရှိရမယ် ဆိုတာကိုလည်း လက်ခံတယ်။ ဒါပေမယ့် အစိုးရလူကြီးတွေကို ကေအိုင်အိုက မယုံကြည်ကြဘူးလို့ ပြောထားတာ ရှိပါ တယ်ခင်ဗျ။ ကေအိုင်အိုရဲ့ သဘောထားက လက်ရှိအစိုးရအပေါ် ဘယ်လို သဘောထားရှိသလဲခင်ဗျ။
 
GGM : အဓိက လူမဟုတ်ပါဘူး။ မူပါပဲ။ အရင်ကတည်းက အခြေခံဥပဒေပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအရ တခြားသူ ဥက္ကဋ္ဌ တက်လုပ်လည်း ဘာမှမပြောင်းဘူး။ အဓိကက ဥပဒေပဲ။ ကျနော်တို့ ကေအိုင်အို အမည်နဲ့ ရွေးကောက်ပွဲဝင်မယ် ရမလားလို့ မေးတော့ နေပြည်တော်ကို လှမ်းမေးကြတယ်။ ရတယ်တဲ့။ နောက်နှစ်ရက်ကြာတော့ မရဘူး ဖြစ်ပြန်တယ်။ ကျနော်တို့က ဒီဂရီကုန်တဲ့အထိ ညှိပေးခဲ့ပြီးပြီ။ ရွေးကောက်ပွဲဝင်မယ်။ ဒုတိယသက်တမ်းမှာမှ ဝင်မယ်။ ပထမသက်တမ်းမှာ ဒီပုံစံမှာပဲ နေမယ်။ ၁၇ နှစ်လုံးလုံး ဆွေးနွေးဖို့ စောင့်နေခဲ့တာ။ ခု လက်မှတ်ထိုးရုံနဲ့တော့ ငြိမ်းချမ်းရေး ရမသွားနိုင်ဘူး။ သဘောတူလက်မှတ်ထိုးတာက စေ့စပ်ကြောင်းလမ်းတာနဲ့ တူတယ်။ နိုင်ငံရေးဆွေးနွေးတာက မင်္ဂလာဆောင်တာနဲ့ တူတယ်လို့တောင် ဦးအောင်မင်းကို ပြောခဲ့ပါသေးတယ်။
 
Voice : ခုလက်ရှိက ဒုက္ခသည်တွေလည်း တသိန်းနီးပါး ရှိနေပြီ။ ပြီးခဲ့တဲ့ တပတ်က ဖားကန့်မှာ လက်နက်ကြီး ထိပြီး ကျောင်းသူလေး သေဆုံးသွားရတာတွေလည်း ဖြစ်ခဲ့တယ်။ ဒီတော့ ငြိမ်းချမ်း ရေးအတွက် ဆက်ဆွေးနွေးဖို့ ရှိပါသလား။
 
GGM : ရှိပါတယ်။ ကျနော်တို့ ဆုံးဖြတ်ချက်တွေကို လူထုအစည်းအဝေးနဲ့ လုပ်ခဲ့တာတွေ ရှိပါတယ်။ နောက်တခု တိုက်ပွဲဖြစ်တော့ လူထုဒုက္ခရောက်တာ မှန်တယ်။ တိုက်ပွဲမဖြစ်တုန်းကရော ဒုက္ခ မရောက်ဘူးလား။ မြန်မာပြည်က တိုက်ပွဲမဖြစ်ဘဲ ဒုက္ခရောက်ခဲ့တာပါ။ ကချင်တွေ စိတ်ထဲမှာ တိုက်ပွဲ ကြာလာရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမယ်၊ ကြာရင် ထိန်းရခက်မယ်၊ ဒါကြောင့် တိုက်ပွဲ ကို အရင်ဖြေရှင်းရမယ်လို့ ဦးအောင်မင်းကို ပြောခဲ့တယ်။ လူထုဖိအား ပါလာရင် ဆုံးဖြတ်ရခက်မယ်။ တိုက်ပွဲတွေများလာရင် လူထုက နာကြည်းမှုတွေ ဖြစ်လာတယ်။ ဒီလိုပြဿနာတွေ ထိန်းမနိုင်ရင် ခက်မယ်လို့ အစကတည်းက ပြောခဲ့တယ်။ ဖားကန့်မှာ ဖြစ်တဲ့ဟာဆိုရင်လည်း ဝက်ဘ်ဆိုက်မှာ ကွန့်မင့်ပေးကြတာတွေကို မယုံနိုင်ဘူး။ မိသားစုတွေလည်း ပေါက်ကွဲကြတာတွေလည်း ပါတယ်။ မှားပစ်ကြတယ်လို့ ပြောကြတယ်။ ဘယ်တပ်ပဲဖြစ်ဖြစ် မှားတာတော့ ရှိတာပေါ့။ ဒါပေမယ့် ဘာဖြစ်လဲ မယုံနိုင်တဲ့ အဖြစ်အပျက်တွေက အများကြီးပဲ။ ဗုံးတလုံးကွဲရင် ကျနော်တို့ဆီကလား။ သူတို့ဆီကလား ဆိုတာ ကွဲကွဲပြားပြား မသိရဘူး။ မှားပစ်ရင်းနဲ့ပဲ နောက်ပိုင်း ရွာထဲမှာ ဝင်ပစ်သွားကြတာ။ ကျနော်တို့ စဆွေးနွေးကတည်းက မူတခုချပြီးတာနဲ့ မြစ်ကြီးနားမှာ တွေ့မယ်လို့ တရားဝင် ကြေညာထားပြီးသား ပါ။ အခု ဗိုလ်ချုပ်စိုးဝင်းနဲ့ တွေ့ဆုံဆွေးနွေးမယ် ဆိုတာလည်း ကျနော်တို့ တောင်းဆိုတာမဟုတ်ဘူး။ ကျနော်တို့ ပြောတာက ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံတော်က တာဝန်ပေးထားတဲ့ သူတွေနဲ့ တွေ့မယ်။ ဒု-ချုပ်မှ၊ ကာချုပ်မှ ပြောတာမဟုတ်ဘူး။ ခုနောက်ဆုံး နေပြည်တော်မှာ ဆွေးနွေးရအောင် ပြောတယ်။ မူမရှိဘဲ နေပြည်တော်မှာ ဘာသွားဆွေးနွေးမလဲ။ ဘယ်ခေါင်းစဉ်နဲ့ ဆွေးနွေးမလဲ။ အဓိက မူတခုရှာ။ နေရာ အဓိက မဟုတ်ဘူး။ မူပဲ။
 
Voice : ကေအိုင်အိုနဲ့သာ အပစ်အခတ် ရပ်စဲနိုင်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်လို့ ရပြီလို့ နိုင်ငံတော်သမ္မတကြီး ပြောခဲ့ပါတယ်။ အဲဒီအပေါ်မှာ ကေအိုင်အိုက ဘယ်လို မှတ်ချက်ပြု ချင်ပါသလဲခင်ဗျ။
 
GMM : ကေအိုင်အိုအနေနဲ့က အပစ်အခတ် ရပ်စဲရေး တခုတည်း မပြောဘူး။ နိုင်ငံရေး ဆွေးနွေးမယ် ဆိုတဲ့ ကတိကို ရချင်တာ။ ကတိမရဘဲနဲ့ အပစ်အခတ် ရပ်စဲရေး ဘာလုပ်မလဲ။ ပြန်ပစ်ကြမှာပဲ မဟုတ်လား။ ဒီတော့ တိုက်ပွဲတွေ ပြန်ဖြစ်မယ့် ကတိတော့ မလိုချင်ဘူး။ ဆွေးနွေးမယ်ဆိုတဲ့ ကတိ မရဘူး။ ၂၀၀၈ ထဲ ဝင်လာပါ ပြောတယ်။ ဒါဆိုရင် ဆက်သွားလို့ မရတော့ဘူး။ သမ္မတရဲ့ ပထမဆုံး မိန့်ခွန်းမှာလည်း တခြားအဖွဲ့အစည်းတွေကို ရည်ညွှန်းပြောတာ ပါတယ်။ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေကို ရည်ညွှန်းပြောတာ မပါဘူး။ ဒါကြောင့် အစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဘယ်လို သဘောထားသလဲ။ သောင်းကျန်းသူ၊ အခွင့်အရေးတောင်းသူလို့ သဘောထားလား။ သောင်းကျန်းသူလို့ သတ်မှတ်ရင် သောင်းကျန်းသူအနေနဲ့ပဲ သူ ဖြေရှင်းမှာပဲ။ နောက်တခုက ပင်လုံစာချုပ်အပေါ်မှာ ခုလက်ရှိ အစိုးရက ဘယ်လိုသဘောထားလဲ မေးတာ ခုထိ အဖြေမရဘူး။ အတူတကွ ယှဉ်တွဲနေထိုင်လို့ရတဲ့ ဥပဒေပေါ်ဖို့ ကျနော်တို့ ကြိုးစားရမယ်။ ခု သမ္မတ ပြောတဲ့ဟာ စာချုပ်ကို ကြည့်လေ။ ခုဟာက ယာယီ အပစ်အခတ် ရပ်စဲရေးပဲ။ ဘာမှ တိတိကျကျ မရှိဘူး။ ရှမ်းနဲ့လည်း တိုက်ပွဲ ပြန်ဖြစ်တာပဲ။ ဒါကြောင့် အာမခံချက် မရှိဘဲ စာချုပ်ကြီး ချုပ်ပြီး နောက်ဖြစ်လာမယ့် စစ်ပွဲအတွက် ပြင်နေတာမျိုးနဲ့တော့ မရပ်ချင်ဘူး။
 
