Pages

Saturday, November 30, 2013

Kachin hte Myen Asuya a Yuptung Jahpan N'nan (Slg. NSang Tu Awng)



Pan Kachin Development Society (PKDS) ningbaw Sutdu Nsang Tu Awng hte KNG Jinghpaw Shiga Dap editor Lahpai Naw Din san shaga ai lam. Myen asuya a ningnan bai hta wa ai YUPTUNG JAHPAN hte Jinghpaw Wunpawng sha ni a matu shadi maja tsang ra ai lam hpa rai kun?

Tuesday, November 26, 2013

KIA's General Gun Maw Sumlut on Chiang Mai NCCT meeting



ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ "တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့" NCCT ရဲ့ ဆွေးနွေးပွဲကို ဒီနေ့စတင်ကျင်းပနေပါတယ်။ NCCT အဖွဲ့ရဲ့ ဒု-ဥက္ကဋ္ဌ (၂) ဖြစ်သူ KIA ဒုတိယ စစ်ဦးစီးချုပ်

Saturday, November 23, 2013

ပြိုင်တူတွန်း၇င် ရွှေ့ နိုင်ပါမည်

ပြိုင်တူတွန်း၇င် ရွှေ့ နိုင်ပါမည်


November 23, 2013
အညတြ ကချင်စစ်သည်ဟောင်း တစ်ဦး
အမေ၇ိကန်ပြည်ထောင်စု
တိုင်း၇င်းသား ခေါင်းဆောင်များကို ကြိုဆိုနေကြသည့် ကချင်ပြည်သူလူထု

မြန်မာ့နိုင်ငံေ၇းလောကမှာ တောက်လျှောက် အသုံးပြုလာကြတဲ့ စကားတွေထဲက “တိုင်း၇င်းသား စည်းလုံး ညီညွတ်ေ၇း” “ပြိုင်တူ တွန်း၇င် ရွှေ့ နိုင်ပါသည်” ဆိုတဲ့စကားနှစ်ခုဟာ ရှေ့ လျှောက် မြန်မာ့ နိုင်ငံေ၇း အပြောင်းအလဲအတွက် အင်မတန် အေ၇းကြီးပါသည်။
 
November 4-5, 2013 ပြည်ထောင်စု ငြိမ်းချမ်းေ၇း ဖေါ်ဆောင်ေ၇း လုပ်ငန်းကော်မတီ နှင့် တိုင်း၇င်းသား လက်နက်ကိုင်အဖွဲ့ တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွင် တစ်ပြည်လုံး အတိုင်းအတာ ဖြင့်  အပစ်အခတ် ၇ပ်စဲေ၇း(အကြို) ဆွေးနွေးမှုအတွက်ေ၇ာက်ရှိလာသော ABSDF ခေါင်းဆောင်များ အပါအ၀င် တိုင်း၇င်းသားခေါင်းဆောင်များ အားလုံးကို ထောင် သောင်း မကသော ကချင် တိုင်း၇င်းသား များနှင့် ကချင်ပြည်သူအချို့ တို့  သက်ဆိုင်၇ာ တိုင်း၇င်းသားလူမျိုးစုတို့  ၏ အမျိုးသားအလံများကိုင်ဆောင်ကာ အနာဂတ်ငြိမ်းချမ်းေ၇း အတွက် တခဲနက် ထောက်ခံ ကြိုဆိုမှုဟာ မြန်မာပြည်သူတို့ ၏ နိုင်ငံေ၇းအမြင်တို့  ကိုတိုးမြှင့်စေခဲ့ပါသည်။


တိုင်း၇င်းသား ခေါင်းဆောင်များကို ကြိုဆိုနေကြသည့် ကချင်ပြည်သူလူထု
 
အနှစ် (၅၀)ကျော် မြန်မာ့နိုင်ငံေ၇းကို လုံးဝ ချုပ်ကိုင်ခဲ့သော  ဗမာ့တပ်မတော်နှင့် ဗမာအမျိုးသားေ၇း ၀ါဒီ များ၏ အတွေးအခေါ်၊ စနစ် တို့ ကိုပြောင်းလဲပြစ်ဖို့ တနည်းအားဖြင့် ဗမာ့တပ်မတော်က မြန်မာ့နိုင်ငံေ၇းမှ နောက်ဆုတ်သွားစေနိုင်တဲ့ အဖြစ်နိုင်ဆုံး အခြေအနေ ၂ခုကို တွေ့ ရှိနိုင်ပါသည် -
 
၁။ တိုင်း၇င်းသား လက်နက်ကိုင် အဖွဲ့ အားလုံးစုပေါင်းပြီး ဗမာ့တပ်မတော်ကို စစ်ေ၇းအ၇ တိုက်ခိုက် ချေမှုန်းပြီး ဗမာ့တပ်မတော်ကို မြန်မာ့နိုင်ငံေ၇း ဇတ်ခုံပေါ်က ဆင်းသွားနိုင်အောင် လုပ်နိုင်မလား?
 
