Pages

Sunday, January 26, 2014

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံပြီးဆုံး

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံပြီးဆုံး

Sunday, 26 January 2014 07:12 Written by ရွှေဟင်္သာ သတင်းဌာန

ဒုတိယ အကြိမ် ညီလာခံအပြီး အမှတ်တရ                    ဓါတ်ပုံ ဖိုးခွား
 
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ထိုင်းမြန်မာ နယ်စပ် ကရင် အမျိုးသား အစည်း အရုံး (KNU) တပ်မဟာ () နယ်မြေ လေးဝါး(ခေါ်) လော်ခီးလား စခန်းတွင် ကျင်းပခဲ့သည့် ()ရက်ကြာ လက်နက်ကိုင် တိုင်းရင်း သား အဖွဲ့ များ ၏ ဒုတိယ အကြိမ် ညီ လာခံသည် ယမာန် နေ့ ဇန္နာ ၀ါရီလ (၂၅)ရက်နေ့ တွင် ပြီးဆုံးသွားခဲ့ သည်ဟု ညီလာခံ အကျိုးဆောင် တ ဦးဖြစ်သူ ခွန်ဥက္ကာ မှဆိုပါသည်။
 
ညီလာခံ ပြီးဆုံးပြီး နောက် အချက် ()ချက်ပါသည့် ကြေညာချက် ထုတ်ပြန်ရာတွင် နိုင်ငံရေး ရည်းမှန်းချက် ဖြစ်သည့် "စစ်မှန်သည့် ဖယ်ဒရယ် ပြည်ထောင် စု"တည်ဆောက် နိုင် သည် အထိ ဆက်လက် ကြိုးပမ်းသွား မည်ဟု လော်ခီးလာ ကွန်ဖရန့် ကြေညာ ချက် ၌ထည့်သွင်း ကြေညာထား ခဲ့ပါ သည်။
 
ညီလာခံ နောက်ဆုံးနေ့ တွင်လည်း အချက် (၁၁)ချက် ပါဝင်သည့် တနိုင်ငံ လုံး အပစ် အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA) မူကြမ်း ကို အတည်ပြု ကြပြီး တက်ရောက်လာ သည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ (၁၇) ဖွဲ့အနက် (၁၆) ဖွဲ့ မှ လက်မှတ်ရေး ထိုးလိုက်ကြ ပါသည်။
 
ရှမ်းပြည်ပြန် လည်ထူ ထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့သည် ပထမ အကြိမ် ညီလာခံ တွင်လည်း လက်မှတ် မထိုး သလို ယခု ဒုတိယ အကြိမ်တွင် လည်း လက်မှတ် ရေးထိုးခြင်း မရှိပေ။ သို့သော် ဆုံးဖြတ် ချက် မူကြမ်း အပေါ် လက်ခံပြီး RCSS ၏ ဆုံးဖြတ် အရ လက်မှတ်ရေး ထိုး ခြင်း မပြုခြင်းသာ ဖြစ်သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စိုင်းလောဝ် ဆိုင်က ဆိုပါသည်။
 
တနိုင်ငံ လုံး အပစ် အခတ် ရပ်စဲရေးသဘောတူ စာချုပ် (NCA) မူကြမ်း ထဲတွင်တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲပြီး () လအတွင်း အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲ စတင်ကျင်း ပရန် ကိစ္စ၊ မတရား အသင်း ဥပဒေ ကို လည်း လွှတ်တော် မပါဘဲ သမ္မတ အမိန့်ဖြင့် ပယ်ဖျက်ပေးရန် ကိစ္စနှင့် ပြည်ထောင် စုတပ်မ တော် ဖွဲ့စည်း ရေး ကိစ္စဆိုသည့် အချက်များပါ ထည့်သွင်း ခဲ့ပါသည်။
 
ထို့အပြင် အပစ်ရပ်ပြီးနိုင်ငံရေး ဆွေးနွေးပွဲ မစတင်ခင် ကြားကာလ တွင်လည်း တိုင်းရင်းသား အဖွဲ့များ၏ လုပ်ပိုင်ခွင့် များ တည်ရှိရ လိမ့်မည်ဟု ခေါင်းစဉ် ၁၁ ခန်း ပါဝင်သည့် အပစ်အခတ် ရပ်စဲရေး မူကြမ်းထဲ ၌ ဖေါ်ပြထားပါသည်။
 
တစ်နိုင်ငံ လုံး အပစ် အခတ် ရပ်စဲရေး ကိစ္စ တွင်လည်း လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ အားလုံး ပါဝင် ရန် လိုအပ် သဖြင့် အစိုးရနှင့် တစ်ဖွဲ့ချင်း လက် မှတ် ရေး ထိုး ခဲ့သည့် အဖွဲ့ဝင်များ၏ အခန်းကဏ္ဍ၊ လက် မှတ် မထိုးရ သေးသော အဖွဲ့မျာားး မည်သို့ ပြုလုပ်ရ မည်ကို ဆက်လက် ညှိနှိုင်းရဦးည်ဟု ဗိုလ်ချုပ် ဂွန်မော်က ဇန်နဝါရီ၂၅ရက်နေ့တွင် သတင်း ထောက်များအား ပြောကြား ခဲ့ပါသည်။
 
ဒုတိယ အကြိမ် ညီလာခံမှ ဆုံးဖြတ် ထားသည့် သဘောတူ ညီချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်း များအပြင် ညီ လာခံမ တက်ရောက် နိုင်သော အဖွဲ့များအား ထပ်မံ တင်ပြဦးမည် ဖြစ်သည်။ ဤကဲ့သို့ ချပြ ပြီးပါက လက်နက်ကိုင် တိုင်းရင်း သား များ၏ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT) သည် ၄င်းတို့ သဘော တူထားသည့် မူကြမ်းကို လာမယ့် ဖေဖော်ဝါရီလ တတိယ ပတ် အတွင်းအစိုးရ ကိုယ်စားလှယ် များ နှင့် ကရင်ပြည် နယ် ဖါးအံမြို့တွင် ဆွေးနွေးကြ မည် ဖြစ်ပါသည်။
 
ယခု ဒုတိယ အကြိမ် ညီလာခံသို့ ကချင် လွတ်မြောက်ရေး အဖွဲ့(KIO)၊ ချင်း အမျိုး သားတပ်ဦး (CNF)၊ ပလောင်ပြည် လွတ် မြောက်ရေး တပ်ဦး (PSLF)ရှမ်း ပြည်တိုး တက်ရေး ပါတီ (SSPP)၊ ပအိုဝ်း အမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO)ရှမ်းပြည်ပြန် လည်ထူထောင် ရေးကောင် စီ(RCSS)၊ ၀အမျိုး သား အစည်း အရုံး(WNO) ကရင်နီ အ မျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ လားဟူ ဒီမိုကရက် သမဂ္ဂ(LDU)၊ ကရင် အမျိုးသား အစည်း အရုံး (KNU)၊ ဒီမိုကရေ စီ အကျိုးပြု ကရင့် အမျိုးသား တပ်မတော် (DKBA)၊ ကေအဲန်ယူ/ကေအဲန်အယ် လ်အေ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC)၊ မွန်ပြည် သစ်ပါတီ (NMSP)၊ ရခိုင် တပ်မတော် (AA)၊ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)၊ ရခိုင် အမျိုးသားကောင် စီ(ANC)၊မြန်မာနိုင်ငံ အမျိုးသား များ ဒီမိုကရေစီ တပ်ဖွဲ့ (MNDAA)၊ စသည့် တိုင်း ရင်းသား အဖွဲ့ (၁၇)ဖွဲ့မှ ခေါင်းဆောင် များ၊ အထူး ဖိတ်ကြား ထားသည့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ် တပ်ဦး (ABSDF) မှ လေ့လာ သူများ အပါအ၀င် စုစုပေါင်း ကိယ်စားလှယ် (၁၆၀) ကျော် တက်ရောက် ခဲ့ကြသည်။
 
လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တို့၏ ပထမ အကြိမ် ညီလာခံ ကို ၄င်းအဖွဲ့များ ပင် တက်ရောက် ကြပြီး ပြီးခဲ့သည့် အောက်တို ဘာ (၃၁) ရက်နေ့ မှနိုဝင်ဘာ ()ရက်နေ့အ ထိ ကချင်လွတ် လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် ကျင်းပခဲ့ပါ သည်။ ဤကဲ့သို့ ကျင်း ပပြီးနောက် နိုဝင်ဘာ ()ရက် နေ့တွင် အစိုးရ ကိုယ်စား လှယ်များနှင့် ကချင်ပြည် နယ်မြစ်ကြီး နားမြို့၌ တွေ့ ဆုံဆွေးနွေး ခဲ့ကြပါ သည်။

Saturday, January 25, 2014

LAW KHEE LAR STATEMENT 25 January 2014



 

Statement on Government's Census Plan(kachin)

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းစဉ်နှင့် ပတ်သက် ကချင်ပြည်သူလူထု အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်

