Pages

Thursday, May 30, 2013

မြစ်ကြီးနား ငြိမ်းချမ်းေ၇း ဆွေးနွေးမှု ပြီးဆုံးပြီးနောက် ကချင်တို့ ၏ မြော်မှန်းချက်

1994 KIO-SPDC Cease Fire ပြီးတဲ့နောက် (၁၇)နစ် လုံးလုံး KIO/ Kachin Public ဟာ Political Dialogue ဖြစ်လာဖို့ သဘောထားကြီးကြီး နဲ့ စောင့်စားခဲ့ကြတယ်၊ အစိုး၇ဖက်က မေ၇တွက် နိုင်အောင် အကြိမ်ကြိမ် မိုက်ရိုင်း ညစ်ပတ်ခဲ့တာတွေ ကိုလည်း KIO/ Kachin Public ဟာ သည်းညည်းခံခဲ့ ကြတယ်၊ 2004 အပစ်အခတ် ၇ပ်ဆိုင်းေ၇း (၁၀)နစ်ပြည့် လိုင်ဇာမြို့  အခမ်းအနား အတွက် အစိုး၇(SPDC) ခေါင်းဆောင်တွေကို ဖတ်ကြားတဲ့ အခါမှာ ဗမာအစိုး၇ ခေါင်းဆောင်များ (ဗိုလ်ချုပ် ခင်ညွှန့် ) ဖက်မှ  “အပစ်အခတ် ၇ပ်ဆိုင်းေ၇း (၁၀)နစ်ပြည့် အခမ်းအနား” ဆိုတဲ့ အသုံး အနှုံးကို လက်မခံဘဲ “ ငြိမ်းချမ်းေ၇း (၁၀)နစ်ပြည့် အခမ်းအနား” ဟုပြင်ဆင်ကျင်းပခြင်း မပြုပါက SPDC ခေါင်းဆောင်များ တက်ေ၇ာက်မည် မဟုတ်ကြောင်း ခြိမ်းချောက် ခဲ့ဘူးသည်မှာ သမိုင်းတွင် ခဲ့သည် သာမက မနေ့ တနေ့ တုန်းကလိုဘဲရှိနေပါသေးသည်၊ သေနတ်သံ တိပ်ပြီး၇င် သမ္မတ သိန်းစိန်၇ဲ့  အဆင့်(၃)ဆင့်ပါတဲ့ ထာ၀၇ငြိမ်းချမ်းေ၇း အစီအစဉ်ကို ဇွတ်အကောင်အထည် မဖေါ်ကြဖို့  က အေ၇းအကြီးဆုံးအချက်ပါ၊ KIO – Burmese Government တို့ အကြား ယခုလက်ရှိ ပြုလုပ်နေတဲ့ peace talk/ dialogue တွေဟာ cease fire ဖက်ကိုမျှော်လင့် နေကြပါတယ်၊ KIO အဖွဲ့  ကတော့ UN, UK, China နိုင်ငံတွေ သက်သေအနေနဲ့  ပါဝင်လက်မှတ်ထိုး မယ်ဆို၇င် cease fire ဆိုင်းထိုးဖို့  အဆင်သင့် ဖြစ်ကြောင်း တင်ပြပြီးဖြစ်ပါတယ်၊  Cease fire စာချုပ် ချုပ်မယ်ဆို၇င်လည်း Political Dialogue အမြန်ဆုံး ဖြစ်ပေါ် လာေ၇း အတွက် အချိန် အကန့် အသတ်ထား ရှိမှာ ဖြစ်ပြီး၊ အစိုး၇ဖက်မှ မလိုလားအပ်သော နိုင်ငံေ၇း အမြတ်ထုတ်မှုများမှ ရှောင်းရှားနိုင်၇န်လည်း  KIO အဖွဲ့ မှ ကြိုတင်ပြင်ဆင်လျက် ရှိကြောင်းသိ၇သည်၊ KIO နှင့် Kachin Public တို့ ၏ နိုင်ငံေ၇း၇ည်မှန်းချက်မှာ Equality and political self-determination လုံး၀၇ရှိေ၇းပင် ဖြစ်သည်။

KIO AND GOVERNMENT PEACE TALK ENDS


Monday, May 27, 2013

KIO Ginajaw Dat Kasa Hpung Ni, Myen Asuya Dat Kasa Hpung Ni Hte Hkrum Bawngban Na Matu Myitkyina Muklum De Du

KIO Ginajaw Dat Kasa Hpung Ni, Myen Asuya Dat Kasa Hpung Ni Hte Hkrum Bawngban Na Matu Myitkyina Muklum De Du

Written by KNET
May 27, 2013


2013 May (27) ya shani KIO Ginjaw Hpaji Dap Lithkam Sara Kaba Sumlut Gam woi awn ai KIO Datkasa hpung ni gaw Myen Asuya Dat Kasa Hpung ni hte Myitkyina Muklum kaw hkrum bawngban na matu Laiza Muklum, Padang Gawnknu kaw jahpawt hkying (7:00)am aten hta kanu kawa hpung woi sara ni kaw nna ahkyu hpyi shaman ya ai hpang hkying (8:00)am kaw nna Myitkyina Muklum de Namsan Yang lam hku nna pru hkawm wa ai lam hpe chye lu ai.
 
Jahpawt hkying (9:30) am aten ram hta Namsan Yang kaw sa tau ai PCG Salang, UN Salang hte Myen Asuya maga na salang ni hte hkrum nna Myitkyina Muklum de rau matut hkawm sa wa ai lam hpe chye lu ai.
 
Shani hkying (11:30)am aten ram hta Awng Mae Tit mare kaw nna Myitkyina Muklum, Shatapru Manau wang du hkra buga de na mung shawa masha (20,000) ram gaw mawdaw lam, la-pai la-hkra tsap nna KIO dawnghkawn, amyu sha dawnghkawn hte KIO Datkasa hpung ni hpe kabu gara hte hkap tau hkalum la ai lam hpe chye lu ai.
 
Myitkyina Manau wang hta shani hkying (1:00)pm aten ram kaw du shang wa nna shani malu masha sha ngut ai hpang hkying (1:30)pm aten ram hta KIO Dat Kasa Rung dingsa kaw PCG Salang ni hte MCC na kanu kawa myitsu salang ni hte hkrum nna ahkyu hpyi shaman la ai lam hpe chye lu ai.
 
KIO dat kasa hpung hte Myen Asuya dat kasa hpung ni gaw 2013 May (28) ya shani kaw nna hkrum bangban na re lam hpe chye lu ai

Saturday, May 25, 2013

“၂၅ ရာခိုင်နှုန်းဆိုတာ ရှိသင့်ရှိထိုက်တယ်” ဆိုပါလား

“၂၅ ရာခိုင်နှုန်းဆိုတာ ရှိသင့်ရှိထိုက်တယ်” ဆိုပါလား

တူမောင်ညို။ မေ၂၃၊ ၂၀၁၃

 
ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်၏ စစ်တပ်နှင့်ပတ်သက်သော သူ့သဘောထားကို အမေရိကန် ခရီးစဉ်မှာ ကြားလိုက် ကြရသည်။ ဘာမျှမဆန်းပါ။ ဒီမေးခွန်းကို လွှတ်တော်ဥက္ကဋ္ဌ လုပ်နေသူများ ဖြစ်သော (ဗိုလ်) ဦးရွှေမန်း၊ (ဗိုလ်) ဦးခင်အောင်မြင့် တို့ကို မေးလျှင်လည်း ဤနည်းနှင်နှင်သာ ဖြေကြမည်ဖြစ်သည်။ ကြံ့ဖွံ့ပါတီခေါင်းဆောင် ဗိုလ်ဟောင်းများကိုမေးလျှင်လည်း အလားတူ အဖြေ မျိုးသာကြားရမည်။ လက်ရှိ စစ်တပ်ဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်ကို မေးလျှင်လည်း ထူးမခြားနား အဖြေသာရမည်ဖြစ်သည်။
 
