Pages

Sunday, May 11, 2014

စစ်ရေး လျော့ချမှု မရှိ ပါက အပစ်အခတ် ရပ်စဲရေး အဆိုးဆုံး အခြေအနေ ရောက်မည်ကို KNPP စိုးရိမ်

စစ်ရေး လျော့ချမှု မရှိ ပါက အပစ်အခတ် ရပ်စဲရေး အဆိုးဆုံး အခြေအနေ ရောက်မည်ကို KNPP စိုးရိမ်

http://www.phophtawnews.org/burmese/
Saturday, 10 May 2014
Written by ဖြူဖြူကို

အစိုးရနှင့် ဆွေးနွေးပွဲ တစ်ခုတွင် KNPP ဒုဥက္ကဋ္ဌ ခူဦးရယ် ဆွေးနွေး နေပုံ - ဓါတ်ပုံ - (KNPP)

လက်ရှိ တိုင်းရင်းသား ဒေသ များအတွင်း အစိုးရ စစ်တပ် များမှ စစ်ဆင်ရေးများ ပြုလုပ် နေခြင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ရရှိ ထားပြီး ဖြစ်သည့် အပစ်အခတ် ရပ်စဲရေး သည်လည်း ပျက်ပြယ် သွားနိုင်မည့် အဆိုးဆုံး အခြေအနေ ဖြစ်လာ နိုင်မည်ကို စိုးရိမ် မိကြောင်း KNPP ဒု-ဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။

တဖက်က အပစ်အခတ် ရပ်စဲရေးကို ညှိနှိုင်း နေတယ် တဖက် မှာက အစိုးရ တပ်က ထိုးစစ် ဆင်နေတယ်။ အစိုးရ တပ်တွေဘက် ထိုးစစ် ဆင်နေ တာကို မရပ်တန့်ဘူး ဆိုရင် ယုံကြည် မှုတွေ ပျက်ပြား သွားနိုင်သလို အပစ်အခတ် ရပ်စဲ ရေးလည်း ပျက်ပြား သွားနိုင်တယ်လို့ ကျနော် မြင်တယ်ဟု ခူဦးရယ်က ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင် ပြည်နယ် တောင်ပိုင်း တို့၌ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင် လွတ်လပ်ရေး ပါတီ တပ်မတော် (KIA) တပ်ဖွဲ့ များနှင့် အစိုးရ တပ်တို့ ထိတွေ့ တိုက်ပွဲများ ယနေ့ ထက်တိုင် ဖြစ်ပွားလျက် ရှိပါသည်။

ယနေ့ နံနက် ၌လည်း ရှမ်းပြည် မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ၏ တပ်ရင်း (၃၆) နှင့် အစိုးရတပ် (စိစစ်ဆဲ) တို့ တိုက်ပွဲ ဖြစ်ပွားလျက် ရှိကြောင်းနှင့် တပ်မဟာ (၄) ဘက်၌လည်း အစိုးရ၏ စစ်အင်အား အဆက် မပြတ် ဖြည့်တင်းလျက် ရှိနေကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် စစ်ရုံးချုပ်မှ အမည် မဖော်လိုသည့် အရာရှိ တဦးက ပြောသည်။

“ကျနော်တို့ ရှေ့တန်း တပ်မှူး တွေက နေပြီး အစိုးရ စစ်ဆင်ရေး လုပ်နေတဲ့ အပေါ် သည်းမခံ နိုင်တော့တဲ့ အနေအထားမျိုး ထိတောင် ရောက်လာ နေတယ်” ဟု KIA စစ်ရုံးချုပ် အရာရှိက ပြောသည်။

အစိုးရ ဘက်မှ တစ်ဖက် ၌လည်း စစ်ဆင်ရေး လုပ်နေသည့် အလားတူ လာမည့် မေလ (၁၃) ရက်နေ့၌ ကချင်လွတ်လပ်ရေး အဖွဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီ များနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီတို့ မြစ်ကြီးနား မြို့၌ တွေ့ဆုံရန် အတွက် ပြင်ဆင်လျက် ရှိကြောင်း KIA စစ်ရုံးချုပ် အရာရှိ ကြီးမှ ဆိုပါသည်။

ပြီးခဲ့သည့် မေလ (၉) ရက်နေ့၌ နမ့်ဆမ် မြို့နယ် နမ်းမတွီနှင့် လွတ်ပိတ် ရွာကြား၌ TNLA ၏ တပ်ရင်း (၇၁၇) တပ်ဖွဲ့နှင့် အစိုးရ တပ်မ (၇၇) တပ်ဖွဲ့ များနှင့် တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး အစိုးရ တပ်မှ ထိခိုက်မှု ရှိခဲ့ကြောင်း အထွေထွေ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။

ယခု လပိုင်း အတွင်း၌ TNLA ထိန်းချုပ် နယ်မြေတွင် မကြာခဏ ဆိုသလို တိုက်ပွဲ ဖြစ်နေသည့် အတွက် ဒေသခံ ပြည်သူများ လည်း စစ်ပြေး ဒုက္ခသည် အဖြစ် ပုန်းအောင်း နေထိုင် ကြကာ လာမည့် ဇွန်လ ကျောင်းဖွင့်ချိန် အမှီ မိမိတို့၏ သားသသီးများ ပညာ မသင်ကြား နိုင်မည်ကို စိုးရိမ် မိကြောင်း အမည် မဖော်လိုသည့် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

စစ်ဖြစ်တော့ ကျမတို့ အရမ်း ဒုက္ခ ရောက်တာပဲ စီးပွားရေး လုပ်လည်း အခက်ခဲ ရှိတယ်။ သွားလာရေးလဲ အခက်ခဲ ရှိတယ်။ အခု ကျောင်းကလဲ ဖွင့်တော့မယ်ဒီလို တိုက်ပွဲတွေ ထပ်ဖြစ်ရင် ခလေးတွေကို အရင်နှစ် ကလိုပဲ ကျောင်းမပို့ နိုင်တော့ ဘူးနဲ့ တူတယ်ဟု သူမက ပြောသည်။

ထိုသို့ တိုက်ပွဲ ဖြစ်ရခြင်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေး ဝန်ကြီး ဌာနမှ အကြီးတန်း တာဝန် ရှိသူ တဦးက “ရှမ်းမြောက်နှင့် ကချင်ပြည်နယ် တောင်ပိုင်း တို့၌ တိုင်းရင်းသား လက်နက်ကိုင် များမှ သဘာဝ သယံ ဇာတများအား ခိုးထုတ် နေခြင်း၊ ဌာနေ ပြည်သူ များအား အဓမ္မ တပ်သားသစ် အဖြစ် စုဆောင်း ခြင်းနှင့် ဆက်ကြေး ကောက်ခြင်း တို့ကြောင့်၊ ၎င်းအား အကာအကွယ် ပေးရန် ပြည်သူ များမှ လိုလား သဖြင့် နယ်မြေ စိုးမိုးရေး စစ်ဆင်ရေး လုပ်ရခြင်း ဖြစ်ကြောင်း” ဒီမိုကရေစီ တူဒေး သတင်းစာသို့ ပြောကြား သွားခဲ့သည်။

၎င်းအစိုးရ၏ ပြောကြား ချက်မှာ အစိုးရ တပ်များမှ ဝါဒ ဖြန့်ချီရေးသာ ဖြစ်ကြောင်း UNFC တွဲဖက် အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက တုံ့ပြန် ပြောဆို သွားခဲ့သည်။

No comments:

Post a Comment