                                                                  ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၁၆) ရက်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းစဉ်နှင့် ပတ်သက် ကချင်လူထုအဖွဲ့အစည်းများမှ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၁၆) ရက်နေ့ တွင် မြစ်ကြီးနားမြို့၊ သီတာနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း စည်းဝေး ခန်းမဆောင် တွင် နံနက် (၉)နာရီမှ ညနေ(၆)နာရန်အထိ ဆွေးနွေးခဲ့ကြပါ သည်။ ထိုဆွေးနွေးပွဲ တွင် ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုအခြေပြုအဖွဲ့အစည်း များ၊ ကချင်စာပေနှင့် ရိုးရာယဉ်ကျေးမှု အဖွဲ့များ၊ ကချင်အမျိုးသားများ အတိုင်ပင်ခံ အဖွဲ့ (Wunpawng Amyu Sha Mungbawng Rapdaw) ပါဝင်သည့် အဖွဲ့အစည်းပေါင်း (၃၇)ဖွဲ့မှ ကိုယ်စားလှယ်များ နှင့် ရပ်မိရပ်ဖများ စုစုပေါင်း(၁၄၇)ဦး တက်ရောက် ဆွေးနွေးခဲ့ ပါသည်။
 
ထိုဆွေးနွေးပွဲတွင် တက်ရောက်လာသူများက ၂၀၁၄ ခုနှစ် မတ်လ(၂၉)ရက်နေ့ သန်းခေါင်ယံမှစ၍ ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူမည့်လုပ်ငန်းစဉ်၊ မေးခွန်းများနှင့်ပတ်သက်ပြီး  မိမိတို့၏အမြင် များကို ရှင်းလင်းတင်ပြခြင်း၊ အချင်းချင်းဆွေးနွေးခြင်းနှင့် သုံးသပ်ချက်များ တင်ပြ ခြင်းများ ပြုလုပ်ခဲ့ပါသည်။
 
တင်ပြဆွေးနွေးချက်များမှ သုံးသပ်ချက်များမှာ-
 
(က)  ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှု အစီအစဉ်သည် အမှန်တကယ် လိုအပ်သည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း သိရှိနားလည်ကြပါသည်။
 
(ခ) လက်ရှိပြင်ဆင်ထားသော ၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူမည့် မေးခွန်းတွင်ပါဝင်သော လူမျိုးနှင့် မျိုးနွယ်စု သတ်မှတ်ချက်၊ သကေတ (code number) များ သတ်မှတ်ချက်တို့သည်  ကချင် တိုင်းရင်းသား မျိုးနွယ်စုဝင်များနှင့် ဆွေးနွေးတိုင်ပင်ညှိနှိုင်း၊ သဘောတူညီချက် ရယူပြီး အတည်ပြုဆောင်ရွက် ထားခြင်း မဟုတ်ကြောင်းတွေ့ရှိရပါသည်။
 
(ဂ) ကချင်လူမျိုးဆိုသည်မှာ သီးသန့်ကချင်မျိုးနွယ်စုဝင်တစ်ခု မဟုတ်ပဲ ကချင် မျိုးနွယ်စု များစုပေါင်းထားသည့် လူမျိုးကို "ကချင်(Kachin)" ဟုသုံးနှုန်း ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကချင်သည် ဂျိန်းဖော့မျိုးနွယ်စုတစ်ခုတည်းကို ကိုယ်စား ပြုသောအမည် မဟုတ်သဖြင့် ကချင်=ဂျိန်းဖော့ (Jinghpaw) မဟုတ်ပါ။  Wunpawng Amyu Sha = Kachin သာဖြစ်ပါသည်။
 
သန်းခေါင်စာရင်း မေးခွန်းများတွင်ပါရှိသော ကချင်အုပ်စုပါ လူမျိုးနှင့်မျိုးနွယ်စုများ၏ (Code number) များသည် ကချင်တိုင်းရင်းသားများအတွင်း ပကတိအခြေအနေနှင့် ကိုက်ညီမှု မရှိဘဲ ကွဲလွဲချက်များရှိနေပါသည်။ ထို့ပြင်ဘုံသဘောဆောင်သော ကချင် ဟူသည့် လူမျိုးအုပ်စုကြီးကိုလည်း မျိုးနွယ်စုအမည်စာရင်းတွင် ထပ်မံ ထည့်တွင်းထားသဖြင့် ဖောင်းပွခြင်း၊ ရှုပ်ထွေးခြင်း၊ အချင်းချင်း  အငြင်းပွားစေခြင်း များဖြစ်ပေါ်စေစည်းလုံး သွေးစည်းညီညွတ်မှုကို ပျက်ပြားစေပါသည်။ အစိုးရ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်း ဆောင်ရွက်မှု အပေါ်တွင်လည်း သံသယ ရှိမှုများဖြစ် တည်စေသည်ဟု သုံးသပ်ရရှိပါသည်။
 
() လူမျိုးနှင့်မျိုးနွယ်စုမေးခွန်းတွင်ပါရှိသော သတ်မှတ်ချက်များတွင် ဒေသအသုံး အနှုန်းနှင့် မျိုးနွယ်စုအမည်များ ရောထွေးနေသဖြင့် ရှင်းလင်းပြည့်စုံမှု မရှိခြင်း၊ အချို့မျိုးနွယ်စုများ ထပ်မံထည့်သွင်းရန် လိုအပ်နေခြင်းများကြောင့် မှန်ကန်မှု မရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ ကချင်တိုင်းရင်းသား မျိုးနွယ်စုများအတွင်း မိမိတို့၏ မျိုးနွယ်စုအမည်များနှင့် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှု လကဏာများ ပျောက်ကွယ်သွား မည်ကိုလည်းကောင်း၊ ရရှိနိုင်သည့်အခွင့်အရေးများ လက်လွတ် ဆုံးရှုံးသွားမည်ကို လည်းကောင်း စိုးရိမ်ပူပန်မှုများရှိ နေကြပါသည်ဟု သုံးသပ် ပါသည်။
 
(င) ကချင်ပြည်နယ်တွင် လက်ရှိအခြေအနေ  နယ်မြေအေးချမ်းတည်ငြိမ်မှု မရှိခြင်း၊ အချို့ဒေသများတွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် သန်းခေါင်းစာရင်း ကောက်ယူရာတွင် စာရင်းအတိအကျ ရရှိနိုင်ရန် အခက်အခဲ ရှိနိုင်မည်ဟု သုံးသပ်ကြ ပါသည်။ ထို့ပြင်  ပြည်သူလူထုအတွင်း ပြည့်စုံလုံလောက် သော ဆွေးနွေးမှု၊ အသိပေးမှု အားနည်းနေခြင်းကြောင့် ရရှိမည့် သတင်းအချက် အလက်များ  ပြည့်စုံမှန်ကန်မှု အားနည်း နိုင်ပြီး နိုင်ငံတော်၏ အနာဂါတ် လူမှု စီးပွားရေးစီမံကိန်းအတွက် မူဝါဒများ ရေးဆွဲချမှတ် အကောင်အထည်ဖော်ရာတွင်   ချို့ယွင်းအားနည်းမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု သုံးသပ် ကြပါသည်။
 
(စ) သန်းခေါင်စာရင်းကောက်ခံရန် တာဝန်ရှိသောပုဂိုလ်များသည် ဒေသခံဘာသာ စကားနှင့် ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများ၏ သဘောသဘာဝကို သိရှိနားလည်မှု အားနည်းခြင်းရှိပါက အကြောင်းအရာများ မှားယွင်းဖြည့်စွက်မှုများ ရှိလာနိုင်သည်ဟု သုံးသပ်ကြပါသည်။
 
(ဆ) ဒေသခံ ကချင်လူမျိုး၊ မျိုးနွယ်စုများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေး တိုင်ပင်ညှိနှိုင်းအဖြေရှာမှုမရှိဘဲ ဗဟိုမှတိုက်ရိုက် ဆုံးဖြတ်အတည်ပြုပြီး အောက်ခြေသို့ ချပြသည့်လုပ်ငန်းစဉ်သည် နိုင်ငံတော်အစိုးရက ကျင့်သုံးဖော်ဆောင်  နေသော  ဒီမိုကရေစီ လုပ်ငန်းစဉ်များနှင့် သွေဖယ်ကာ ကွဲလွဲဆန့်ကျင် နေလျှက်ရှိ သည့်အပြင် ဒို့တာဝန်အရေး(၃)ပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကိုလည်း ထိခိုက်စေနိုင်သည်ဟု မှတ်ချက်ပြုကြပါသည်။
 
အထက်ပါသုံးသပ်ချက်များပေါ်အခြေခံ ကချင်ပြည်သူလူထု အဖွဲ့အစည်းများ၏ တောင်းဆိုချက်များ-
 
(၁) ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ နိုင်ရန် အစိုးရက သတ်မှတ်ပြုစုထားသော လူမျိုး၊ မျိုးနွယ်စုနှင့် သကေ(code number)များကို အစည်းအဝေးတက်ရောက်လာသူများ အားလုံး ကန့်ကွက်ပါ သည်။
 
သို့ဖြစ်၍ မိမိတို့ ကချင်ပြည်သူလူထုအဖွဲ့အစည်းများ လက်ခံသဘောတူညီ   ထားသော  ပြင်ဆင်လိုသည့်ပုံစံကို တင်ပြအပ်ပါသည်။
 
(၂) ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းကောက်ယူရေး လုပ်ငန်းစဉ်များ အောင်မြင်ရေး အတွက် ကချင်တိုင်းရင်းသားမျိုးနွယ်စု အသီးသီးနှင့် လူမှုအဖွဲ့အစည်း များမှ ခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများနှင့်  တွေ့ဆုံ၊ ညှိနှိုင်း၊ ဆွေးနွေးမှုပြုလုပ်ပြီး ယခုထက်ပိုမို၍ ပွင်းလင်း မြင်သာမှုရှိစေရန်နှင့် လူထုအားလုံးသို့ သတင်းအချက် အလက်များ  ပေးပို့နိုင်သော လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးပါရန် တောင်းဆိုအပ်ပါသည်။
 