သူတို့ထံမှ ကွဲပြားခြားနားသော အခြားအဖြေမျှော်လင့်၍မဖြစ်နိုင်။
 
(ဗိုလ်) ဦးသိန်းစိန်၏ “၂၅ရာခိုင်နှုန်းဆိုတာလွှတ်တော်ထဲမှာ လောလောဆယ်မှာတော့ ရှိသင့်ရှိထိုက် တယ်” ဆိုသည့် သဘောထားနှင့် ပြောစကားသည် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်လိုသူများအတွက် ဘောင်ခတ်သတ်မှတ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေထဲက စစ်တပ်အခန်းကဏ္ဍ ကိုမထိနဲ့လို့ အပြတ်ပြောလိုက်ခြင်း၊ သတိပေးလိုက်ခြင်းလည်းဖြစ်သည်။ စစ်အုပ်စု၏ ဘုံအကျိုး စီးပွားကို (ဗိုလ်) ဦးသိန်းစိန်က ဗြောင်အကာအကွယ်ပေးလိုက်ခြင်းလည်းဖြစ်သည်။ ထို့အပြင် ထိုအချက်သည် “၂၀၀၈ အခြေခံ ဥပဒေ” ထဲတွင် စစ်အုပ်စုအကျိုးစီးပွားအတွက် အချက်အခြာ ကျသော ပြဋ္ဌာန်း ချက်များအနက် အရေးပါသောအချက် တစ်ခုဖြစ်သည်။
 
စစ်တပ်သည် တိုင်းပြည်ကာကွယ်ရေးအတွက် မရှိမဖြစ်လိုအပ်သည်ကို မည်သူမျှမငြင်းမပွား။ အားလုံး က သဘောပေါက်နား လည်ကြပြီးသားဖြစ် သည်။ တချိန်တည်းတွင် “ဖေဖေထူထောင်ခဲ့သည့် တပ်မတော်”နှင့် လုံးဝ(လုံးဝ)မတူတော့သည့် အချက်ကိုလည်း (တောနေ/မြို့နေ) လူမျိုးပေါင်းစုံ ပြည်သူများသည် အသက်အိုးအိမ်စည်းစိမ်များဖြင့်ရင်းနှီးခဲ့ရသော အတွေ့အကြုံများနှင့်ယှဉ်ပြီး ကောင်း ကောင်း သဘော ပေါက်နားလည်ပြီးဖြစ်သည်။
 
စစ်အုပ်စုအဆက်ဆက်သည်တပ်မတော်ကိုခါးပိုက်ဆောင်တပ်သဖွယ်လုပ်ပြီး ဗိုလ်ကျစိုးမိုး ချယ်လှယ် နေသည့် အချက်ကို ကျနော်တို့ရှင်းလင်း ကြည်လင်စွာကြည့်မြင်ကြဖို့လိုပါသည်။ တပ်မတော်ထဲတွင် တိုင်းချစ်ပြည်ချစ် တပ်ဗိုလ်တပ်သားများစွာရှိပါသည်။ ထိုတပ်မတော်သားတို့ သည် စစ်အုပ်စု၏ တစ်သွေး တစ်သံ တစ်မိန့်ဖြင့် ချုပ်ကိုင်ထားမှုကို လည်စင်းခံနေကြရခြင်းဖြစ်သည်။
 
စစ်အုပ်စုသည် တပ်မတော်ကို ခါးပိုက်ဆောင်တပ်သဖွယ်ချုပ်ကိုင်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံ ဗိုလ်ကျ လွှမ်းမိုးနေခြင်းဖြစ်သည်။ ယင်းလုပ်နည်းသည် ရာစုနှစ်ဝက်ကျော် ကြာခဲ့ပြီ လည်းဖြစ်သည်။ စစ်အုပ်စုအတွက် အံခွနေသော အတွေ့ အကြုံ လည်းဖြစ်သည်။
 
စစ်အုပ်စုအကြောင်းပြောသည့်အခါ စစ်အာဏာရှင်စနစ်၊ စစ်ဗျုရိုကရေစီယန္တယားနှင့် စစ်ဗျူရိုကရက် အရင်းအနှီးတွေ အကြောင်းပါထည့်သွင်းပြောဆိုမှသာပြည့်စုံမည်။ စစ်အာဏာရှင်စနစ်နဲ့ ပတ်သက်ပြီး ပြောကြတဲ့အခါ စစ်အာဏာရှင်တွေဖြစ်ကြတဲ့ “ဗိုလ်နေဝင်း” ၊ “ဗိုလ်သန်းရွှေ” တို့၏ ပုဂ္ဂိုလ်ရေး အခန်း ကိုသာ ဇောင်းပေးလွန်းပြီး စစ်အုပ်စုရှင်သန်ကြီးထွားရေးအတွက် အဓိက ရေသောက်မြစ် ဖြစ်သော စစ်ဗျူရိုကရေစီယန္တယားနှင့် စစ်ဗျူရိုကရက်အရင်းအနှီး အကြောင်း ထည့်သွင်းပြောဆို ကြတာ အင်မတန်မှ နည်းပါး ပါသည်။ ဘာနဲ့တူသလဲဆိုတော့ “ဟစ်တလာ” ၏ ပုဂ္ဂိုလ်ရေး ဆိုးသွမ်းမှု အကြောင်းသာပါပြီး “ဖက်ဆစ်စနစ်” ကို ထည့်သွင်းပြောတာ နည်းနေသလိုမျိုး ဖြစ်နေသည်။ တကယ်တော့ စစ်အုပ်စုတွင် စစ်တပ်၊ စစ်ဗျုရိုကရေစီယန္တယားနှင့် စစ်ဗျူရိုကရက်အရင်းအနှီးများကို ချုပ် ကိုင်ထားနိုင်ခြင်းမရှိလျှင် သူတို့ သက်ဇိုးရှည်စရာအကြောင်းမရှိချေ။
 
စစ်အုပ်စုကိုဖွဲ့စည်းပြီး စစ်တပ်ကို ချုပ်ကိုင်ထားနိုင်သည့်အတွက် စစ်ဗျူရိုကရေစီယန္တယားကို စိတ်ကြိုက် ထိန်းချုပ် ချယ်လှယ် နိုင်ပြီး၊ စစ်ဗျူရိုကရက် အရင်းအနှီးစုဆောင်းနိုင်သည်။ အပြန် အလှန်အားဖြင့် စစ်ဗျူရိုကရက်အရင်းအနှီးစုဆောင်းနိုင်သဖြင့်၊ စစ်ဗျူရို ကရေစီ ယန္တယားကို စိတ်ကြိုက် ထိန်းချုပ် ချယ်လှယ်နိုင်ပြီး၊ စစ်တပ်ကိုထိန်းချုပ်နိုင်သည်။ သို့ဖြင့် စစ်အုပ်စုသည် အာဏာကို ဤမျှကြာအောင် ထိန်းထားနိုင်ခဲ့ခြင်းဖြစ်သည်။စစ်အုပ်စုတွင်းက ဗိုလ်လုမှု/စားခွက်လုမှုများကို ထိန်းသိမ်းကိုင်တွယ် နိုင်ခဲ့ ခြင်းဖြစ်သည်။ ပြည်သူများ ၏ ဒီမိုကရေစီလှုပ်ရှားမှုများကို အကြမ်းဖက် ချေမှုန်းနိုင်ခြင်းဖြစ်သည်။
 
ယခုအခါ စစ်တပ်ဆိုသည်ထက် စစ်အုပ်စု ဆိုသည်ကို အလေးတင်းပြောဆိုကြရမှာဖြစ်ပြီး စစ်ဗျူရို ကရေစီယန္တယား၊ စစ်ဗျူရို ကရက်အရင်းအနှီးများ ကိုထည့်သွင်းပြောဆိုဖို့နဲ့ ထောက်ပြ ဝေဖန်ကြဖို့ လိုပါသည်။တိုက်ဖျက်ပစ်ဖို့လိုပါသည်။ အဆိုပါအချက်များကို ထောက်မပြဘူး/ မတိုက်ဖျက်ဘူး/ မဆန့်ကျင် ဘူးဆိုလျှင် တာဝန်ပျက်ကွက်မှုသာဖြစ်လိမ့်သည်။
 