၂။  တိုင်း၇င်းသား လက်နက်ကိုင် အဖွဲ့ အားလုံး၊ အတိုက်အခံ နိုင်ငံေ၇းပါတီများ အားလုံးနှင့် တိုင်း၇င်းသား ပြည်သူလူထု အားလုံးတို့ လက်တွဲပြီး စုပေါင်းအင်အားဖြင့် ဗမာ့တပ်မတော်ကို မြန်မာ့နိုင်ငံေ၇း ဇတ်ခုံပေါ်က ဆင်းသွားနိုင်အောင် လုပ်နိုင်မလား?
 
(စာေ၇းသူအနေနှင့် လက်တွေ့ အားဖြင့်လုပ်ဆောင်နိုင်တဲ့ ဒုတိယအချက်ကို တောက်လျှောက် အားပေး ထောက်ခံ ပါတယ်)
 
နိုင်ငံေ၇းပါတီအများစု နှင့် တော်လှန်ေ၇းအင်အားစုများ၊ အတိုက်အခံအင်အားစုများ အားလုံး တွေ့ ဆုံ ဆွေးနွေးကြပြီးနောက် အနာဂတ် ဖယ်ဒ၇ယ်ပြည်ထောင်စု ပေါ်ပေါက်လာေ၇းမှာ ပြည်သူလူထု၏ ပါဝင်ထောက်ခံမှုဟာ အင်မတန် အေ၇းကြီးပါသည်၊ ထို့ ကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့  ပြည်သူလူထုမှ သောင်းသောင်းဖျဖျ ထောက်ခံအားပေးမှုမျိုးဟာ က၇င်ပြည်နယ် ဖါအံဆွေးနွေးပွဲ မှာသာ မက၊ နေပြည်တော်/ ၇န်ကုန် ဆွေးနွေးပွဲတွေမှာ တိုင်း၇င်းသား ပြည်သူလူထု၏ ထောက်ခံ အားပေးမှု တို့  ဟာ အနာဂတ် ငြိမ်းးချမ်းေ၇းနှင့် ဖယ်ဒ၇ယ်ပြည်ထောင်စု ပေါ်ပေါက်လာေ၇းမှာ အသက် တမျှအေ၇းကြီးပါကြောင်း တင်ပြလိုက်၇ပါသည်။

Friday, November 22, 2013

နိုင်ငံရေးပါတီနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆွေးနွေးရာမှာအမြင်သဘောထားတွေနီးစပ်တယ်လို့ပြောဆို

UNFC နှင့် ပြည်တွင်း နိုင်ငံရေး ပါတီများ အပြန်အလှန် ဆွေးနွေးခြင်း

UNFC နှင့် ပြည်တွင်း နိုင်ငံရေး ပါတီများ အပြန်အလှန် ဆွေးနွေးခြင်း

Friday, 22 November 2013 11:35 Written by ရွှေဟင်္သာ သတင်းဌာန

UNFC နှင့် ပြည်တွင်းနိုင်ငံရေး ပါတီများ စုပေါင်း
 
အစိုးရ ငြိမ်းချမ်းရေး စင်တာ (MPC) မှ စီစဉ်သော ပြည်တွင်း နိုင်ငံရေး ပါတီများနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ယနေ့နံက်(၉) နာရီတွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်ဟု ဆွေးနွေးပွဲကို တက်ရောက် ခဲ့သော ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ဥက္ကဌ အေ ဘယ်လ်ဒွိက ဆိုပါသည်။
 
ချုပ်ပြီး ပြောရရင်တော့ ကျနော်တို့ UNFC ဖက်ကတော့ တိုင်းရင်းသား တွေရဲ့ တပ်ပေါင်းစု ဖြစ်ပေါ်လာပုံ ကို အသေးစိပ် ကိုတင်ပြရှင်း လင်းခဲ့တယ်။ ပြီးတော့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောထား ဖြစ်တဲ့ လိုင်ဇာဘုံ သဘော တူညီချက် တွေကို ရှင်းလင်း တင်ပြ ခဲ့တယ်လေ။ဟုဆိုပါသည်။
 
ထိုတင်ပြချက် များအပေါ် အပြန်အလှန် အမြင်ချင်း ဖလှယ်ကြ သည်ဟု ဆိုပါသည်။ ထိုတင်ပြချက် ထဲတွင် ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေး ကိစ္စကို တချို့က ထောက်ခံကြ သလို၊ တချို့က အပြုသဘော ဝေဖန် ထောက်ပြ ခဲ့ပါသည်။ အ ထူးသဖြင့် ဖက်ဒရယ် တပ်မတော် ကိစ္စ ဖွဲ့စည်းရေး သည် အစိုးရ စစ်တပ်က လက်ခံ လိမ့်မည် မဟုတ်ကြောင်း ထောက်ပြကြခြင်း ဖြစ်ပါသည်။
 
ပြည်တွင်း တိုင်းရင်းသား ပါတီများ ဖက်ကမူ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ အပစ် အခတ် ရပ်စဲရေး နှင့် နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ ကိစ္စရပ်များ အပေါ် လက်နက်ကိုင် တိုင်းရင်းသားများ ၏ သဘောထားနှင့် ရင်းနှီးမှုကို ရရှိရန် တင်ပြဆွေးနွေး ခဲ့ကြသည်ဟု ဆိုပါသည်။
 