(၃) အထက်ပါလုပ်ငန်းစဉ်များနှင့် အကြံပြုချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိ ၀န်ကြီး ဌာနမှ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ရန် တောင်းဆိုပါသည်။ အကယ်၍ ယခု အစည်းအဝေးမှ ရရှိသော လုပ်ငန်းစဉ်နှင့် အကြံပြုချက်များအပေါ် လက်ခံသဘော တူရန် အခက်အခဲရှိမည်ဆိုပါက တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး ရှင်းရှင်းလင်းလင်း သိရှိပြီး နားလည်သဘော တူလက်ခံနိုင်သည့် အချိန်အတိုင်းအတာ တစ်ခုသို့ ရွှေ့ဆိုင်းပေးပါရန် အကြံပြု တောင်းဆိုအပ်ပါသည်။
 
 

Friday, January 24, 2014

Ethnic Groups in Burma Reach Final Agreement for Nationwide Ceasefire



နိုင်ငံရေးမူဘောင်ချမှတ်ဖို့ နိုင်ငံလုံးကျွတ် အပစ်ရပ်ရေး လက်မှတ်ထိုးရန် သဘောတူပြီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးမှ နိုင်ငံရေးမူဘောင် Political Framework ချမှတ်ဖို့ လော်ခီးလာညီလာခံရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၂၄ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ¬ားလုံး သဘောတူညီချက်ရသွားပါပြီ။

Tuesday, January 14, 2014

NCCT ၏ နိုင်ငံရေး တွေ့ဆုံပွဲ အတွက် မူဘောင် ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲ ပြီးဆုံး

NCCT ၏ နိုင်ငံရေး တွေ့ဆုံပွဲ အတွက် မူဘောင် ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲ ပြီးဆုံး

Tuesday, 14 January 2014 15:07  Written by ရွှေဟင်္သာသတင်းဌာန

တစ်နိုင်ငံလုံး ဆိုင်ရာ အပစ် အခတ် ရပ်စဲရေး ညှိနှိုင်းရေး (NCCT) အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာ

နိုင်ငံခြား ပညာရှင် များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စား လှယ်များ တက်ရောက် သည့် နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ မူဘောင် ရေးဆွဲ နိုင်ရေး အထောက် အကူပြု အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်အား ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ ဇန်နဝါရီလ (၁၃) ရက်မှ (၁၄) ရက်အထိ နှစ်ရက်တာ ကျင်းပ ပြီးစီး ခဲ့ပြီး ဖြစ်ကြောင်း တစ်နိုင်ငံလုံး ဆိုင်ရာ အပစ် အခတ် ရပ်စဲရေး ညှိနှိုင်းရေး (NCCT) အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။
 
“နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးတဲ့ အခါ ဘယ်လို အကြောင်း အရာတွေ တင်ပြ သင့်သလဲ၊ လုပ်ဆောင် ချက် အဆင့်ဆင့်တွေ ဘယ်လို ရှိသလဲ စတာတွေကို နားလည်နိုင်ဖို့ အဓိက ရည်ရွယ်ပြီး နှစ်ရက် အလုပ်ရုံ ဆွေးနွေးပွဲ လုပ်တာ ဒီနေ့ ပြီးသွား ပါပြီ” ဟု နိုင်ဟံသာက ပြောသည်။
 
နှစ်ရက်တာ ကျင်းပ ခဲ့သည့် ၄င်းအလုပ်ရုံ ဆွေးနွေး ပွဲသို့ အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာ ၊ ဒုတိယ အဖွဲ့ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်း၊ ဗိုလ်ချုပ် ဆွမ်လွတ် ဂွမ်မော်တို့ အပါအဝင် NCCT အဖွဲ့ဝင် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စား လှယ်ပေါင်း (၂၀) ကျော် တက်ရောက် ခဲ့ကြသည်။
 
ထိုသို့ နှစ်ဖက် အကြား နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး အတွက် မူဘောင် ချမှတ် နိုင်ရေး ညှိနှိုင်း ရာတွင်လည်း အစိုးရ ဘက်မှ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ပြီးမှသာ မူဘောင် ဆွေးနွေးရန် တင်ပြနေပြီး တိုင်းရင်းသား များဘက်မှ မူဘောင် ဆွေးနွေး ပြီးမှသာ အပစ်ရပ်ရေး လက်မှတ် ရေးထိုးရန် တင်ပြ ထားပါသည်။
 
“Framework Meeting က နေပြည်တော်မှာ လုပ်နိုင်ဖို့ ရှိပြီး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ မျိုးထဲ မဟုတ်ဘဲ လွှတ်တော်၊ နိုင်ငံရေး ပါတီ၊ လက်နက် မကိုင်တဲ့ တိုင်းရင်းသား ခေါင်းဆောင် များ၊ ပါသင့် ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင် ကြပြီး မူချ တာကပိုသဘာဝ ကျမှာပါ။ ဥပမာ အားဖြင့် ပြည်တွင်း နိုင်ငံရေး ခေါင်းဆောင် ပုဂ္ဂိုလ်များအပြင် အခြားပါသင့်တဲ့ သူများ ကိုလည်း ပါစေချင် ပါတယ်။ Framework Meeting မှာ Political Dialogue ရောက်ရင် ဆွေးနွေး ကြမယ့် ခေါင်းစဉ် ကြီးတွေ၊ ခေါင်းစဉ် ငယ်တွေ၊ ဘယ်လို ကော်မတီတွေ ဖွဲ့ကြမလဲ၊ သဘော တူညီချက်ကို ဘယ်လို ပုံစံနဲ့ သတ်မှတ် မလဲ၊ ဘယ်သူတွေ ဘယ်လောက် အချိုးနဲ့ တက်ရောက် ကြမလဲ၊ Time line ကကော ဘယ်လိုလဲ အပါအ၀င် လိုအပ်တာတွေ ဆွေးနွေး နိုင်ကြဖို့ပါ” ဟု မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး အရာရှိ ဦးလှမောင်ရွှေက ၄င်း၏ Facebook စာမျက်နှာ၌ ရေးသား ဖော်ပြ ထားပါသည်။
 
အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးမည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ မူဘောင် အတွက် ယခင် UNFC မှ ချမှတ် ထားသော အခြေခံမူ (၆) ချက်ကို အခြေခံကာ တွေ့ဆုံ ဆွေးနွေးရေး အတွက် မူဘောင် ရေးဆွဲရန် NCCT ဘက်မှ ပြင်ဆင် နေကြောင်း နိုင်ဟံသာက ဆိုပါသည်။
 
သို့သော်လည်း အစိုးရဘက်ကမှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်(မူကြမ်း) အဆင့်သာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံသို့ ပေးပို့ထားခဲ့ပြီး မူဘောင်မှာဆွေးနွေး ရသေးခြင်း မရှိကြောင်း ၄င်းမှ ဆက်ပြောသည်။
 
“ကျနော်တို့နဲ့ အစိုးရနဲ့ ဆွေးနွေးရေး အတွက် မူဘောင် ညှိနှိုင်း ရသေးခြင်းတော့ မရှိသေးဘူး ၊ သူတို့ ပေးပို့လာတဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်ကလည်း မူကြမ်း အဆင့်မှာပဲ ရှိသေးတယ်၊ အချော မဟုတ်သေးဘူး၊ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲ နိုင်ဖို့ ဆိုတာကလည်း လိုအပ်ချက်တွေ ရှိသေးပါတယ်” ဟု ၄င်းမှ ဆက်ပြောသည်။
 
သို့သော်လည်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး ဦးလှ မောင်ရွှေကမူ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့ များနှင့် အစိုးရ တို့အကြား အပစ် အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆို နိုင်ရန်မှာ နှစ်ဖက် ၇၀ ရာခိုင်နှုန်းကျော် ၈၀ ရာခိုင်နှုန်းခန့် တူညီ နေပြီ ဖြစ်ကြောင်း ၄င်း၏ Face Book စာမျက်နှာတွင် ဆက်လက် ရေးသား ဖော်ပြ ထားပါသည်။
 
တိုင်းရင်းသား များနှင့် အစိုးရ တို့မှ မျှော်မှန်း ထားကြသည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ပွဲတွင် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မှ သာလျှင် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ် အတည်းနှင့် ပြသနာ ရပ်များအား အမှန်ကန်ဆုံး အဖြေရှာ နိုင်မည့် ဆွေးနွေးပွဲ ဖြစ်မည် ဟုလည်း နိုင်ဟံသာမှ ရွှေဟင်္သာ သတင်း ဌာနသို့ သုံးသပ် ပြောကြား သွားခဲ့သည်။
 
 

Sunday, January 12, 2014

“ မြန်မာ့ ကျောက် စိမ်းစိမ်းလေးတွေ ”

“ မြန်မာ့ ကျောက် စိမ်းစိမ်းလေးတွေ ”

ရေးသားသူ Khin Chowar Win

Kachin Jade

ချစ်သောကမ္ဘာမြေက ပေးအပ်ထားတဲ့ သဘာဝ လက်ဆောင်မွန် အဖိုးတန် ကျောက်မျက် ရတနာ တွေထဲမှာ မြန်မာ့ ဂုဏ်ဆောင်ကျောက်တွေ အထဲက ကျောက်စိမ်း အကြောင်း ပြောပြချင်ပါတယ်။

