Pages

Thursday, June 26, 2014

Eurosatory 2014: France's Nexter exports Nerva UGV to Myanmar

 

Land Platforms

Eurosatory 2014: France's Nexter exports Nerva UGV to Myanmar

Guillaume Belan, Paris - IHS Jane's Defence Weekly
14 June 2014

Nexter Robotics has delivered two Nerva UGVs to Myanmar. Source: IHS/Patrick Allen

Nexter Robotics has delivered two Nerva mini unmanned ground vehicles (UGVs) to Myanmar, the company confirmed to IHS Jane's at Eurosatory 2014 in Paris.

The two 4 kg Nerva 4x4 mini-robots will be tested by Myanmar and could meet a total requirement estimated at 50 robots. Myanmar ordered the systems in November 2013.



Nerva has been designed to meet military specifications, and is designed for all-weather, all-terrain usage, with a robust (throwable) design and is backpack transportable.

Designed for military users, Nerva is being sold under civilian contract for Myanmar, in order to avoid any blockade from French government export commission. Accordingly, the system's electro-optic infrared (EOIR) sensor has been downgraded in order not to fall foul of export restrictions of military technology to Myanmar. They have, however, been fitted with additional battery packs to provide an improved 24 hours of operational capability.

Speaking to IHS Jane's , company director Joël Morillon said that Nexter Robotics has also entered into advanced negotiations with Vietnam and the Philippines to provide 10 robots to each country.

First showcased in Paris at Eurosatory 2012, this is the first contract for the Nerva UGV. The system has also been tested by the French Army's 13th Parachute Dragoon Regiment special forces unit. Their "impressions were enthusiastic" Morillon said. France's Gendarmerie special forces unit, the GIGN, is also understood to soon begin trials of a Nerva fitted with non-lethal weapons systems.

The Nerva can be fitted with a wide variety of sensors, including day/EOIR cameras, and explosive ordnance disposal systems. Nexter Robotics has also created a smaller 2x2 version, called Nerva S, and is currently working on a larger 6x6 UGV.

http://www.janes.com/article/39262/eurosatory-2014-france-s-nexter-exports-nerva-ugv-to-myanmar

Myanmar looks to acquire JF-17 aircraft


Air Platforms
Myanmar looks to acquire JF-17 aircraft

Jon Grevatt, Jane's Asia-Pacific Industry Reporter, Bangkok - IHS Jane's Defence Industry
17 June 2014

CAC/PAC JF-17 Thunder (Multirole combat aircraft)

The government of Myanmar is planning to procure the Chengdu Aerospace Corporation (CAC)/Pakistan Aeronautical Complex (PAC) JF-17 Thunder multirole combat aircraft, according to a local report.

The programme will feature Myanmar's licenced-production of the aircraft following technology transfer from CAC-PAC, reported the Yangon-based Burma Times on 15 June. The report stated that the aircraft is required to expand the capabilities of the Myanmar Air Force (MAF), although it did not elaborate.

The Myanmar government has not confirmed the report, although it has previously indicated a requirement for additional air combat platforms partly in light of its continuing conflict with the insurgent Kachin Independence Army (KIA) in northern Myanmar.

Monday, June 23, 2014

တောင်းပန်သူ ဗိုလ်အောင်မင်းသည် အင်္ဂုလိမာလဂိုဏ်းသားလော ဒေဝဒတ်ဂိုဏ်းသားလော

တောင်းပန်သူ ဗိုလ်အောင်မင်းသည် အင်္ဂုလိမာလဂိုဏ်းသားလော ဒေဝဒတ်ဂိုဏ်းသားလော

တူမောင်ညို
၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်



 
ချစ်စနိုးနဲ့ (ချို) ဂျို ကိုင်ကြည့်တာပါလို့ဆိုဆို၊ ပမာမခန့်နဲ့ အမြှီးတက်နင်းတာပဲဖြစ်ဖြစ် စစ်အုပ်စုက အကဲ ဆတ်တယ်၊ ကျွဲမြှီး တိုတယ်ဆိုတာကို ဗိုလ်အောင်မင်း တောင်းပန်စာက ထင်ဟပ်ဖော်ပြနေပါတယ်။ စစ်အုပ်စုတခြံထဲပေါက်အချင်းချင်းပင်ဖြစ်ပါစေ သည်းမခံဘူးလို့ ပြောချင်ပြချင်ပုံရပါတယ်။ ဒါ့အပြင် မင်းတို့ပြောနေ၊ဆိုနေတာတွေကို ငါတို့မပြတ်စောင့်ကြည့်နေတယ်လို့ သတိပေး ချင် ပုံလည်းရပါတယ်။ ဗိုလ်အောင်မင်းခမျာ “သစ္စာဖောက်ခဲ့ခြင်းမရှိ၊ နောင်လည်းသစ္စာဖောက်မည်မဟုတ်ပါ”လို့ စစ်အုပ်စုထံ (အငြိမ်းစားပါ မကျန်) ရှိခိုးဦးတင် တောင်းပန်ရပါတယ်။ တကယ်တော့ အငြိမ်းစားနေတာဆိုလို့ ဗိုလ် သန်းရွှေနဲ့ဗိုလ်မောင်အေးပဲရှိတာပါ။
 
ဗိုလ်အောင်မင်းက လေးကောင်ဂျင်သမား၊ ဖဲသုံးချပ်သမားလို စကားတွေပြောတတ်သူပါ။ အခုဟာကလည်း ဗိုလ်အောင်မင်း ထုံးစံအတိုင်း အာချောင်ပြီး “သူရ/သီဟတွေ” ရဲ့ အမြှီးနင်းမိသွားတာပါ။
 
ဗိုလ်အောင်မင်းတို့အပါအဝင် စစ်အုပ်စုဟောင်း/သစ်တွေဟာ ပြည်သူလူထုအပေါ် မောက်မာ၊ ရမ်းကား၊ ရိုင်းစိုင်းပြီး အကြမ်း ဖက်ဖိနှိပ်သတ်ဖြတ်ခဲ့ကြသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ အဲဒီလို ရာဇဝတ်မှု လုပ်ရပ်တွေ နဲ့ပတ်သက်လို့ ပြည်သူလူထုအပေါ် ဘယ်တုန်းကမှ ဝန်ချတောင်းပန်တာမျိုး လုံးဝမရှိခဲ့ပါဘူး။ ဝေးဝေးက အကြောင်းတွေကို မပြတော့ပါဘူး၊ လတ်တလောကာလမှာပဲကြည့်လိုက်ပါ။
 
လျှပ်စစ်ဝန်ကြီး ဗိုလ်ဇော်မင်း၊ လယ်ဆည်ဝန်ကြီး ဗိုလ်မြင့်လှိုင်၊ မွေး/ရေလုပ်ငန်း ဝန်ကြီး ဗိုလ်အုန်းမြင့်၊ စက်မှုဝန်ကြီး ဗိုလ်အေးမြင့်၊ ဘူးလက်ဗိုလ်လှဆွေတို့ ပြည်သူလူထုအပေါ် ရိုင်းရိုင်း စိုင်းစိုင်းပြုမူပြောဆို ခဲ့တာတွေကိုဘယ်သူကများ ၊ ဘယ်လိုအနူး အညွတ်ဝန်ချတောင်းပန်ခဲ့ကြဖူးသလဲ။ မတောင်းပန်တဲ့အပြင် ပြန်ကြားရေးဝန်ကြီး ဗိုလ်အောင်ကြည်တို့၊ သမ္မတပြောခွင့်ရ ဗိုလ်ရဲထွဋ် တို့က ဝိုင်းဝန်း၊ ဖာထေး၊ အကာ ကွယ်ပေးနေကြတာကို မျက်မြင်နားကြားပဲမဟုတ်ပါလား။
 
ဗိုလ်သန်းရွှေဓါတ်ပုံနဲ့အတူယှဉ်တွဲ ချိတ်ဆွဲထားတဲ့ စစ်အုပ်စုရဲ့ ဂေါ့ဖားသားဖြစ်တဲ့ ဗိုလ်နေဝင်း ကိုကြည့်ပါ။ “၇ ရက်ဇူလိုင် အရေးအခင်း”နဲ့ (တကသ) အဆောက်အအုံဖြိုချတာကို တောင်းပန်ခဲ့ဖူးသလား။ “ဒါး – ဒါးခြင်း၊ လှံ – လှံခြင်း”ဆိုပြီး လူမိုက်လို စိန်ခေါ် ပါတယ်။ “၈၈ အရေးတော်ပုံကြီး” ကြောင့် မတတ်သာပဲ အာဏာပလ္လင်ပေါ်ကဆင်းသွားရတော့လည်း “စစ်တပ်ဆိုတာ မိုးပေါ်ထောင် ဖောက်တာမပါဘူး – ပစ်ရင် တည့်တည့်ပစ်တယ်”လို့ ကြုံးဝါးသွားခဲ့ပါတယ်။ ဒီတော့ ဘမျိုးဘိုးတူဆိုတာလို ဗိုလ်နေဝင်း – ဗိုလ်သန်းရွှေ တို့ရဲ့ အမွေစားအမွေခံ ယနေ့ စစ်အုပ်စုဟာ ပြည်သူလူထုအပေါ် မတောင်းပန်တာ သိပ်တော့မဆန်းလှ ပါဘူး။
 