အထူးသဖြင့် တပြည်လုံး အပစ်အခတ် ရပ်စဲရေးကိစ္စကို အသားပေး ဆွေးနွေးခဲ့ ကြပါသည်။ အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ် ရေးထိုးခြင်း အပေါ် တိုင်းရင်းသား တို့၏ သဘောထား အမြင်များကို မေးမြန်းခဲ့ပါသည်။
 
အစိုးရသည် အားလုံး ပါဝင်သည့် ငြိမ်းချမ်းရေး ညီလာခံကြီး တစ်ရပ် ကျင်းပရန် သမ္မတတွင် အစီစဉ် ရှိကြောင်း၊ ဤကဲ့သို့ ကျင်းပရန် ရှိသည့် ကျယ်ပြန့်သော ငြိမ်းချမ်းရေး ညီလာခံအတွက် ပြည်တွင်း နိုင်ငံရေး အဖွဲ့အစည်းများ သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ သဘောထား များကို သိရှိ ထားစေရန် နှင့် ရင်းနှီးမှုများ ရှိစေရန် ရည်ရွယ်ပြီး စီစဉ်ခြင်း ဖြစ်သည်ဟု မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ဦးညိုအုန်းမြင့်က ဆိုပါသည်။
 
ယခု အမြင်ဖလှယ်ပွဲသို့ ပြည်တွင်း နိုင်ငံရေးပါတီ (၁၁)ဖွဲ့မှ တက်ရောက်ခဲ့ ပါသည်။ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ ဒီမိုကရေ စီနှင့် ငြိမ်းချမ်းရေး ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ကရင် ပြည်သူ့ပါတီ၊ ချင်း တိုးတက်ရေးပါတီ၊ ချင်းအမျိုးသား ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မတူကွဲပြား ခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီများမှ ကိုယ်စားလှယ် (၁၁)ဦး တက်ရောက် ခဲ့ပါသည်။ ထိုထဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် မူလက လာရောက် ရန် စာရင်းပေး ထားသော်လည်း နောက်ပိုင်းတွင် လာရောက်ခြင်း မရှိဟု (UNFC) ဖက်က ဆိုပါသည်။
 
တက်ရောက်ခဲ့သော (UNFC) ကိုယ်စားလှယ်များ မှာ နိုင်ဟံသာ၊ အေဘယ်လ်ဒွိ၊ စောဒေးဗစ် သာကပေါ၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဗိုလ်ချုပ် ဂွန်မော်၊ ခိုင်စိုး နိုင်အောင်၊ ဗိုလ်မှူးကြီး ဖိန်ဖ၊ ဆော်လမွန် ၊ကိုထွန်းဇော်၊ တာအိုက်ဖုန်း ၊ ဒေါက်တာလဂျာ ၊ဗိုလ်မှူးကြီး ဂျဲလ်နက် ၊ SSPP နိုင်ငံခြားရေး ဌာနမှ ကိုယ်စားလှယ် တစ်ဦးတို့ တက်ရောက်ခဲ့ပါ သည်။
 
ဤသည် UNFC နှင့် ပြည်တွင်း နိုင်ငံရေး အဖွဲ့အစည်းတို့ ပြည်ပတွင် ပထမဆုံး အကြိမ် တရားဝင် တွေ့ဆုံခွင့် ရရှိခဲ့ခြင်း ဖြစ် ပါသည်။ ပြည်တွင်း နိုင်ငံရေး ပါတီများ ၏ ဤခရီးစဉ် သည် နိုဝင်ဘာ (၂၁) ရက်မှ(၂၄) ရက်နေ့အထိ ကြာမြင့် မည်ဖြစ်ပြီး အဆိုပါ ပြည်တွင်း နိုင်ငံရေးပါတီ (၁၁) ဖွဲ့သည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ နှင့် ယနေ့ညနေ (၃) နာရီတွင်၎င်း တဆက်တည်းတွင် အမျိုးသမီး အဖွဲ့ချုပ် (မြန်မာနိုင်ငံ)နှင့် လည်း တွေ့ဆုံ ခဲ့သည်ဟု ဦးညိုအုန်း မြင့်က ဆိုပါသည်။

Sunday, November 17, 2013

Saturday, November 16, 2013

DVB -ကချင်လွတ်လပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်း နှင့် တွေ့ဆုံမေးမြန်းခြင်း



DVB TV -ကချင်လွတ်လပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်း နှင့် တွေ့ဆုံမေးမြန်းခြင်း တင်ဆက် - အေးနိုင်

Tuesday, November 12, 2013

Sunday, November 10, 2013

ကမ္ဘာ့အရှည်လျားဆုံး လက်နက်ချ အညံ့ခံရေးစာချုပ်

ကမ္ဘာ့အရှည်လျားဆုံး လက်နက်ချ အညံ့ခံရေးစာချုပ်

တူမောင်ညို (၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်)



“မြစ်ကြီးနားစကားပြောပွဲ” ၌ အစိုးရဘက်မှ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများထံ ပေးအပ် ခဲ့သည့် “အခန်း ၁၄ ခန်း၊ အချက် ၂၅ ချက်” ပါဝင်သည့် “စာချုပ်” ဆိုသည်ကို မိတ်ဆွေတစ်ဦးက အင်တာ နက် မှတစ်ဆင့်ပို့လာသဖြင့် ဖတ်ရပါသည်။
 
