Pages

Tuesday, September 17, 2013

ဗိုလ်ဇော်မျိုးထက် သေဆုံးသည့် တိုက်ပွဲဖြစ်စဉ်


ဗိုလ်ဇော်မျိုးထက် သေဆုံးသည့် တိုက်ပွဲဖြစ်စဉ်
စက်တင်ဘာ ၁၆၊ ၂၀၁၃
 
ခရန်ထီးဒမ် (Hkrang Hti Dam)ရွာဟောင်းမှာရောက်နေတဲ့ မြန်မာစစ်တပ်နဲ့ ဒေသခံ ပြည်သူ့ စစ် ပူးပေါင်းအင်အား ၃၀ ခန့် ဟာ ၁၅ - ၈ - ၂၀၁၃ ရက်နေ့ မှာ အင်ရော့ဂါး (Nrawt Ga) ကျေးရွာကို ၀င် ရောက်လာခဲ့တယ်။ စစ်ကြောင်း သွားရာလမ်းကြောင်း တလျှောက် သေနတ်ပစ်ဖောက်လာ ခဲ့ကြတယ်။ အဲဒီကနေတစ်ဆင့် KIA တပ်ရင်း (၇) ရဲ့  ရှေ့ တန်းကင်းစခန်းရှိရာ ကြိုင်ခူးခဇွပ် (Chyai Hku Hka Zup) ရဲ့  အောက်ဖက်၊ အင်ခါးဂါး (Nhka Ga) ကျေးရွာသစ်ရဲ့  အပြင်ဘက်ကို ချဉ်းကပ် ဦးတည်လာခဲ့တယ်။ မိမိဘက်က တိုက်ပွဲကိုရှောင်ရှားလိုတဲ့ အတွက် ရွာသားစေလွှတ်ပြီး စစ်ကြောင်း ချဉ်းကပ်မလာစေဖို့  အသိပေးစေခဲ့တယ်။
ရွာသားတွေ တားဆီးပြောဆိုတာကို လက်မခံဘဲရှေ့ ကိုဆက်တိုးလာတဲ့အတွက်၂၈ - ၈ - ၂၀၁၃ ရက်နေ့  မွန်းလွဲပိုင်းမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရတယ်။မြန်မာစစ်တပ် စစ်ကြောင်းဘက်မှာ ထိခိုက်မှု ရှိခဲ့တယ်။ အဲဒါကြောင့် ၂၉ - ၈ - ၂၀၁၃ ရက်နေ့  မနက် ၀၆း၃၀ မှ ၀၇း၀၀ နာရီအတွင်း မြန်မာစစ်တပ်နဲ့ ပြည်သူ့  စစ် ပူးပေါင်းတပ်ဖွဲ့ ဟာ KIA ရှေ့ တန်းစခန်းကို နှစ်ကြိမ်တိတိထပ်မံထိုးစစ်ဆင် လာတယ်။ မိမိတို့  ဘက်မှ ခုခံတိုက်ပွဲဆင်နွှဲရတယ်။ မြန်မာစစ်ကြောင်းဘက်မှ အရာရှိတစ်ဦးနဲ့ သာမန်ရဲဘော်တစ်ဦး ကျဆုံးတယ်။ မိမိဘက်က တပ်သားနှစ်ဦးလည်း ကျဆုံးခဲ့ရတယ်။ မြန်မာစစ်တပ်ဘက်မှ လက်နက်ငယ် တစ်လက်၊ ပြည်သူ့ စစ်တပ်ဖွဲ့ ကိုင် M-22 တစ်လက် သိမ်းရမိတယ်။ မိမိဘက်က သေနတ်တစ်လက် လက်လွှတ် လိုက်ရတယ်။
၂ - ၉ - ၂၀၁၃ ရက်နေ့ မှာ ခလရ (၁၃၈)၊ ခလရ (၄၆) ပါဝင်တဲ့စစ်ကြောင်း(အင်အား ၁၀၀ ကျော်ဟာ) မချမ်းဘော့မြို့ ကနေပြီး စက်လှေတွေနဲ့ မလိခမြစ်အတိုင်း စုန်ဆင်းလာပြီး အင်ခါးဂါးကျေးရွာကို ရောက်ရှိ လာခဲ့တယ်။ဒါကြောင့် မိမိတပ်ဖွဲ့ တွေကလည်း စခန်းကနေ ရှောင်ထွက်ပေးလိုက်တယ်။
အင်ခါးဂါးကျေးရွာဟာ လွန်ခဲ့တဲ့ ၂နှစ်က လုံခြုံရေးအရ နေရာရွှေ့ ပြောင်းတည်ခဲ့တဲ့ ကျေးရွာသစ် ဖြစ်တယ်။ အိမ်ခြေ ၂၀ ခန့် ရှိတယ်။ လွန်ခဲ့တဲ့တိုက်ပွဲပြင်းထန်ကာလအတွင်း အဲဒီဒေသမှာ မြန်မာ စစ်ကြောင်း ၀င်/ထွက် မရှိခဲ့တဲ့အတွက်အေးချမ်းနေခဲ့တယ်။