သူတို့လောဂျစ်က လူထုဆိုတာစော်ကားဖို့၊ အကြမ်းဖိနှိပ်၊သတ်ဖြတ်ဖို့ပဲဖြစ်ပါတယ်။ သူတို့ဟာ ပြည်သူ လူထုအပေါ် နေနဲ့မီးလို ကျင့်ကြံပြုမူကြပြီး၊ ထိပ်သီးစစ်အာဏာရှင်များအပေါ်မှာတော့ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးဆိုတာလို သစ္စာမြဲကြပါတယ်။
 
တကယ်တော့“သီဟတွေ၊သူရတွေ” ဆိုတာ စစ်အုပ်စုထိပ်သီးကသူသိမ်းပိုက်ထားတဲ့အာဏာကို မိုက်မိုက် ကန်းကန်းကာကွယ် ပေးတဲ့သူ၊မျက်ကန်းတစ္ဆေမကြောက်လုပ်ဝံ့သူတွေကို စစ်အုပ်စုထိပ်သီးက ပေးသနား တဲ့ “ဆု” ဖြစ်ပါတယ်။ ပြည်ပ ကျူးကျော်မှု ရန်စွယ်ကို တိုက်ဖျက်နိုင်လို့၊တိုင်းပြည်နဲ့ပြည်သူကို စွန့်စွန့် စားစားကာကွယ်ခဲ့လို့ပေးတာမှမဟုတ်ဘဲ။ ဦးတင်ဦး(ဒီချုပ်ပါတီနာယကကြီး)ကတော့ ချွင်းချက်ပေါ့။ သူက ကူမင်တန် တရုတ်ဖြူကျူးကျော်စစ်ပွဲမှာ ရခဲ့တာလို့ထင်ပါတယ်။ ဗိုလ်ရွှေမန်းရှေ့က “သူရ” ဆိုတာ ကတော့ (KNU) နဲ့ တိုက်လို့ရတာ ဖြစ်ပါလိမ့်မယ်။
 
ဒါ့အပြင် ဗိုလ်အောင်မင်းပြောတဲ့ စကားတိုင်းဟာ အတည်ယူလို့ရတာတွေမဟုတ်ပါဘူး။ “အလွတ် သဘော”ပြောတာဆိုတော့ ပါးစပ်ထဲရှိတာပြောတာပါ။ သူ့ကို ဒီလိုပြောခွင့်ပေးထားတာပါ။
 
ဗိုလ်အောင်မင်းနဲ့ တွေ့ကြရတဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေထဲကအချို့နဲ့ ဒီမိုကရေစီအင်အားစု တွေထဲက အချို့ဟာ ဗိုလ် အောင်မင်းအပြောမှာ “မျော” သွားကြတယ်။ ဗိုလ်အောင်မင်း ဒိုင်ကြောင်တွေကို “ခိုက်”သွားကြပါတယ်။ ဗိုလ်အောင်မင်းလေမှာ အအေး မိနှာစေးကုန်ကြပါတယ်။တချို့များဆိုရင်နှစ် ၂၀ လောက်ကွဲနေတဲ့ “အမေ့မောင်” ကို ဗြုံစားကြီး ပြန်တွေ့ရသလို ရင်ထဲ တလှပ်လှပ် ဖြစ်ကြရတဲ့ ပုံစံမျိုးတွေ ပြောတာ ကြားရပါတယ်။ ဒါကြောင့် ဗိုလ်အောင်မင်းနဲ့စကားပြောနေကြသူတွေ သတိရှိစေချင်ပါတယ်။
 
နောက်တစ်ခုက “ သင်လို့လွယ်တဲ့သူ နဲ့ သင်လို့ခက်တဲ့လူ ” သို့မဟုတ် “အင်္ဂုလိမာလဂိုဏ်း” နဲ့ “ဒေဝဒတ် ဂိုဏ်း” ဆိုပြီး ခွဲပြော နေတဲ့ကိစ္စဖြစ်ပါတယ်။ တကယ်တော့ (နဝတ-နအဖ) စစ်အုပ်စုနဲ့သူတို့ အမွေစား အမွေခံတွေဟာ ဘယ်လိုပဲဂိုဏ်းကွဲနေပါစေ သူတို့ အားလုံးဟာ အမိအဖ ဆိုတဲ့ ပြည်သူလူထုအပေါ် လက်ညှိုးလည်းဖြတ်မယ်၊ ခြေဖဝါးကို ဓါးနဲ့ခွဲပြီးဆားသိပ်မယ်ဆိုတဲ့ သူတွေ ချည်းဖြစ်ပါတယ်။
 
ဒါကြောင့် အဓိကသတိပြုစေချင်တဲ့ အချက်ကတော့ သူတို့ဟာ ဒေဝဒတ်ထက် အပြန်တစ်ရာမက မိုက်မဲ သူတွေဖြစ်တယ် ဆို တာပါပဲ။ “သင်နိုင်ကောင်းရဲ့/ ကျွတ်နိုင်ကောင်းရဲ့” လို့ မျှော်လင့်နေခြင်းဟာ စိတ်ကူးယဉ်တာသာဖြစ်ပါလိမ့်မယ်။
 
စစ်အုပ်စုကို ထိထိရောက်ရောက်သင်ကြားပြောင်းလဲပေးနိုင်မယ့်၊ ချွတ်နိုင်/ကျွတ်နိုင်စေမယ့် သူကတော့ ပြည်သူ့တော်လှန်ရေး ဆိုတဲ့ ဆရာသမားကောင်းသာလျှင်ဖြစ်ပါတယ်။
 
http://moemaka.com/archives/38370

MPC ဟာ လျှို့ဝှက်အဖွဲ့အစည်းလား ...

MPC ဟာ လျှို့ဝှက်အဖွဲ့အစည်းလား ...

June 22, 2014
နေထွန်းနိုင်
Eleven Media Group

မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) အဆောက်အအုံးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

(၁)
အီးယူလို နိုင်ငံတကာ အဖွဲ့အစည်းတွေ ငွေကြေး ကျောထောက်နောက်ခံ ပြုထားတဲ့ MPC (Myanmar Peace Center) ကို ၂ဝ၁၂ ခုနှစ်မှာ သမ္မတရုံးဝန်ကြီးတွေက ဦးဆောင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက MPC ရဲ့ ထိပ်ပိုင်းမှာ နေရာယူခဲ့ပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းလည်း အဓိကနေရာမှာ ပါဝင်ခဲ့တာဖြစ်လို့ MPC ဟာ သမ္မတရုံးနဲ့ ပတ်သက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။
 
အမှန်တကယ် အားဖြင့်လည်း MPC ဟာ သမ္မတဦးသိန်းစိန်ရဲ့ အခန်းကဏ္ဍ တောက်ပြောင်စေဖို့ ကြိုးစားခဲ့ ပါတယ်။ သမ္မတဦးသိန်းစိန်က သူ့လက်ထက်မှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ ဆန္ဒပြင်းပြခဲ့ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ရခဲ့မယ်ဆိုရင် သူ့အတွက် အောင်မှတ်ရလိမ့်မယ်လို့ သဘောထားခဲ့ပုံ ရပါတယ်။ MPC က သမ္မတအောင်မှတ်ရဖို့ ပံ့ပိုးသူ ဖြစ်ခဲ့ပါတယ်။ သမ္မတ အောင်မှတ်ရဖို့ အခုချိန်အထိ မရေရာသေးပါ ဘူး။ တခြားပြဿနာတွေဖြစ်တဲ့ အစိုးရဌာနတွင်း အဂတိလိုက်စားမှု ပြဿနာနဲ့ ပြည်သူတွေရဲ့ ဆင်းရဲ မွဲတေမှု ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာလည်း သမ္မတဦးသိန်းစိန်ဟာ အောင်မှတ် အောက်ကို ရောက်နေပါတယ်။
 
