Pages

Saturday, September 6, 2014

အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု တိုင်းရင်းသားပါတီတွေ သံသယရှိ



Kamayut Media, September 6, 2014

တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ဗေဒါအင်စတီကျူ့တို့ဟာ မြန်မာပြည် အသွင်ကူးပြောင်းမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်မြို့ Mi Casa ဟိုတယ်မှာ စက်တင်ဘာ ၆ရက်နေ့က တံခါးပိတ် ဆွေးနွေးခဲ့ပါတယ်။ မြန်မာအစိုးရအကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်ကို မယုံကြည်ကြဘူးလို့ ဘာ့ကြောင့်ပြောတာလဲ။

မြန်မာအစိုးရ လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် တိုင်းရင်းသားပါတီတွေက ယုံကြည်မှု အားနည်းနေတယ်လို့ ဗေဒါအင်စတီကျု့က ကိုနေမိုးအောင်က ပြောပါတယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၂ခုနဲ့ ဗေဒါအင်စတီကျူ့တို့ တံခါးပိတ်တွေ့ဆုံဆွေးနွေးခဲ့ပြီး အစိုးရရဲ့ လုပ်ဆောင်မှုကို အကောင်းမြင်သူ အားနည်းပြီး ယုံကြည်မှုတွေ နည်းနေတယ်လို့ ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေးကို အခြေခံပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်တာထက် ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေးကို ပြိုင်တူတွဲလုပ်သွားရင် ပိုပြီးမြန်မယ်လို့ ကရင်ပြည်သူ့ပါတီက စောမောင်တုတ်က အကြံပေးပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့သူတွေရဲ့ စိတ်ဓာတ်ကို ပြောင်းလဲဖို့လိုပြီး တကယ် နားလည်မှုရှိမှ ငြိမ်းချမ်း ရေး ရမယ်လို့ ဆိုပါတယ်။လွှတ်တော်ထဲက ကိုယ်စားလှယ်တွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာ အစိုးရဘက်က တင်ပြဆွေးနွေးတာမရှိလို့ ရေရေရာရာ မသိဘဲဖြစ်နေပြီး သူ့အနေနဲ့ တော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဝေဖန်ဖို့ အချက်အလက်မပြည့်စုံဘူးလို့ လွှတ်တော်အမတ် ဦးဖြိုးဇေယျာ သော် က ပြောပါတယ်။

No comments:

Post a Comment