“စာချုပ်”၏ အမည် အပြည့်အစုံမှာ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ အကြား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေး သဘောတူညီ ချက်စာချုပ်” ဟူ၍ဖြစ်ပါသည်။
 
“စာချုပ်” ၌ နိဒါန်း၊ အခန်း (၁) မှ (၁၄) ထိ ပါဝင်ပြီး၊ အချက်ပေါင်း ၂၅ ချက်ပါရှိပါသည်။ သက်ဆိုင်ရာ အချက်များအောက်တွင် အချက်အလက်ခွဲငယ်များကို မြန်မာအက္ခရာစဉ်လျက် ဖော်ပြ ထားပါသေးသည်။
 
ဤ“ စာချုပ်” ဆိုသည်ကို တစ်ခွန်းထဲနှင့်ခြုံ၍ပြောရလျှင် “လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်/ ချွင်းချက်မရှိ လက်နက်ဖျက်သိမ်း ရေး” ပင် ဖြစ်သည်။
 
“စာချုပ်” တွင် လုံးဝဖေါ်ပြထားခြင်းမရှိသည့် စကားလုံး ၂ လုံးမှာ “ပြည်တွင်းစစ်” နှင့် “စစ်ဘေး ဒုက္ခသည်” ဆိုသည့် စကားလုံး ၂ လုံး ပင်ဖြစ်သည်။ ပြည်တွင်းစစ်သည် နယ်စပ်ဒေသ တိုင်းရင်းသားများကိုသာ အများဆုံး ထိခိုက်နစ်နာခဲ့သည် မဟုတ်ပါ။ တပြည်လုံးရှိ လူမျိုးပေါင်းစုံ ပြည်သူများဘဝသည် ချွတ်ခြုံကျ မွဲတေစေခဲ့ပြီး၊ တိုင်းပြည်သည် အဆင်းရဲဆုံးနိုင်ငံ(LDC) ဘဝသို့ ကျရောက်ခဲ့ရပါသည်။ ဤအချက်နှင့် ဗြောင်းပြန်လိုဖြစ်နေသည့်အချက်မှာ အုပ်စိုးသူအစိုးရ အဆက်ဆက်ထိပ်သီးများမှာ သန်းကြွယ်သူဌေးကြီး ကဲ့သို့ ချမ်းသာ ကြွယ်ဝသူများ ဖြစ်လာကြသည့် အချက်ပင်ဖြစ်ပါသည်။ “ပြည်တွင်းစစ်” သည် အုပ်စိုးသူများများ အတွက် ဒီရေအလား ချမ်းသာ ကြွယ်ဝ စေခဲ့ပြီး တိုင်းပြည်နှင့်လူမျိုးစုံပြည်သူများကို ကုန်းကောက်စရာမရှိအောင် မွဲပြာကျစေခဲ့ ပါသည်။ “ပြည်တွင်းစစ်” ဆိုသည့်စကားလုံးကို “လက်နက်ကိုင် ပဋိပက္ခ” ဆိုသည့် စကားလုံးနှင့် တမင်ရောထွေးပြီး ဖုံးကွယ်ထားသည်။
 
အရိပ်အမြွက်မျှပင် မပါရှိသည့် အခြားစကားလုံး တစ်လုံးမှာ “ဖက်ဒရယ်” ဟူသည့်စကားလုံးဖြစ်သည်။
 
အပစ်အခတ်ရပ်စဲခြင်းကိုပင် “တည်ဆဲဥပဒေများနှင့် မဆန့်ကျင်ဘဲ အပစ်အခတ်ရပ်စဲခြင်း” ဟူ၍ ကြိုတင် ချည်တုတ်ထားပါ သည်။ ထို့အပြင် “ယခင်က ချုပ်ဆိုခဲ့သော တည်ဆဲဥပဒေနှင့် မဆန့်ကျင်သည့် သဘောတူညီချက်များအား အသိအမှတ်ပြုခြင်း” ဟု ဖော် ပြထားသည်။
 
အဓိပ္ပါယ်မှာ “ယခင်က ချုပ်ဆိုခဲ့သော သဘောတူညီချက်များ” တွင် တည်ဆဲဥပဒေများနှင့် ဆန့်ကျင် နေသည့် အချက်များပါရှိ နေသည်ကို ဝန်ခံလိုက်ခြင်းဖြစ်ပြီး၊ ထိုအချက်များကို ယခုလက်ရှိ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရက လက်မခံ၊ အသိအမှတ်မပြုဟု ဆို ခြင်းဖြစ်သည်။
 