ယနေ့(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရပြောနေသည့် (လူတချို့ထင်မှတ်မှားနေကြသည့်) “အပြောင်း အလဲ” ဆိုသည်မှာ စစ်အာ ဏာရှင်စနစ်မှ စစ်မှန်သောဒီမိုကရေစီသို့ ဦးတည်ရည်ရွယ်သည့် အပြောင်း အလဲမဟုတ်၊ အခြေအနေအသစ်၊ အနေအထားသစ်၊ ကာလ သစ်တွင် စစ်အာဏာရှင် စနစ်ကို ပိုမိုခိုင်ခံ့ အောင်လုပ်နေခြင်းမျှသာဖြစ်သည်။
 
စစ်အုပ်စုသည် ပြောင်းလဲလာသော ပြည်တွင်းပြည်ပ အခြေအနေများအောက်တွင် “(နဝတ-နအဖ) စစ်ကောင်စီ သဏ္ဍာန် အုပ်စိုးမှု”ကို မလွှဲမရှောင်သာပြောင်းလဲရခြင်းဖြစ်သည်။ သို့အတွက် “စစ်အုပ်ချုပ် ရေး”မှ “အခြေခံဥပဒေအခြေပြုတဲ့ အုပ်စိုးမှုသဏ္ဍာန်” သို့ “ပြောင်းလဲ”ရသည့် “အပြောင်း အလဲ” မျှသာ ဖြစ်သည်။ ယခင် (နဝတ-နအဖ) စစ်ကောင်စီနေရာတွင် (ကာလုံ) အဖြစ်ပြောင်းလဲ ခဲ့သည်။
 
တကယ်တော့(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရပြောနေသည့် “အပြောင်းအလဲ” ဆိုသည်မှာ ရည်ရွယ်ချက် ဆိုင်ရာ အပြောင်း အလဲမဟုတ်ပါ။ စစ်အုပ်စု၏ နည်းပရိယာယ်ပြောင်းလဲခြင်းမျှသာဖြစ်သည်။ အာဏာ နှင့်ခိုးဝှက်လုယူထားသောဥစ္စာဘဏ္ဍာများ သည် စစ်အုပ်စု လက်ထဲမှာရှိမြဲရှိနေပြီးမည်သူ့ကိုမျှ ခွဲဝေပေး အပ်ခြင်းမရှိသည့်အပြင် စစ်ဗျူရိုကရက်အရင်းအနှီးများဆက်လက်တိုးများ ခိုင်ခံ့ အောင်သာ လုပ်ဆောင် နေပါသည်။
 
ထို့အပြင် ယနေ့“အပြောင်းအလဲ”တွင် စစ်အုပ်စု၏ နိုင်ငံရေး၊ ဘဏ္ဍာရေးအုပ်စီးထားမှုများ၊ အခွင့်ထူးခံ မှုများကို ပြောင်းလဲ ခဲ့ခြင်း (လုံးဝ) မရှိပါ။ ပွန်းပဲ့ခြင်းမျှပင်မရှိပါ။ ထိုသို့ ထိခိုက်ပွန်းပဲ့ခြင်းမရှိအောင် “၂၀၀၈ အခြေခံဥပဒေ” ဖြင့် အသေအချာထိန်းသိမ်း ကာကွယ်ထားပြီးဖြစ်ပါသည်။
 
ထိုသို့ “၂၀၀၈ အခြေခံဥပဒေ”ထဲတွင် စစ်အုပ်စု၏ (အတိတ်/ပစ္စုပ္ပန်/အနာဂတ်) ထာဝစဉ် အကျိုး စီးပွားများကို အသေအချာ တွက်ချက်ပြီး ထိန်းသိမ်းကာကွယ်ထားသည့်အချက်များကို ပြုပြင်ပြောင်းလဲရန်/ အသစ်ရေးပြီးအစားထိုးမည်ဟုဆိုခြင်းမှာ စစ်အုပ်စု နှင့် ထိပ်တိုက်တွေ့ရခြင်း ပင်ဖြစ်သည်။ ကျားမြှီးဆွဲ ရခြင်းဖြစ်သည်။
 
ယခင်ဗိုလ်နေဝင်းစစ်အုပ်စုဟောင်းသည် “တော်လှန်ရေးကောင်စီ” အမည်ဖြင့် အာဏာကို ချုပ်ကိုင် ထားသည့်အောက်တွင် ခေတ်ကာလအခြေအနေအရ ရေပန်းစားလာသည့် “ဆိုရှယ်လစ်ဝါဒ” ကိုအရေခြုံ ပြီး သူတို့၏ အနေအထားကို ပိုမိုခိုင်ခံ့အောင်လုပ်ဆောင် ခဲ့ကြသည်။ ၁၉၇၄ အခြေခံ ဥပဒေ/ အတု အယောင် ဆိုရှယ်လစ်ဝါဒဖြင့် လှည့်ဖြားအုပ်စိုးခဲ့ကြသည်။
 
ယခုလည်း (နဝတ-နအဖ) စစ်အုပ်စုသည် ခေတ်စားလာသည့် “ဒီမိုကရေစီ” ကို အရေခြုံပြီး ၂၀၀၈ အခြေခံဥပဒေဖြင့် လှည့်စားနေခြင်းမျှသာဖြစ်သည်။
 
သမ္မတ (ဗိုလ်) ဦးသိန်းစိန်သည် စစ်အုပ်စု၏ ရွေးချယ်ခံ ကိုယ်စားလှယ်များအနက်မှ တစ်ဦးသာ ဖြစ်သည်။ အချို့ထင် ယောင် ထင်မှားဖြစ်နေကြသလို (reformist) တစ်ဦးမဟုတ်။ စစ်အုပ်စု၏ ရေရှည် အကျိုးစီးပွားကို ကာလသစ်နှင့် ကိုက်ညီခိုင်ခံ့အောင်ထိန်းသိမ်း ကာကွယ်တိုးချဲ့ ဆောင်ရွက် နေရသူ တစ်ဦးသာဖြစ်သည်။
 
သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကဲ့သို့သူများလက်ရှိစစ်အုပ်စုထဲတွင်မရှားပါ။ (ဗိုလ်) ဦးသိန်းစိန်မရှိတော့လျှင် (ဗိုလ်)ဦးသိန်းစိန်ကဲ့သို့ သူမျိုး နောက်ထပ်ပေါ်လာမည်သာဖြစ်သည်။ “ငကန်းသေ ငစွေပေါ်မည်” ဆိုသည့်စကားအတိုင်းပင်ဖြစ်သည်။ (ဗိုလ်) ဦးသိန်းစိန်မရှိ တော့လျှင် “အပြောင်းအလဲ” မဖြစ်တော့ မည်အထိ စိုးရိမ်ပူပန်နေကြသူများ စိတ်အေးအေးထားကြပါ။

http://moemaka.com/archives/34983

Tuesday, May 21, 2013

နိုင်ငံရေးလုပ်ငန်းစဉ်မှာ စစ်တပ်ပါနေရမယ်ပြောတဲ့ သမ္မတ သိန်းစိန်။

မင်းတို့  ရှေ့ က အစိုးရအဆက်ဆက် အသုံးမကျလို့  ညံ့လို့  …. ငါတို့  အစိုးရက ကြားဝင်ဖြေရှင်းပေးနေရတယ် ….

မင်းတို့  ရှေ့ က အစိုးရအဆက်ဆက် အသုံးမကျလို့  ညံ့လို့  …. ငါတို့  အစိုးရက ကြားဝင်ဖြေရှင်း ပေးနေရတယ် ….