ကျောက်စိမ်းအကြောင်း ပြောမယ်ဆိုရင် အဓိက မျိုးကွဲ(၂) ခု ရှိပါတယ်။ ဂျေဒိုက်( Jadeite) နဲ့ နက်ဖရိုက်(Nephrite)ပါ။ အဲဒီ နှစ်မျိုးဟာ အမြင်အားဖြင့် ခပ်ဆင်ဆင် တူပေမဲ့ တကယ်တော့ လုံးဝ ကွဲပြားပါတယ်။ အဲဒီ ကွဲပြားမှုကို ပြင်သစ်လူမျိုး သိပ္ပံပညာရှင် ဒမား(Damur) ဆိုသူက စံနစ်တကျ ခွဲခြားပြသခဲ့ပါတယ်။

ဂျေဒိုက်နဲ့ နက်ဖရိုက်တို့ဟာ အသွင်ပြောင်းကျောက်တွေ ရှိတဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်ခဲ့တဲ့ အရင်းအမြစ် တွေ တူပေမဲ့ တွင်းထွက်အုပ်စုခြင်း မတူကြပါဘူး။ ဂျေဒိုက်ကျောက်စိမ်းဟာ ပိုင်ရော့ဆင်း(Pyroxene) အုပ်စုဝင် ဖြစ်ပြီး နက်ဖရိုက်ကျောက်စိမ်းဟာ အမ်ပီဖိုး(Amphipole) အုပ်စုဝင် တွင်းထွက်တွေ ဖြစ်ကြ ပါတယ်။
 
ဂျေဒိုက်ကျောက်စိမ်းဟာ လက်ယှက်ထိုး ပုံဆောင်ခဲကလေးတွေနဲ့ ဖွဲ့စည်းထားပြီး မျက်နှာပြင်မှာ ကျောက်ပေါက်မာလို ချိုင့်ခွက်ကလေးတွေ၊ အဖုအထစ်ကလေးတွေနဲ့ ပြည့်နေပါတယ်။ အဏုကြည့် ကိရိယာမှန်ဘီလူးနဲ့ ကြည့်ရင် ကောင်းကောင်း တွေ့ရပါတယ်။
 
နက်ဖရိုက်ကျောက်စိမ်းကတော့ လက်ယှက်ထိုး အမျှင်ကလေးတွေနဲ့ ဖွဲ့စည်းထားတာပါ။ အမျှင် အလိုက် အနေအထားရှိပြီး အမဲဆီရောင် တောက်နေတဲ့ ရောင်လက်ရှိပါတယ်။ ဂျေဒိုက် ကျောက်စိမ်းမှာ ခရမ်း၊ အနက်၊ အညို၊ အနီ၊ လိမ္မော်၊ အ၀ါ၊ အဖြူ၊ နို့နှစ်ရောင်နဲ့ အစိမ်းရောင် အမျိုးမျိုးရှိပြီး နက်ဖရိုက် ကျောက်စိမ်းမှာ သစ်ရွက်စိမ်းရောင် အမျိုးမျိုး၊ မီးခိုးနဲ့ အစိမ်းရောင် အမျိုးမျိုးရှိတာ တွေ့ရှိရပါတယ်။
 
ဂျေဒိုက်ကျောက်စိမ်းကို အပူပေးတဲ့အခါ အရည်ပျော်ပြီး ပျော့ဖတ်အဖြစ်ကို အလွယ်တကူ ပြောင်းလဲ သွားပါတယ်။
 
နက်ဖရိုက်ကျောက်စိမ်းကတော့ အလွယ်တကူမပြောင်းလဲတတ်ပါဘူး။ ဒါ့အပြင် ဂျေဒိုက်ကျောက်စိမ်း ရဲ့ ထူးခြားချက်က အပူရှိန်ပြင်းပြီး ကြီးမားသောဖိအားရှိတဲ့ မြေမျက်နှာပြင်ရဲ့ အောက်ဘက် မိုင် ၂၀ က ၃၀ အထိ နက်တဲ့ အလွှာတွေမှာ ဖြစ်ပေါ်လေ့ရှိတာပါ။ ဂျေဒိုက်ကျောက်စိမ်းကို အပေါ်ယံ အခွံ အကာတွေ ဖဲ့ထုတ်လိုက်တဲ့အခါ အစိမ်းရောင် ကျောက်ကြောတွေနဲ့ ပေါင်းစပ်ထားတဲ့ ကျောက်စိမ်းရဲ့ အတွင်းပိုင်းကို မြင်ရပါတယ်။
 
တရုတ်ပြည်မှာ ကျောက်စိမ်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ လောက်က စပြီး အကြီးအကျယ် သုံးစွဲခဲ့ ကြပါတယ်။ အဲဒီခေတ်က တရုတ်လူမျိုးတွေဟာ ကျောက်စိမ်းရုပ်တုတွေကို အဆောင်အယောင်အဖြစ် သုံးစွဲခဲ့ကြပြီး သေသွားတဲ့အခါ အဲဒီကျောက်စိမ်း အဆောင်အယောင်တွေနဲ့ အတူ ဂူသွင်းလေ့ရှိ ပါတယ်။
 
တရုတ်လူမျိုးတွေဟာ ကျောက်စိမ်းကို ကျောက်တွေ အားလုံးရဲ့ အချုပ်အခြာ အကြီးအကဲ ကျောက်မျက် လို့ ယူဆကြပါတယ်။ ကျောက်စိမ်းကျောက်မျက်ကို ဆင်မြန်းသူတိုင်းမှာ သဒ္ဓါ, ရက်ရောခြင်း၊ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံခြင်း၊ တရားမျှတတဲ့ စိတ်ဓာတ်ရှိခြင်း၊ မိမိကိုယ်မိမိ နှိမ့်ချတဲ့ နိဝါတ တရားရှိခြင်း၊ အသိ,အလိမ္မာ၊ ဥာဏ်ပညာ ကြီးမြင့်ခြင်းစတဲ့ ဂုဏ်အင်္ဂါကြီးငါးရပ်နဲ့ ပြည့်စုံတယ်လို့ သတ်မှတ်တာပါ။
 
တရုတ်ရှေးဟောင်းပုံပြင် တစ်ပုဒ်မှာ ကျောက်စိမ်းဟာ ကောင်းကင်နတ်မင်းက လူသားတွေ အတွက် ပေးတဲ့ လက်ဆောင်လို့ ဆိုပါတယ်။ ယူဟန်းလို့ ခေါ်တဲ့ ကျောက်စိမ်းနတ်သားဟာ ကောင်းကင်ဘုံ က တောင်ထွတ်ရဲ့ တောင်ခြေမှာ ကျောက်စိမ်းပင်တွေ ပေါက်ရောက်စေတယ်လို့ ယုံကြည်ခဲ့ကြ တာပါ။ တရုတ်တွေရဲ့ တာအို (Taoiam) ဘာသာမှာ ကျောက်စိမ်းကို အဖိုလို့ အဓိပ္ပါယ်ရတဲ့ “ယန်” (Yang) ဆိုတဲ့ စကားနဲ့ ခေါ်ဆိုပါတယ်။
 
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ဆင်ကျန်ပြည်နယ်မှာ နက်ဖရိုက်ကျောက်စိမ်းကို ရှေးနှစ်ပေါင်းများစွာ ကပင် တူးဖော်ခဲ့ကြတာပါ။ ဒါပေမဲ့ ဂျေဒိုက်ကျောက်စိမ်း မထွက်ရှိဘဲ နက်ဖရိုက် ကျောက်စိမ်းသာ ထွက်ရှိပါတယ်။
 
ဒါကြောင့် တရုတ်ပြည်ဟာ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဂျေဒိုက်ကျောက်စိမ်းတွေကို ၁၈ ရာစုနှစ်တွေ လောက် ကတဲကပင် ၀ယ်ယူ တင်သွင်းခဲ့ကြရပါတယ်။
 
မြန်မာနိုင်ငံက ထွက်တဲ့ ဂျေဒိုက်ကျောက်စိမ်းဟာ တရုတ်နိုင်ငံက ထွက်တဲ့ နက်ဖရိုက်ကျောက်စိမ်း ထက် ပိုမိုကောင်းမွန်ပြီး ပိုရှားတဲ့ အမျိုးအစား ဖြစ်လို့ပါပဲ။ဒါကြောင့် တရုတ်လူမျိုးတွေရဲ့ ကျောက်စိမ်း ကို အထွတ်အမြတ် တန်ဖိုးထားမှုအရ ကျမတို့ မြန်မာပြည်ကပဲ ထွက်ရှိတဲ့ ဂျေဒိုက်ကျောက်စိမ်းကို မက်မက်မောမော ၀ယ်ယူရင်း ကျောက်စိမ်းဈေးကွက် ကြီးမားလာခဲ့တာပါ။
 
ဂျေဒိုက်ကျောက်စိမ်းကို ဂွာတီမာလာနဲ့ ဆိက်ဗေးရီးယားမှာလဲ တွေ့ရှိရပါတယ်။ နက်ဖရိုက် ကျောက်စိမ်း ကို တရုတ်ပြည် ဟိုတန်ဒေသ၊ ဗြိတိသျှ၊ ကိုလံဘီယာ၊ သြစတြေးလျ၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ အီတလီ၊ ပိုလန်၊ ထိုင်ဝမ်နဲ့ အလက်စကား၊ ကယ်လီဖိုးနီးယား ဒေသ တွေမှာ တွေ့ရှိရပါ တယ်။
 