(Aye Chan Mon ဖေ့စ်ဘွတ်ခ်မှ ကူးယူဖော်ပြသည်။)

ကေအိုင်အေ ပြန်ကြားရေးမှူး ဦးလနန်နှင့် တွေ့ဆုံခြင်း

ကေအိုင်အေ ပြန်ကြားရေးမှူး ဦးလနန်နှင့် တွေ့ဆုံခြင်း

ကေအိုင်အေ ပြန်ကြားရေးမှူး ဦးလနန်
 
မေး - ကေအိုင်အေနဲ့ တပ်မတော်ကြား ၁၉၉၄ မှ အပစ်အခတ် ရပ်စဲလာတယ်။ ၂၀၁၁ ဇွန်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်။ ဘာကြောင့်ပါလဲ။
 
ဖြေ - တိုက်ပွဲကတော့ ၂၀၁၁ ဇွန်လမှာ ပြန်ဖြစ်လာတယ် ဆိုပေမယ့် တချိန်ချိန်မှာ ပြန်ဖြစ်မယ်ဆိုတဲ့ လမ်းကြောင်းကို သွားနေတယ်။ အစိုးရကနေပြီးတော့ တော်လှန်ရေးအဖွဲ့အစည်းတွေကို နိုင်ငံရေးနဲ့ ဖြေရှင်းတဲ့ကဏ္ဍ မရှိဘဲနဲ့ စစ်ရေးနဲ့ပဲ တော်လှန်ရေးအဖွဲ့အစည်း ကိုင်ထားတဲ့ လက်နက်ကို ဘယ်လို သိမ်းဆည်းမလဲ ဆိုတဲ့ ပုံစံနဲ့ပဲ ငြိမ်းချမ်းရေးကို ချဉ်းကပ်တယ်။ အဲဒါကြောင့်ပဲ တိုက်ပွဲတွေ ပြန်ဖြစ် ပါတယ်လို့ ပြောရမှာပါ။
 
မေး - အခုလောလောဆယ်ဆယ် အစိုးရနဲ့ ဆရာတို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကွဲလွဲနေတဲ့ အချက်တွေက ဘယ်နှစ်ချက်လောက်ရှိပါသလဲ။
 
ဖြေ - အစိုးရစစ်တပ်ဟာ ကချင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ပြဿနာရဲ့ အကြောင်း တရားကို အဓိကမထားဘဲနဲ့ လက်နက်ကို ဘယ်လိုဖြုတ်သိမ်းမလဲဆိုတဲ့ ကိစ္စက ပထမအချက်ပါ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အမြဲတမ်း ပြောနေတဲ့အချက်ကတော့ နိုင်ငံရေး ပြဿနာဖြစ်တဲ့အတွက်ကြောင့်မို့ နိုင်ငံရေးနည်းလမ်းနဲ့ မှန်မှန်ကန်ကန် ဖြေရှင်းရမယ်ဆိုတဲ့ အချက်က အဓိကပါ။ နိုင်ငံရေးကိစ္စနဲ့ ဖြေရှင်းမယ် ဆိုတဲ့နေရာမှာ တိုင်းရင်းသားတွေ ပြောဆိုနေတဲ့ နိုင်ငံရေး ဖြေရှင်းပုံနည်းလမ်းတော့ ရှိပါတယ်။ အဓိက ဘာလဲဆိုတော့ ၁၉၄၈ ခုနှစ်မှာ စပြီးတော့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆိုတာ စပြီး ပေါ်ထွန်းလာခဲ့တယ်။ အဲဒီပြည်ထောင်စုရဲ့ မူဝါဒအတိုင်း စစ်မှန်တဲ့ ပြည်ထောင်စုပုံစံ နိုင်ငံရေးဖြေရှင်းပုံ၊ ဖြေရှင်းနည်း၊ နည်းလမ်းက အရေးကြီးတယ်ခင်ဗျ။ ဒီကိစ္စက အဓိကကွဲလွဲချက်ပါ။ အခု အစိုးရက ဘာလဲဆိုတော့ ဥပဒေထဲကို ၀င်မယ်။ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအတိုင်းပဲ နိုင်ငံရေးဆွေးနွေးမှု လုပ်ကြမယ်လို့ ရွေးစရာပါတယ်။ ဒါလည်း အဓိကွဲလွဲချက်ထဲမှာ ပါတာပါ။

မေး - ၂၀၁၁ ဇွန်လပိုင်းကနေ အခုအချိန်ထိ ဆရာတို့နဲ့ တပ်မတော်ကြားဖြစ်တဲ့ တိုက်ပွဲကြိမ်ရေ ဘယ် လောက်များ ရှိသွားပါပြီလဲ။
 
ဖြေ - မှတ်တမ်းယူထားတဲ့ စာရင်းအရဆိုရင် ၁,၈၂၀ ရှိသွားပါပြီ။
 
မေး - ဆရာတို့အနေနဲ့ ပြည်ထောင်စုအဆင့် ၃ ကြိမ်၊ ပြည်နယ်အဆင့် ၃ ကြိမ်၊ အလွတ်သဘော ၄ ကြိမ် ဆွေးနွေးခဲ့တဲ့အထဲမှာ တူညီချက်ရတဲ့ အချက်တွေ ဘာတွေရှိပါပြီလဲ။
 
ဖြေ - တွေ့ဆုံမှုကတော့ ၉ ကြိမ်လောက် ရှိပါပြီ။ အခု ကျနော်တို့ရှိတဲ့ နေရာမှာလည်း ပြည်နယ်အဆင့် ဗိုလ်မှူးကြီးသန်းအောင်အဖွဲ့နဲ့ တွေ့တယ်။ ဦးအောင်သောင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ တွေ့တယ်။ နောက်ပိုင်း ဦးအောင်မင်းနဲ့ အလုပ်သဘော တွေ့တာမျိုးရှိတယ်။ ဒီတွေ့ဆုံမှုအပေါ်မှာတော့ အားလုံး က ပြေပြေလည် လည် နှစ်ဦးနှစ်ဘက်အနေနဲ့ အမြင်ဖလှယ်တာမျိုး ရှိခဲ့ကြတာပေါ့။ တပ်ပိုင်းဆိုင်ရာ တွေကိစ္စနဲ့ ပတ်သက်ပြီး တော့ ပြောဆိုလာတဲ့အခါမှာတော့ ရောက်လာတဲ့ ကိုယ်စားလှယ် ကနေပြီးတော့ ဆုံးဖြတ်ပိုင်ခွင့်၊ ကတိပေး ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေ ပါမလာဘူး။
 
မေး - ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ဗိုလ်မှူးချုပ်အောင်သော် ပြောသွားတာက အခု ကချင်ပြည်နယ် မှာ ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေတာဟာ ကေအိုင်အေက အပစ်အခတ်ရပ်စဲရေးကို မဆွေးနွေးဘဲ နိုင်ငံရေး အရ ဆွေးနွေးမယ်ဆိုတဲ့ အချက်ကို ဆုပ်ကိုင်ထားလို့ လို့ ပြောပါတယ်။ ဆရာ့အမြင် ဘယ်လိုရှိပါသလဲ။
 