နိုင်ငံရေးလုပ်ငန်းစဉ်မှာ စစ်တပ်ပါနေရမယ်ပြောတဲ့ သမ္မတ သိန်းစိန်။
နိုင်ငံရေးလုပ်ငန်းစဉ်မှာ စစ်တပ်ပါနေရမယ်ပြောတဲ့ သမ္မတ သိန်းစိန်။


သိန်းစိန် - “မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ကို ပစ်ပယ်ထားဖို့ မသင့်ဘူးလို့ ကျနော် ဒီလို ထင်ပါတယ်။ တပ်မတော်ကို ပစ်ပယ်ထားလို့ မရပါဘူး။ ပြည်သူနဲ့ပေါင်းပြီးတော့ ဘာပဲဖြစ်ဖြစ် တပ်မတော် အခန်း ကဏ္ဍတစ်ရပ်အနေနဲ့ ဆောင်ရွက်နေရမှာပါ။ အဲဒီတော့ လွှတ်တော်ထဲမှာ ပါနေတယ်ဆိုတဲ့ဟာက အမှန်ဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ တပ်မတော်က ပါဝင်ခွင့် မရှိဘူးလို့ ဒီလိုပြောလို့ ဒါတော့ မမှန်ဘူးလို့ ကျနော် ထင်ပါတယ်။ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီ ရင့်ကျက်လာတဲ့အမျှ လွှတ်တော် ထဲက တပ်မတော်ရဲ့ကိုယ်စားလှယ်တွေဟာ လျော့ပါးသွားမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားတို့ ဘာတို့ ပြောင်းသွားတာလည်း ဒီအတိုင်းပါပဲ။ တပ်မတော်က နိုင်ငံရေးနဲ့ ကင်းကွာလို့တော့ မရပါဘူး။ အစဉ်အလာ ရှိခဲ့ပါတယ်။ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ တိုင်းပြည်မှာ အခက်အခဲတွေ အကြပ်အတည်းတွေ တွေ့တိုင်း၊ တွေ့တိုင်း တပ်မတော်ကနေ ဝင်ရောက်ပြီး ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ ၂၅ % ဆိုတာက လွှတ်တော် ထဲမှာ လောလောဆယ်မှာတော့ ရှိသင့်ရှိထိုက်တယ်၊ သို့သော်လည်းပဲ တဖြည်းဖြည်း ဒါတွေဟာ ကျနော်တို့ လျော့ပါးလာမယ်၊ နည်းပါးလာမယ်- ဒီလိုပဲ မြင်မိပါတယ်” (သိန်းစိန်)။
 
သိန်းစိန်အပြောကို ပြန်တုန့် ပြန်ပြောရရင်တော့ -
 
မြန်မာသမိုင်းမှာ တပ်မတော်ရဲ့  အခန်းကဏ္ဍကို ပြည်သူတွေက မပစ်ပယ်ခဲ့ပါဖူး။ တကယ်တမ်း ပစ်ပယ် ခဲ့တာ သိန်းစိန်တို့  အာဏာရှင်အုပ်စုပါ။ တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရဲ့  ဓါတ်ပုံတွေကို အစိုးရရုံးဌာနတွေရဲ့  နံရံတွေပေါ်ကနေ ဖြုတ်ချ၊ မြန်မာ့ငွေစက္ကူတွေပေါ်က ပျောက်ပျက်အောင် ဖယ်ရှား၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလက စခဲ့တဲ့ တပ်မတော်ရဲ့  ဂုဏ်သိက္ခာမြင့်မြတ်ကြီးမားမှုကို လျော့ကျအောင် နောက်ဆုံး ပြည်သူကို ပြန်သတ်တဲ့ သံဃာတော်ရဟန်းရှင်မြတ်တွေကို ပစ်သတ်တဲ့ သတ်မတော် ဖြစ် အောင် ဘယ်သူတွေ လုပ်ခဲ့ကြတာလည်း။
 
တိုင်းပြည်မှာ အခက်အခဲတွေ အကြပ်အတည်းတွေ တွေ့တိုင်း၊ တွေ့တိုင်း တပ်မတော်ကနေ ဝင်ရောက်ပြီး ဆောင်ရွက်ခဲ့တယ်ဆိုလို့  - တိုင်းပြည်ကို ကံဆိုးမိုးမှောင်ကျအောင် စစ်တပ်အာဏာသိမ်းခဲ့တာပါ။ တိုင်းပြည်ရဲ့  အဖိုးတန်မြေပေါ်မြေအောက်သယံဇာတတွေကို စစ်အာဏာရှင်ကြီးများနဲ့  စစ်ဗိုလ်ချူပ်ကြီး တွေဘဲ မောင်ပိုင်စီးခဲ့တာပါ။ တိုင်းသူပြည်သားတွေ ဘ၀တွေ ချွတ်ခြံကျ ကုန်းကောက်စရာမရှိအောင် ငတ်ပြတ်ဆင်းရဲပြီး တိုင်းပြည်လည်း ကမ္ဘာ့ အမွဲဆုံးနိုင်ငံဖြစ်ရ မြန်မာလူမျိုးလည်း နိုင်ငံတကာမိသားစု ကြားမှာ မျက်နာပန်းမလှ နိမ့်ကျရတဲ့ အခက်အခဲတွေ အကြပ်အတည်းတွေကို သိန်းစိန် ပြောသလိုဘဲ တပ်မတော်က ၀င်ရောက်ပြီး ဆောင်ရွက်ခဲ့တယ်ဆိုတာ မှန်ပါပေတယ်။
 
မြန်မာ့နိုင်ငံရေးရဲ့  နိုင်ငံရေးလုပ်ငန်းစဉ် ဆောင်ရွက်တဲ့နေရာမှာ တပ်မတော်ပါဝင်ရမယ့် အခန်း ကဏ္ဍဟာ တိုင်းပြည်ရဲ့  လုံခြုံရေးအတွက် ပြည်ပရန်ကို ကာကွယ်ပေးရမယ့် ကာကွယ်ရေးနဲ့  ပတ်သက် တဲ့ နိုင်ငံ အကျိုးပြုလုပ်ငန်းစဉ်တွေထဲမှာ ပြည်သူလွှတ်တော်ပြင်ပကနေ ပါဝင် ဆောင်ရွက် ရမှာ ပါ။ ပြည်သူ လွှတ်တော်နဲ့  အစိုးရကနေ အုပ်ချူပ်ကွပ်ကဲတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့  လက်အောက်မှာမှ တပ်မတော် ကနေ နိုင်ငံအကျိုးပြုလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရမှာပါ။ ပြည်သူ့  လွှတ်တော်ထဲမှာ ၀င်ရောက်နေရာ ယူပြီး ပါဝင်ရမယ့် တာဝန်ဝတ္တရားမရှိပါဖူး။ အရှင်းဆုံးပြောရရင် တပ်မတော်ဟာ စစ်တန်းလျားမှာဘဲ နေရပါမယ်၊ လွှတ်တော်ထဲ ၀င်ရောက်စရာ မလိုပါဖူး။
 
သိန်းစိန်ဟာ ၄င်းတို့  အာဏာရှင်အုပ်စု ရုပ်ပြောင်းရုပ်လွဲနဲ့  ဒီမိုကရေစီအရေခြုံ အရပ်ဝတ် အာဏာရှင် အစိုးရ သက်တမ်းရှည်ဖို့ အတွက် ၄င်းတို့  စစ်အာဏာရှင်ခေတ်အဆက်ဆက် လက်ကိုင်တုတ်အဖြစ် အသုံးချနေတဲ့ စစ်တပ်ကို လွှတ်တော်ထဲအထိပါ သွတ်သွင်းပြီး ချုပ်ကိုင်ထားတယ်ဆိုတာ သိန်းစိန်ရဲ့  စကားထဲက ဇာတိပြနေပါတယ်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမကလို့ နောက်ထပ် ရွေးကောက်ပွဲတွေ ထပ်လုပ်နေဦး ပြည်သူ့ လွှတ်တော်ထဲမှာ စစ်ယူနီဖောင်းဝတ်တစ်ဦး ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ထိုင်ခုံတစ်ခုံမှာ ထိုင်နေသမျှ တိုင်းပြည်နဲ့  လူမျိုးကို နောက်ကျော ဒါးနဲ့  ထိုးတဲ့အဆင့်မဟုတ်ဘဲ နားထင်ကို သေနတ်နဲ့  တေ့ချိန်ထားတဲ့ အခြေအနေ ဖြစ်နေမှာပါဘဲ။