ဤအချက်က (နဝတ-နအဖ) စစ်အစိုးရလက်ထက် ထောက်လှမ်းရေးဗိုလ်ခင်ညွန့် နှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ အပေးအယူလုပ်ပြီး သဘောတူထားခဲ့ကြသည့် (ပါတီအဖွဲ့အစည်း၊ လွတ်မြောက် နယ်မြေ၊ တပ်၊ လက်နက် အစရှိသော ) အချက်များကို အသိအမှတ်မပြုဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုစဉ်က KIO အဖွဲ့တစ်ခုတည်းနှင့်သာ စာချုပ်ချုပ်သည်ဟု ကြားခဲ့ရဖူးသည်။ နှစ်ဦးနှစ်ဖက် ဘာတွေအပေးအယူ လုပ်ပြီး သဘောတူညီခဲ့ကြသည်ကို သက်ဆိုင်သူများကထုတ်ပြောလျှင် တိုင်းပြည်နှင့် လူထုကသိရှိပြီး အကြောင်းနှင့် အကျိုးကို အကဲဖြတ်နိုင်ကြပေလိမ့်မည်။
 
“လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ” ဟူ၍ ရေးသာဖော်ပြ ထားသည်မှာ လက်တွေ့ အားဖြင့် “ပြည်တွင်းစစ်”ဆိုသည့် စကားလုံးကို ရှောင်ရှားပြီး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများအား “အကြမ်းဖက်အဖွဲ့အစည်း များ” အဖြစ် တမင်တကာ သွယ်ဝိုက် ဖော်ပြလိုက်သလိုလည်းဖြစ်နေသည်။ ရခိုင်ပြည်နယ်၊ မိတ္တီလာ၊ လားရှိုး၊ ကန့်ဘလူ ထန်းကုန်းတို့၌ ပေါ်ပေါက်ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမျိုးရေးအရေခြုံ၊ လူသတ်၊ မီးရှို့သည် အကြမ်းဖက်မှု များသည်ပင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၏ တာဝန်မကင်း သယောင် ဖော်ပြထားသည်မှာ မိုက်မဲလှသည့် ကြံစည်မှုပင်ဖြစ်သည်။
 
ထို့အပြင် “ပြည်ထောင်စုအတွင်းမှီတင်းနေထိုင်ကြသော နိုင်ငံသားအားလုံးကို ထိခိုက်နစ်နာခြင်းများ၊ လုံခြုံမှုကင်းမဲ့ခြင်း များနှင့် စိုးရိမ်ထိတ်လန့်ခြင်းများ ဖြစ်ပေါ်ခံစားစေခဲ့သည့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန်” ဆိုသည့်ဖော်ပြချက်မှာ အပြင်းထန်ဆုံး ဗြောင်အကျဆုံး ထိုးနှက်စော်ကားသည့် အချက်ပင် ဖြစ်သည်။
 
“အတိတ်ဖြစ်ရပ်များ အပေါ် တစ်ဦးနှင့် တစ်ဦးအပြစ်မတင်ဘဲ” ဆိုသည့်အချက်ကလည်း ပြည်တွင်းစစ် အတွင်း တိုင်းပြည် အနှံ့စစ်တပ်၏အကြမ်းဖက်မှုများဖြစ်သော လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ ကျေးရွာများ နှင့်ဘာသာရေးအဆောက်အအုံများကို မီးရှို့ဖျက်ဆီး ခြင်း စသည့်ရာဇဝတ်ပြစ်မှုများကို တမင်တကာ ဖုံးကွယ်လိုက်ခြင်း လည်းဖြစ်သည်။
 
ပြည်တွင်းစစ်၌ ပါတီအဖွဲ့အစည်းများ လက်နက်ကိုင်ခဲ့ကြရသည်မှာ အကြောင်းမဲ့သက်သက် သွေးဆာ၍ မဟုတ်၊ ရန်လိုမုန်းတီး ၍မဟုတ် မိမိတို့မွေးရာအခွင့်အရေးများ ကိုငြိမ်းချမ်းစွာ တောင်းဆို ခဲ့ကြသည်။
 
သို့သော်လည်းအုပ်စိုးသူအစိုးရအဆက်ဆက်သည် လက်နက်ဖြင့် အကြမ်းဖက်ဖိနှိပ် သတ်ဖြတ် ချေမှုန်းခဲ့ ကြသည်။ သို့ဖြင့် မိမိတို့ ဘဝရှင်သန်ရပ်တည်နိုင်ရေးနှင့် မိမိတို့လိုလားချက်များ ဆက်လက် တောင်းဆို နိုင်ရေးအတွက် မလွှဲသာမရှောင်သာ ရရာလက်နက်စွဲကိုင် ပြီး ခုခံတော်လှန်စစ် ဆင်နွှဲခဲ့ကြရခြင်းသာ ဖြစ်သည်။
 
ထို့အပြင် အကြမ်းဖက်ရန်လိုဖိနှိပ်မှုတွေတည်ရှိနေသမျှ “ လက်နက်ဖြင့် အကြမ်းဖက် ဖိနှိပ်စစ်ပြု လာသည်ကို လက်နက်စွဲကိုင် ခုခံတော်လှန်ခြင်းသည် တရားမျှတပြီး အစဉ်မှန်ကန်နေမည့် တရားသည့် လုပ်ရပ်” ဖြစ်မြဲဖြစ်နေပေလိမ့်ဦးမည်။
 
ယနေ့ကာလတွင် လတ်တလော စေ့စပ်ဆွေးနွေးကြရမည့်ကိစ္စမှာ နှစ်ဦးနှစ်ဖက် အတိုက်အခိုက် ရပ်စဲကြ ရေးသာဖြစ်သည်။
 