သန့်စင်တဲ့ ဂျေဒိုက်ကျောက်စိမ်းရဲ့ စံထားဓာတုဖွဲ့စည်းပုံက ဆိုဒီယမ်၊ အလူမီနီယမ်၊ ဆီလီကိတ် (NaAlSi2O6) ဖြစ်ပါတယ်။ ဆီလီကွန်ဒိုင်အောက်ဆိုဒ် ၅၉.၄ ရာခိုင်နှုန်း၊ အလူမီနီယံအောက်ဆိုဒ် ၂၅.၂ ရာခိုင်နှုန်းနဲ့ ဆိုဒီယမ်အောက်ဆိုဒ် ၁၅.၄ ရာခိုင်နှုန်း ပါဝင်ပါတယ်။
 
ဒါပေမဲ့ အဲဒီအချိုးအတိုင်း ပါဝင်တဲ့ ကျောက်စိမ်းဟာ မရှိနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျောက်စိမ်းရဲ့ ဇာကွက် (Lattice) မှာ ဆိုဒီယမ်နဲ့ အလူမီနီယမ်တို့ရဲ့ နေရာကို အခြားအိုင်ယွန် (Iron) တွေက ၀င်ရောက် နေရာယူ အစားထိုးဖလှယ်တာကြောင့် ဖြစ်ပါတယ်။ အစားထိုးဖလှယ်တဲ့ အိုင်ယွန်း ပမာဏက နှစ် ရာခိုင်နှုန်းခန့်သာ ရှိတယ် လို့သိရပါတယ်။
 
အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတွေ ရှားပါးလာတာကြောင့် တချို့က အရည်အသွေးညံ့တဲ့ ကျောက်စိမ်းကို အရောင်ဆိုးပြီး တုပလာကြပါတယ်။ အရင်က ဆေးဆိုး ကျောက်စိမ်းအတုတွေကို လွယ်လွယ်ကူကူ ခွဲခြားနိုင်ခဲ့ပေမဲ့ အခုခေတ်မှာတော့ အသုံးပြုတဲ့ ဆေးအမျိုးအစားတွေ ကောင်းမွန် တဲ့ အတွက် အလွယ်တကူ ခွဲခြားဖို့ မလွယ်တော့ပါဘူး။
 
ကျောက်စိမ်းနဲ့ ဆင်တူတဲ့ အစိမ်းရောင် သဘာဝတွင်းထွက်တွေကတော့ ခရိုင်ဆိုပရေ့ (Chrysoprase) ၊ အစိမ်းရောင်ဆိုးထားတဲ့ မဟူရာဖြူ (Chalcedony) နဲ့ ဆမစ်ဆိုနိုက် ( Smithsonite) တို့ဖြစ်ပါတယ်။ ဆမစ်ဆိုနိုက် တွင်းထွက်ဟာ ပင်ကိုယ်အားဖြင့် ခဲသတ္ထု ထုတ်လုပ်နိုင်တဲ့ ခဲသတ္တုရိုင်း တွင်းထွက် တစ်မျိုးပါ။ ဘိုနမိုက် (Bonamite) လို့ ခေါ်ပါတယ်။
 
ကျမတို့ မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းထုတ်လုပ်ရောင်းချမှု သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။ မြန်မာပြည်ရဲ့ ကျောက်စိမ်းရာဇ၀င်က ၁၃ရာစု လောက်က အစပြုခဲ့တာပါ။
 
တရုတ်ယူနန် ကုန်သည်တစ်ဦးက မြန်မာနိုင်ငံမြောက်ပိုင်းမှာ ကျောက်စိမ်းတုံး ကောက်ယူရမိတာ ကနေ မြန်မာနိုင်ငံမှာ ကျောက်စိမ်းရှာဖွေမှု စတင်ခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ကြပါဘူး။
 
၁၇၈၄ခုမှာတော့  ဥရုမြစ်ညာဘက်မှာ တွေ့နိုင်တယ်လို့ ယူနန်တရုတ်တွေ သိလာကြပါတယ်။ (ကျမ တို့ မြန်မာနိုင်ငံ မြောက်လတ္တီတွဒ် ၂၅ ဒီဂရီနဲ့ ၂၆ ဒီဂရီအကြား၊အရှေ့ ဥရုမြစ်ရိုးနဲ့ အနောက် ချင်းတွင်း မြစ်ရိုး အကြား ဒေသတွေဟာ ကျောက်စိမ်းဒေသတွေ အဖြစ် ကမ္ဘာသိ ကျော်ကြားခဲ့တာပါ။)
 
အဲဒီအချိန်က စပြီး တရုတ်ပြည်၊ယူနန်ဘက်ကို ကျောက်စိမ်းတွေ စတင် တင်သွင်းခဲ့ကြတာပါပဲ ။ အမရပူရမှာ ရှိတဲ့ တရုတ်ဘုရားကျောင်း မှတ်တမ်းအရ မြန်မာနိုင်ငံမှာ ကျောက်စိမ်းလာတူးရင်း သေတဲ့ တရုတ်နိုင်ငံသား (၆,၀၀၀)ကျော် ရှိတယ်လို့ မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။
 
မြန်မာဘုရင် ဗဒုံမင်းဟာ အဲဒီအချိန် ကထဲက ကျောက်စိမ်းဈေးကွက်ရဲ့ စီးပွားရေးအရ အရေးပါတာကို သတိပြုမိပြီး ၁၈၀၆ခုက စလို့ မိုးကောင်းမြို့ပေါ်မှာ အကောက်အရာရှိတစ်ဦးနဲ့ တပ်သားသုံးဆယ် ထားရှိ ရောင်းဝယ်စေခဲ့ပါတယ်။ ကျောက်စိမ်းရောင်းရတဲ့ ငွေတန်ဖိုးရဲ့ ၃၃ရာနှုံးကို တရားဝင် အခွန်ကောက်ခဲ့ပါ တယ်။ ဈေးဖြတ်ဖို့အတွက် ရာဖြတ်တစ်ဦးကိုလဲ ထားရှိပေးခဲ့ပါတယ်။
 
ကျမတို့ မြန်မာ့သမိုင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာကျော်ထဲက နိုင်ငံခြားနဲ့ စီးပွားရေး ဆက်ဆံရာမှာ အကွက်မြင်ပြီး စံနစ်တကျ ထိန်းချုပ် လုပ်ကိုင်နိုင်တဲ့ ဘုရင်တစ်ပါး ရှိခဲ့တာကို ဂုဏ်ယူစဖွယ် တွေ့ရှိရ တာပါ။
 
ကျောက်စိမ်းရောင်းချမှု အမြင့်ဆုံးကာလကတော့ ၁၈၃၀-၄၀ ကာလပါပဲ။ အဲဒီတုံးက ရှမ်းလူမျိုး ၆၀၀ ကျော်၊ တရုတ်လူမျိုး ၈၀၀ကျော်လောက် ကျောက်စိမ်းလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်ခဲ့ကြပြီး ထွက်သမျှ ကျောက်စိမ်းကို တရုတ်ပြည်၊ ယူနန်ကို တင်ပို့ခဲ့ကြတာပါ။
 
မင်းတုန်းမင်း လက်ထက်မှာ ကချင်လူမျိုး ကံဆီးဒူးဝါး ဆမော့နောင်ဟာ လူ ၁၆ ယောက် ထမ်းရတဲ့ အလေးချိန်ရှိ ကျောက်စိမ်းတုံးကြီးကို “ငိုပင်းမှော်” ကနေ တူးဖေါ် ဆက်သခဲ့တယ်လို့ တွေ့ရပါတယ်။ မင်းတုန်းမင်း လက်ထက်မှာ ဥပဒေ အချက်ပေါင်း ၁၂ ချက် ထုတ်ပြန်ပြီး ကျောက်စိမ်းတူးဖေါ် ရောင်းချမှုကို စံနစ်တကျ လိုက်နာ လုပ်ကိုင်စေခဲ့ပါတယ်။
 
ကျောက်စိမ်းတုံးတွေ ထားဖို့ ကျောက်စိမ်းရုံးတွေ ဆောက်တာ၊ ကျောက်စိမ်းလုပ်ငန်းကို ကြီးကြပ်ဖို့ ကျောက်အုပ်ရာထူးတွေ ခန့်ထား လုပ်ကိုင်စေတာ စသဖြင့် လုပ်ကိုင်စေခဲ့ပါတယ်။
 
သီပေါမင်း လက်ထက်မှာတော့ ဒုတိယရွှေအင်ပင် ကျောင်းတကာ ဦးစပ်ရွှင်ကို ကျောက်စိမ်း ရောင်းဝယ်ရေး လုပ်ကိုင်ခွင့် ပေးခဲ့တာ အကျိုးအမြတ် ကောင်းစွာ ရရှိစေခဲ့တယ်လို့ တွေ့ရပါတယ်။ သီပေါမင်းလက်ထက်က တရားဝင် ခရိုနီတစ်ဦးကို တွေ့ရတာ ထင်ပါရဲ့လို့ ကျမ တွေးမိရင်း ပြုံးမိပါတယ်။
 
အခွင့်အရေးကို ရအောင်ယူတတ်တဲ့ လူစားတွေဆိုတာ လူ့ယဉ်ကျေးမှုနဲ့ အတူ ယှဉ်တွဲ ပေါ်ပေါက် လာတာပဲကိုး။
 