အလိမ်ဆုံး သိန်းစိန် - သိန်းစိန် သိန်းစိန် လူလိမ် လူလိမ် …..
http://niknayman-niknayman.blogspot.com/ 

Sunday, May 5, 2013

အဆိုတော် မွန်းအောင်နဲ့ တွေ့ဆုံမေးမြန်းခြင်း

Monday, May 6, 2013

“နော်ဝေးမှာပဲ သေချင်သေသွားပစေ ... ခေါင်းငုံ့ပြီးတော့ ပြန်မလာဘူး” ဆိုတဲ့ အဆိုတော် မွန်းအောင်နဲ့ တွေ့ဆုံမေးမြန်းခြင်း

ကိုညို (အော်စလို)
(နေ့သစ်မီဒီယာမှ ကူးယူဖော်ပြပါသည်။)


ကလေးဘ၀ကတည်းက ကိုယ်တိုင် တွေ့မြင် ခံစားခဲ့ရတဲ့ မတရားမှု ဖိနှိပ်မှုတွေပေါ့ဗျာ။ စစ်သားတွေ၊ သေနပ်တွေ၊ စစ်ထရပ်ကားတန်းရှည်ကြီးတွေ၊ ဟယ်လီကော်ပရာတွေ၊ သေနတ်ဒဏ်ရာတွေ၊ ညမထွက်ရ အမိန့်တွေနဲ့ ပေါ်တာဆွဲတာတွေ အိမ်တိုင်းမှာရှိတဲ့ ကတုတ်ကျင်းတွေက ကျနော့် ကလေး ဘ၀ကတည်းက မြင်ကွင်းတွေ။ မြစ်ကြီးနားမှာ ကျနော်နေတာ၊ မြို့ရဲ့ ၁၀ မိုင်အပြင်ဘက်ကိုတောင် မထွက်ရဲဘူးဗျ။ လုံခြုံမှုမရှိလို့ပါ။ အသက်လည်း အာမခံချက်မရှိဘူး၊ တကယ်လို့ ဖားကန့်သွားမယ်ဆို အချိန်မရွေး ပေါ်တာဆွဲမယ်၊ ဒါမှမဟုတ် KIA ကလည်း တပ်သားသစ်အဖြစ် ဆွဲခေါ်သွားမှာပဲ။ မြစ်ကြီးနားကနေ မြစ်ဆုံရောက်ဖို့ စစ်တပ်ဂိတ် ၃-၄ ခုလောက်ကို ဖြတ်ပြီးသွားရတာ။ စစ်အုပ်ချုပ်ရေး အောက် လူမှန်း မသိခင်ကတည်းက ရောက်နေတာ။ ငယ်ငယ်ကတည်းက ကာဖျူးနဲ့ နေလာတာ။
 
အိမ်ဘေးက သူငယ်ချင်း ပျောက်သွားတယ်၊ သတင်းပြန်ကြားတော့ သူ KIA ထဲမှာ သေနတ်ကိုင်နေ ပြီတဲ့။ ကျနော့် ငယ်သူငယ်ချင်းတော်တော်များဟာ အဲလို သူပုန်တွေ ဖြစ်ကုန်တယ်။ သူတို့ဟာ အင်မတန် ခင်စရာကောင်းတယ်။ သဘောကောင်းပြီး ကူညီတတ်သူတွေ ဘာကြောင့် သူပုန် တွေဖြစ်ကုန် ရတာလဲ ဆိုတာ ကျနော့်လူငယ်ဘ၀က ပုစ္ဆာတွေပေါ့။ နောက်ဆုံးတော့ သူတို့ ဘယ်လို ၀ါဒဖြန့်ဖြန့် ကျနော်တို့ဟာ ဖိနှိပ်ခံနေရတယ်ဆိုတာ သိသွားတာပဲ။ ဖိနှိပ်တာတောင်မှ ရိုင်းရိုင်း စိုင်းစိုင်းပဲ။ ဘာဥပဒေမှ မရှိဘူး၊ ရုပ်ရှင်ရုံ ရှေ့မှာ အမြင်ကတ်လို့ဖြစ်စေ၊ မသင်္ကာလို့ဖြစ်စေ စစ်သား တယောက်က ပါးရိုက်လိုက်တာမျိုးတွေပေါ့။ ဒီမတရားမှုတွေက တော်လှန်ချင်စိတ်တွေ ဖြစ်စေ တာ ပါပဲ။
 
ကိုမွန်းအောင် အောင်မြင်နေတဲ့အချိန် တောခိုခဲ့ရတာဆိုတော့ အနုပညာထက် မိမိယုံကြည်မှုကို ပိုပြီးတန်ဘိုးထား တာလား။
 
သီချင်းတွေ တီးရ ဆိုရတာ ကျနော် ပျော်တယ်။ သီချင်းတီးခတ်သီဆိုနေရရင် ခန္ဓာအစိတ် အပိုင်း တွေအားလုံး သက်တောင့်သက်သာ ဖြစ်သွားသလိုပဲ။ တယောက်ယောက်ကို သီချင်းဆိုပြလိုက်ရရင် ရင်ထဲမှာ ပီတိဖြစ်နေတာမျိုးပါ။ သီချင်းတွေကို ၀ါသနာအရဆိုတာ ဖြစ်တယ်။ တကယ်တမ်း သီချင်း ဆိုစားတာမျိုးတော့ ကျနော် စိတ်မ၀င်စားဘူး။ သီချင်းဆိုပြီး ပိုက်ဆံရှာတာမျိုး ကျနော် မလုပ်ခဲ့ဖူးဘူး။ ဗမာပြည်မှာလည်း ပွဲတွေအများကြီး လုပ်နိုင်တာပဲ ကျနော် မလုပ်ခဲ့ပါဘူး။ မင်္ဂလာဆောင်တွေမှာ သီချင်းဆိုစားတာတွေ မလုပ်ဘူး။ ကျနော်က ဟိုကတည်းက တော်လှန်ရေးသီချင်းတွေ ဆိုချင်ခဲ့တယ်။ ငြိမ်းချမ်းရေးတိုက်ပွဲသီချင်း ဆိုချင်လို့ သီချင်းရေးတဲ့ ကိုနေ၀င်းကို ပုသိမ်အထိ သွားတွေ့တယ်။ ကိုနေ၀င်းကတော့ ခွင့်ပြုချက်ပေးပါတယ်။ ဒါပေမယ့် ၈၂ အင်းလျားအခွေ မသွင်းခင် အဲဒီသီချင်း နာမည်နဲ့ အခွေထုတ်ဖို့လုပ်တော့ ဆုံးသွားတဲ့ ကိုမောင်မောင်က …
 