ဒီအချိန်မှာပဲ သမ္မတဦးသိန်းစိန်ကို အောင်မှတ်ရဖို့ ကြိုးစားပေးနေတဲ့ MPC ရဲ့ အခန်းကဏ္ဍအပေါ် မေးခွန်း ထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် ငွေကြေးကိစ္စတွေနဲ့ အခြားဆောင်ရွက်မှုတွေ ဖြစ်ပါတယ်။
(၂)
MPC လိုပဲ ငြိမ်းချမ်းရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ EBO (Euro Burma Office)၊ UNFC (United Nationalities Federal Council) နဲ့ PI (Pyidaungsu Institute) အဖွဲ့တွေဟာ သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှု တွေမှာ ငွေကြေးထောက်ပံ့မှုတွေကို ဘယ်သူတွေဆီက ရထားတယ်၊ ဘယ်လို သုံးစွဲမှုတွေ လုပ်ထားတယ် ဆိုတာကို အကြမ်းဖျင်း ပြောဆိုတာတွေ ရှိပေမယ့် သမ္မတရုံးဝန်ကြီးတွေ ဦးဆောင်နေတဲ့ MPC က တိတိကျကျ ထုတ်ပြောတာမျိုး မရှိပါဘူး။ မလွှဲသာလို့ ထုတ်ပြောတဲ့ အခါမှာ လည်း ရေရေရာရာ မရှိပါဘူး။
 
EBO၊ UNFC နဲ့ PI လို အဖွဲ့အစည်းတွေကို တိုင်းရင်းသားတွေက ဦးဆောင်ပြီး ပြည်ပမှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေ ဖြစ်တာကြောင့် သူတို့ရဲ့ ငွေကြေးသုံးစွဲမှုကို အစိုးရနဲ့ လွှတ်တော်က စိစစ်ပိုင်ခွင့် မရှိသေးပါဘူး။ ဒါပေမဲ့ MPC ဟာ ပြည်တွင်းမှာ ရပ်တည်နေတဲ့ အဖွဲ့ဖြစ်ပြီး သမ္မတရုံးရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေတာကြောင့် အစိုးရနဲ့ လွှတ်တော်ကို အစီရင်ခံဖို့ လိုပါတယ်။ MPC ဟာ သီးခြားကင်းလွတ်ခွင့်ရတဲ့ အဖွဲ့အစည်း မဟုတ် ပါဘူး။
 
MPC ပေါ်ပေါက်ပြီး နှစ်နှစ်တာကာလ ရောက်ချိန်အထိ ဒီအဖွဲ့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ၊ ငွေကြေး သုံးစွဲမှု တွေကို လွှတ်တော်မှာ လာရောက်အစီရင်ခံတာမျိုး မရှိသေးပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ အတွက် လွှတ်တော်တွင်း ဖွဲ့စည်းထားတဲ့ ကော်မတီအဖွဲ့ဝင်တွေ ကိုယ်တိုင် MPC ဘာတွေလုပ်နေလဲ ဆိုတာ မသိတဲ့ သူတွေ အများကြီး ရှိနေပါတယ်။
 
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ DVB Debate အစီအစဉ်တစ်ခုမှာ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝ မြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူက MPC နဲ့ လွှတ်တော်ကြားက ချိတ်ဆက်မှု မရှိတာတွေကို ထောက်ပြဝေဖန် ခဲ့ပါတယ်။
 
MPC ရဲ့ ငြိမ်းချမ်းရေး လှုပ်ရှားဆောင်ရွက်မှုတွေကို လွှတ်တော်က သဲသဲကွဲကွဲ မသိသလို ငွေကြေး အထောက်အပံ့ ကိစ္စတွေကိုလည်း လွှတ်တော်က မသိပါဘူး။
 
(၃)
MPC ရဲ့ ဖွဲ့စည်းပုံအရ သူ့ရဲ့အထက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ရှိပါတယ်။ ဒီနှစ်ဖွဲ့ကို သမ္မတက ဦးဆောင်ဖွဲ့စည်းပေးထားတာပါ။ MPC ရဲ့ ဘေးတိုက်ဆောင်ရွက်မှုမှာ အထူးအကြံပေး အဖွဲ့နဲ့ နိုင်ငံတကာ ကျွမ်းကျင်သူတွေ၊ နိုင်ငံတကာ အလှူရှင်တွေ ရှိပါတယ်။ MPC ရဲ့အောက်မှာ အလုပ်အမှုဆောင် ညွှန်ကြား ရေးမှူး၊ အစီအစဉ် ညွှန်ကြားရေးမှူးများ၊ တွဲဖက်အစီအစဉ် ညွှန်ကြားရေးမှူးများ၊ လက်ထောက် အလုပ်အမှု ဆောင် ညွှန်ကြားရေးမှူးဆိုပြီး ခွဲထားပါတယ်။
 
အဲဒီလူတွေက အပစ်ရပ် ညှိနှိုင်းဆွေးနွေးရေး အစီအစဉ် (CFN)၊ ငြိမ်းချမ်းရေးစကားဝိုင်း (PD)၊ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်း ညှိနှိုင်းဆောင်ရွက်ရေး အစီအစဉ်၊ ပေါင်းကူးနှင့် လူထုဆက်ဆံရေး အစီအစဉ် (ODP)၊ မြေမြှုပ်မိုင်းဖော်ထုတ်ရေး စင်တာ (MMAC)၊ အုပ်ချုပ်ရေးနှင့် အထောက်အကူပြုဌာန (ASD) ဆိုတာတွေ ခွဲပြီး လုပ်ဆောင်ရပါတယ်။
 


ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနအား တွေ့ရစဉ်
 
နှစ်နှစ်တာ ကာလအတွင်းမှာ အပစ်ရပ် ညှိနှိုင်းဆွေးနွေးရေး အစီအစဉ်ကိုပဲ သိသိသာသာသာ တွေ့ရပါ တယ်။ ကျန်တာတွေက မထင်ရှားသလို ဘယ်လောက်အတိုင်းအတာအထိ ပြီးမြောက်အောင်မြင်နေသလဲ ဆိုတာ လည်း မသိရသေးပါဘူး။
 
သူတို့ရဲ့ လုပ်ငန်းအစီရင်ခံစာ၊ ငွေကြေးသုံးစွဲမှု အစီရင်ခံတွေက အလှူရှင် အဖွဲ့တွေဆီပဲ သွားနေသလား၊ သမ္မတရုံးကိုပဲ ရောက်နေသလားဆိုတာ မသိရပါဘူး။ လွှတ်တော်နဲ့ ပြည်သူတွေကလည်း ဘာတစ်ခုမှ သိရတာ မရှိသေးပါဘူး။
 
လွှတ်တော်က မသိလိုက်တဲ့ ကိစ္စတွေထဲမှာ တိုင်းရင်းသား အဖွဲ့အစည်းတွေကို ကားပါမစ်ထုတ်ပေးတဲ့ ကိစ္စ လည်း ပါဝင်ပါတယ်။ ဒီလို ကားပါမစ် ထုတ်ပေးတဲ့အခါ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက လက်မှတ် ထိုး ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ငြိမ်းချမ်းရေး ကားပါမစ်တွေကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အခြေအနေ တိုးတက်လာတာ မရှိပေမယ့် ပြည်သူတွေအတွက် အခွန်ငွေ ဘီလျံ ရာနဲ့ချီပြီး ဆုံးရှုံးခဲ့ရပါတယ်။
 
(၄)
MPC ကို ပြောတဲ့အခါ နိုင်ငံတကာ အလှူရှင်တွေရဲ့ ထောက်ပံ့ငွေကြေးနဲ့ လုပ်ငန်း၊ ဝန်ထမ်းအသုံး စရိတ် တွေကို ပြောရပါလိမ့်မယ်။
 
နိုင်ငံတကာရဲ့ အထောက်အပံ့လို့ ပြောတဲ့အခါ MPC ဖြစ်ပေါ်လာဖို့ အဓိက ငွေကြေးကူညီခဲ့တာက အီးယူ (ဥရောပသမဂ္ဂ) ဖြစ်ပါတယ်။ နော်ဝေအခြေစိုက် Peace Doner Support Group (PDSG) နဲ့ Myanmar Peace Support Initiative (MPSI)၊ နီပွန်ဖောင်ဒေးရှင်း အပါအဝင် Myanmar Egress ကတစ်ဆင့် ရောက် လာတဲ့ နိုင်ငံတကာ အလှူငွေကိုလည်း ရရှိနေပါတယ်။
 
အီးယူက MPC ကို ကနဦး လှူဒါန်းမှုအဖြစ် အမေရိကန်ဒေါ်လာ ကိုးသိန်းပေးထားပါတယ်။ ၂ဝ၁၃ ခုနှစ် ထဲမှာ အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၉ သန်း အထောက်အကူ ပေးမယ်လို့ ကတိပြုထားပါတယ်။ PDSG၊ MPSI တို့က အခုချိန်အထိ ဘယ်လောက်ပေးထားပြီလဲဆိုတာ မသိရသေးပါဘူး။ MPSI ရဲ့ သတင်း ထုတ်ပြန်ချက် တွေအရ အမေရိကန်ဒေါ်လာ သန်း ၇ဝ ထောက်ပံ့ဖို့ ရှိပါတယ်။
 