ဖြေ - ဒါဟာ ကေအိုင်အိုအဖွဲ့အစည်းကို အစိုးရဘက်ကနေပြီးတော့ ပေးထားတဲ့ သင်ခန်းစာအရ ပြောဆို မှုပါ။ ၁၉၉၄ မှာ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့တဲ့ နှစ်ဦးနှစ်ဘက် သဘောတူချက်တွေ နိုင်ငံရေးအဆင့်ကို သွားကြမယ် ဆိုပြီးတော့ ကတိတွေပေးကြတယ်။ နှစ်ပေါင်း ၁၀ နှစ်ကျော် လုပ်လာတဲ့အခါမှာ နောက်ဆုံး ကျတော့ နိုင်ငံရေးရပ်ဝန်းကို ရောက်မလာဘဲနဲ့ ကေအိုင်အိုမှာရှိတဲ့ ကေအိုင်အေတပ်ကို ဘယ်လိုဖျက်သိမ်း မလဲဆိုတဲ့ အပိုင်းကို ရောက်လာပြီ။ ကျနော်တို့ ပြန်ပြောတဲ့ ကိစ္စက အပစ်အခတ်ရပ်စဲရေးကို ၁၀ နှစ်ကျော် လုပ်ခဲ့ဖူးတယ်။ အပစ်အခတ် ရပ်စဲရေး ဆိုတဲ့ကိစ္စမှာ ဒေသဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်တခုနဲ့ပဲ လက်နက်ကိုင် အဖွဲ့အစည်းကို နိုင်ငံရေးသိက္ခာ ပျက်ပြယ်သွား အောင် လုပ်ထားတာမျိုး ရှိခဲ့တယ်။ အပစ်အခတ် ရပ်စဲရေး ဆိုတာဟာ ပစ်ခတ်မှုဟာ အဓိက မဟုတ်ပါ ဘူး။ အဓိက ကတော့ နိုင်ငံရေးလမ်းကြောင်းကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာ အဓိက ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုကို ဆွေးနွေးမှု အဆင့်ဆင့် အတိုင်း အကောင်းဘက်ကို သွားမယ် ဆိုရင် ဒီရှေ့တန်းမှာဖြစ်တဲ့ ပစ်တာခတ်တာတွေဟာ သူ့ဟာသူ ပျက်ပြယ်သွားမှာပါ။ အမှန်တကယ် လည်း ဒီပြဿနာဟာ နိုင်ငံရေးပြဿနာ ဖြစ်ပါတယ်။ စားပွဲပေါ်မှာပဲ ဖြေရှင်းလို့ရတဲ့ကိစ္စပါ။ စစ်မြေပြင် မှာ ဒီကိစ္စဟာ ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေး လမ်းကြောင်းကို မှန်မှန်ကန်ကန် ရောက်အောင် တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့အတိုင်း ဆွေးနွေး မှုလမ်းကို ရောက်အောင် ဖော်ဆောင်ပေးဖို့ လိုတယ်။ အဲဒီလို ဖော်ဆောင်တဲ့အခါမှာ အပစ်အခတ် ရပ်စဲရေးကိစ္စဟာ လက်မှတ်ထိုးစရာ မလိုဘဲနဲ့ သူ့ဟာသူ ပြေငြိမ်းသွား မယ့်ကိစ္စပါ။ ကျနော်တို့လည်း အဲဒီလမ်းကြောင်းအတိုင်း သွားတာပါ။ ဒီလမ်းကြောင်းကို သွားရတဲ့ကိစ္စ ကလည်း ၉၄ ကနေ ၂၀၁၀ ခုနှစ်အထိ ရထားတဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေက သင်ခန်းစာပေးသွား တာပါ။
 
မေး - ခါးသီးတဲ့ အတွေ့အကြုံဆိုတာ ဘာတွေပါလဲ။
 
ဖြေ - အများကြီးရှိပါတယ်။ ၉၄-၉၅ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း နိုင်ငံရေးအရ အပြောအဆို လုပ်တယ်။ နောင်အရပ်သားစစ်အစိုးရ တက်လာတဲ့အခါမှ ပြောဆိုကြပါ။ အစီရင်ခံစာက ကျနော်တို့ ဘက်ကို အင်လွှတ်တာမျိုး ရှိခဲ့တယ်။ ဒါကြောင့်မို့ အမျိုးသားညီလာခံမှာ တိုင်းရင်းသားတွေ အားလုံး ကိုယ်စားအနေနဲ့ စစ်မှန်တဲ့ အခြေခံဥပဒေ ဖယ်ဒရယ်ပုံစံပေါ်လာအောင် စာတမ်းတွေ အများကြီး တင်ခဲ့တယ်။ အဲဒီတုန်းက အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌဟာလည်း အခုလက်ရှိ သမ္မတ ဦးသိန်းစိန် ဖြစ်ပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ တင်ပြခဲ့တဲ့အဆိုတွေ၊ ဥပမာ - တရားဝင် အသိအမှတ်ပြု လက်ခံတာမျိုး မလုပ်ဘဲနဲ့ အားလုံးပယ်ချခံရတယ်။ ဒါတွေဟာ ဘာလဲဆိုတော့ တိုင်းရင်းသားအားလုံးရဲ့ နိုင်ငံရေးအပိုင်း အခွင့်အရေးတွေကို ဥပေက္ခာပြုတဲ့ကိစ္စဖြစ်တယ်။ အဲဒီ ကာလအတွင်းမှာ ကေအိုင်အေတပ်စခန်းတွေ တည်ရှိရာ နေရာတွေမှာ စစ်တပ်က စခန်းတွေ အများကြီး တိုးချဲ့လာခဲ့တယ်။ နယ်မြေစိုးမိုးရေးကို တနှစ်ကျော်ကာလအတွင်းမှာ လုပ်ခဲ့တယ်။ အဲဒီကာလ ၉၄-၂၀၁၀ အတွင်းမှာလည်း ကျနော်တို့ရဲ့ တပ်စခန်းတွေကို ၀င်စီးပြီးမှ သတ်ဖြတ်ပစ်ခတ် တာမျိုး လုပ်ခဲ့ဖူးတယ်။ နောက်ဆုံးကျတော့ နိုင်ငံရေးဆိုတဲ့ ဝေါဟာရ မသုံးဘဲ အစိုးသစ်မပေါ်ခင် ၂၀၀၉ ခုနှစ်မှာ ကျနော်တို့ဘက်ကို လက်နက်ကိုင်တွေ ပုံစံပြောင်းသွားအောင် နယ်ခြားစောင့်အသွင် ပြောင်းဖို့ လှုပ်ရှားပေးလာတယ်။ ဒါတွေဟာ နိုင်ငံရေးအရ ဖြေရှင်းပုံမဟုတ်ဘဲနဲ့ နယ်မြေစိုးမိုးရေး၊ စစ်အာဏာရှင် လက်နက်အားကိုးပြီးမှပဲ နေရာဒေသကို စိုးမိုးနိုင်ရေး အဲဒီလို ချဉ်းကပ်ခဲ့တာဟာ ခါးသီးတဲ့ အတွေ့အကြုံတွေပါ။
 
မေး - လက်ရှိ သမ္မတက ကချင်စစ်ပွဲများ ရပ်တန့်သွားအောင် ကေအိုင်အေဘက်ကလည်း ပစ်ခတ်၊ တိုက်ခိုက်မှုများကို တားဆီးတဲ့အမိန့်တွေ ထုတ်ပေးဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့တာ ရှိပါတယ်။ ဆရာတို့အမြင်ကရော ဘယ်လိုရှိပါသလဲ။
 
ဖြေ - ဒါဟာ ပြဿနာရဲ့ ဖြေရှင်းပုံ မဟုတ်ဘူး။ ရှောင်လွဲလိုတဲ့ကိစ္စပါ။ အဲဒီလို ရှောင်လွဲတဲ့ အကျင့် တွေကို ဆယ်စုနှစ်တခုကျော် အစိုးရဘက်က လုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့် ပြည်တွင်းစစ်ဟာ ဘယ်တော့မှ ငြိမ်းအေးသွားတာမျိုးမရှိဘူး။ အပစ်အခတ်ရပ်စဲရေးလုပ်ရုံနဲ့ မြန်မာနိုင်ငံဟာ တည်ငြိမ် သွားဖို့ဆိုတာ အကြောင်းတရား မညီပါဘူး။ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတဲ့ကိစ္စက အရေး ကြီးတဲ့ကိစ္စပါ။ အစိုးရက အပစ်အခတ်ကို မလုပ်ပါဘူးဆိုတဲ့ နောက်ပိုင်းမှာလည်း ကချင်ဒေသမှာ ထိုးစစ် အများကြီးဆင်ခဲ့တယ်။ ကေအိုင်အေတပ်စခန်း တော်တော်များများကို သိမ်းပိုက်လိုက်တယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မဟာ - ၄ ဒေသမှာလည်း အားလုံးကို ရှင်းပစ်လိုက်တယ်။ ဇန်န၀ါရီလ၊ ဖေဖော်ဝါရီလ အတောအတွင်းမှာ တပ်မဟာ ၃ ဒေသမှာရော၊ တပ်မဟာ ၅ ဒေသမှာရာ နောက်ဆုံး ဇူလိုင်လအထိ ကေအိုင်အေရဲ့ ရှေ့တန်းစခန်းတွေကို သိမ်းပိုက်လိုက်တယ်။ အပစ်အခတ် ရပ်စဲရေးကို ရပ်တန့်မယ်ဆိုတာ သံတမန်နည်းလမ်းအရ ပြောတဲ့ စကားရပ်တွေပါ။ ရှေ့တန်းမှာ ဖြစ်ပျက်နေတာက အဲဒီလိုမဟုတ်ဘူး။ အမြဲတမ်း ပစ်ခတ်မှုလုပ်နေကြတဲ့ ကေအိုင်အေတပ်စခန်းတွေကို နေ့စဉ်နဲ့အမျှ ချဉ်းနင်းဖယ်ရှားသွားရမယ် ဆိုတဲ့ အထက်က ညွှန်ကြားချက်တွေဟာ အမြဲတမ်း ပို့လွှတ်နေတာပါ။ ရှေ့တန်းမှာ ဖြစ်ပျက်နေတဲ့ကိစ္စကို နိုင်ငံထိပ်ပိုင်းမှာ တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်တွေကလည်း သိရှိဖို့တော့ လိုပါတယ်။
 