အင်ခါးဂါးကျေးရွာကို စစ်ကြောင်းဝင်ရောက်လာတဲ့နေ့ ကစပြီး ရွာသားတွေကိုဖမ်းဆီးနှိပ်စက်ခဲ့တယ်။ ရွာသားတွေ မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုဖမ်းဆီးသတ်ဖြတ် လုယက်ခံရတယ်။ ရွာသား တွေရဲ့  ဆန်ရိက္ခာတွေ လုယက်ခံရတယ်။ အင်ခါးဂါးကျေးရွာက ရွာလူကြီး ဦးလခင်ခေါတုပ် (Salang LahkyenHkaw Tup) နဲ့  လူငယ် ရုန်ခါးခင် (Shadang Yung Hka Hkyen) ကို လမ်းပြ အဖြစ် ကြိုးတုတ်ခေါ်သွားတယ်။ နောက်ပိုင်း ပျောက်သွားတယ်။ သတ်ဖြတ်ခံရတယ်လို့ သတင်းတက် လာတယ်။ ဘာသာရေး သင်းအုပ်ဆရာရမ်မယ် (Rev. Ram Me) နဲ့  ယောကျာင်္း ၁၀ ယောက်ကျော်ကို ကြိုးတုတ် ချိတ်ဆွဲထားပြီး ရိုက်နှက်နှိပ်စက်ခဲ့တယ်။
၂၉ - ၈ - ၂၀၁၃ တိုက်ပွဲမှာ ကျသွားတဲ့အရာရှိရဲ့ အလောင်းကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေပြီး ကြားခံပုဂ္ဂိုလ်မှတစ်ဆင့် စုံစမ်းခဲ့တဲ့အတွက် အလောင်းမြှုပ်နှံထားတဲ့နေရာကို အသိပေးခဲ့တယ်။ တကယ်လို့ အလောင်းကိုမဟုတ်မဟပ် လုပ်ထားမိခဲ့တယ်ဆိုရင် အလောင်းမြှုပ်နှံ ထားတဲ့နေရာကို အသိပေးရန် အကြောင်းမရှိပါ။ ၂ နှစ် တိုက်ပွဲကာအတွင်း မိမိဘက်က ဖမ်းဆီးရမိတဲ့ သုံ့ ပန်းတွေကို လူ့  ယဉ်ကျေးမှုနဲ့  အညီ ပြုမူဆက်ဆံခဲ့တာ အားလုံးအသိဖြစ်တယ်။ အကြမ်းဖျဉ်း သိရသလောက် အရာရှိရဲ့  အလောင်း ကိုစက်တင်ဘာလ (၅)ရက်နေ့  ပြန်ဖော်ရတယ်လို့ သိရတယ်။ အဲဒီမတိုင်ခင် ရွာသားတွေ အားလုံးကို လက်လွန်ခြေလွန် မတရားနှိပ်စက် အဓမ္မပြုကျင့်မှုတွေကျူးလွန်ခဲ့ပြီး ဖြစ်တယ်။
အခုအချိန်မှာ အဲဒီရွာသားတွေဟာ ရွာအပြင်ထွက်ခွင့် မရသေးသဖြင့် ဒုက္ခမျိုးစုံခံစား နေရတယ်။ ဒါပေမယ့် ရွာသားတွေရဲ့ ဖြစ်ရပ်တွေကို နည်းမျိုးစုံနဲ့ အပြင်ကို ပေါက်ကြားခဲ့တယ်။ ဒေသခံ မြန်မာ စစ်တပ်တွေဟာ မချမ်းဘော့ဒေသခံတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးတပ်ဖွဲ့ ဝင်တွေရှိတယ်။ အဲဒီကတစ်ဆင့် သတင်းဟာ အပြင်ကို ရောက်ရှိခဲ့တယ်။ ရွာသားတွေကို အကူအညီပေးဖို့ အတွက် ဘာသာရေး အသင်းအဖွဲ့ တွေဟာ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ ကို အနည်းဆုံးသုံးကြိမ် ခွင့်တောင်းခဲ့ပေမယ့် ခွင့်ပြုချက်မရခဲ့ပါ။
မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ကြေညာချက်ဟာ ရှေ့ တန်းစစ်ကြောင်းတွေရဲ့  ၄င်းတို့ ကျူးလွန်ခဲ့တဲ့ လူ့  အခွင့်အရေး ချိုးဖောက်မှုကို ကာကွယ်နိုင်ဖို့ ကြံဖန်တင်ပြခဲ့တဲ့ အစီရင်ခံစာကို အခြေပြုထားတာ ဖြစ်တယ်။ အထူးစိုးရိမ်စရာဖြစ်တာကတော့ ထိန်းသိမ်းခံထားရတဲ့ ရွာသားတွေရဲ့ အသက်လုံခြုံရေးပါ။ စစ်တပ်ရဲ့  လက်ထဲမှာရောက်နေတဲ့အတွက် လက်ခုပ်ထဲကရေလို ဖြစ်နေကြရတယ်။
 
Venus News Weekly နှင့် KIO ပြောေ၇းဆိုခွင့်ရှိသူ ဦးလနန် တို့ ၏ မေး၊ ဖြေ ကဏ္ဍမှ ကောက်နုတ် တင်ပြပါသည်။

No comments:

Post a Comment