၂ဝ၁၃ ခုနှစ် မတ်လထဲမှာ MPC အထူးအကြံပေး ဦးတင်မောင်သန်းရဲ့ ထုတ်ဖော်ပြောကြားချက်အရ PDSG က တစ်ဖွဲ့ချင်း၊ တစ်နိုင်ငံချင်းစီက ကတိပြုထားတဲ့ အမေရိကန်ဒေါ်လာ ငါးသန်းစီနဲ့ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၃ဝ လှူဒါန်းဖို့ ကတိပြုထားတယ်လို့ ဆိုပါတယ်။
 
ဒါပေမဲ့ MPC ရဲ့ ဘတ်ဂျက်နဲ့ အခြားရရှိထားတဲ့ နိုင်ငံတကာ ငွေကြေးအထောက်အပံ့ အတိအကျကို ဦးတင်မောင်သန်းက အသေးစိတ် ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။ MPC ရဲ့ ဘတ်ဂျက်ကို အဓိက ထောက်ပံ့နေတာက အီးယူဖြစ်ပါတယ်။
 
မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လေ့လာစောင့်ကြည့်နေတဲ့ Myanmar Peace Monitor ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ MPC ဟာ အီးယူအပြင် ကုလသမဂ္ဂ UNOPS ကနေ အမေရိကန်ဒေါ်လာ ၄၇၇၄၂၆ နဲ့ ဂျပန်နိုင်ငံကနေ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ရထားတယ်လို့ ဆိုပါတယ်။
 
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေအတွက် နိုင်ငံတကာက လှူဒါန်းထားတဲ့ ငွေကြေး ပမာဏနဲ့ ချေးငွေကတိပြုမှုက ၂ဝ၁၃ ခုနှစ် မေလက စက်တင်ဘာအထိ ငါးလတာ ကာလထဲမှာ အမေရိကန် ဒေါ်လာ ရှစ်ဘီလျံကျော် ရှိနေပါတယ်။
 
ဒီအထဲမှာ MPC က ဘယ်လောက်ရရှိထားသလဲဆိုတာ မသိရသေးပါဘူး။ နောက်တစ်ချက်က သမ္မတရုံး ကပဲ ဦးဆောင်လုပ်ကိုင်နေတဲ့ နိုင်ငံခြားအကူအညီ အထောက်အပံ့များ စီမံခန့်ခွဲမှု ဗဟိုကော်မတီရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။ ဒီကော်မတီက ပုံမှန်အစည်းဝေးတွေ လုပ်နေပေမယ့် ရရှိငွေ၊ သုံးစွဲငွေတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ပြည်သူတွေ မသိရှိရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရရှိထားတဲ့ အကြမ်းဖျင်း အချက်အလက်တွေအရ MPC ဟာ ၂ဝ၁၃ ခုနှစ် တစ်နှစ်တည်းမှာတင် အမေရိကန်ဒေါ်လာ သန်း ၁၃ဝ ထက်မနည်း ရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘယ်လောက် ရရှိထား သလဲ ဆိုတာနဲ့ ဘယ်လိုသုံးစွဲနေ သလဲဆိုတာ သူတို့ကိုယ်တိုင်သာ အသိဆုံး ဖြစ်မှာပါ။
 
ဒါပေမဲ့ ပြည်ပငွေကြေး အထောက်အပံ့တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လွှတ်တော် ကို လာရောက်အစီရင်ခံတာ ရှိပေမယ့် MPC က တစ်ကြိမ်မှ လာရောက်အစီရင်ခံခြင်း မရှိတာက အံ့ဩ စရာ ဖြစ်နေပါတယ်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေ ၉၆ နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၁၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍမှာ ဖော်ပြထား ချက်အရ နိုင်ငံခြားသုံးငွေ ထိန်းသိမ်းကြီးကြပ်ရေးနဲ့ ပြည်ပမှ ငွေကြေးအကူအညီနှင့် အထောက်အပံ့ ကိစ္စ တွေမှာ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြု၊ ပြင်ဆင်၊ ပယ်ဖျက်ပိုင်ခွင့် ရှိပါတယ်။
 
(၅)
MPC ရဲ့ လစာပေးမှုကလည်း အခုချိန်အထိ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ MPC ရဲ့ အစီအစဉ် ညွှန်ကြား ရေးမှူး တစ်ဦးရဲ့ လစာဟာ အမေရိကန်ဒေါ်လာ ၁၂ဝဝဝ ကနေ ၁၅ဝဝဝ အထိ ရနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အဲဒီသတင်းတွေကို မှန်၊ မမှန် တရားဝင်ငြင်းဆိုတာမျိုး မတွေ့ရသေးပါဘူး။
 
သူတို့ရဲ့ ဘတ်ဂျက်သုံးစွဲမှုကို တရားဝင် မေးခွန်းမေးတဲ့ အခါတွေမှာလည်း အီးယူ ဒါမှမဟုတ် နိုင်ငံတော် သမ္မတရုံးကို မေးဖို့ ပြန်ဖြေတာတွေ ရှိခဲ့ပါတယ်။ သူတို့ကိုယ်တိုင် ပြတ်ပြတ်သားသား ဖြေဆိုတာ မရှိပါဘူး။
 
နောက်တစ်ချက်က အီးယူကနေ ခန့်အပ်ထားတဲ့ နိုင်ငံတကာ ဝန်ထမ်းတွေနဲ့ MPC ရဲ့ ဆက်နွှယ်မှုမှာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ရှိနေပါတယ်။ ဒီကြားထဲမှာ MPC နဲ့ဆက်နွှယ်သူတွေလို့ ယူဆနိုင်တဲ့ The Office of Tony Blair က ဝန်ထမ်းတွေဆိုရင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းရဲ့ရုံးမှာ ရုံးထိုင်လုပ်ကိုင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီနိုင်ငံတကာ ဝန်ထမ်းတွေဟာ အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း ကိစ္စတွေ အပြင် အခြား ထိပ်တန်းလုံခြုံရေးနဲ့ တပ်မတော်ကိစ္စတွေကိုပါ အလွယ်တကူ သိရှိနိုင်ကြပါတယ်။ သူတို့ သိရှိထားတဲ့ အချက် အလက်တွေ၊ အစီရင်ခံစာတွေ မြန်မာနိုင်ငံ ပြင်ပကို ပေါက်ကြားမှု မရှိနိုင်ဘူးလို့ ဘယ်သူမှ အာမခံနိုင်ခြင်း မရှိပါဘူး။ ပေါက်ကြားခဲ့ပြီ ဆိုရင်တော့ ယူနတီဂျာနယ် ကိစ္စဟာ အဆပေါင်း များစွာ သေးငယ်တဲ့ကိစ္စ ဖြစ်သွား ပါလိမ့်မယ်။
 
အသေးစိတ် တရားဝင် ထုတ်ဖော်ပြောဆိုတာ မဟုတ်ဘဲ အခြားရရှိတဲ့ သတင်းတွေအရ MPC မှာ နိုင်ငံခြား သား အကြံပေး ၆ဝ၊ ၇ဝ လောက် ရှိနေတယ်လို့ သိရပါတယ်။
 
MPC ရဲ့ တရားဝင်ပြောဆိုချက်တွေမှာတော့ MPC မှာ အထက်ပိုင်းကနေ အောက်ခြေအထိ အချိန်ပိုင်း ဝန်ထမ်း တွေ အပါအဝင် ဝန်ထမ်းအင်အား ၃ဝ-၄ဝ လောက်ရှိပြီး သူတို့တွေကို အီးယူက လစာပေးထား တယ်လို့ ဆိုပါတယ်။
 
လောလောဆယ်မှာ သမ္မတရုံး ကျောထောက်နောက်ခံပြု MPC ရဲ့ ဘတ်ဂျက်ကို ထောက်ပံ့ထားတဲ့ အီးယူက ဝေဖန်ခံနေရပါတယ်။ ဒီအကြောင်းတွေကို ဧရာဝတီ မဂ္ဂဇင်းရဲ့ အယ်ဒီတာ ကိုအောင်ဇော်က ‘ဦးနေဝင်းရဲ့ အိမ်နီးချင်းသစ်’ ဆိုပြီး ဧရာဝတီမဂ္ဂဇင်းမှာ ဆောင်းပါးရေးခဲ့တာ ဖြစ်ပါတယ်။
 