“မင်း ဒီသီချင်းဆိုရင် အနောက်နိုင်ငံမှာတော့ နာမည်ကြီးသွားနိုင်တယ်၊ ဒီနိုင်ငံမှာတော့ ဘယ်သူမှ မသိလိုက်ဘဲ ထောင်ထဲဝင်သွားရလိမ့်မယ်” လို့ ကျနော့်ကို ပြောခဲ့တယ်။ သူ့စကားက ကျနော့်နားထဲ စွဲသွားတယ်။ ဒါနဲ့ “ငြိမ်းချမ်းရေးတိုက်ပွဲ” သီချင်းကို အသံသွင်းထားပြီးမှ ဖြုတ်ထားခဲ့ရတယ်။ မှတ်မှတ် ရရ “လွမ်းရတဲ့ညတွေလွန်ပါစေ” အခွေထွက်တော့ ကျနော့်ထုတ်လုပ်သူကို “နောက်တခါဆိုရင် အခွေ သွင်းရင် ဆင်ဆာဘုတ်အဖွဲ့ကို မဖြတ်တော့ဘူး” လို့ ပြောခဲ့ဖူးတယ်။ တကယ်လည်း ဆင်ဆာဘုတ် မဖြတ်ခဲ့ရဘူး၊ အဲဒီလွမ်းရတဲ့ညက နောက်ဆုံးအခွေ ဖြစ်သွားခဲ့တယ်။ ကျနော်လည်း တောထဲ ရောက်ခဲ့တယ်။ တကယ်တော့ သီချင်းတွေဟာ ကျနော့်ရဲ့ ချစ်သူသက်သက်ပဲ၊ သီချင်းဆိုရတာ ကျေနပ်တယ်။ ကျနော် ၈၈ ထွက်လာတဲ့အချိန် အောင်မြင်မှုအရှိန်က မကျသေးပါဘူး။ ကိုယ့်အနုပညာ ကို တော်လှန်ရေးအတွက် ရင်းလိုက်ရတာပေါ့ဗျာ။ တကယ်တော့ သီချင်းဆိုတတ်တဲ့ ဆိုနိုင်တဲ့ အရည် အချင်းကို ဘုရားသခင်က ပေးထားတာ ဖြစ်တယ်။ ဘုရားပေးတဲ့ ဆုပေါ့၊ ကျနော့်ရဲ့ အရင်း အနှီးပဲ။ အဲဒီအရင်းအနှီးကို တော်လှန်ရေးပေါ်မှာ ကျနော် စုတယ်၊ ဒီအချိန်ဟာ တော်လှန်ရေးကာလ ဖြစ်တယ်။
 
သမ္မတ ဦးသိန်းစိန်ဟာ အနှစ် ၅၀ အာဏာရှင်အဆက်ဆက်ထဲကနေ ဒီမိုကရေစီလမ်းကြောင်းကို စတင်ဖောက်နေသူလို့ သုံးသပ်ကြတယ်၊ သူ့ကို နိုဘယ်လ်ဆုအတွက်တောင် အမည်စာရင်း တင်သွင်း တာရှိတယ်။ ကိုမွန်းအောင် ဘယ်လိုမြင်လဲ။
 
သူက ငြိမ်းချမ်းရေးဆုနဲ့ မထိုက်တန်သူပါ။ သူဟာ အာဏာရှင်စနစ်နဲ့ ရာထူးကြီးကြီး ယူပြီး ဖိနှိပ် အုပ်ချုပ်ခဲ့သူ ဖြစ်တယ်။ ဘ၀တလျှောက်လုံး လက်နက်ကိုင်စစ်သားအဖြစ် အသက်မွေးဝမ်းကြောင်း လုပ်ခဲ့သူဖြစ်တယ်။ ဗမာပြည်မှာ ၁၉၆၂ ခု စစ်အာဏာသိမ်းပြီးချိန်က စပြီး ၁၉၈၈ အာဏာသိမ်း န၀တနဲ့ နအဖ စစ်အစိုးရအဆက်ဆက်မှာ အာဏာရှင်စနစ် ကြံ့ခိုင်အောင် ထမ်းပိုးပေးခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲကျမှ စစ်ဦးထုပ်ချွတ် ခေါင်းပေါင်းပေါင်းပြီး သမ္မတ တက်လုပ်တဲ့လူ ဖြစ်တယ်။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် နာမည်စာရင်းပေးသင့်တဲ့ စံချိန်စံညွှန်းတောင် မမီသူလို့ ပြောချင် တယ်။ သူ့ကို အမည်စာရင်းသွင်းတာ နိုဘယ်လ်ဆု တီထွင်ခဲ့တဲ့ အဲလ်ဖရက်နိုဘယ်လ်ကိုတောင် အရှက်ရစေ ပါတယ်။ ဗမာပြည်မှာရော ကမ္ဘာကြီးမှာရော ဦးသိန်းစိန်ထက် ပိုပြီး နိုဘယလ်ဆုနဲ့ ထိုက်တန်သူတွေ အများကြီး ရှိပါတယ်။
 
ဒီကနေ့ အပြောင်းအလဲဟာ ဦးသိန်းစိန် ပြောင်းလဲပေးခဲ့တာ မဟုတ်ဘူး၊ စစ်အုပ်စု လမ်းကြောင်းထဲက သွားနေတဲ့ အစီအစဉ်တခုသာဖြစ်တယ်။ ဦးသိန်းစိန်ဟာ စစ်အုပ်စုရဲ့ အရုပ်တရုပ်ပဲ။ သူတို့ဟာ အနှစ်၂၀ ကျော် အခြေခံဥပဒေမရှိဘဲ အုပ်ချုပ်တဲ့ဘ၀ကနေ နောင်နှစ်ပေါင်းများစွာ သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ အုပ်ချုပ်ဖို့ ကြံစည်နေတာဖြစ်တယ်။ ဒါကိုပဲ နိုင်ငံတကာက မြန်မာ ပြည်ဟာ ပြုပြင်ပြောင်းလဲနေပါပြီလို့ မြင်နေအုံးမယ်ဆိုရင် ကျနော်ကတော့ အဲဒီ နိုင်ငံတကာအစိုးရ တွေဟာ အ တယ် န တယ်လို့ပဲ ပြောရမှာပဲ။ ပြီးတော့ ဗမာပြည်မှာလည်း ဒီမိုကရေစီပြောပြီး အတိုက်အခံ မရှိသလို ဖြစ်နေတယ်။ ရထားတဲ့ အခွင့်အရေးလေး ပျောက်သွားမလား စိုးရိမ်စိတ်နဲ့ မတရားမှန်းသိလည်း ဘာမှမပြောရဲ မဆိုရဲကြဖူး၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ မီဒီယာအများစုကလည်း နှာစေးနေကြတယ်။
သာမန်ပြည်သူတွေ အရပ်သားတွေ ကတော့ ကျွန်တွေလို အရောင်တွေမွဲပြီး စုတ်ပြတ်နေတယ်။
 
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ဘယ်လိုမြင်လဲ၊
 
ကျနော်တို့ သူ့ကို လူထုခေါင်းဆောင်လို့ မျှော်လင့်ခဲ့ကြတယ်။ နောက်ဆုံးမှာ ကြားဖြတ်ရွေးကောက် ပွဲဝင်ဖို့ ရွေးချယ်တယ်၊ အဲဒီမှာ လူထုခေါင်းဆောင်အဆင့်ကနေ NLD ပါတီခေါင်းဆောင်ပဲ ဖြစ်သွား တယ်၊ သူ ရည်မှန်းတာက တခုခု ဖြစ်ချင်ဖြစ်မယ်၊ ကျနော်တို့ မျှော်မှန်းနေတာက တခုခုဖြစ်ချင် ဖြစ် မယ်။ သွားတဲ့ လမ်းချင်း ကွဲပါစေ၊ ပန်းတိုင်ရှိထားရင် တနေ့ ဆုံမှာပါ။
 
ကိုမင်းကိုနိုင်အပေါ်မှာရော ဘယ်လိုအကဲဖြတ်မလဲ။
 
သူက နှစ်ပေါင်းများစွာ ထောင်ထဲ တကိုယ်တည်းနေပြီး လူထုအတွက် သူ့ကိုယ်ပိုင်အခွင့်အရေးတွေ လက်လွှတ်ပြီး ပေးဆပ်ခဲ့တယ်။ အခုလည်း ဒီအတိုင်းပဲ။ လူထုက သူ့အပေါ် မေတ္တာထားပြီး ချစ်ခင် လေးစား အသိအမှတ်ပြုရင်၊ ပြည်သူ့ဆန္ဒနဲ့ အတူရှိတဲ့ ခေါင်းဆောင်မျိုးဆိုရင် သူလည်း ပြည်သူကို ဦးဆောင်မှုပေးနိုင်လိမ့်မယ်။ သူ့ရဲ့ ရွေးချယ်မှုကသာ ပဓာနကျပါတယ်။ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သူလုပ်သင့်တာ သူလုပ်ပါလိမ့်မယ်၊ ပြည်သူတွေ အကျိုးရှိမယ့်အလုပ် သူလုပ်နေရင် ကျနော်တို့ လက်ခုပ်တီးရမှာပဲ။
 