ယုံကြည်ချက် ခံယူချက်၊ နှင့်နိုင်ငံရေးလမ်းစဉ်ကို စွန့်လွှတ်ရန်မဟုတ်ချေ။ စွန့်လွှတ်ရန် တောင်းဆိုခြင်း သည် ရိုင်းစိုင်းသော၊ ရန် လိုသော အပြုအမူတစ်ရပ်ပင်ဖြစ်သည်။
 
မည်သည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ၌မဆို၊ သွေးဆာရန်လိုနေသည့် လက်နက်ကိုင် လမ်းစဉ်ဟူ၍မရှိနိုင်။
 
မိမိတို့၏နိုင်ငံရေးတောင်းဆိုချက်ကို ဆက်လက်ရပ်တည်ကိုင်စွဲ၊ တောင်းဆိုနိုင်ရန်အတွက် လက်နက် ကိုင်စွဲထားရခြင်းသာ ဖြစ် သည်။ နိုင်ငံရေးပြဿနာကိုသာ တန်းတူရည်တူ၊ ဒီမိုကရေစီ နည်းကျ ဖြေရှင်းနိုင်ခဲ့မည်ဆိုလျှင် မည်သူသည် လက်နက်ကိုဖက်တွယ်နေ မည်နည်း။
 
လက်နက်ဖြင့် အကြမ်းဖက်ဖိနှိပ်အုပ်စိုးမှုရှိနေသမျှ၊ နိုင်ငံရေးရည်မှန်းချက်များ ပြည့်ပြည့်ဝဝ မရရှိသေး သမျှ၊ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းဖြင့် အပြီးသတ်ပြေလည်အောင် မဖြေရှင်းနိုင်သေးသမျှ၊ လက်နက်ကိုင် ထားကြရလိမ့်ဦးမည်။ (ဖဆပလ)အစိုးရမှသည် ယနေ့ကြံ့ဖွံ့အစိုးရအထိ အုပ်စိုးသူ အစိုးရအဆက်ဆက်ထံ လက်နက်နှင့် ဒီမိုကရေစီ၊ လက်နက်နှင့် ငြိမ်းချမ်းရေး၊ လက်နက်နှင့်ကားပါမစ် စသဖြင့်လဲလှယ်ခဲ့ကြသည့် ဖြစ်ရပ်မျိုးစုံ ဖြစ်ပွားပေါ်ပေါက်ခဲ့ဖူးပါသည်။ ထိုသို့လဲလှယ်ခဲ့ကြသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တို့ကို ခေတ်ပြိုင် သမိုင်းက မည်သို့ အကဲဖြတ်၊ မှတ်တမ်းတင်သည်ကို ဦးနှောက်ပုံမှန်ရှိသည့် လူတိုင်းသိပါသည်။
 
စာချုပ်၏ အခန်း ၃ နှင့် ၄ တွင် ဖော်ပြထားချက်များသည် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်း များအား ချွင်းချက်မရှိ အလုံးစုံချုပ်ကိုင်မှုပင်ဖြစ်သည်။ ယင်းသို့ချုပ်ကိုင်နိုင်ရေး လုပ်ငန်းစဉ်အဆင့် ဆင့်ကို အခန်း (၈) တွင်ဖေါ်ပြထားသည့် “အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ” လက်တွေ့အကောင်အထည်ဖော်လိမ့်မည်ဖြစ်သည်။
 
ယင်းသို့အဖက်ဖက်က အပိုင်ချည်ပြီး၊တုတ်ပြီးဖြစ်ချိန်တွင် (လက်မှတ်ရေးထိုးပြီးနောက်၂လ အတွင်း) ပြည်ထောင်စုလွှတ်တော် ၏ သဘောတူညီချက်ဖြင့် “နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု စတင်ဆောင်ရွက် ရန်” ဟူ၍ ဖော်ပြထားသည်။
 
ချွင်းချက်မရှိ လက်နက်ချပြီးမှသာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုစတင်ဆောင်ရွက်ရန်နှင့် “မတရား အသင်း အက်ဥပဒေအရ အရေး ယူခံထားရသူများအပေါ် ဖြေလျှော့ပေးရေးဆောင်ရွက်မည်” ဟုဆို သည်။
 
အခန်း (၁၄) သည် ဤစာချုပ်၏ နောက်ဆုံးအခန်းဖြစ်ပြီး “သဘောတူညီချက်စာချုပ် လက်မှတ်ရေး ထိုးခြင်း” ဖြစ်သည်။
 
“ဤ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်ကို ၂၀၁၃ ခုနှစ်၊ —– လ၊ —— ရက်နေ့တွင် နှစ်ဦးနှစ်ဖက်မှ အောက်ပါတိုင်းလက်မှတ်ရေးထိုးကြပါသည်” ဟူ၍ဖေါ်ပြထားရာ အဆိုပါစာပိုဒ်တွင်ပါရှိသော“၂၀၁၃”ဆိုသည်ကို ဖြုတ်ပယ်၍ —– ခုနှစ်၊ —— လ နှင့် ——- ရက် စသဖြင့် ကွက်လပ်ကလေးများထားရှိပါပေးရန် “နိုင်ငံတော်အစိုးရ” ထံ စေတနာဖြင့် အကြံပြုလိုက်ပါသည်။
 