ကိုအောင်ဇော်ရဲ့ ဆောင်းပါးထဲမှာ အီးယူရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Roland Kobia ဟာ အာဏာရှင် ဟောင်း ဗိုလ်ချုပ်နေဝင်းရဲ့ ဆွေမျိုးတွေ ပိုင်ဆိုင်တဲ့ အေဒီလမ်း နေအိမ်တစ်ခုကို တန်ဖိုးမြင့် ဈေးနှုန်း (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၈ဝဝဝဝ-၁ဝဝဝဝဝ ကြား ဖြစ်နိုင်ပါတယ်) နဲ့ ငှားရမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အီးယူ လက်အောက်ခံဖြစ်တဲ့ ဥရောပ ကော်မေရှင်ရုံးကိုလည်း လှည်းတန်းစင်တာ ခြောက်ထပ်မှာ ပြောင်းရွှေ့ ဖွင့်လှစ် ထားပါတယ်။ လှည်းတန်းစင်တာကို ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်ရဲ့သား ဦးထွန်းမြင့်နိုင်ရဲ့ အေးရှားဝေါလ် လုပ်ငန်းစုက ပိုင်ဆိုင်ပါတယ်။ လှည်းတန်းစင်တာ ဆောက်လုပ်ဖို့အတွက် အဓမ္မ ဖယ်ရှားခံထားရတဲ့ မူလပိုင်ရှင် တွေနဲ့ အေးရှားဝေါလ် ကုမ္ပဏီကြားမှာ လျော်ကြေးမရမှုတွေ အပါအဝင် အခြားမမျှတမှုတွေကို မဖြေရှင်းနိုင် သေးတဲ့ ကာလမှာပဲ ဥရောပ ကော်မရှင်ရုံးကို လှည်းတန်းစင်တာမှာ ဖွင့်ခဲ့တာ ဖြစ်ပါတယ်။
 
ဒါတွေဟာ MPC ကို ဘတ်ဂျက်ထောက်ပံ့မှုတွေ ပြုလုပ်နေတဲ့ အီးယူရဲ့ လက်ရှိအခြေအနေ ဖြစ်ပါတယ်။ MPC ကို ကူညီမှုတွေ ပေးနေတဲ့ နော်ဝေအစိုးရ ဆိုရင်လည်း မြန်မာ့အရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သက် လို့ သူ့နိုင်ငံ တွင်းမှာ ဝေဖန်ခံနေရပါတယ်။
 
(၆)
လွှတ်တော်အမတ်တွေကတော့ MPC ဟာ လွှတ်တော်ကို ဂရုမစိုက်ဘဲ သမ္မတရုံးနဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းရဲ့ မျက်နှာကိုပဲ ကြည့်တယ်လို့ ဝေဖန်ခဲ့တာတွေ ရှိပါတယ်။ MPC ရဲ့ လှုပ်ရှားဆောင်ရွက်မှု တွေဟာလည်း ဒီဝေဖန်မှုတွေကို အားကောင်းစေပါတယ်။ MPC ထဲမှာ အဓိက လှုပ်ရှားနေသူတွေဖြစ်ပြီး တစ်ချိန်က တတိယအုပ်စုလို့ နာမည်ကြီးသူတွေဖြစ်တဲ့ ဒေါက်တာကျော်ရင်လှိုင်၊ ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဦးသီဟန်မျိုးညွန့်တို့ဟာ နိုင်ငံတော်သမ္မတရဲ့ အမျိုးသားစီးပွားရေးနဲ့ လူမှုရေးအကြံပေး ကောင်စီမှာ ပါဝင်နေသူတွေဖြစ်ပြီး မကြာသေးမီ အချိန်ကပဲ ဒေါက်တာကျော်ရင်လှိုင်ဟာ သမ္မတရဲ့ ပညာရေးအကြံပေး အဖွဲ့ဝင် ဖြစ်လာပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးနေရသော စစ်ရှောင်တိုင်းရင်းသားများ နေထိုင်သည့် ကချင်ပြည်နယ် မန်ဝိန်းကြီး ဒုက္ခသည်စခန်း တစ်နေရာ (ဓာတ်ပုံ-၀င်းမြင့်ကျော်)
 
ဘယ်လိုပဲဖြစ်ဖြစ် MPC ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတိုင်းဟာ သမ္မတနဲ့ သမ္မတရုံးနဲ့လည်း သက်ဆိုင်နေ ပါတယ်။ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုခြင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပြီးသွားရင် MPC ကို ဖျက်သိမ်းမှာလား ဆိုတာလည်း မသေချာပါဘူး။ တပ်မတော်၊ အစိုးရနဲ့ လွှတ်တော်က မသိဘဲ MPC ဘာတွေလုပ်နေလဲ ဆိုတာကို သိဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
 
လောလောဆယ်မှာတော့ နိုင်ငံတကာ ငွေကြေးထောက်ပံ့မှုတွေ ဘယ်လောက်ရရှိနေပြီလဲ ဆိုတာနဲ့ အဲဒါတွေကို ဘယ်လိုအချိုးကျ သုံးစွဲနေသလဲ ဆိုတာကို တာဝန်ခံ ရှင်းလင်းဖို့ လိုအပ်နေပါတယ်။ ငြိမ်းချမ်းရေးအတွက် ငွေကြေးသုံးစွဲမှုတွေမှာ အဂတိလိုက်စားမှု မရှိဘူးဆိုရင်လည်း မရှိတဲ့အကြောင်းကို စာရင်းအတိအကျနဲ့ ဖော်ပြဖို့ လိုအပ်ပါတယ်။
 
အကယ်၍ အလွဲသုံးစား ပြုလုပ်မှုတွေ၊ အဂတိလိုက်စားမှုတွေ ရှိနေပြီ ဆိုခဲ့ရင်တော့ ဒီအစိုးရလက်ထက် မှာတင် မကဘဲ နောက်အစိုးရ လက်ထက်မှာပါ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ MPC က မဖြေရှင်းတဲ့ ကိစ္စတွေ၊ စာရင်းမရှင်း တဲ့ ကိစ္စတွေကို မီဒီယာတွေက မှတ်တမ်းတင်ထားမှာပါ။
 
မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး မရသေးသလို MPC ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကလည်း ရလဒ် မထွက်သေးပါဘူး။ ဒီအချိန်မှာ MPC နဲ့ တိုင်းရင်းသား အဖွဲ့တွေအကြား၊ MPC နဲ့ နိုင်ငံတကာ အလှူရှင် အဖွဲ့တွေအကြား၊ MPC နဲ့ သမ္မတအကြား၊ MPC နဲ့ သမ္မတရုံးအကြား လွှတ်တော်ကို အစီရင်မခံဘဲ ဘယ်လို အပေးအယူတွေ ရှိနေသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ။ အခုထက်ပိုတဲ့ ပွင့်လင်းမြင်သာမှု မရှိဘူး ဆိုရင်တော့ MPC ဟာ လျှို့ဝှက်အဖွဲ့အစည်း တစ်ခုအဖြစ် မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
 

သမ္မတဦးသိန်းစိန် အနေဖြင့် အချင်းချင်း ဖုံးဖိ ပြေပျောက်စေခြင်းမျိုး မလုပ်သင့်

သမ္မတဦးသိန်းစိန် အနေဖြင့် အချင်းချင်း ဖုံးဖိ ပြေပျောက်စေခြင်းမျိုး မလုပ်သင့်

တူမောင်ညို
မိုးမခ၊ ဇွန်လ ၂၂၊ ၂၀၁၄ ခုနှစ်

 
“ဘာသာ၊သာသနာ”တို့ဆိုတာ အာဏာရဲ့လက်အောက်ခံသာလျှင် ဖြစ်တယ်ဆိုတဲ့အချက်ကို “သန္တိသုခ ကျောင်း” စီးနင်းသိမ်းပိုက်မှု ကနေတဆင့် ကြံ့ဖွံ့အစိုးရက လက်တွေ့ပြသလိုက်ပြီ။ သံဃာတွေလှုပ်ရှား လာရင် “မီးလောင်းဗုံး” နဲ့ ပစ်ခတ်နှိမ်နင်းရတယ်ဆိုတဲ့ အချက် ကိုတော့ “လက်ပံတောင်းအရေးအခင်း” မှာ ကျနော်တို့ ပြည်သူများ ကိုယ်တွေ့မျက်မြင်သိရှိခဲ့ကြပြီးပြီ။
 
ဇွန်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကြံ့ဖွံ့သမ္မတ (ဗိုလ်) ဦးသိန်းစိန်အနေနဲ့ အောက်ပါ ပြဿနာ ၂ ခုကို ဖြေရှင်းပြဖို့ တာ ဝန်ရှိပါတယ်။
 
- ဘာကြောင့် သန္တိသုခကျောင်းစီးနင်းသိမ်းပိုက်ရသလဲ
- ဘာကြောင့် သာသနာရေးဝန်ကြီး ဗိုလ်ဆန်းဆင့်ကို ဖြုတ်ထုတ်ဖမ်းရသလဲ
 
● ဘာကြောင့် သန္တိသုခကျောင်းစီးနင်းသိမ်းပိုက်ရသလဲ
 
“ရွှေဝါရောင်တော်လှန်ရေး” မှာ ပီနန်ဆရာတော် ပါဝင်အားပေးမှုအပေါ် အညှိုးအတေးအာဃာတနဲ့ ကြံ့ဖွံ့ အစိုးရ ကလက်စားချေတာလို့မြင် ပါတယ်။ ဒီအချက်ကို သီတဂူဘုန်းကြီးလည်းထောက်ပြ ထားပါတယ်။
 
