Pages

Sunday, March 3, 2013

Pinlone Meeting - Yangon


ဦးချန်ထွန်းကြောင့် တိုင်းရင်းသားတွေ စိတ်ဝမ်းကွဲ

ဦးချန်ထွန်းရဲ့ တစ်ပြည်ထောင်စနစ် တည်ထောင်လိုက်ခြင်းကြောင့် တိုင်းရင်းသားတွေ အချင်းချင်းစိတ်ဝမ်း ကွဲပြားမှုတွေ ဖြစ်ပေါ်ခဲ့ရတာဖြစ်တယ်လို့ ချင်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှု ကော်မတီ တက္ကသိုလ်များ ရန်ကုနှ်ု နာယက ဒေါက်တာ ဒေါ်အေးအေးငွန်က မက်လ ၂ ရက်နေ့က ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဓမ္မစေတီလမ်းနဲ့ ဦးဝိစာရလမ်းထောင့်ရှိ ဆမွန်စီးပွားရေး စင်တာ တတိယထပ်မှ ဖွံ့ဖြိုးရေး မဏ္ဍိုင်အစည်းအဝေးရုံးခန်းမှာ ပင်လုံစာချုပ်နဲ့ပတ်သက်လို့ ပြုလုပ်တဲ့ အမြင်သဘောထား ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။ဒါကြောင့် စိတ်ဝမ်းကွဲနေတဲ့ တိုင်းရင်းသား တွေအားလုံးဟာ ပင်လုံစိတ်ဓါတ်ကို အခြေခံတဲ့ ပင်လုံညီလာခံလိုမျိုး နောက်တစ်ကြိမ်း ပြုလုပ်ဖို့ ကြိုးစားနေတဲ့အပေါ်မှာလက်ရှိအစိုးရရော တိုင်းရင်းသားတွေဖက်ကပါ နားလည်မှုတွေ ထားရှိဖို့ သူကထောက်ပြခဲ့ပါတယ်။ အဲဒီလိုပဲ ဒီပွဲကို တက် ရောက်ဆွေးနွေးခဲ့တဲ့ သမိုင်းပါမောက္ခ ဒေါက်တာ ဦးစိုင်းအောင်ထွန်းကလဲ ပင်လုံစာချုပ်နဲ့ပတ်သက်လို့ နိုင်ငံရေး ပါတီတွေရဲ့ စိတ်ပါဝင်စားမှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်သွားခဲ့ပါတယ်။ ဆွေးနွေးပွဲကို သမိုင်း ပါမောက္ခ ဒေါက်တာ ဦးစိုင်း အောင်ထွန်း ၊ မြန်မာနိုင်ငံ ကျမ်းစာကျောင်းမှ ကိုယ်စားလှယ် ကိုမောင်ဆန်း အောင် ၊ ချင်း တိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှု ကော်မတီ တက္ကသိုလ်များ ရန်ကုန် နာယက ဒေါက်တာ ဒေါ်အေးအေးငွန် နဲ့ မြန်မာနိုင်ငံ သမိုင်းကြောင်းလေ့လာနေတဲ့ နိုင်ငံခြားသားတွေ နောက် သံဃာတော်တွေ တိုင်းရင်းသားတွေ စိတ်ပါဝင်စားသူတွေအပါအဝင် လူဦးရေ ၁၀၀ လောက်တက်ရောက် ခဲ့ကြပါတယ်။

BurmaVJMedia·

No comments:

Post a Comment