Pages

Tuesday, August 14, 2012

Egress ဆိုသည်မှာ အစိုးရ၏ NGO အဖွဲ့ပါ

Egress ဆိုသည်မှာ အစိုးရ၏ NGO အဖွဲ့ပါ



Tuesday, 14 August 2012 17:40
Written by ဖြူဖြူကို

Myanmar Egress အဖွဲ့သည် မြန်မာနိုင်ငံ၌ စစ်မှန်သည့် ငြိမ်းချမ်းရေး အမြန် တည်ဆောက်ရန် အဖြေရှာ လိုပါက ၄င်းတို့ အနေနှင့် အစိုးရ ပေါ်လစီကို အကောင်အထည် ဖေါ်သော NGO အဖြစ်မှ ရပ်ဆိုင်းရန် လိုအပ်သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အတွင်းရေးမှူး အဖွဲ့ဝင် တဦးဖြစ်သည့် ခွန်ဥက္ကာက ဆိုပါသည်။

“မြန်မာ အီးဂရက်က ရှင်းရှင်းပြောရရင် အစိုးရဘက်ကို လိုက်နေတဲ့ NGO ပေါ့ သူတို့က အစိုးရရဲ့ ပေါ်လစီမူဝါဒကို ဖြန့်ပေး နေတဲ့ အန်ဂျီအိုပေါ့ အဲလိုဖြန့်ချီပေးတဲ့နေရာမှာလဲ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေပါ ပါဝင်လာခဲ့လို့ ဒီလိုပွဲမျိုးကို ကျင်းပခဲ့တာပေါ့။ ပြီးတော့တချို့နေရာတွေမှာ အကျိုးအမြတ်တွေတောင် သူတို့ ရရှိလာပါတယ်” ဟုဆိုပါသည်။

အကျိုးမြတ် ဆိုသည်မှာ နိုင်ငံရေးအရ လုပ်ပိုင်ခွင့်များ ရလာခြင်း၊ ငွေရေးကြေးရေးအရ သုံးစွဲနိုင်ခြင်း၊ အီးဂရက်ဌာန ချုပ် သည် တက္ကသိုလ်တစ်ခုသဖွယ် ပညာပေးရေး ဌာနတစ်ခု အဖြစ် တည်ဆောက် နိုင်ခဲ့သည့် အကျိုးအမြတ်ကို ဆိုလို ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

Myanmar Egress အဖွဲ့သည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား စစ်မှန်သည့် ငြိမ်းချမ်း ရေး အမြန်ဆုံး တည်ဆောက်နိုင်ရန် အဖြေရှာသည့် ဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့  ပန်ဒါဟိုတယ်မှာ ယမန်နေ့ မနက်ပိုင်း၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲကို ငြိမ်းဖောင် ဒေးရှင်းမှ ဦးဆောင်ပြီး ၂ ရက်တာ ကျင်းပသွားခြင်းဖြစ်ပါသည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံး ဒုတိယ အကြီးအကဲ Mr.Arne Jan Flolo၊ Trans National Institute မှ Mr.Tom Kramer နှင့် မြန်မာအီးဂရက် ဥက္ကဌ ဦးတင်မောင်သန်းတို့ပါ တက်ရောက် ဆွေးနွေးခဲ့ကြသလို တိုင်းရင်း သား အဖွဲ့အစည်း (၅၇) ဖွဲ့မှ ကိုယ်စားလှယ်များ အပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက် နေကြ သော အဖွဲ့အစည်းများ အသီးသီးမှ ပုဂ္ဂိုလ် (၂၀၀) ခန့်တက်ရောက် ခဲ့ပါသည်ဟု သတင်း ထုတ်ပြန်ခဲ့ပါသည်။

သြဂုတ် (၁၃)ရက်နေ့က ပန်ဒါဟော်တယ်၌ ဆွေးနွေးပွဲကျင်းပနေစဉ်

http://www.myanmarnewshub.com/?p=33276

ဤသတင်း ထုတ်ပြန်မှုကို ကြည့်ပါက Egress သည် အစိုးရပေါ်လစီကို အကောင်အထည်ဖေါ် နေသော NGO တခုဆို သည်မှာ ထင်ရှားလှသည်ဟု ခွန်ဥက္ကာကဆိုပါသည်။ UNFC သည် တိုင်းရင်းသား အရေးကို တောင်းဆို ရာ၌ မူ(၇)ချက် ချမှတ် ထားပါသည်။ အစိုးရသည် မူ(၈)ချက် ချမှတ်ပြီး နိုင်ငံတော် ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ဗဟိုကော်မီကို သမ္မတ ကိုယ်တိုင် ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ပါသည်။