(ကာလုံ) တွင် ပြုစုရေးဆွဲခဲ့သော ဤ “စာချုပ်” သည် “ကမ္ဘာ့အရှည်လျားဆုံး လက်နက်ချအညံ့ခံရေး စာချုပ်” အဖြစ် ဂင်းနစ် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းဝင်နိုင်လိမ့်မည်မျှော်လင့်ပါသည်။

Thursday, November 7, 2013

ETHNIC ARMED ORGANIZATIONS CONFERENCE LAIZA ACCORD NOVEMBER 2, 2013

တိုင်း၇င်းသားလက်နက်ကိုင်တော်လှန်ေ၇းအဖွဲ့ များ၏ တစ်နိုင်ငံလုံးအပစ်အခတ်၇ပ်စဲေ၇းဆိုင်၇ာ ဘုံသဘောထား၇ပ်တည်ချက်များ
 




 
 
 

Friday, November 1, 2013

VOA Burmese News ကချင် ရှေ့တန်းစစ်မြေပြင် အခြေအနေ



KIA ကချင်လွတ်မြောက်ရေးတပ်က ဗိုလ်မှူးကြီး ဇော်ဂေါင်နဲ့ ရှေ့တန်းစစ်မြေပြင်မှာ တွေ့ဆုံပြီး တိုက်ပွဲ အခြေအနေတွေကို ကိုဇော်ဝင်းလှိုင်က သွားရောက်တွေ့ဆုံမေးမြန်းထားတာပါ။

နိုင်ငံရေး ဆွေးနွေးရန် အာမခံချက်ရှိမှ အပစ်ရပ်စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်များ လက်မှတ်ထိုးမည်

နိုင်ငံရေး ဆွေးနွေးရန် အာမခံချက်ရှိမှ အပစ်ရပ်စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်များ လက်မှတ်ထိုးမည်

Eleven
Created on Friday, 01 November 2013

နိုဝင်ဘာ ၁ ရက်က ပြုလုပ်သော လိုင်ဇာထိပ်သီး ဆွေးနွေးပွဲတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်း နှင့် တာဝန်ရှိသူ အချို့တို့ကို တွေ့ရစဉ်

နိုင်ငံရေး ဆွေးနွေးရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် အာမခံချက်ရှိမှ အစိုးရဘက်က လိုလားသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် များက လက်မှတ်ထိုးမည်ဟု လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်များက အကျေအလည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
 
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ ပါဝင်တက်ရောက် ဆွေးနွေးနေသော လိုင်ဇာထိပ်သီး ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေးကိစ္စကို ဦးစားပေး ဆွေးနွေးလိုသော အဖွဲ့များ၊ အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲကို ပူးတွဲလုပ်ဆောင်လိုသော အဖွဲ့များဟူ၍ ကွဲပြားမှုရှိခဲ့ပြီး အဆုံးသတ်အားဖြင့် အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲသည် ခွဲခြား၍မရဟု ဆုံးဖြတ်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
 
''အဓိကကတော့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာချုပ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပတ်သက်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ဒါကို ဆွေးနွေးတယ်။ နိုင်ငံရေး ဆွေးနွေးပွဲနဲ့ အပစ်အခတ် ရပ်စဲရေး ခွဲလို့မရဘူး'' ဟု အပစ်ရပ်ရေးအပေါ် တိုင်းရင်းသားများ၏ ဘုံသဘောထားကို ဦးဆောင် ရေးဆွဲခဲ့သော ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက နိုဝင်ဘာ ၁ ရက်တွင် ပြောကြားသည်။
 
''လက်ရှိအခြေအနေအရ အပစ်ရပ်နဲ့ နိုင်ငံရေး ဘယ်ဟာကို ဦးစားပေး ဆွေးနွေးနေသလဲ။ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ ချဉ်းကပ်မှုနဲ့ ကျွန်တော်တို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ အဲဒီချဉ်းကပ်မှု ထဲမှာတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး မလုပ်ဘဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲက မစနိုင်ဘူး။ ဒါပေမဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို အာမခံချက် မရှိဘဲနဲ့လည်း ကျွန်တော်တို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို လက်မှတ် မထိုးနိုင်ဘူး။ အဲဒါဒွန်တွဲနေတယ်။ ဆက်စပ်မှု ရှိနေတယ်။ ဒါပေမဲ့ ပထမကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးပဲ ဖြစ်ပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။
 
နိုင်ငံရေး ဆွေးနွေးရာတွင် မပါမဖြစ် ပါရမည့်အချက်မှာ ပင်လုံစိတ်ဓာတ်ကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးပင် ဖြစ်ကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောကြားသည်။
 
''မပါမဖြစ် ပါရမယ့် အချက်ကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးအားလုံး နှစ်ပေါင်း ၆၀ ကြွေးကြော်လာတဲ့ ပြည်ထောင်စုကို ပင်လုံစိတ်ဓာတ်၊ ပင်လုံမူနဲ့ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု စနစ်နဲ ပြန်လည် ထူထောင်ရမယ်။ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးအားလုံး ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်အားလုံးကို ဒီမိုကရေစီ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးတဲ့ ပြည်နယ်တွေ ဖွဲ့စည်းပြီးတော့ ပြည်ထောင်စု ပြန်လည်တည်ထောင် သင့်တယ်ဆိုတာပါပဲ ဖြစ်ပါတယ်'' ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းက ဆိုသည်။
 
လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲတွင် အပစ်ရပ် စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ သဘောထား ကို ဆုံးဖြတ်ချက် ချမည်ဖြစ်ပြီး ထိုသဘောထားကို လက်ခံခြင်း၊ လက်မခံခြင်းမှာ အစိုးရနှင့် သက်ဆိုင် မည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တွဲဖက် အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက နိုဝင်ဘာ ၁ ရက်တွင် ပြောကြားသည်။
 
''မြစ်ကြီးနားမှာ အစိုးရကို ရှင်းပြသွားမှာပါ။ ဆွေးနွေးလို့တော့ မရသေးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် တို့ ပြောတဲ့ဟာတွေများတော့ သူကလည်း ချက်ချင်းရတယ်၊ မရဘူး တုံ့ပြန်နိုင်မှာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ကတော့ ဒါတွေအားလုံး ညီညီညွတ်ညွတ်နဲ့ ရထားတယ်ဗျာဆိုပြီး ရှင်းပြရုံပေါ့'' ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
 
ယခုထိပ်သီး ဆွေးနွေးပွဲရလဒ်ကို အစိုးရက လက်ခံမည်ဆိုပါက နိုဝင်ဘာလအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ ဖြစ်လာရန် ရှိ၊ မရှိ ဆိုသည်မှာလည်း အစိုးရ အပေါ်တွင်သာ မူတည်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
 
''အစိုးရပေါ် မူတည်တယ်။ ကျွန်တော်တို့ ပေးလိုက်တဲ့ဟာကို အားလုံးကောင်းတယ်၊ လက်ခံတယ်၊ သမ္မတကြီးလည်း လက်မှတ်ထိုးမယ်ဆိုရင် ဖြစ်နိုင်တယ်။ ကျွန်တော်တို့ ဘက်ကတော့ ပြဿနာ မရှိဘူး လေ။ ကျွန်တော်တို့ လိုချင်တာ ရေးထားပြီးပြီကိုး။ ပြဿနာက အစိုးရဘက်မှာ ရှိတာပေါ့။ ဒါတို့လည်း တူတယ်ကွာ၊ ဒါမှမဟုတ် လိုတိုး ပိုလျှော့ လုပ်မယ်ဆိုရင်လည်း ဒါသူတို့အပေါ် မူတည်တာပေါ့။ ကျွန်တော် တို့ကတော့ ပစ္စည်း ရောင်းသလိုပေါ့။ ဈေးကို ပြောလိုက်ပြီလေ။ သူတို့ဝယ်နိုင်ရင်ဝယ်။ ၀ယ်နိုင်ရင် အရောင်းအ၀ယ်ဖြစ်ရင် လက်မှတ်ထိုးပေါ့'' ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
 
ချင်းအမျိုးသားတပ်ဦး (CNF) ၏ အဓိပတိကောင်စီဝင်ဖြစ်ပြီး တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(WGEC) အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက နိုဝင်ဘာ ၁ ရက်တွင် ထုတ်လွှင့်ခဲ့သော သမ္မတမိန့်ခွန်းတွင် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အကောင်းဘက်မှ မျှော်လင့်ကြောင်း ထည့်သွင်းပြောဆိုခြင်းကို ၀မ်းသာကြောင်း ပြောကြားသည်။
 
''ကျွန်တော်တို့ ၀မ်းသာပါတယ်။ ကျွန်တော်တို့လည်း အကောင်းဆုံး ဖြစ်လာဖို့ ကြိုးစားနေပါတယ်။ သူမျှော်လင့်တဲ့အတိုင်း ပြည် သူလူထုအားလုံး မျှော်လင့်တဲ့အတိုင်း ကျွန်တော်တို့ အကောင်းဆုံးရလဒ်ကို ဒီကနေ ထုတ်နိုင်မယ်လို့ ကျွန်တော်တို့ အများကြီး မျှော်လင့်ပါတယ်'' ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းက ဆိုသည်။
 
သို့သော် ယခုဆွေးနွေးပွဲအပြီး မြစ်ကြီးနားတွင် ပြုလုပ်ရန်ရှိသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ လိုင်ဇာ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်သည့် တိုင်းရင်းသား လက်နက်ကိုင် အားလုံးတက်မည်၊ မတက်မည် ဆိုသည်ကို ဆက်လက် ဆွေးနွေးနေကြောင်း နိုဝင်ဘာ ၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။
 
''မြစ်ကြီးနားကို အားလုံးတက်ဖို့ကတော့ အားလုံးသွားပြီး တက်မလား။ စုပေါင်းပြီးတော့ တချို့တစ်ဝက် တက်မလား။ အရေးကြီးတဲ့ ခေါင်းဆောင်လောက်ပဲ တက်မလားဆိုတာ ကျွန်တော်တို့ ဆက်လက် ဆွေးနွေးမှာ ဖြစ်ပါတယ်'' ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။