(ဗိုလ်) သိန်းစိန်ကြံ့ဖွံ့အစိုးရက“သင်္ကန်းဝတ်စွမ်းအားရှင်များ”ကို “မျိုးစောင့်ဥပဒေ” ဖန်တီးခိုင်းရုံတင်မက ဘူး၊ “ဝေါ်ကီ တော်ကီ” တပ်ဆင် ပေးပြီး စီနင်းသိမ်းပိုက်ရေးမှာပါ အသုံးချလာခဲ့ပြီ။
 
ချုပ်လိုက်ရင် ကြံ့ဖွံ့အစိုးရဟာ သူတို့ရဲ့ ရိုင်းစိုင်းမှုနဲ့ အကြမ်းဖက်မှုစံချိန်ကို တဆင့်တိုး ဖော်ပြလိုက်တာ လည်း ဖြစ်ပါတယ်။
 
ဒီလိုလုပ်ရပ်တွေ အထင်သားမြင်နေရတာသော်လည်း ဘုန်းကြီးဝီရသူက မျက်ကွယ်ပြုပြီး “အံ့မောင်”ကို သာ အဓိကတရားခံ အဖြစ်ယိုးမယ်ဖွဲ့နေတယ်။ ဒီအချက်က အဓိကတာဝန်ရှိသူဖြစ်တဲ့ သမ္မတ (ဗိုလ်)ဦးသိန်းစိန်နဲ့ ကြံ့ဖွံ့အစိုးရကို ဗြောင်အကာအကွယ်ပေး တာနဲ့ လမ်းလွှဲပေးတာဖြစ်ပါတယ်။ ဘုန်းကြီးဝီရသူ က သံဃာ့အရေး မှာလည်း သူဟာ ရှေ့ကနေပါဝင်သူပါဆိုပြီး သူ့ကိုယ်သူ သိဒ္ဓိတင် အမြတ်ထုတ်လိုက်တာ လည်းဖြစ်တယ်။
 
ဘုန်းကြီး ၅ ပါးကို ပုဒ်မ ၂၅၉(က) သာသနာညှိုးနွမ်းစေမှု၊ ဥပဒေအမှတ် ၂၀/၉၀ သံဃာအဖွဲ့အစည်း ဆိုင်ရာ ပြစ်မှုတွေဖမ်းဆီး၊ လူဝတ်လဲ စေပြီး၊ အခုတော့ တစ်ပါးကို “ သိန်း ၂၀၀ အာမခံ” နဲ့ ပြန်လွှတ်ပေး ထားပါတယ်။
 
လန်ဒန်က ဘုန်းကြီး ဦးဥတ္တရဟာ ကြံ့ဖွံ့သမ္မတဗိုလ်သိန်းစိန်ကို “မြန်မာ့ငြိမ်းချမ်းရေးဂုဏ်ထူးဆောင်ဆု” ပေးအပ်ဂုဏ်ပြုခဲ့တဲ့ ဘုန်းကြီးဖြစ် ပါတယ်။ (ဗိုလ်) ဦးသိန်းစိန်က ဒီဆုရဲ့မျက်နှာကိုတောင်မထောက်ထားပဲ ဖမ်းချုပ်ပြီး လူဝတ်လဲစေခဲ့ပါတယ်။ ဒီဖြစ်ရပ်ပေါ်ကနေ ဒီကိုယ် တော်လည်း “သံဝေဂ” တော့ရလိမ့်မယ်လို့ ထင်ရတာပါပဲ။
 
● ဘာကြောင့် သာသနာရေးဝန်ကြီး ဗိုလ်ဆန်းဆင့်ကို ဖြုတ်ထုတ်ဖမ်းရသလဲ
 
ပြဿနာရဲ့ဒီဂရီ အတိုင်းအတာက ကြံ့ဖွံ့သမ္မတ (ဗိုလ်) ဦးသိန်းစိန်အဖို့ သာသနာရေးဝန်ကြီးကို ဖြုတ်၊ ထုတ်၊ ဖမ်းချုပ်ရတဲ့အဆင့်ထိ ရောက်သွားတယ်။
 
ဗိုလ်ဆန်းဆင့်ဟာ (နအဖ)စစ်အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ စစ်ရာထူး ခန့်ချုပ် ဒုတိယဗိုလ်ချုပ် ကြီး စတဲ့တာဝန်တွေယူခဲ့သူဖြစ်ပါတယ်။ ကြံ့ဖွံ့အစိုးရလက်ထက်မှာတော့ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ကြံ့ဖွံ့ ပါတီဗဟို ကော်မတီဝင်တစ်ဦး လည်းဖြစ်ပါတယ်။
 
မီဒီယာသတင်းတွေအရဆိုရင် ဗိုလ်ဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင် ပို့ထားတယ်လို့ဆိုပါတယ်။ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှု ဥပဒေပုဒ်မ ၄၀၉/၁၀၉နဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။ ပြည်သူ့ဘဏ္ဍာငွေအလွဲသုံးစားမှုဆိုတာ အရပ်စကားနဲ့ ပြောရရင် ပြည်သူ့ငွေတွေကို “ဘုံးတာ/ခိုးတာ” ပါ။
 
သာသနာရေးဝန်ကြီးကို ခိုးမှုနဲ့အရေးယူရတယ်ဆိုတာကတော့ဖြင့် အရပ်ရပ်နေပြည်တော်ကြားလို့မှ မတော် တဲ့ အဖြစ်ပါပဲ။ ကြံ့ဖွံ့သမ္မတဗိုလ်သိန်းစိန်တို့အုပ်စိုးနေတာအချိန်ကာလကို “အမြင်မတော်/ အကြား မလျော်တဲ့ဖြစ်ရပ် တွေ ဝရုန်းသုန်းကား ပေါ်ပေါက်ဖြစ် ပွားနေတဲ့ကာ လကြီး” လိုပြောရင်လွန်မယ် မထင် ပါဘူး။
 
ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်တယ်၊ ဘုံးကြတယ်၊ ခိုးကြတယ်ဆိုတာ ဗိုလ်ဆန်းဆင့်တစ်ယောက် ထဲတော့ ဟုတ်မယ် မ ထင်ပါဘူး။ အုံနဲ့ကျင်းနဲ့ ဂိုဏ်းဖွဲ့ပြီးခိုးကြတာဖြစ်ပါလိမ့်မယ်။
 
ဒီတော့ ဒီဖြစ်ရပ်မှာ အဓိက တာဝန်အရှိဆုံးဖြစ်တဲ့ (ဗိုလ်)ဦးသိန်းစိန်အနေနဲ့ သမ္မတတစ်ယောက် အနေနဲ့ ရော၊ အစိုးရအဖွဲ့ကို တာဝန်ခံတဲ့အနေနဲ့ရော ပြည်သူများရှင်းရှင်းလင်းလင်းသိအောင် ထုတ်ဖော်ရှင်း လင်းပြဖို့လိုပါ တယ်။ ဇွန်လ ၁၉ ရက်နေ့က “ကျန်းမာရေး ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး ဆိုင်ရာ အစည်းအဝေး” မှာ သမ္မတ (ဗိုလ်) ဦးသိန်းစိန်ပြောခဲ့သလို “မမှန်ကန်သည့်လုပ်ရပ်များကို ထိရောက် စွာ အရေးယူခြင်းမရှိဘဲ၊ အချင်းချင်း ဖုံးဖိပြေပျောက်စေခြင်းမျိုးသည် လွဲမှားသော လုပ်ဆောင်မှုဖြစ်သည်” ဆိုတဲ့ပြောဆိုချက်ကို အပြော သက်သက် မဟုတ်ဘဲ၊ စံနမူနာပြအဖြစ် တကယ်လက်တွေ့ လုပ်ဆောင်ပြ စေလိုပါတယ်။
 
သမ္မတပြောခွင့်ရ ဗိုလ်ရဲထွဋ်အပြောအရတော့ သာသနာရေးဝန်ကြီးဗိုလ်ဆန်းဆင့်ဟာ “သန္တိသုခကိစ္စက အကြောင်းအချက် တွေထဲက တစ်ခုသာလျှင်ဖြစ်တယ်၊ အဓိကမူဝါဒ ၂ ရပ်အကောင်အထည်ဖော်မှုမှာ အားနည်းချက်ချို့ယွင်းချက်တွေအများကြီးရှိတယ်၊ သမ္မတ မှာကြားတာထက် ဘောင်ကျော်လုပ်တယ်၊ ဒါကြောင့် မလွှဲမရှောင်သာအရေးယူလိုက်ရတယ်” ပြောပါတယ်။
 