http://www.president-office.gov.mm/briefing-room/daily-news/news1200

ဤလင့်ထဲ၌ ရှိသော အစိုးရ၏မူ (၈) ချက်ကို UNFC က လက်မခံ သေးပေ။ ဤသို့ကြောင့် Egress ဥက္ကဌ၏ အဆိုပြုချက်သည် လက်တွေ့ မကျသည့်အပြင် အစိုးရ၏ ပေါ်လစီ အတိုင်း ဖြစ်နေပေသည်။ UNFC သည် အစိုးရနှင့် မသက်ဆိုင်သော လွတ်လပ်သည့် တိုင်းရင်းသား ညီလာခံတရပ် ဖြစ်ပေါ်ရေး ကို ကြိုးပမ်း နေပါသည်။

မြန်မာ့ ငြိမ်းချမ်းရေးသည် အပစ်အခတ် ရပ်စဲရေးထက် နိုင်ငံရေးအရ စစ်မှန်သော အဖြေရှာမှုသည် သာလျှင် အကောင်း ဆုံး ဖြစ်လိမ့်မည်ဟု ခွန်ဥက္ကာကဆိုပါသည်။

“UNFC ရဲ့ 7 ချက်နဲ့ ကိုက်ညီမှလည်း မဟုတ်ဘူး ဦးသိန်းစိန်ရဲ့ ၈ ချက်နဲ့ ကိုက်ညီမှလည်း မဟုတ်ဘူး အဲဒီ ၇ ချက်နဲ့ ၈ ချက်ကို ဘယ်ဟာ လုပ်မလဲ ဆိုတာကို ဆွေးနွေး တိုင်ပင် ညှိနှိုင်းဖို့ လိုတယ်။ ဘယ်တော့ ညှိနိုင်းမလဲ ဆိုတဲ့ အပေါ်မှာ မူတည်တယ်။ အီးဂရက်က ဦးတင်မောင်သန်း ပြောသလို ငြိမ်းချမ်းရေးဟာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ တွေပေါ်မှာဘဲ မူတည်တယ်လို့ ပြောတာဟာ အစိုးရဖက်ကို လိုက်ပြီး ပြောတာ ဖြစ်တယ်။ ၀ါဒ ဖြန့်တာလည်း ဖြစ်မယ်။ တကယ် တော့ အစိုးရ အဆက်ဆက်ကြောင့် တိုင်းပြည် မငြိမ်းချမ်း တာကိုလည်း စဉ်းစား သင့်ပါတယ်”ဟု ဆိုပါသည်။

ထို့အပြင် UNFC သည် လွတ်လပ်သည့် တိုင်းရင်းသား ညီလာခံ တခုကို ပြည်တွင်း ၌လည်း ကျင်းပ လိုပါသည်။ အစိုးရက ခွင့်ပြုမလား ဆိုသည်မှာ ၄င်းတို့ စေတနာ အပေါ် မူတည် ပါလိမ့်မည်။ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား ပါတီများ၊ တက်ရောက် လိုသော ပညာရှင် ပုဂ္ဂိုလ်များ၊ တိုင်းချစ် ပြည်ချစ် ပုဂ္ဂိုလ်များမှ လွတ်လွတ်လပ်လပ် ဆွေးနွေးပြီး အဖြေရှာ သင့်ပါသည်။ ဤညီလာခံမျိုး အစိုးရက ခွင့်မပြုဘူး ဆိုပါက ဘာကြောင့်လဲဟု ကြိုပြီး မေးခွန်း ထုတ်ရ ပါလိမ့်မည်။

http://www.phophtaw.org/burmese/index.php/statement-pressrelease/statement/1917-2012-07-23-08-18-43.html

ဤလင့်သည် UNFC ၏ လမ်းပြမြေပုံ (၇) ချက် ဖြစ်ပါသည်။ မြန်မာ့ ငြိမ်းချမ်းရေးသည် KIA အပေါ် အစိုးရ၏ ကိုင်တွယ်မှု သဘောထား အပေါ်မှာသာ မူတည် လိမ့်မည်ဟု မြန်မာနိုင်ငံ၏ငြိမ်းချမ်း ရေးဖြစ်စဉ် ကို အကူအညီ ပေးနေသော နော် ဝေးနိုင်ငံမှ Myanmar Peace Support Initiative (MPSI) က ဆိုပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2009-egress-ngo-.html

No comments:

Post a Comment