မေး - ကေအိုင်အေတပ်စခန်းတွေကို သိမ်းပိုက်လိုက်တာ ဘယ်နေရာတွေမှာ ဖြစ်နေတာလဲ။ စခန်း ဘယ်နှခုလောက်ရှိပြီလဲ။
 
ဖြေ - အရေအတွက်နဲ့ ပြောမယ်ဆိုရင် တော်တော်များပါတယ်။ ဇူလိုင်လအတွင်းမှာပဲ တပ်မဟာ ၅ အဆွယ် မှာရှိတဲ့ ခေါ်ဘွမ်း ဆိုတဲ့ စခန်းကို အင်အား ၂၀၀ လောက်နဲ့ သိမ်းလိုက်တယ်။ ၁၂၀ မမ အမြောက်တွေ ထားဖို့ ညွှန်ကြားတာရှိတယ်။ အဲဒီစခန်းဟာ ကျနော်တို့ လိုင်ဇာနဲ့ ခုနစ်မိုင်လောက်ပဲ ဝေးတယ်။ နောက်ပြီးတော့ တပ်မဟာ ၃ ဒေသမှာရာ ကျနော်တို့စခန်းတွေကို ၀င်စီးတာ ရှိတယ်။ တပ်မဟာ ၄ မှာလည်း အတော်များများ ရှိတယ်။ ကျနော်တို့စခန်းနဲ့ အနီးဆုံးနေရာမှာ တပ်အင်အား တွေကို ဖြည့်တင်းထားတာမျိုး ဆက်တိုက်လုပ်နေတယ်။
 
မေး - မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ အရင်ဆုံး ကန့်ကွက်ခဲ့တာ ဆရာတို့ အဖွဲ့အစည်းလို့ သိရပါတယ်။ အခုနောက်ပိုင်းမှာ ဆရာတို့အဖွဲ့တွေရဲ့ လှုပ်ရှားမှုနည်းသွားတယ်လို့ ထင်ပါတယ်။
 
ဖြေ - မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ မဆောက်သင့်တဲ့အကြောင်းကို သူတို့တတွေရဲ့ လက်မှတ် တွေကို နယကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ပေးပို့တာမျိုး ရှိခဲ့တယ်။ တရုတ်အစိုးရကိုလည်း လူထုတွေရဲ့ ကန့်ကွက်စာ ပေးပို့တာမျိုး ရှိခဲ့တယ်။ အဲဒီကိစ္စမှာ လူထုတွေကို ၀ိုင်းပြီး ကန့်ကွက်ကြဖို့ ဆော်သြတာမျိုး မလုပ်ခဲ့ပါဘူး။ ကေအိုင်အိုမှာ တပ်ဖွဲ့ပေါ်လစီအရပါ။ ဒီလိုစီမံကိန်းမျိုးကို ဆော်သြပြီး ၀ိုင်းဝန်းကန့်ကွက်ကြပါ ဆိုတဲ့ဟာမျိုး လုပ်မှာမဟုတ်ပါဘူး။ တရားဝင် ပုံစံနဲ့ပဲ ချဉ်းကပ်မှာပါ။
 
မေး - မြစ်ဆုံစီမံကိန်း ရပ်တာ တနှစ်ပြည့်သွားပါပြီ။ ၂၀၁၅ ကျရင် မြစ်ဆုံဟာ အပေါင်းထွက်မလား၊ အနုတ်ထွက်မလားဆိုတာ ကျနော်တို့ မသိခဲ့ရပါဘူး။ ဆရာတို့အဖွဲ့ရဲ့ အမြင်ကိုလည်း သိပါရစေ။
 
ဖြေ - စီမံကိန်းအတွက် သဘောတူညီထားကြတဲ့ အစိုးရနဲ့ စီမံကိန်းကို အမှန်တကယ် လုပ်မယ့် စီပီအိုင်ကုမ္ပဏီတို့ကြားမှာ ဘယ်လိုသဘောတူညီချက်မျိုးတွေ ရထားတယ်ဆိုတဲ့အချက်က အဓိက အရေးကြီးပါလိမ့်မယ်။ မြန်မာနိုင်ငံလူထုရဲ့ အင်အားဟာ ဘယ်လောက်အထိ ဒီဆန္ဒကို ခိုင်ခိုင်မာမာ စွဲကိုင်ထားနိုင်မလဲ ဆိုတဲ့ကိစ္စလည်း အဲဒီအပေါ်မှာ မူတည်ပါတယ်။ ကချင်လူထုကတော့ ရာသက်ပန် ကန့်ကွက်ကြမှာပါ။
 
မေး - နောက်ထပ် ဘာပြောစရာ ရှိပါသေးသလဲ။
 
ဖြေ - ပြည်တွင်းမှာဖြစ်နေတဲ့ ဆယ်စုနှစ်ချီတဲ့ ပြည်တွင်းစစ်တွေဟာ နိုင်ငံရေးပြဿနာလို့ပဲ ပြောလို့ ရတယ်။ တိုင်းရင်းသားတွေ ကိစ္စဟာလည်း နိုင်ငံရေးပြဿနာပါ။ စစ်မှန်တဲ့ ပြည်ထောင်စုကို ၀ိုင်းပြီး တည်ဆောက်ကြပါစို့ ဆိုပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ကနေပြီးတော့ စည်းရုံးရေးလုပ် တယ်။ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့စကားကို ယုံကြည်ပြီးမှ စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ထွန်းလာဖို့ ၀ိုင်းဝန်းကြိုးပမ်းပြီးမှပဲ သဘောတူညီချက် ထုတ်လိုက် ကြတယ်။ ဒီသဘောတူညီချက်ကြောင့်လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ပေါ်ထွန်း လာခဲ့တယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ပေါ်လာတဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာလည်း ပြည်ထောင်စုစစ်စစ်မူ မဟုတ်ခဲ့ပါဘူး။ ပြည်ထောင်စုအစစ်ပုံစံနဲ့ လုပ်ခဲ့တယ်။ ဒါဟာ ပြည်တွင်းစစ် ပေါ်ပေါက်လာမယ့် မျိုးစေ့ကြီးပါ။ ပြဿနာတွေ ပြန်ဖြေရှင်းဖို့ဆိုရင် ပြဿနာ တွေရဲ့ အဆုံးမှာဖြစ်တဲ့ တိုက်ပွဲကိုပဲ မီးမောင်းထိုးတာမျိုးမလုပ်ဘဲ ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ နိုင်ငံရေး ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ။ နိုင်ငံရေးပြဿနာ ဖြေရှင်းတဲ့အခါမှာ အစိုးရဘက်က လိုလား နေတဲ့ ပုံစံတခုနဲ့ပဲ သွားမလား။ တိုင်းရင်းသားတွေ ပြောဆိုနေတဲ့ အသံကိုပဲ နားထောင်ရမလားဆိုတဲ့ ကိစ္စအပေါ်မှာ တာဝန်ရှိတဲ့ အစိုးရတွေကနေပြီးတော့ စဉ်းစားဆုံးဖြတ်ရမယ့် အချက်တခုရှိတယ်။ အခုထိ အစိုးရဟာ ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြမယ်။ စစ်မှန်တဲ့ ပြည်ထောင်စုနဲ့ သွားကြမယ်ဆိုတဲ့ စဉ်းစားချက်တွေ ပြောဆိုချက်တွေ တခုမှ မကြားရသေးဘူး။ ဒါဟာ ဘာလဲဆိုတော့ သူတို့မူထဲမှာ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး စစ်မှန်တဲ့ ပြည်ထောင်စုမူနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မရှိသရွေ့တော့ ပြည်တွင်းမှာ ငြိမ်းချမ်းရေးအစစ်ကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး။
 
LWIN PWIN

Friday, October 12, 2012

နိုင်ငံရေးပြဿနာအား နိုင်ငံရေးအရဖြေရှင်း၇န် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌပြောကြား


မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မအောင်မြင်ရခြင်းမှာ နိုင်ငံရေးပြဿနာအား နိုင်ငံရေးအရမဖြေရှင်း၍ ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌပြောကြား

 

Friday, 12 October 2012 21:59
ပါတီဗဟိုဥက္ကဋ္ဌဦးအေးသာအောင် နှုတ်ခွန်းဆက်စကားပြောကြားနေစဉ်

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မအောင်မြင်ရခြင်းမှာ နိုင်ငံရေး ပြဿနာအား နိုင်ငံရေးအရမဖြေရှင်း ၍ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုဥက္ကဋ္ဌ ဦးအေး သာအောင် က ပြောကြားခဲ့သည်။
 