ဒါကြောင့် ဗိုလ်ရဲထွဋ်ပြောတဲ့စကားထဲမှာပါသလို ဗိုလ်ဆန်းဆင့်ချို့ယွင်းချက် အားနည်းချက်တွေက ဘာတွေလဲ၊ သန္တိသုခကိစ္စ ထက်ပိုမိုကြီးမားတဲ့၊ ပိုမိုများပြားတဲ့ အခြားကိစ္စတွေက ဘာတွေလဲ၊ ဒါတွေကို “ဖုံးဖိပြေပျောက် စေ” တာမျိုးတွေမလုပ်ဆောင်ဘဲ။ ဒီကိစ္စ တွေကို သံဃာထုနဲ့ပြည်သူလူထု သိအောင် အကျယ်တဝင့်ရှင်းပြဖို့ လိုအပ်ပါတယ်။
 
ယင်းသို့ ကြံ့ဖွံ့သမ္မတ(ဗိုလ်) ဦးသိန်းစိန်တို့ဘက်က အချက်အလက်နဲ့ရှင်းပြသလို၊ ဖမ်းချုပ်ခံ ဗိုလ်ဆန်းဆင့် ကို ပြန်လည်ရှင်း လင်းထုချေခွင့်ပေးဖို့လိုအပ်ပါလိမ့်မယ်။ ဒီလိုပေးမှလည်း မျှတမှုရှိပါလိမ့်မယ်။ ဗိုလ် သိန်းစိန်တို့ ဘက်ကချည်းပဲ ပြစ်မှုတင်စွပ်စွဲ၊ ဖြုတ်ထုတ် ဖမ်းဆီး၊ ထောင်ချပစ်မယ်ဆိုရင် တရားမျှတ လိမ့်မယ်မဟုတ်ပါ။
 
ဗိုလ်ဆန်းဆင့်ဘက်က ရေးကြတဲ့ သတင်းများအရဆိုရင် ဗိုလ်ဆန်းဆင့်ဆီမှာ “အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ အကျင့်ပျက်ချစားမှု များနဲ့ ပတ်သက်ပြီး သက်သေအထောက်အထား များစွာ ရှိကြောင်း” ကြားသိနေရ ပါတယ်။ ဒီတော့ ဗိုလ်ဆန်းဆင့်ကို ဥပဒေနဲ့အညီ ခုခံချေ ပခွင့်တော့ ဗိုလ်သိန်းစိန်တို့ဘက်ကပေးမှသာလျှင် တရားမျှတ ပေလိမ့်မယ်။
 
ဘာသာရေးဘက်က ဆုံးမသင်ကြားချက်တစ်ခုဖြစ်တဲ့ “ရန်သူမျိုး ၅ ပါး”ထဲမှာဆိုရင်လည်း “သူခိုးနဲ့မင်း (အုပ်စိုးသူ)”ကို တစ်တန်းထဲထားပြီး ဖော်ပြထားတာပါ။
 
ဒါ့အပြင်(မဆလ)အစိုးရ၊ (နဝတ-နအဖ)စစ်အစိုးရ၊ကြံ့ဖွံ့အစိုးရတွေထဲမှာ ပြည်သူ့ဘဏ္ဍာအလွဲသုံးစား မလုပ် တဲ့သူ၊ မဘုံးတဲ့သူ၊ မခိုးတဲ့သူ၊ မရှိဘူးဆိုတာကို ပြည်သူတွေကတော့ သူတို့ဘဝပေးအတွေ့အကြုံ များအရ လေးလေးနက်နက်သိရှိ သဘောပေါက်ထားပြီးသား ဖြစ်ပါတယ်။ အခုလည်းပြည်သူတွေ သိချင်တယ် ဆိုတဲ့ အချက်က ဘယ်သူတွေဟာ ဘယ်လိုပမာဏနဲ့အတိုင်းအတာကို ဘယ်လိုနည်းလမ်း တွေနဲ့ တိုင်းပြည် ဘဏ္ဍာတွေကို ဘုံးခဲ့ကြသလဲ၊ ဘုံးနေကြသလဲ ဆိုတဲ့အချက်ကိုသာလျှင် သိချင်နေကြ တာပါ။ ။
 

Wednesday, June 18, 2014

Assistant Secretary-General and Deputy Emergency Relief Coordinator, Kyung-Wha Kang Press Remarks on Myanmar

Assistant Secretary-General and Deputy Emergency Relief Coordinator, Kyung-Wha Kang Press Remarks on Myanmar

Report from UN Office for the Coordination of Humanitarian Affairs
Published on17 Jun 2014
New York 17 June 2014


As delivered

I am pleased to have this opportunity to brief you on my trip last week to Myanmar to take stock of the humanitarian challenges there. This trip coincided with the second anniversary of the terrible inter-communal violence in Rakhine State and the third anniversary of the conflict in Kachin State.

In both Rakhine and Kachin, humanitarian access is an issue, but for very different reasons. In Kachin, half of the 100,000 or so people displaced by war are living in camps beyond Government control, and where international access is limited to irregular cross-line humanitarian missions.

In Rakhine, I witnessed a level of human suffering in IDP camps that I have personally never seen before, with men, women, and children living in appalling conditions with severe restrictions on their freedom of movement, both in camps and isolated villages. Many people have wholly inadequate access to basic services including health, education, water and sanitation.

Two years into the crisis in Rakhine, hundreds of thousands of people continue to rely on humanitarian aid because they cannot rebuild their lives and livelihoods. Farmers can’t go to their fields, fishermen can’t go to the sea, and traders can’t go to the markets.

Humanitarian workers in Rakhine are carrying out their work under extremely difficult circumstances and I was humbled by their commitment to stay and deliver. However, unless the Myanmar authorities ensure that the perpetrators of the attacks on UN and NGO premises in late March are brought to justice, the safety and security of our staff will continue to be at risk.

The context in Kachin is very different. I was only able to visit an IDP camp in the Government-controlled area, but I met local NGO staff who are central to humanitarian work in areas held by the Kachin Independence Army. Access by international humanitarian organizations is improving through cross-line missions but aid agencies need regular, predictable, and sustained access to all IDPs.

In the capital Nay Pyi Taw, I met with the Vice President, the Minister of Foreign Affairs, the Minister of Social Welfare, Relief, and Resettlement, and the Deputy Minister of Border Affairs and I reiterated the UN’s commitment to support the Government’s efforts to meet humanitarian needs and reminded them of their responsibility to bring the perpetrators of the March attacks to justice.

With regular earthquakes, floods, and cyclones, Myanmar is one of Asia’s most disaster-prone countries and I thanked the authorities for their strong engagement in working with humanitarian organizations in improving disaster preparedness and response.

The priority for both the Government and the international community must be to improve the lives of the most vulnerable people in the country, regardless of ethnicity, nationality, religion, gender or class.

With those very brief introductory remarks, I’m ready to take your questions now.

https://link.brightcove.com/services/player/bcpid1722935254001/?bctid=3627662564001&autoStart=false&secureConnections=true&width=480&height=270

UN Office for the Coordination of Humanitarian Affairs: To learn more about OCHA's activities, please visit http://unocha.org/.

Sunday, June 8, 2014

ငါးတန်းနှင့်ပြိုင် ဘယ်သူနိုင်

ငါးတန်းနှင့်ပြိုင် ဘယ်သူနိုင်

7Day Daily
Issue No: No.404 Monday, June 9, 2014
Author: ရဲမိုး


(၁)
ယခုအစီအစဉ်မှာပါဝင် ဖြေကြားဖို့ ဖိတ်ခေါ် ထားသူများကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ ဖြစ်ပါသည်။
 
မေးခွန်းများကို ပထမဆုံး ဖြေကြားရမည့်သူကတော့ တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပဲ ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီးက ဒီမိုကရေစီဖော်ဆောင်ရေးမှာ တပ်မတော်က တစ်တပ် တစ်အား ပါဝင်နေသည်ဟု ပြောခဲ့ပြီး အစိုး ရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများကို တပ်မတော်မှ ထောက်ခံပါသည်ဟု ပြောခဲ့သူ လည်းဖြစ်ပါသည်။ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ဖြေကြားရ မည့် မေးခွန်းများကတော့ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁)သုံးနှစ်ကြာ ဖြစ်ပွားခဲ့သည့် ကချင်စစ်ပွဲမှာ တပ်မတော်ဘက် က အကျအဆုံးအရေအတွက်ကို အတိ အကျဖော် ပြပါ။
(၂) သုံးနှစ်ကြာဖြစ်ပွားခဲ့သည့် ကချင်စစ်ပွဲမှာ တပ်မတော်ဘက် က ကုန်ကျခဲ့သည့် စစ်စရိတ်ကို အတိအကျဖော် ပြပါ။
(၃) ကချင်စစ်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ အပစ်အခတ်ရပ်စဲရေးညွှန်ကြားမှု များက အောက်ခြေ တပ်များအထိ ဘာကြောင့် မရောက်သလဲဆို သည်ကို ဖြေကြားပါ။
 