၁၈၈၆ခု၊ ဇန္န၀ါရီ ၁ ရက်မှာ အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင်က မြန်မာနိုင်ငံကို အင်္ဂလိပ် အင်ပါယာ အတွင်း ထည့်သွင်းကြောင်း ကြေငြာပြီးနောက် မိုးကောင်းကို ဗြိတိသျှတပ်တွေ ရောက်လာတဲ့ အခါမှာ အုပ်ချုပ်ရေး အရာရှိတစ်ဦးကို စတင် ထားရှိခဲ့ပါတယ်။
 
အဲဒီ အုပ်ချုပ်ရေး အရာရှိအသတ်ခံရပြီးတဲ့နောက် သူ့ရဲ့သား ဖိုးစောကို အမတ်အဖြစ် အများ သဘောတူ ရွေးချယ်ခဲ့ကြပါတယ်။
 
ဗြိတိသျှတွေက ၁၈၈၇ခုမှာ တရုတ်အမျိုးသား ဦးလွန်းပိုင်ကို အခွန်တော် အရာရှိအဖြစ် ခန့်ထားခဲ့ ပါတယ်။ အဲဒီတုံးက ကချင်ပြည်နယ်လို့ မပေါ်ပေါက်သေးပါဘူး။ စစ်ကိုင်းတိုင်းမင်းကြီးရဲ့ အုပ်ချုပ်ရေး နယ်မြေ အတွင်းမှာပဲ ကျောက်စိမ်းဒေသ တစ်ခုလုံးကို ထည့်သွင်း အုပ်ချုပ်စေခဲ့တာ ဖြစ်ပါတယ်။
 
အင်္ဂလိပ် အစိုးရဟာ မြန်မာ့ ရတနာတွေထဲမှာ မိုးကုတ် ပတ္တမြားမြေကိုသာ ပိုပြီး တပ်မက်ခဲ့ပါတယ်။ ဒါကြောင့် ကျောက်စိမ်းတွင်းတွေကို အထူးတလည် ချုပ်ကိုင်ခဲ့တာ မတွေ့ရပဲ နှစ်တော်တော်ကြာတဲ့ အထိ မြန်မာဘုရင်တွေ လက်ထက်က မူအတိုင်း စော်ဘွားတွေကိုပဲ အုပ်ချုပ် စိုးပိုင်စေခဲ့ပြီး အခွန် အကောက်ရရေးကိုသာ အဓိကထား ဆောင်ရွက်ခဲ့ပါတယ်။
 
၁၈၈၈ ခုကမှ စပြီး အင်္ဂလိပ် အစိုးရဟာ ကျောက်စိမ်းတွင်း တူးဖော်မူ လုပ်ငန်းကို မြစ်ကြီးနား ခရိုင်ဝန်ရဲ့ ကြီးကြပ်အုပ်ချုပ်မူ အောက်မှာ ထားရှိခဲ့ပါတယ်။ ခရိုင်ဝန်က မိုးကောင်းနယ်ပိုင် ၀န်ထောက်ကို ကျောက်စိမ်း ရာဖြတ်ခွန် ကောက်ခံစေပြီး၊ ကားမိုင်းနယ်ပိုင် ၀န်ထောက်ကို ကျောက်စိမ်းမိုင်း ကြီးကြပ်ဖို့ ခရိုင်အုပ် (၁)ယောက်နဲ့ မှော်အုပ်(၄)ယောက် တွဲပေးထားပါတယ်။
 
မြန်မာ့ကျောက်စိမ်း ဒေသကို ပထမဆုံး ရောက်ရှိခဲ့တဲ့ ဘူမိဗေဒပညာရှင်ကတော့ ၁၈၉၂ ခုနှစ်တုံးက အထက် မြန်မာနိုင်ငံ ပယင်းနှင့် ကျောက်စိမ်းစာအုပ်ကို ရေးသားထုတ်ဝေခဲ့တဲ့ F Noetling ဆိုသူပါ။
 
မိုးကောင်းမှာ ကွမ်ခြင်း၊ ဖြတ်ခြင်းပြုလုပ်ပြီးနောက် ရာဖြတ်အဖွဲ့ကို တင်ပြရပါတယ်။ ရာဖြတ် အဖွဲ့က ဆုံးဖြတ်ပြီးတဲ့ အခါ ရာဖြတ်အခွန်ဆောင်ပြီးမှ ပြည်တွင်းပြည်ပကို ရောင်းချနိုင်ပါတယ်။
 
ရာဖြတ်အဖွဲ့မှာ တရုတ်ကုန်သည်ကြီးတွေက ဖွဲ့စည်းထားတာ ဖြစ်ပြီး အင်္ဂလိပ် အစိုးရထံ တစ်နှစ်ကို ကျပ်ငွေတစ်သိန်းနဲ့ လေလံဆွဲ ကန်ထရိုက်ယူခဲ့တာ ဖြစ်ပါတယ်။ တရုတ်ကုန်သည်ကြီးတွေဟာ အင်္ဂလိပ် အစိုးရခေတ်က စပြီး ကျောက်စိမ်းအရောင်းအ၀ယ် လောကကို လက်ဝါးကြီးအုပ် ချယ်လှယ် နိုင်ခဲ့တာ တွေ့ရပါတယ်။
 
ကချင်ဒူးဝါး ဆင်ဝါးနောင် လက်ထက်မှာ အခွန်ထမ်းသူနဲ့ အုပ်ချုပ်သူတို့ကြား အမူအခင်းတွေ ပေါ်ပေါက် လာတာကြောင့် အင်္ဂလိပ်အစိုးရဟာ ၁၉၄၀ ခုနှစ်မှာ “ကျောက်စိမ်း စည်းမျဉ်းဥပဒေ” ကို ပြဌာန်းခဲ့ပါတယ်။
 
၁၉၄၀ ခုနှစ် ကျောက်စိမ်းတွင်း စည်းမျဉ်းဥပဒေ နဲ့ ၁၉၄၈ ခုနှစ် ကျောက်စိမ်းတွင်း နည်းဥပဒေ ပြဌာန်းချက်တွေအရ တူးဖေါ်ရရှိတဲ့ ကျောက်စိမ်းတွေရဲ့ တန်ဖိုးအပေါ် ၃၃ ဒဿမ ၃၃ ရာခိုင်နူန်းနဲ့ အခွန် ကောက်ခံဖို့ ဖြစ်ပါတယ်။
 
၁၉၆၃ ခုနှစ်မှာ လုံးခင်း၊ ဖားကန့်၊ တော်မှော်၊ ဝှေခါ ကျောက်စိမ်းဒေသတွေမှာ ကျောက်တွင်းပေါင်း တစ်သောင်းလောက်က လုပ်သားပေါင်း (၄၈၀၀၀) ကျော်နဲ့ တူးဖေါ်ခဲ့ကြပါတယ်။
 
၁၉၇၃ ခုနှစ်မှာ မစ္စတာချာတာ တူးဖေါ်ခဲ့ပြီး မအောင်မြင်ခဲ့တဲ့ ခိုင်စူးရွာနားက ချာတာတွင်းကို ဟင်္သာတ ဦးမြနဲ့သားတွေက ၁၉၆၀ ခုနှစ်ကနေ ၁၉၆၄ ခုနှစ်ထိ ဆက်လက် လုပ်ကိုင်ခဲ့ပါတယ်။
 
နိုင်ငံခြားကို ကိုယ်တိုင် သွားရောက်ရောင်းချသူတွေ အထဲမှာ မြန်မာတိုင်းရင်းသားထဲက ဟင်္သာတ ဦးမြဟာ ပထမဆုံးပါ။
 
ဦးမြရဲ့ သားဖြစ်သူ ဦးထွန်းအောင်ကျော်လည်း ၁၉၆၁ ခုနှစ်မှာ ကျောက်စိမ်း အရိုင်းတုံးတွေကို ဟောင်ကောင်မှာ သွားရောက်ရောင်းချခဲ့ဖူးပါတယ်။
 
တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၁.၄.၁၉၆၄ နေ့မှာတော့ ပြည်သူပိုင် သိမ်းယူခြင်းနဲ့ အတူ ကျောက်စိမ်းတူးဖော် ထုတ်လုပ်ရောင်းဝယ်မူကို ထိန်းချုပ်ခဲ့ပါတယ်။ ကျောက်မျက်ရတနာ ရောင်းဝယ် ရေးအဖွဲ့ကို မြန်မာ့ထုတ်ကုန်သွင်းကုန် ကော်ပိုရေးရှင်း ဌာနခွဲ တစ်ခုအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့တာပါ။
 
ကုန်သွယ်ရေး ၀န်ကြီးဌာန၊ မြန်မာ့ ထုတ်ကုန်သွင်းကုန် ကော်ပို ရေးရှင်းက ဦးဆောင်ပြီး ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၁.၁၂.၁၉၆၄ က ၁၅.၁၂.၁၉၆၄ အထိ အင်းယားကန် ဟိုတယ်မှာ စတင်ကျင်းပခဲ့ပါတယ်။
 
လုံးခင်း၊ ဖားကန့် ကျောက်စိမ်း နယ်မြေတွေမှာ ၁၉၆၆ ဖေဖေါ်ဝါရီလက စပြီး ပုဂ္ဂလိကတွေကို တူးဖေါ်ခွင့်မပြုတော့ဘဲ နိုင်ငံတော်ပိုင် တူးဖေါ်ရေးလုပ်ငန်းများ စတင်ခဲ့ပါတယ်။
 