အောက်တိုဘာလ ၁၂ ရက်နေ့က ဗဟန်းမြို့နယ်ရှိ ဒို့ရိုးရာစားသောက်ဆိုင်တွင်ပြုလုပ်သော ပါတီ ၂၄ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနား၌ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
 
လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးပွဲများဆွေးနွေးစဉ်အချိန်မှာပင် တိုက်ပွဲများဆက်လက်ဖြစ်ပွား နေသည်ကို ကြားသိရကြောင်း၊ အစိုးရအနေဖြင့် ပြည်တွင်းစစ်ရပ်စဲချင်သည် ငြိမ်းချမ်းရေး လိုလားသည်ဆိုရုံဖြင့် ပြုလုပ်၍မရဘဲ အကောင်အထည်ဖော်ရန် လုပ်နည်းလုပ်ဟန်မှန်ဖို့ လိုကြောင်း၊ လတ်တလောတွင် ကရင်ပြည်နယ်၌ တပ်နှင့်ဗဟို တစ်ကွဲတစ်ပြားစီဆွေးနွေး မှုများသည် လုပ်နည်းလုပ်ဟန်မမှန်ဘူးဟု ပြောချင်ပါကြောင်း၊ စေတနာရှိရုံဖြင့်မရကြောင်း စသည်ဖြင့်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုဥက္ကဋ္ဌ ဦးအေးသာ အောင်က ပြောကြားခဲ့သည်။

"ငြိမ်းချမ်းရေးရဖို့ဆွေးနွေးတဲ့အခါမှာ နှစ်ပေါင်း ၆၀ ကျော်အတွေ့အကြုံအရ ယခင်ကတည်းက ပြည်တွင်းအေးချမ်းဖို့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဆွေးနွေးခဲ့တာတွေလည်း ရှိပါတယ်။ မကြာ သေးခင်ကလည်း န၀တ၊ နအဖခေတ်မှာလည်း ဆွေးနွေးခဲ့တာတွေရှိပါတယ်။ ဘာကြောင့် မအောင်မြင်တာလဲ။ ဘာကြောင့်ပြန်ပြီးတော့တိုက်ပွဲတွေဖြစ်လာရတာလဲ ဒါကိုမှန်မှန်ကန်ကန် သုံးသပ်ဖို့လိုတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ခေတ်အဆက်အဆက်ဆွေးနွေးပွဲတွေ မအောင်မြင်ရတာဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရန် မကြိုးစားလို့ဖြစ်ပါတယ်" ဟု ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားခဲ့သည်။
 
ပါလီမန်ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ လမ်းစဉ်ပါတီခေတ်၊ ခေတ်အဆက်ဆက် တိုင်းရင်း သား များတင်ပြခဲ့သည့် နိုင်ငံရေးအရဆွေးနွေးရန်တောင်းဆိုချက်မှာ ပင်လုံအခြေခံသဘော တူညီချက်ဖြင့် ဖြေရှင်းရန်တောင်းဆိုခဲ့ကြောင်း၊ ပင်လုံတွင်တိုင်းရင်းသားခေါင်းဆောင်များနှင့် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းတို့ တွေ့ဆုံဆွေးနွေးရာတွင် အဓိက သုံးချက် ရှိကြောင်း၊ ပထမအချက်မှာ တန်းတူညီတူပြည်ထောင်စုအနေဖြင့်ပေါင်းစည်းရေး၊ ဒုတိယအချက် မှာ ပြည်နယ်များတွင်ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးနှင့် ကိုယ့်ကြမ္မာကိုဖန်တီးခွင့်ရရှိရေး၊ တတိယ အချက်မှာ ခွဲထွက်ဖို့ကြောင်းဖြစ်ကြောင်း၊ ဥက္ကဋ္ဌဦးအေးသာအောင်က ယခင်ကတိုင်းရင်းသားများ ၏တောင်းဆိုချက် များကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
 
ဆက်လက်၍ ဥက္ကဋ္ဌဦးအေးသာအောင်က "ဒီနေ့ဒီအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ အနေနဲ့ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့လို တိုင်းရင်းသားပါတီများအနေနဲ့ပဲဖြစ်ဖြစ် ခွဲထွက်ဖို့ဘယ်အဖွဲ့အစည်း ဘယ်ပါတီမှ ဒီနေ့ ဒီအချိန်အခါ ဒီအခြေအနေအရ ဒါတွေကို တောင်းဆိုတာ ပြောဆိုတာတွေမရှိတော့ပါဘူး။ အဲဒီတော့ တန်းတူညီတူပြည်ထောင်စုမူ၊ ပြည် နယ်တွေမှာကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အဓိကတင်ပြတောင်းဆိုနေတာ ဖြစ်ပါတယ်" ဟုပြောကြားခဲ့သည်။
 
ယခုအချိန်ကာလသည် နိုင်ငံရေးပါတီများ၏ပြောခွင့်ဆိုခွင့်၊ စည်ရုံးခွင့်များ ယခင်ကထက်အတော် အသင့်ရရှိလာကြောင်း၊ စာနယ်ဇင်းရေးသားခွင့်၊ လွတ်လပ်ပြောဆိုခွင့်ရှိလာပြီဖြစ်ကြောင်း၊ မိမိတို့ရှေ့ဆက်သွားမည့်နေရာတွင် အခွင့်အရေးများ မျှော်လင့်ချက်များ အတော်အသင့်ရှိလာ ပြီဟုထင်ရကြောင်း၊ သို့သော် ပြည်သူအများမျှော်လင့်နေသည့် တိုင်းပြည်ကလိုလားနေသည့် ဒီမိုကရေစီနိုင်ငံဖြစ်ရေး၊ တိုင်းရင်းသားများအားလုံးစည်းလုံးညီညွတ်ပြီး ဖက်ဒရယ်ပြည်ထောင်စု ကိုထည်ထောင်နိုင်ရေး၊ စစ်ပွဲများရပ်စဲရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး အဓိက ကဏ္ဍများတွင် ချောချောမောမောဖော်ဆောင်နိုင် မဖော်ဆောင်ဆိုသည်မှာ ယနေ့အချိန်အခါတွင် ပြောရန်အလွန်စောသေးကြောင်းကိုလည်း ဦးအေးသာအောင်က ထည့်သွင်းပြောကြားခဲ့သည်။

Monday, October 8, 2012

ဦးသိန်းစိန် ပြောပြတဲ့ ဦးသိန်းစိန်အကြောင်း

ဦးသိန်းစိန် ပြောပြတဲ့ ဦးသိန်းစိန်အကြောင်း
တူမောင်ညို၊ အောက်တိုဘာ ၇၊ ၂၀၁၂

ဦးသိန်းစိန် ပြောပြတဲ့ ဦးသိန်းစိန် အကြောင်းကို တကယ်တမ်းသိရှိလိုတယ်ဆိုရင် အောက်မှာဖေါ်ပြထားတဲ့ မေး/ဖြေ ၃ ခုကို လေ့လာကြည့်လိုက်ပါ။

- The New York Times သတင်းစာပင်တိုင်ဆောင်းပါးရှင် Mr.Bill Keller နဲ့ ဦးသိန်းစိန် မေး/ဖြေ
– (ဘီဘီစီ) ဌာနမှူး ဒေါ်တင်ထားဆွေ နဲ့ ဦးသိန်းစိန် မေး/ဖြေ
ဘီဘီစီ Hardtalk နဲ့ သမ္မတဦးသိန်းစိန် မေး/ဖြေ

တဆင့်စကား၊တဆင့်နားနဲ့ကြားကြရတာမျိုးဆိုရင် ပြန်ပြောတဲ့သူက (သူ့ဆန္ဒနဲ့)လိုတိုး ပိုလျော့လုပ်တာ တွေလည်း ပါချင်ပါနိုင် တာပေါ့။ အခုဟာကတော့ ဦးသိန်းစိန် ကိုယ်တိုင် အရှင်လတ်လတ်ကြီး ထုတ်ဖေါ် ပြောပြထားတာတွေမို့ ကျနော်တို့အနေနဲ့ ဦးသိန်းစိန် သဘောထားကို ကွက်ကွက် ကွင်းကွင်း သိရှိကြရ ပါပြီ။ စကား၊ စကား ပြောပါများ စကားထဲက ဇာတိပြတယ်လို့ ဆိုကြပါတယ်။ အခုအခါ သတိထား ကြည့်မြင် တတ်သူ မည်သူမဆို ဦးသိန်းစိန်ပြောတာတွေထဲကနေ စစ်အုပ်စုရဲ့ဇာတိ ကို သာမက၊ စစ် အုပ်စုရဲ့ မျိုးဗီဇ (DNA) ကို ပါ တွေ့မြင်ရပါလိမ့်မယ်။
 