မေးခွန်းများကို ဒုတိယဖြေ ကြားရမည့်သူကတော့ ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဖြစ်ပါသည်။ သူရဦးရွှေမန်းကတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ နောက်ကြောင်းပြန်လှည့်သူများကို ချေမှုန်းမည်ဟု ကတိ ပေးခဲ့သူဖြစ်ပြီး သတင်းမီဒီယာများမှာ မကြာခဏ ဖော်ပြခံနေရသူလည်းဖြစ်ပါသည်။
 
နာယကကြီးဖြေကြားရမည့် မေးခွန်းများကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သုံးနှစ်ကြာဖြစ်ပွားနေသည့် ကချင်စစ်ပွဲနှင့်ပတ် သက်ပြီး ပြည် ထောင်စုလွှတ်တော်မှာ လာ ရောက်ရှင်းပြဖို့ ဖိတ်ခေါ်မည့်နေ့ ရက်နှင့် အချိန်ကို ဖြေကြားပါ။
(၂) ကချင်စစ်ပွဲမှာ တပ်မတော် ဘက်က ကျဆုံးခဲ့သည့် အရေ အတွက်နှင့် စစ်စရိတ်ကို အများ ပြည်သူသိရှိ နိုင်အောင် စုံစမ်းရေး ကော်မရှင်ဖွဲ့မည့်အချိန်ကို ဖြေ ကြားပါ။
(၃) ပြည်သူကို ကိုယ်စားပြုသည် ဆိုသည့် လွှတ်တော်ကိုယ်စား လှယ်များက ကချင်စစ်ပွဲနှင့်ပတ် သက်ပြီး ဘာကြောင့်လုံလောက် သည့်မေးခွန်းများ မထုတ်ခဲ့ကြ သလဲဆိုသည်ကို ဖြေကြားပါ။
 
တတိယနှင့် နောက်ဆုံးဖြေ ကြားရမည့်သူကတော့ နိုင်ငံတော်သမ္မတဦးသိန်းစိန်ဖြစ်ပါသည်။ သမ္မတကြီးကတော့ ‘‘သန့်ရှင်းသောစီမံအုပ်ချုပ်မှု’’နှင့် ‘‘ပွင့်လင်းမြင်သာမှုရှိရေး’’တို့ကို ထုတ်ဖော်ပြောကြားလေ့ ရှိသူဖြစ်ပါသည်။
သမ္မတ ကြီးဖြေကြားရမည့် မေးခွန်းများက အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁) ထိုးစစ်များရပ်တန့်ဖို့ ညွှန် ကြားချက်များရှိနေသည့်ကြားက ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုများ ဘာကြောင့် ဆက်ဖြစ်နေသည်ကို ဖြေကြားပါ။
(၂) ကချင်မှာဖြစ်ပွားနေသည့် စစ်စရိတ်က နိုင်ငံသားတစ်ဦးချင်း စီအတွက် မည်မျှကုန်ကျနေသည် ကို တွက်ချက် ပြပါ။
(၃) သုံးနှစ်ကြာ ကချင်စစ်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများကို အ သေးစိတ်ရှင်းလင်းတင်ပြသည့် မိန့်ခွန်းကို ပြောကြား မည့်နေ့ရက် နှင့် အချိန်ကိုဖြေပါ။
 
နောက်တစ်ကြိမ် အခွင့်ရလျှင် ‘‘ငါးတန်းနှင့်ပြိုင် ဘယ်သူနိုင်’’ အစီအစဉ်မှာ ကေအိုင်အို၊ ကေအိုင်အေ ခေါင်းဆောင် များကိုလည်းအလားတူဖိတ်ခေါ်မေးခွန်း ထုတ်ရမှာဖြစ်ပါသည်။
 
(၂)
စာဖတ်သူ ယခုဆောင်းပါး ကို ဖတ်နေချိန်တွင် ကချင်စစ်ပွဲ သုံးနှစ်ပြည့်ပြီဖြစ်ပါသည်။ တိတိကျကျပြောရလျှင် ယခုဇွန်လ ၉ ရက်မှာ ရက်ပေါင်း ၁,၀၉၅ ရက်ရှိခဲ့ပါပြီ။ သုံးနှစ်အတွင်းမှာ တိုက်ပွဲပေါင်း ၂,၅၀၀ ခန့်ဖြစ်ပွားခဲ့ သည်ဟု အချို့ခန့်မှန်းကြသည်။ ထိုခန့်မှန်းချက်မှန်ကန်လျှင် တစ်ရက်ကို ပျမ်းမျှ တိုက်ပွဲ နှစ်ပွဲကျော်ကျော် ဖြစ်ပွားနေသည်ဟု ဆိုရမည်။ သုံးနှစ်အတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်းနီးနီးခန့်လည်း စစ်ပြေး တိမ်းရှောင် ခဲ့ကြရသည်ဟု နိုင်ငံ တကာအဖွဲ့အစည်းများက ခန့်မှန်းခဲ့ကြသည်။
 
နိုင်ငံအတွင်းမှာ သုံးနှစ်ကြာ တိုက်ခိုက်နေသည့် စစ်ပွဲနှင့်ပတ် သက်ပြီး တပ်မတော်က ပြည်သူ များကို ရှင်းလင်း ထုတ်ပြန်ချက် မပြုလုပ်ခဲ့ပါ။ တပ်မတော်သား များ၏ အမိအဖများဖြစ်သည့် ပြည်သူများကို တပ်သားမည်မျှ ကျဆုံးခဲ့ပြီဆိုတာကို မထုတ်ပြန်ခဲ့ပါ။ ပြည်သူများ၏ ‘‘သိပိုင်ခွင့်’’ကို လေးစားမှုလုံးဝမရှိခဲ့ပါ။ သတင်းမီဒီယာများကို သတင်း အချက်အလက်မပေးခဲ့ပါ။
 
လွှတ်တော်ကိုယ်စားလှယ် များကလည်း ပြည်သူများကို ကိုယ်စားပြုပြီး မေးခွန်းထုတ်ကြဖို့ တာဝန်ပျက်ကွက်ခဲ့ ကြပါသည်။ ပြည်သူတို့၏ သိရှိပိုင်ခွင့်နှင့် စစ်ဆေးပိုင်ခွင့်ကို လေးစားမှု မရှိခဲ့ကြပါ။
 
နှစ်ဖက်စလုံး၏ အကျအဆုံးသည် နိုင်ငံတစ်ခုလုံး၏ အကျအဆုံးဖြစ်ပါသည်။ အလားတူ နှစ်ဖက်စလုံး၏ ကုန် ကျစရိတ် သည်လည်း နိုင်ငံတစ်ခုလုံး၏ ကုန်ကျစရိတ်ဖြစ်ပါသည်။ ကျဆုံး သွားကြသူများနှင့် စစ်ကုန်ကျ စရိတ်များ အပြင် အခြားကြီးမားသည့် ဆုံးရှုံးမှုကြီးတစ်ခုရှိပါသည်။ တိုင်းရင်းသားအချင်းချင်းကြားမှာ ပေါ်ပေါက်လာသည့် ‘‘အမုန်းတရား’’ ဖြစ်သည်။ ငွေကြေး၊ အချိန်ကာလတို့နှင့် ပြန်လည်ဝယ်ယူ၍မရနိုင်သည့် ဆုံးရှုံးမှု ဖြစ်သည်။
 
နိုင်ငံရေးအပြောင်းအလဲ၏ အကျိုးဆက်များကို ရန်ကုန်နှင့် နေပြည်တော်မြို့ကြီးများမှာ ကွန် ဖရင့်ကြီးများ၊ အခမ်း အနား အကြီးအကျယ်များဖြင့် ကျင်းပ နေကြချိန်မှာ နေအိမ်များကိုစွန့်ခွာပြီး စစ်တိမ်းရှောင်နေကြရသည့် ကချင် ပြည်သူ များကို လွှတ်တော်ကိုယ်စားလှယ်များ မေ့လျော့နေ၍မဖြစ်ပါ။
 
တာဝန်ရှိသူများက အမှန် တရားကို ရဲရဲဝံ့ဝံ့မျက်နှာချင်းဆိုင် ဖို့ အချိန်ရောက်လာခဲ့ပါပြီ။
 
ပြင်သစ်တွေးခေါ်ပညာရှင် ဗော်လ်တိုင်းယားက အခုလိုပြော ခဲ့သည်။
‘‘လူမသတ်ဖို့တားမြစ်ထား တယ်။ ဒါကြောင့် လူသတ်သမား တွေ အပြစ်ပေးခံကြရတယ်။ ခရာတွေမှုတ်ပြီး အစုလိုက် အပြုံ လိုက် လူသတ်ကြသူတွေကလွဲရင် ပေါ့’’
 
ရဲမိုး