ဒီကနေ့ နိုင်ငံရေးတိုက်ပွဲပုံစံ ဘယ်လိုပြောင်းလဲနေလဲ၊ ပြည်ပနိုင်ငံရေးက ပြီးဆုံးသွားပြီလား၊ ပြည်ပ နိုင်ငံရေးကို ပြည်တွင်းမှာပဲ သွားလုပ်ရမယ့် အခြေအနေမျိုးလား။
 
ဒီကနေ့ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲက မပြီးသေးဘူး၊ တောတွင်းတိုက်ပွဲလည်း ဖြစ်ချင်ဖြစ်နိုင်သေး တာပဲ၊ လောလောဆယ် စားပွဲဝိုင်းနိုင်ငံရေးတိုက်ပွဲတွေ ဖြစ်နေတယ်၊ ဥပဒေတွင်းတိုက်ပွဲတွေ၊ လူ့အခွင့်အရေး တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေတယ်၊ သံတမန်ရေးတိုက်ပွဲတွေလည်း ဖြစ်ချင် ဖြစ်နေတာပဲ။ နိုင်ငံရေးနယ်ပယ်တခုထဲ မဟုတ်ဘူး လူမှုရေး၊ စီပွားရေး နယ်ပယ်အစုံမှာ တိုက်ပွဲတွေ ဖြစ်နေတာပဲ။
 
ပြည်ပနိုင်ငံရေးကလည်း မပြီးသေးပါဘူး။ လိုကိုလိုနေသေးတယ်။ အထူးသဖြင့် NGO တွေရဲ့ အထောက် အပံ့မလိုတဲ့ လှုပ်ရှားမှုမျိုးပေါ့၊ ဘာလို့လဲဆိုတော့ NGO အထောက်အပံ့ ယူရင် NGO လိုင်းထဲ ဘောင်ထဲ ကပဲ သွားရမယ်။ NGO ဆိုတာ အစိုးရရဲ့ လိုင်းထဲက သွားရတာ။ ဘယ်အစိုးရမဆို သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားဆိုတာ ရှိတယ်၊ သူတို့စိတ်ဝင်စားမှုနဲ့ သူတို့ လိုလားတာတွေ ရှိတယ်။ အဲဒီအတွက် ကျနော်တို့တတွေက ပေးရတယ်။ အဲလို အပေးအယူမျိုး လုပ်ရတယ်။ ဒီတော့ ကျနော်တို့ ဖြစ်ချင်တိုင်း မဖြစ်နိုင်ဘူး။ ကျနော်တို့ လိုချင်တာက သီးခြားလွတ်လပ်တဲ့ လှုပ်ရှားမှုမျိုးပါ။
 
ကျနော်တို့ အပြင်မှာနေသူတွေဟာ လွတ်လပ်တဲ့ လှုပ်ရှားမှုနဲ့ ပြောခွင့်တွေ ရနေတယ်။ ဘယ်အစိုးရ၊ ဘယ်ရဲမှ ခြိမ်းခြောက်မှာ မဟုတ်ဖူး၊ ကိုယ်ယုံကြည်တဲ့အရာကို ဒီမိုကရေစီနည်းလမ်းနဲ့ လုပ်ဆောင်ခွင့် ရှိတယ်။ ဒီနေ့ဗမာပြည်မှာ ပြောခွင့်နည်းနည်းပါးပါး ပေးထားပေမယ့် လုပ်ခွင့်မရကြဘူး။
 
ဒါဆို ပြည်ပမှာ ဘာလုပ်နိုင်မှာလဲ။
 
လက်တွေ့ကျကျ ပြောရရင် သမ္မတ ဦးသိန်းစိန် လာလည်ရင် ကိုယ်သဘောမကျတဲ့အကြောင်း ဆန္ဒ ထုတ်ဖော်နိုင်တယ်၊ ပြည်တွင်းထဲမှာ မလုပ်နိုင်တာ အများကြီး အပြင်မှာ လုပ်နိုင်တယ်။ တချိန် တုန်းက လုပ်ခဲ့ကြတဲ့အလုပ်တွေ ဒီနေ့အချိန်အခါနဲ့အညီ လုပ်နိုင်သေးတယ်။ အစိုးရ မတရားတာ၊ မဟုတ်မမှန် တာတွေကို နိုင်ငံတကာသိအောင် ထောက်ပြနိုင်တယ်။ ကျနော် ဗမာပြည်ပြန်ရင် ကြိုက်တဲ့မြို့က ကြိုက်တဲ့ နေရာမှာ ကြိုက်တဲ့ပုံစံနဲ့ စင်ထိုးပြီး သီချင်းဆိုလို့ မရနိုင်ဘူး၊ ဒီနိုင်ငံမှာ ရတယ်။ ကျနော် မြန်မာပြည်မှာ ဘွဲ့ရပြီး ၄ နှစ်လောက်ကြာမှ ၁၉၈၈ မှာ “လူ့အခွင့်အရေး” ဆိုတဲ့ စကားကို ကြားဖူးတာ။ ဘယ်လောက် အထိ ပိတ်ပင်ခံထားရလဲဆိုတာ စဉ်းစားကြည့်။ အခု ပြည်ပမှာ နှစ် ၂၀ ကျော်အတွင်း အခက်အခဲတွေ ကြမ်းတမ်းခက်ထန်မှုတွေ အများကြီး ဖြတ်ပြီး နော်ဝေး လူ့အဖွဲ့အစည်းထဲမှာ လူ့အခွင့်အရေးအရသာကို အပြည့်အ၀ ခံစားနေရတယ်။ ကိုယ့် ပြည်သူတွေ ကိုလည်း ခံစားစေချင်တယ်။
 
လက်ရှိ နော်ဝေးအစိုးရနဲ့ မြန်မာ ဆက်ဆံရေးကို ဘယ်လိုမြင်လဲ။
 
ဘယ်နိုင်ငံမဆို မိမိအကျိုးစီးပွားအပေါ် စိတ်ဝင်စားမှုနဲ့ပဲ ဆက်ဆံကြတာပါ။ တရုတ်ဝင်တာလည်း ဗမာတွေ ဘာဖြစ်နေလဲဆိုပြီး စဉ်စားပြီး ၀င်တာ မဟုတ်ဘူး။ သူတို့လိုချင်တာ ရဖို့ ၀င်တာပါ။ နော်ဝေး ကတော့ တရုတ်ထက်ယှဉ်ရင် နည်းနည်းသာတယ်လို့ ပြောလို့ရတာက မြန်မာနိုင်ငံကို ထောက်ပံ့ကူညီ တယ်။ မြန်မာတွေကို ဒုက္ခသည်အဖြစ် လက်ခံတယ်၊ ဒီမိုကရေစီရေးကို စဉ်းစားပေးတယ်။ ငြိမ်းချမ်း ရေးကို အကြောင်းပြုပြီး နော်ဝေး ၀င်တယ်ဆိုတာက မိမိတို့သြဇာနဲ့ ဂုဏ်သိက္ခာအပြင် မြန်မာ အပေါ် လွှမ်းမိုးတဲ့ တရုတ်နိုင်ငံရဲ့ သြဇာကို ပါးလွှာစေနိုင်တယ်။ စီးပွားရေးအကျိုးအမြတ်လည်း ရှိကြမှာပါ။ အခုလုပ်နေတဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ရေးကိစ္စ၊ သဘာဝဓာတ်ငွေ့ကိစ္စလည်း သူတို့ မရှုံးနိုင်ပါဘူး။
 