ဦးသိန်းစိန်ပြောပြတာတွေထဲမှာ ဦးသိန်းစိန် က “(နအဖ) စစ်အစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေ”ကို ကာကွယ်ရုံ တင်မကဘူး။ သိက္ခာ ထပ်ပြီး၊ သိဒ္ဓိပါတင်ပေးနေတာဖြစ်တယ်။
 
လမ်းပြမြေပုံ ၇ ချက် ချမှတ်ပေးခဲ့တာ၊ ဒီကနေ့ ဒီမိုကရေစီကျင့်သုံးတဲ့ ကျွန်တော်တို့ အစိုးရ ဖြစ်လာတာ”
 
(နအဖ) စစ်အစိုးရ က ချမှတ်ပေးခဲ့လို့၊ ပြောင်းလဲပေးခဲ့လို့ဖြစ်တယ်လို့ အတိအလင်းပြောပါတယ်။
 
ဒီလိုလုပ်ဆောင်နိုင်ဖို့
 
“ဆယ်စုနှစ် ၂ စု ခန့် အချိန်ယူခဲ့ရတယ်”
 
လို့ ပြောလည်းပြောပါတယ်။
 
ဒါကြောင့်အကြမ်းဖျင်းတွက်ကြည့်ရင် ၁၉၉၂ လောက်ကစတင်ခဲ့တာလို့ ပြောချင်ပုံပါပဲ။ ဟုတ်ပါတယ်။ အဲဒီအချိန်ကာလမှာပဲ “၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပါတီကို အာဏာအပ်ပြီး စစ်တပ်က စစ်တန်းလျား ပြန်မယ်”လို့ ပြောခဲ့တဲ့ ဗိုလ်စောမောင်ကို ဖြုတ်ပြီး ဗိုလ်သန်းရွှေ (နဝတ) ဥက္ကဋ္ဌ ဖြစ်လာခဲ့ချိန်ဖြစ်ပါတယ်။ အဓိကဆိုလိုချင်တဲ့အချက်က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီး သားဖြစ် တယ်။ ဒီအပြောင်း အလဲကို ဗိုလ်သန်းရွှေ ကစတင်ခဲ့တာဖြစ်တယ်ဆိုတဲ့ အချက်ကို ပေါ်လွင် စေဖို့ ဖြစ်ဟန်တူပါတယ်။
 
၁၉၉၇ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ (နဝတ) ကို (နအဖ) လို့ အမည်ပြောင်းခဲ့တယ်။ ဦးသိန်းစိန် ဟာ အဲဒီအချိန်က (နအဖ) စစ်ကောင်စီဝင် တြိဂံဒေသစစ်တိုင်းမှူး အဖြစ်ပါဝင်ခဲ့သူပါ။ နောက်ပိုင်းမှာ ဦးသိန်းစိန် ဟာ ဗိုလ်ခင်ညွန့်၊ ဗိုလ်စိုးဝင်း ပြီးရင် အတွင်းရေးမှူး (၁) နဲ့ဝန်ကြီးချုပ်ရာထူး ဆက်ခံခဲ့သူ လည်းဖြစ် ပါတယ်။ ဒါ့အပြင် “၂၀၀၈အခြေခံဥပဒေ” စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ (ညောင်နှစ်ပင်)အမျိုးသား ညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဟာ (နအဖ) အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီးသိန်းစိန် ပဲဖြစ်ပါတယ်။
 
ဒီတော့ (နအဖ)စစ်အစိုးရရဲ့ “ဖိနှိပ်ရက်စက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နောင်တရပါသလား၊ ဝန်ချတောင်းပန်ဖို့ စိတ်ကူးရှိပါသလား၊ တာဝန်ယူပါသလား” စတဲ့ မေးခွန်းတွေကို ဦးသိန်းစိန် ဆင်ဝှေ့ ရန်ရောင် ဖြေဆိုခဲ့ပါတယ်။
 
ဒါ့အပြင် စစ်အုပ်စုထိပ်သီးတွေ၊ စစ်အုပ်စုဝင်တွေ လက်ဝါးကြီးအုပ်ထားတဲ့ စီးပွားရေးနဲ့ဘဏ္ဍာရေး ကိစ္စတွေ မေးရာမှာလည်း ဦးသိန်းစိန်က သတ္တုတွင်း လုပ်ငန်းတစ်ခုသာ ရှိပါတယ်လို့ မျက်နှာပြောင် တိုက်ပြီး လိမ်ညာကာကွယ်သွားပါတယ်။
 
သမ္မတ ဦးသိန်းစိန်ဟာ ဝန်ကြီးချုပ် ဗိုလ်သန်းစိန်ကို အပြစ်ဖို့လို့ မဖြစ်နိုင်ဘူးမဟုတ်လား။ (နအဖ) စစ်အစိုးရလုပ်ခဲ့သမျှ မှားပါတယ်၊ နောင်တရပါတယ်၊ ဝန်ချတောင်းပန်ပါတယ်။ တာဝန်ယူ ပါတယ်လို့ ပြောလိုက်ရင် (နအဖ) အတွင်းရေးမှူး(၁) အဖြစ်တာဝန် ယူခဲ့တဲ့ သူ့ကိုယ်သူ စွပ်စွဲ အပြစ်တင်ရတော့မှာ မဟုတ်ပါလား။ ကိုယ့်ရှူးကိုယ်ပတ်ဖြစ်မှာပေါ့။ ဒီတော့သူဟာ ယခင် အစိုးရ လုပ်ခဲ့သမျှတွေ ကို “ဘူးခံ ကာကွယ်” ခဲ့တော့တာပါပဲ။ ဒါကြောင့် “ဂိုဘာချော့ဗ်”နဲ့ မတူပါဘူးလို့ ပြာပြာသလဲ ငြင်းပယ်ခဲ့တာပါ။
 
သူ့ကိုယ်သူ “မြန်မာဂိုဘာချော့ဗ်” ပါလို့ဆိုလိုက်ရင် ကိုယ်လွတ်ရုန်းသလိုဖြစ်ပြီး (နအဖ)စစ်ကောင်စီဝင် တွေရဲ့အမျက်မာန် ရှခြင်းကို ခံရပါလိမ့်မယ်။
 
ခင်ဗျားတို့ “ထိပ်ပြောင်တာခြင်း” တူမှာပါလို့ အထွန့်တက်ပြီးမေးခဲ့မယ်ဆိုရင် ဂိုဘာချော့ဗ်ထိပ်မှာ “အမှတ်”ပါတယ်၊ ကျနော့်မှာ မပါဘူးဗျလို့ ငြင်းပယ်ဦးမလားတော့မသိပါဘူး။
 
ဒါကြောင့် သူဒီလိုငြင်းပယ်ခဲ့တာတွေဟာမဆန်းပါဘူး။ သူဟာ တစ်ချိန်က(နအဖ) စစ်အုပ်စုဝင် ထိပ်သီး တစ်ဦးဖြစ်ခဲ့သလို ယခုလည်း (နအဖ)စစ်အုပ်စုရဲ့ အာဏာအမွေဆက်ခံထားသူ သမ္မတ တစ်ဦးပဲ မဟုတ်ပါလား။ “၂၀၀၈ အခြေခံဥပဒေ” ဆိုတာ ယခင် (နအဖ)စစ်အုပ်စုရဲ့ အာဏာအမွေဖြစ်သလို၊ ယခင်(နအဖ) စစ်အုပ်စုဝင်ဟောင်းတွေရဲ့ အကျိုး စီးပွား(ဟောင်း/သစ်) မှန် သမျှ အတိအလင်းကာကွယ် ပေးထားတဲ့ ခံကတုတ်ယန္တယားလည်းဖြစ်တယ်။ဒါကြောင့် သမ္မတ ဦးသိန်းစိန်ဟာ (နအဖ)စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေကို အသေအလဲခုခံကာကွယ် နေတာဖြစ် တယ်။ သိက္ခာထပ်၊ သိဒ္ဓိတင် ပေးနေတာ ဖြစ်တယ်။
 
၂၀၀၈ အခြေခံဥပဒေကို ကာကွယ်တဲ့နေရာမှာ ဦးသိန်းစိန်သဘောထား ဘယ်လောက်ထိ ပြတ်သား သလဲဆိုတော့ ဒီချုပ်ဥက္ကဋ္ဌ သမ္မတဖြစ်ရေး စိတ်ကူးယဉ်နေသူတွေရဲ့ဆောင်းအိပ်မက် မက်နေရာကနေ လန့်နိုးသွားစေခဲ့ပါတယ်။
 
၂၀၁၅ ရွေးကောက်ပွဲမှာအပြတ်အသတ် နိုင်ရုံနဲ့မရဘူး။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှ ဖြစ်မယ်လို့ ယတိပြတ်ပြောသွား တယ်။ ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်နိုင်မှသာ ဒီချုပ်ဥက္ကဋ္ဌ သမ္မတဖြစ်ရေးကို စိတ်ကူးယဉ်နိုင်မှာဖြစ်တယ်။
 