၁၉၆၉မှာပြည်ထောင်စု မြန်မာနိုင်ငံတော်၊ တော်လှန်ရေး ကောင်စီအစိုးရ သတ္ထုတွင်းဝန်ကြီးဌာနရဲ့ ပုဂ္ဂလိက ကျောက်စိမ်းထုတ်လုပ်မှုနဲ့ ရောင်းဝယ်မှုတွေကို ပိတ်ပင် တားမြစ်ခဲ့ပါတယ်။
 
၁၉၈၂ ခုနှစ်မှာ ၃၃ တန်အလေးချိန် ရှိတဲ့ (၁၂ ပေ _ ၆၅ ပေ _ ၇ ပေ ) ကျောက်စိမ်းတုံး ကြီးကို ဖားကန့်မြို့နယ်၊ ခိုင်ကြင် ခိုင်စူးမှော်ကနေ တူးဖေါ်ရရှိခဲ့ပါတယ်။
 
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး(၁) နဲ့အဖွဲ့ဟာ (၁၄.၁.၉၀) မှာ လုံးခင်း၊ ဖားကန့်နယ်မြေကို ကွင်းဆင်း စစ်ဆေးနေရင်း တရားမ၀င် တူးနေတဲ့ ကျောက်စိမ်း ခိုးကျင်းတွေကို ရဟတ်ယာဉ်ပေါ်ကနေ မြင်တွေ့ခဲ့ပါတယ်။
 
အဲဒီခိုးကျင်းတွေကြောင့် နိုင်ငံတော်ရဲ့ သယံဇာတ ဆုံးရှူံးမှုတွေကို ကာကွယ်နိုင်ဖို့နဲ့ ခိုးတူးသူတွေ တရား  ၀င် တူးဖော်လုပ်ကိုင်နိုင်စေဖို့ ကျောက်မျက်ရတနာ ဖက်စပ်လုပ်ငန်း အစီအစဉ်ကို စတင် အကောင် အထည် ဖေါ် ဆောင်ရွက် ပေးခဲ့ပါတယ်။
 
၁၇.၂.၁၉၉၃မှာ ဖားကန့်မြို့နယ်၊ ဆန်းကယ်မှော် ဖက်စပ်လုပ်ကွက်(၂)က အလေးချိန် (၁ ဒဿမ ၅) တန်ရှိတဲ့ ကျောက်စိမ်း အရိုင်းတုံးကို တူးဖေါ်ရရှိရာ (၄၇ လက်မ _ ၃၀ လက်မ _ ၂၈ လက်မ ) အတိုင်း အတာရှိပြီး အထည်ကျောက် အကောင်းစား လုံးပတ်ရဲ့ ထိပ်ပိုင်းမှာ အရည်ကျောက်ကြိုး ပတ်ပါရှိပါတယ်။
 
၁၉၉၃မှာ ဖက်စပ်လုပ်ငန်းက ထွက်ရှိတဲ့ ကျောက်မျက်ရတနာ အပေါ်နိုင်ငံတော်က ၂၅ ရာခိုင်နူန်းနဲ့ လုပ်ငန်းရှင်က ၇၅ ရာခိုင်နူန်း ခွဲဝေယူဖို့ ပြင်ဆင်ခဲ့ပါတယ်။
 
မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲခန်းမကို စတင်တည်ဆောက်ပြီး ၁၉၉၅ မှာတော့ မြန်မာ့ ကျောက်မျက်ရတနာ ပြတိုက် တည်ဆောက် ပြီးစီးခဲ့ပါတယ်။ ၁၂.၅.၁၉၉၅ မှာ ကျောက်မျက် ကျောက်စိမ်း ဖက်စပ်တူးဖော် လုပ်ကိုင်ခွင့် ချထားခြင်းကို ရပ်ဆိုင်းခဲ့ပါတယ်။
 
၁၉၉၅မှာ လုံးခင်းက ကျောက်စိမ်းတူးဖော်ရေးစခန်းပိုင် လုပ်ကွက်တွေ၊ ခန္တီးဒေသ၊ နတ်မှော် ကျောက်စိမ်း တူးဖော်ရေး စခန်းပိုင် ကျောက်စိမ်းလုပ်ကွက်တွေကို မြန်မာ့ စီးပွားရေဦးပိုင်လီမိတက် လက်အောက် လွှဲပြောင်းပေးခဲ့ပါတယ်။
 
၁၉၉၉ ခု နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီလက်ထက်ရောက်တော့ သတ္ထုကဏ္ဍ၊ ကျောက်မျက် ထုတ်လုပ်ရေး ကဏ္ဍတွေမှာ ပုဂ္ဂလိက လုပ်ငန်းရှင်များနဲ့ အကျိုးတူပူး ပေါင်းပြီး လုပ်ငန်းတွေ ဆောင်ရွက်ဖို့် ဆိုပြီး ကျောက်စိမ်းနဂါး ကုမ္ပဏီ၊ မြန်မာစည်သူရတနာ ကုမ္ပဏီ၊ ဂျိမ်းဖောအောင် ကုမ္ပဏီ၊ ရွှေဂေါင်ဂေါင် ကုမ္ပဏီနဲ့ ရတနာတောင်တန်း ကုမ္ပဏီ၊တက်ခမ်း ကုမ္ပဏီလီမိတက်၊ သံလွင်ဧရာ ကုမ္ပဏီလီမိတက်၊ရွှေမြေရတနာ ကုမ္ပဏီ၊ မြန်မာ့နေရောင်ခြည် ကုမ္ပဏီ၊ ရွှေတောင် ကျောက်မျက်ရတနာ ကုမ္ပဏီ စတာတွေနဲ့ အကျိုးတူ ပူးပေါင်းပြီး ကျောက်စိမ်း ထုတ်လုပ်ဖို့စာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။
 
၂၀၀၁ ခုနှစ် ဇူလိုင်လအတွင်း ကျောက်စိမ်းနဂါး ကုမ္ပဏီဟာ ဖားကန့်မြို့နယ် နမ့်မှော်လုပ်ကွက် မြေအောက်ပေ ၄၀ လောက်ကနေ အလျားပေ ၇၀၊ အကျယ် ၁၆ ပေ၊ အမြင့် ၃၅ ပေ (အလေးချိန် တန်၃၀၀၀ခန့်)ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီးကို တူးဖေါ်တွေ့ရှိခဲ့ပါတယ်။
 
၂၀၀၁ ခုနှစ် ၊ စက်တင်ဘာလမှာ မြန်မာစည်သူ ရတနာ အကျိုးတူ ကုမ္ပဏီက ၁၅၈ ကီလို ကျောက်စိမ်း အရည်ကျောက်ရိုင်းတုံးကြီးကိုတူးဖော်ရရှိခဲ့ပါတယ်။ ၂၀၁၀ခုမှာ အလျား ၂၁ မီတာ ( ၆၈ ပေ ) ၊ အကျယ် ၄.၈ မီတာ ( ၁၅.၇ ပေ ) ၊ နဲ့ အမြင့်  ၁၀.၅ မီတာ( ၃၄ ပေ ) ရှိပြီး ၁၁၅တန် အလေးချိန်ရှိတဲ့ ကမ္ဘာ့ ဒုတိယ အကြီးဆုံးကျောက်စိမ်းတုံးကြီးကို မြေကြီးအောက် ၁၂မီတာ (ပေ၄၀) အနက်ကနေ မက်စ်မြန်မာ ကုမ္ပဏီက ထပ်မံ တွေ့ရှိပြန်ပါတယ်။
 
၂၀၁၁ခုမှာ ဖားကန့်ဒေသအတွင်း ကျောက်စိမ်း ကုဋေကျောက် ကြော တစ်ခုကို မြန်မာ့ ဘူမိဗေဒ လုပ်ငန်းက ထပ်မံ တွေ့ရှိခဲ့တယ်လို့ ပြည်တွင်းဂျာနယ်တွေမှာ ဖေါ်ပြခဲ့ပါတယ်။
 
အဲဒီ ဖားကန့်ကျောက်စိမ်း ကုဋေကြောကနေ ကျောက်စိမ်းထွက်ရှိနိုင်မှုဟာ ပျမ်းမျှ တစ်ဧကကို ကျောက်စိမ်း ၀ ဒသမ ၃ တန်လောက် ထွက်နိုင်တယ်လို့ ဘူမိဗေဒပညာရှင်များက တွက်ဆ ထားပါတယ်။
 
မြန်မာနိုင်ငံက ထွက်ရှိသည့် ကျောက်မျက်ရတနာတွေအနက် ကျောက်စိမ်း ထုတ်လုပ်မှုဟာ နှစ်စဉ် အများဆုံး ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှာဆိုရင် ကျောက်စိမ်းထုတ်လုပ် ရောင်းချမှုမှ ၀င်ငွေစံချိန်တင် ရရှိခဲ့ကြောင်းသိရပါတယ်။
 
ဒါပေမဲ့ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသခံတွေ အတွက်တော့ အခုလိုအဖိုးတန်ကျောက်စိမ်းတွေ တူးဖော်မှုကြောင့် အကျိုးအမြတ် မခံစားရတဲ့ အပြင် အစိုးရနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ ဧရာမ စက်ယန္တယားကြီးတွေ အသုံးပြုပြီး နေ့စဉ်တူးဖေါ်မှုကြောင့် မြေစာတွေ ပိတ်ဆို့ပြီး နှစ်စဉ်ရေကြီးမှုတွေ၊ မြေစာ စုပုံမှုတွေကြောင့် နေအိမ် မြေမြုပ်မှုတွေ၊ လျော်ကြေး မရပဲ နီးစပ်ရာ တောင်ပေါ်ဒေသတွေကို ရွှေ့ပြောင်းနေထိုင်ရမှုတွေ စတဲ့ လူမှုဒုက္ခတွေကိုပဲ ရင်ဆိုင်ခဲ့ကြရပါတယ်။
 