အခုအချိန်မှာ ပြန်သွားတဲ့ အနုပညာရှင်တွေလည်း ရှိကြတာပဲ၊ ကိုမွန်း ဗမာပြည် ပြန်ဖို့ အစီအစဉ်ရှိ လား။
 
တခြားအဆိုတော်တွေ ပြန်တာလည်း ရှိနေတာ ကြားပါတယ်။ သူတို့ ဘယ်တုံးက ထွက်ခဲ့တာလဲ၊ ဘယ်လို ထွက်ခဲ့တာလဲ၊ ဘာရည်ရွယ်ချက်နဲ့ ဘာကြောင့် ထွက်တာလဲဆိုတာ ကြည့်ဖို့ လိုမယ်ထင် တယ်။ ပြီးတော့ ဘယ်လိုပြန်သွားလဲ ဆိုတာပေါ့။ ကျနော်က ထွက်ကတည်းက ရည်ရွယ်ချက်နဲ့ အစီအစဉ်ရှိရှိ ထွက်လာတာ ဖြစ်တယ်။ ဒီအစီအစဉ်က အဆိုတော် မွန်းအောင်လို့ မဖြစ်ခင်ကတည်းက စိတ်ထဲမှာ ဆုံးဖြတ်ချက်ကျ ပြီးသား အစီအစဉ်ဖြစ်တယ်။ စိတ်ဓာတ်အရင်းခံတူတဲ့ ကျောင်းနေဘက် သူငယ်ချင်းတွေကြား ချိတ်ဆက် ထားတာတွေ ရှိတယ်။ ဒီနေ့ KIA က ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်နဲ့ ကျနော်တို့က ရင်းနှီးသူတွေ၊ ကျနော့် ထက်သူက နည်းနည်းငယ်တယ်၊ ကျောင်းသားဘ၀က တီးဝိုင်း အတူတီးတယ်၊ ၈၂ အင်းလျားမှာ ဘေ့စ်ဂစ်တာတီးတဲ့ အာခေါင်လွန်းက အခု ကေအိုင်အေ တပ်မဟာ (၁) ရဲ့ တပ်မဟာမှူးပါ။ ဒီလူတွေက စစ်သားတွေသာ ဖြစ်ကုန်တာ ကြမ်းတမ်းသူတွေ ရက်စက်တဲ့ လူတွေလည်း မဟုတ်ဘူးဗျ။ အနုပညာ သမား၊ ဂီတကို မြတ်နိုးတဲ့လူတွေ ...။
 
ဗမာပြည်သွားဖို့ ၀င်ပေါက်တောင် မနည်းရှာရအုံးမှာပဲ။ စစ်အုပ်စုက အပေါ်စီးမှာ နေတုန်းပဲ။ ၀င်ခွင့် အသနားခံစာ ရေး တောင်းရအုံးမယ်၊ မပေးရင် အရှက်ရအုံးမယ်။ ၀င်ခွင့်ရတော့လည်း ထောင်ထွက် တွေလို ၀န်ခံလက်မှတ်တွေနဲ့၊ ကျနော် သီချင်းဆိုခွင့် ရမရတောင် မပြောနိုင်ဘူး။ ဒီနိုင်ငံတွေမှာ စင်ပေါ်က အဆိုတော် ဘာပြောပြော၊ ဘာဆိုဆို ဘယ်ရဲကမှ နိုင်ငံရေးတို့၊ အစိုးရကို ဝေဖန်တယ်တို့ ဆိုတဲ့အမြင်မျိုးနဲ့ မချည်းကပ်ဘူး၊ ရဲအလုပ်က လုံခြုံရေး၊ ပွဲကြည့်သူ အနှောက်အယှက်မဖြစ်အောင် စောင့်ရှောက်ရေးပဲ။ ဗမာပြည် ပြန်ရင် သီချင်း လွတ်လွတ်လပ်လပ် ဆိုရမလား၊ ဒီသီချင်း မဆိုရဘူး၊ ဒီသီချင်းပဲဆို ဆိုတာမျိုးလား၊ ကျနော် နားလည်တာကတော့ ဦးသိန်းစိန်က လူကြားကောင်းအောင်ပဲ တံခါးဖွင့်ပေးတာပါ။ ကျနော်တို့ကို နိုင်ငံခြားသားလိုပဲ နေခိုင်းပြီး မလုပ်ရဘူး ဆိုတာတွေ မလုပ်ခိုင်းဘူး၊ အချိန်တန်ရင် ပြန်ခိုင်းမှာပဲ။ ဒီတော့ ကျနော် နော်ဝေးမှာပဲ သေချင်သေသွားပစေ ခေါင်းငုံ့ပြီးတော့ ပြန်မလာဘူး။ ဗမာပြည်သူတွေ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အပြည့်အ၀ရတဲ့အချိန်ပဲ ကျနော်တို့ အလိုရှိနေတာပါ။
 
နောက်ထပ် အခွေသစ် ထုတ်ဖို့ အစီအစဉ်ရှိလား။
 
ကျနော့်မှာ သီချင်းတွေလည်း ရှိတယ်၊ အစီအစဉ်လည်း ရှိပြီးသားပါ။ ခက်တာက နော်ဝေးမှာ ကျနော့် အတွက် ဂီတ မိတ်ဆွေမရှိဘူး၊ အစောတုန်းက နေ၀င်းဌေးနဲ့ တီးရင်း သီချင်းတွေ တိုက်နေတာ။ နောက်တော့ နေ၀င်းဌေးလည်း ဆုံးသွားတော့ အခု လက်မောင်းတဖက် ပြုတ်သလို ဖြစ်နေတယ်။ သီချင်းတွေလည်း ရှိတယ်၊ အခွေလည်း ထုတ်ချင်ပါတယ်။ ဒါပေမယ့် မဖြစ်နိုင်သေးဘူး။ ကျနော့် သီချင်းတွေကိုတော့ အသုံးတည့်သူတွေ အခမဲ့ သုံးစွဲခွင့်ပြုထားပါတယ်။ တော်လှန်ရေး အတွက် လိုအပ် သလို သုံးနိုင်တယ်။ ဘယ်သီချင်းမှ ပိုက်ဆံမတောင်းသလို ဘယ်ပွဲမှလည်း ပိုက်ဆံတောင်းပြီး သီချင်း မဆိုခဲ့ပါဘူး။
 
ကိုမွန်းအောင် ပရိသတ်တွေကို ဘာပြောချင်သေးလဲ။
 
ကျနော် သီချင်းတွေချည်းဆိုနေမယ့် အနုပညာရှင် အဆိုတော် မဟုတ်ဘူးပေါ့ဗျာ၊ ပြီးတော့ သီချင်းဆိုပြီး ပိုက်ဆံရှာမယ့် အဆိုတော်လည်း မဟုတ်ဘူး၊ ပြီးတော့ နိုင်ငံရေးသမားလည်း မဟုတ်ဘူး။ ကျနော်ဟာ မဟုတ်မမှန်တာ မတရားတာ ဖိနှိပ်မှုတွေ၊ မျက်ရည်တွေ၊ အသက်တွေ ဘ၀တွေနဲ့ ဖတ်ခဲ့ဖူးတဲ့ စာတွေကို ရင်းနှီးပြီး တော်လှန်သွားမယ့် တော်လှန်ရေးသမားသက်သက် ဖြစ်တယ်။ ပြီးတော့ သီချင်းဆိုတဲ့ လူတယောက်၊ တော်လှန်ရေးအတွက် တော်လှန်ရေးသီချင်းတွေ ဆိုနေအုံးမယ့် တော်လှန်ရေးသမား တယောက် ဆိုတာပဲ သိစေချင်တာပါ။
 
ကိုညို (အော်စလို)
(ဒီအင်တာဗျူးဟာ မြစ်မခမီဒီယာအတွက် ရည်စူးရေးထားတာမို့ ပြည်တွင်းဂျာနယ်၊ မဂ္ဂဇင်းတွေ အသုံးပြုချင်ရင် မြစ်မခမီဒီယာနဲ့သာ ဆက်သွယ်ပါ)