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ဆိုတာကလည်း ၂၀၁၅ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရုံနဲ့ မဖြစ်သေးဘူး၊ ၂၅% စစ်သားအမတ်တွေကို စည်းရုံးနိုင်မှ ပြင်ဆင်နိုင်မှာဖြစ်တယ်။
 
ဒီချုပ်ဥက္ကဌကလည်း “တပ်မတော်က သဘောမတူရင် အခြေခံဥပဒေ ကိုပြင်ဆင်နိုင်မှာမဟုတ်ဘူး”  လို့     ၀န်ခံထားပြီးသားပါ။
 
စစ်သားအမတ်တွေ စည်းရုံးဖို့ဆိုတာကလည်း ကျောက်ခဲရေညှစ်ရတာက ပိုလွယ် ဦးမယ်။ လွှတ်တော် အမတ် ဦးဘုန်းမြင့်အောင် ပြည်ပမီဒီယာတစ်ခုနဲ့ပြောတာမှာ “ကာချုပ်” က စစ်သားအမတ်တွေကို ဘာကို ထောက်ခံ ပြီး ဘာကိုကန့်ကွက်ရမယ်ဆိုတာ တစ်ခါထဲ အမိန့်ပေးပြီး စေလွှတ်လိုက် တာလို့ကြားလိုက် ရတယ်။ ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါ တာပဲ လိုချင်တယ်လို့ အပြတ်မှာ လိုက်ပုံပဲ။
 
ဒါ့အပြင် ဦးသိန်းစိန်က“ကာချုပ်” ဟာ “သူ့သဘောနဲ့သူအရေးပေါ်အခြေအနေ ကြေညာခြင်း/ အာဏာ သိမ်းခြင်း/ အစိုးရတာဝန် လွှဲပြောင်းယူခြင်းတွေကို သူ့သဘောဆန္ဒအတိုင်းမလုပ်နိုင်ပါဘူး” ပြောပါ တယ်။ ဒီကိစ္စမမှန်ဘူးလား။ မှန်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ထဲမှာ “ကာချုပ်” အနေနဲ့အာဏာ ဘယ်လိုသိမ်း ရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေကို အတိအလင်းထည့်သွင်းပြဋ္ဌာန်းပေးထားပြီး မဟုတ်ပါလား။ ဒီအချက် ဟာ ၂၀၀၈ အခြေခံဥပဒေရဲ့ထူးခြားချက်ဖြစ်သလို ၁၉၄၇ အခြေခံဥပဒေ၊ ၁၉၇၄ အခြေခံဥပဒေတွေနဲ့ မတူခြားနားတဲ့ အချက်တစ်ခုလည်းဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ စစ်တပ်က တရားဝင်အာဏာ သိမ်းခွင့်ရှိတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။
 
သမ္မတဦးသိန်းစိန်ဗြောင်လိမ်သွားတဲ့အချက်ကတော့
 
“ကျွန်တော်တို့ တပ်မတော်ဟာ အင်မတန်မှစည်းကမ်းကြီးပါတယ်၊ မုဒိမ်းမှု၊ လူသတ်မှုတို့ဆိုတာ ဘယ်လိုမှ ကျွန်တော်တို့လုပ်စရာ အကြောင်းမရှိပါဘူး
 
ဆိုတဲ့ စကားပဲဖြစ်ပါတယ်။
 
အစိုးရစစ်တပ်များက တိုင်းရင်းသားဒေသတွေမှာ သတ်ဖြတ်ကျူးလွန်စော်ကားခဲ့တဲ့ များပြားလှသော လူသတ်မှု၊ မုဒိမ်းမှုတွေ ထဲက တိုင်းရင်းသားအင်အားစုတွေ နိုင်ငံတကာအဖွဲ့အစည်းများထံ တစ်ချိန်က တင်ပြခဲ့ဖူးတဲ့ “licence to rape” ဆိုတဲ့ အစီရင်ခံစာ နဲ့ ထလရ ဗိုလ်အောင်လင်းထွဋ် ထုတ်ဖေါ်ဝန်ခံဖူးတဲ့ “ခရစ္စတီးကျွန်းလူသတ်မှု”ကို ကျနော် ဖျတ်ခနဲသတိရမိတယ်။
 
နိုင်ငံရေးအကျဉ်းသား/ယုံကြည်ချက်အကျဉ်းသားကိစ္စတွေနဲ့ပတ်သက်လို့လဲ ဦးသိန်းစိန်သဘောထား က ပြတ်သားလှပါတယ်။ တိုင်းပြည်အတွက် ကိုယ်ယုံကြည်တာကို လုပ်ခဲ့ကြတာဖြစ်တယ်တဲ့၊ သူတို့ လည်း ယုံကြည်တာကိုလုပ်ခဲ့ကြတာလို့ဆိုတယ်။
 
ဒီတော့ “လွတ်ငြိမ်းချမ်းသာခွင့်” ကို ကလေးငယ် မုန့်တောင်းသလို တစာစာတောင်းနေသူတွေ သတိ ချပ်ဖို့ပါ။ ယုံကြည်ချက် အတွက် စွန့်လွှတ် စွန့်စားလုပ်ခဲ့ကြတာဟာ ဒူးထောက်ခယပြီး လွတ်ငြိမ်း ချမ်းသာခွင့်တောင်းဖို့ မဟုတ်ဘူး။
 
ဦးသိန်းစိန်ဟာ ဟိုင်းကြီးကျွန်းနားက ရွာသိမ်ရွာငယ်လေးမှာမွေးလို့၊ မိဘတွေက သာမန်လယ်သမား ဖြစ်လို့ဆိုတာနဲ့လည်း မလုံ လောက်ဘူး။ လက်ရှိဦးသိန်းစိန်ဟာ ၂၀၀၈ အခြေခံဥပဒေအရ သမ္မတဖြစ် တယ်။ (နအဖ) စစ်အစိုးရလက်ထက် ဝန်ကြီးချုပ်ဖြစ်ခဲ့တယ်။ ပိုအရေးကြီးတဲ့အချက်က သမ္မတ ဦး သိန်းစိန်ဟာ (နအဖ)စစ်အုပ်စုနဲ့ ၂၀၀၈အခြေခံဥပဒေကို ခုခံကာကွယ်နေသူ၊ အမွှမ်းတင်၊ သိက္ခာထပ်၊ သိဒ္ဓိတင်ပေးနေသူသာဖြစ်ပါတယ်။
 
သမ္မတဦးသိန်းစိန်ဟာ စစ်အုပ်စုရဲ့အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အကျိုးစီးပွားမှန်သမျှကို ၂၀၀၈အခြေခံ ဥပဒေနဲ့အညီကိုယ်စားပြု နေသူ၊ ဆက်ခံ၊ ထိန်းသိမ်း၊ ကာကွယ်၊ တိုးချဲ့နေသူသာဖြစ်တယ်။
 
နိဂုံးချုပ်ရရင် မည်သူမဆို၊မည်သည့် နိုင်ငံရေးပါတီ၊အဖွဲ့အစည်းမဆို ဦးသိန်းစိန်ရဲ့ပြောလုံးလေးတွေ၊ “ဦးသိန်းစိန်ကိုယုံတယ်” ဆိုတဲ့စကားလုံးတွေအပေါ်မှာ ရေလိုက်လွဲ သာယာနေကြမယ်ဆိုရင် ဒီမိုကရေစီ ရေတိမ်နစ်ပြီး၊ တိုင်းရင်းသားအရေး၊ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး စတာတွေ ရေစုန်မျောပါလိမ့်မယ်။
 
Photo – Supporters of Burmese President Thein Sein hold posters as they await his arrival at Rangoon International Airport on Monday. (Photo: The Irrawaddy)
 

Saturday, October 6, 2012

SHARE SHAGAN - 12

 
1961 February (5) ya shani kaw na hpang mat wa ai Jinghpaw Wunpawng Amyu sha ni a Rawt Malan Hkrunlam magam bungli hta myutsaw mungtsaw myit hte ap nawng sa wa ai myutsaw share shagan ni law law nga lai wa sai, ya daini na ten du hkra matut manoi rai nga ai. Myutsaw Dap de marai langai hkrai, shing nrai manang wa hte rawt wa ai ni nga lai wa ai zawn U hpung hku rawt sa mat wa ai share shagan ni mung nga nga ai. Dai U hpung hku rawt sa mat wa ai ni hta na lawu e sanglang ai malawm ni a labau hpe malap tawn nmai nga ai.

4 March 1987 Amyu Sha Hpyen Dap de shawng na lang rawt sa wa ai Dakkasu jawng shagu na Amyu a Share shagan, ningbaw ningla ni.