၁၉၉ဝ ခု အစောပိုင်းကာလတွေမှာ အစိုးရနဲ့ ကချင်တို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိခဲ့ပါတယ်။ ကချင်ခေါင်းဆောင်တွေက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ယူခဲ့တာဟာ ဒေသတွင်း မက်မောဖွယ်ရာ စီးပွားရေးစံနစ်သစ် ဖေါ်ဆောင်မဲ့ စီမံကိန်းတွေကြောင့် ဖြစ်ပါတယ်။
 
ကချင်ခေါင်းဆောင်တွေကို ဖားကန့်က ကျောက်စိမ်း လုပ်ကွက်တွေမှာ တရားဝင် တူးဖေါ် လုပ်ကိုင် ခွင့်တွေ ပေးခဲ့တာပါ။
 
ဒါ့အပြင်မြန်မာနိုင်ငံထဲမှာရှိတဲ့ တခြား ငြိမ်းချမ်းရေးအဖွဲ့ စုစုပေါင်း ၁၈ ဖွဲ့ကလည်း ကျောက်စိမ်း လုပ်ငန်းမှာ ပါဝင်ပတ်သက် လုပ်ကိုင်ခဲ့ကြပါတယ်။
 
အဲဒီ အချက်အလက်တွေကို ကြည့်ရင် ပြည်တွင်းက အကျိုးစီးပွားကို တိုင်းရင်းသား အားလုံး ပိုင်ဆိုင် ပတ်သက်တယ်လို့ ဆိုမှတော့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖေါ်ဆောင်ဖို့ဆိုတာလဲ တိုင်းရင်းသား အားလုံးမှာ တာဝန်ရှိတာဟာ ငြင်းမရတဲ့ အချက်ပဲလေ။
 
တရုတ်ပြည်ရဲ့ စီးပွားရေးတိုးတက်မှုက ကျောက်စိမ်းကို မက်မောတဲ့ တရုတ်တွေရဲ့ ၀ယ်လို အားနဲ့အတူ ဖားကန့်ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းကို ပိုမိုအရှိန်မြှင့်ပေးခဲ့တာလို့ ပြောရမှာပါ။ ဖားကန့်က ကျောက်စိမ်းစီးပွားရေး လုပ်ကိုင်နေကြသူအားလုံးမှာ တရုတ်ပြည် ယူနန်ပြည်နယ်က ဝယ်လက်တွေ ရှိနေပါတယ်။
 
ဒီအစိမ်းရောင် ကျောက်တုံးတွေက ကံကောင်းစေတယ်လို့ အစွဲရှိတဲ့ တရုတ်လူမျိုးတွေရဲ့ လိုအင်ကို ဖားကန့်က ဖြည့်ဆည်းပေးနေရသလို ဖြစ်နေတာလေ။
 
ဖားကန့်ကျောက်တွေဟာ တရုတ်ပြည်မကြီးက ဝယ်လက်တွေဆီသာမက ယူနန်ကုန်သည်တွေ၊ ကမ္ဘာ တဝှမ်းက တရုတ်တွေဆီနဲ့ ထိုင်ဝမ်အထိ ရောက်ရှိပါတယ်။
 
အဲဒီလို ဈေးကွက်ကြီးမားလာတာနဲ့အမျှ ဒေသတွင်း သဘာဝပတ်ဝန်းကျင် အခြေအနေတွေလဲ ပြောင်းလဲ ပျက်ဆီးလာတာပါပဲ။
 
ကျောက်တူးသမားတွေက တောင်တွေကို ဖြတ်တောက်လိုက်ကြပြီး၊ ရေကန်တွေကတော့ လယ်ကွင်းတွေ ဖြစ်သွားကြပါတယ်။
 
သစ်ပင်တွေကို မြေပြင်က ခုတ်လှဲပစ်လိုက်ကြပြီး သစ်တောတွေကို အပြောင် ရှင်းပစ်ကြပါတော့တယ်။ ဒေသတွင်းမှာရှိတဲ့ နေရာတိုင်းကို ကျောက်စိမ်းတွေ ရှိနေနိုင်တယ်ဆိုတဲ့ မျှော်လင့်မှု လောဘတွေနဲ့ တူးကြ,ဆွကြပါတော့တယ်။
 
အစိုးရက မြေတဧကကို ကျပ် သိန်း ၄၀ နဲ့ ကုမ္ပဏီတွေကို လိုင်စင်တွေ ထုတ်ပေးပါတယ်။ ကျောက်တူး ချင်သူတွေက အဲဒီ လိုင်စင် တရားဝင်ရတဲ့သူ ဆီက တဧကကို ကျပ်သိန်း ၁၅၀ နဲ့ နားလည်မှုယူပြီး ပြန်လည်ငှားရမ်း လုပ်ကိုင်ကြပါတယ်။
 
အစိုးရဆီက တရားဝင် လိုင်စင်ရသူဟာ ဘာမှမလုပ်ဘဲ လိုင်စင်ကို လက်လွှဲရောင်းလိုက်ရုံနဲ့ အလွန်ကြီးမား တဲ့ အမြတ်အစွန်းကို အလွယ်တကူပဲ ရရှိကြပါတယ်။
 
နေရာသစ် ရှာဖွေတူးဖော်စရာ မရှိတော့တိုင်း ကုမ္ပဏီတွေက မျိုးဆက်ပေါင်းများစွာ နေထိုင်လာ ခဲ့ကြတဲ့ တိုင်းရင်းသား ကျေးရွာတွေကို ဖယ်ရှားခိုင်းခဲ့ပါတယ်။
 
ဥရုချောင်းဟာ ဖားကန့်ဒေသကိုဖြတ်ပြီး ရာစုနှစ်ပေါင်းများစွာ စီးဆင်းခဲ့တာပါ။ ၁၉၉၀ စုနှစ် အစော ပိုင်းအထိ ဥရုချောင်းဟာ ကြည်လင်စိမ်းမြနေခဲ့တယ်လို့ လွန်ခဲ့တဲ့ ၂၀ နှစ်လောက် ကထဲက ဖားကန့်မှာ ရွှေ့ပြောင်းနေထိုင်ခဲ့သူ တဦးက ပြောပါတယ်။
 
ရေက ဖန်သားလို ကြည်လင်နေပြီး ကူးနေတဲ့ ငါးကိုတောင် မြင်နိုင်တာ။ သဘာဝ ပတ်ဝန်းကျင် ဟာလည်း သစ်ပင်၊ သစ်တောတွေနဲ့ စိမ်းလန်းစိုပြေနေတာပဲလို့ သူက လွမ်းမောဖွယ်ရာ ဆက်ပြောခဲ့ပါတယ်။
 
ကျောက်တူးရာ နေရာနဲ့ မြို့ကို ဆက်သွယ်ပေးနိုင်တဲ့ ဖြတ်လမ်းကို လိုချင်ကြတော့ ဥရုချောင်းထဲကို စီးဝင်နေတဲ့ ဝေခါးချောင်းကို ကျောက်တူးသူတွေက ပိတ်ဆို့ခဲ့ကြပါသတဲ့။ အဲဒီလို ဖြတ်တောက် ပိတ်ဆို့ လိုက်တော့ သဘာဝအတိုင်း မစီးဆင်းနိုင်တော့ဘဲ ကျေးရွာတွေ ရေလွှမ်းခဲ့ရပါတယ်။
 
ကျောက်တူးသမားတွေ တူးလေလေ၊ မြေစာတွေ ထွက်ပြီး ဥရုချောင်းနဲ့ ဝေခါချောင်းကို ပိတ်လေလေ ဖြစ်နေတာပါပဲ။
 
ဝေခါချောင်းဘေးမှာ ရှိတဲ့ ဖားကန့်နယ်အတွင်းက ဆိပ်မူကျေးရွာဟာ ရေလွှမ်းခံရပြီး ရွှံ့နွံတွေထဲမှာ နစ်မြုပ်ခဲ့ရပါတယ်။ ဒေသခံတွေဟာ ကျောက်စိမ်းလုပ်ငန်းကနေ အကျိုးအမြတ် တစုံတရာ မရရှိဘဲ နေရပ်ကို စွန့်ခွာခဲ့ကြရပါတယ်။
 
တချိန်က သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု အကင်းစင်ဆုံး ဒေသဟာ အခုတော့ ချိုင့်ခွက်တွေ၊ ရွှံ့နွံတွေ အပြည့်နဲ့ သုံးစားမရတဲ့ မြေပြန့်လယ်ကွင်းကြီးတွေ အဖြစ် ပြောင်းလဲပျက်စီးခဲ့ရပါတယ်။

Wednesday, January 1, 2014

တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ VOA တွေ့ဆုံမေးမြန်းခန်း



အမေရိကန်ပြည်ထောင်စုမှာ ဖွဲ့စည်းပုံရေးရာနဲ့ ဖက်ဒရယ်ရေးရာကိစ္စတွေကို လာရောက်လေ့လာတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး VOA က တွေ့ဆုံ မေးမြန်းထားတာပါ။