  1. Dr. Nlam Awng                                                       (1990 ning Mawru hta nnga mat)
  2. Lt. Colonel Wa-Na Yaw Htung                               (KICC Ningtau Amu Madu)
  3. Salang Lahtaw Naw Lawn(Engineer)                     (Ret/Myitkyina)
  4. Salang Um/Marip Tu Lum                                       (Ret/ USA)
  5. Major General Sumlut Gun Maw                             (VCS/UNFC)
  6. Lt. Colonel Gawlu La Awng                                     (Maigan Kit Hkai/UNFC)
  7. Lt. Colonel Lahpai Zau Raw                                    (Dap Ba - 4’s OBC/DGA)
  8. Salang Hkangda Brang Shawng                             (Ret/Myitkyina)
  9. A Gyi Nhkum Ja Li                                                   (Majan hta hkrat sum/1990)
  10. Salang Tsinyu Bawk Htun                                        (Ret/USA)
  11. A Gyi Lahtaw Zau Tsan Hkam(RIT)                         (Majan hta hkrat sum/1990)
  12. Major Sumlut Brang Nan                                          (Zai Ninggawn Rung)
Lahta na myutsaw share shagan ni shanglawm wa ai myu tsaw hkrunlam labau ni hpe daw hte daw matut manoi ka mat wa na re hpe shana dat nngai.


Yu Maya Hpyen Magam Gun Dingsa

UNFC Dat Kasa ni US States Department Salang ni hte sa hkrum

UNFC Dat Kasa Ni US States Department Salang Ni Hte Sa Hkrum

Friday, October 5, 2012

Blood and Gold: Inside Burma's Hidden War

Blood and Gold: Inside Burma's Hidden War

People & Power travels to northern Myanmar where the Kachin people are fighting a life-or-death struggle for autonomy.


Deep in the wilds of northern Myanmar's Kachin state a brutal civil war has intensified over the past year between government forces and the Kachin Independence Army (KIA).

People & Power sent filmmakers Jason Motlagh and Steve Sapienza to Myanmar (formerly Burma) to investigate why the conflict rages on, despite the political reforms in the south that have impressed Western governments and investors now lining up to stake their claim in the resource-rich Asian nation.

Burma's hidden war

By Jason Motlagh

Bold patches of dirt and shredded tree stumps speak to the artillery barrages that rained down on rebel Capt. Malang Naw Mai and his men when they arrived at their hilltop outpost nine months ago.

He has since lost about one-fifth of his unit in combat, but the veteran officer insists the Burmese Army’s ruthless treatment of ethnic Kachin civilians fuels his resolve to hold the frontline.

“I’m proud to be fighting their oppression and I will be satisfied if I die fighting,” he says.

The war in Kachin reignited last year when the Burmese Army attacked a Kachin Independence Army (KIA) post near a disputed hydropower dam site, ending a 17-year ceasefire. It has since ramped up its offensive, calling into question the authority of a nominally civilian government that has repeatedly ordered it to stop fighting.

“This so-called reform process has made it possible for the government - and the government means the military - to get away with almost anything,” says Bertil Lintner, an author and journalist who has covered Burma for more than 30 years. “Things they would have been severely criticised for in the past are being ignored by the international community.”

So far, more than 75,000 ethnic Kachin civilians have been driven from their ancestral lands. Human rights groups allege the Burmese army is intentionally attacking civilian areas, with wide-spread evidence of torture, rape, forced conscription and summary executions. Both sides employ child soldiers and continue to sow the ground with land mines.

According to a June report by Human Rights Watch, at least 10,000 additional Kachin refugees are stranded in make-shift camps across the border in China, where authorities still refuse to grant the United Nations and relief agencies access. Thousands have reportedly been forced back across the border, into harm’s way.

Such grim developments contradict the reform narrative now emanating from the long-time pariah state, officially known as Myanmar.

Open for business

Since coming to power last year, the government, led by Thein Sein, a former general, has freed hundreds of prisoners, eased media censorship and reached agreements with other ethnic minority rebel groups in a wide-ranging push to open up the country after decades of isolation.

The West has eagerly responded. Following historic by-elections in April in which democracy activist Aung San Suu Kyi was elected to parliament, the European Union suspended most of its sanctions. The US has likewise declared the country open and appointed its first ambassador in 22 years.

In June, just days after formally easing key sanctions against Burma, the US state department led dozens of representatives from top American companies - including Chevron, GE, Boeing, GM, Google and Goldman Sachs – to Burma to meet officials and explore investment opportunities. GE signed a deal that same week.

But voices of caution are sounding. In her Nobel prize acceptance speech in June, Suu Kyi warned against “blind faith” in Burma’s trajectory, asserting that ethnic tensions like those in Kachin state must be eased for the country to find its footing.

As western businesses beat a path to her homeland, Burma watchers are concerned that ongoing rights abuses against the Kachin and other ethnic minorities could be further marginalised.

"The international euphoria about the reform in Burma is definitely premature, especially with the crimes against humanity we're seeing in Kachin state," says Matthew Smith, a field investigator with Human Rights Watch.

Outmanned and outgunned, KIA guerillas have fought the Burmese military on and off for decades in their bid for greater political rights and control over lands rich in minerals, timber and, more recently, Chinese-funded hydropower projects that were brokered during the ceasefire period.

While other rebel movements in Karen and Chin states have inked deals with the government, KIA officials insist the Burmese used the truce as a cover to broker multi-billion dollar energy deals with China without their input. The current fighting was touched off when the Burmese Army advanced on KIA outposts near the Taping River.

“The main reason this war goes on is that Burma is trying to solve our differences by force, not dialogue. Even though we are not in a good position, it is compulsory for us to fight for our rights,” says Gen. Sumlat Gun Maw, the KIA’s vice chief of staff.

China: KIA's lifeline to the world

Recent advances by the Burmese army toward Laiza, the KIA’s administrative capital, have forced the general’s staff to relocate their command center to a hotel a stone's throw from the Chinese border. Today, the former boom town is empty, while the newly displaced continue to swell camps on its outskirts.

While China’s close ties with Burma’s former military government are well-known, it also remains the KIA’s lifeline to the world. Basic necessities such as medicines and rice must be smuggled into Kachin territory, and the KIA war chest is largely depends on taxes and illicit cross-border trade in products ranging from dry goods to teak.

In Laiza, the Chinese Yuan is the currency and Chinese mobile phone networks keep locals connected. China hosts Kachin university students, and when soldiers are seriously injured, lax border controls allow them passage to better hospitals for treatment.

At the same time, Chinese-funded infrastructure projects are at the crux of the conflict in Kachin State, none more so than the Myitsone dam, a joint venture between the Burmese government and state-owned China Power Investment Corp.

Slated to be the largest of seven along the Irrawaddy River, it was approved on grounds that it would benefit a region with poor infrastructure economic prospects. In fact, the $3.6bn project would have sent 90 percent of the electricity generated to China’s southwestern Yunnan province.

Sean Turnell, an expert on the Burmese economy, notes that the Kachin have “witnessed decades of having their resources extracted and this causes incredible animosity.” The Myitsone dam project, he adds, is a case in point.

Adding insult to injury, more than 12,000 Kachin have been forcibly relocated to Chinese-built camps to make way for the dam. While they have been issued free homes, appliances and utilities, they are unable to return to farmlands that have since been ravaged by mining and timber projects.

In the face of unprecedented public pressure over the dam’s social and environmental impact, President Sein halted construction last year, a rare shot in the arm for civic activism. Yet locals argue work has never stopped, and his orders that the Burmese Army end its brutal campaign in Kachin state continue to be ignored.

Gen. Gun Maw of the KIA says this proves Burma’s generals still call the shots behind the scenes.

“What we want is freedom and liberty,” he says. “But the Burmese Army still has no will for dialogue.”'

In recent months, informal rounds of peace talks between the warring parties have gone nowhere. According to KIA sources, the Burmese Army maneuvered artillery deeper into their territory while one meeting was being held inside China.

'Protecting our land'

Kachin communities continue to be uprooted by the fighting. At a sprawling camp outside of Maija Yang, the second-largest town under KIA-control, fresh waves of displaced Kachin described indiscriminate artillery and mortar fire that killed and maimed even as people fled.

“It was chaos; we didn’t know which way they were coming from,” says Pansang Brang, a 72-year-old farmer.

Of late many are arriving from Shan state, to the south, where they escaped heavy fighting near pair of major pipelines that will pump oil and gas to China starting next year.

May Li Awng, the founder of a grassroots aid group, says she is receiving more and more children who are turning up without their parents. “Some try to run (back to find them) but don’t know the way and get lost,” she says.

For the time being, they are safe from harm. Just eight miles away, up a series of muddy switchbacks, Capt. Naw Mai and his men keep up their bush patrols day and night for signs of Burmese infiltrators.

The hilltops are quiet but they must be vigilant. Their forward-most position sits opposite a Burmese Army outpost less than 1,200 meters away. A days-long gun battle could erupt at any moment.

“Even now, we don’t initiate fight with the Burmese Army camps around us,” he says after surveying the enemy position with his binoculars. “We are just protecting our land.”

Al Jazeera