Pages

Sunday, December 9, 2012

တတ်လည်း တတ်နိုင်ကြတယ်

တတ်လည်း တတ်နိုင်ကြတယ်

Burmanization နဲ့  Buddhism ဇတ်တွေကို ဘီလူးဆိုင်းနဲ့ တောက်ရှောက် ကပြ အသုံးတော် ခံနေတဲ့ မင်းကများ ငါ့ကို  “ကျဉ်းမြောင်းတဲ့လူမျိုးေ၇း အတွေးအခေါ်” တွေ ဆိုပြီး သူခိုးက လူဟစ် ရွှေပြည်အေးတ၇ားတွေဟော .. တတ်လည်း တတ်နိုင်ကြတယ်။
 
တောင်တွေလည်း တုံးကုန်ပြီ၊ မြေကြီးတွေဆိုလည်း လှန်လျော လိုက်ကြတာ အရိုးနဲ့ ပြိုင်းပြိုင်း .. ဒါနဲ့  တောင် ၃ချိုး ၁ချိုး အေ၇ခန်း ထပ်ပြီးချက်သောက် ကြအုံးမယ်ဆိုတော့ … နင်တို့ ဟာက .. တတ်လည်း တတ်နိုင်ကြတယ်။
 
ကချင်စကားရှိတယ် “Manya wa a Chying dum” ဗမာလိုတိုက်ရိုက်ဘာသာပြန်၇င်တော့ “အရူး စည်တီး” ပေါ့၊ စည်းနဲ့ ဝါး၊ န၇ီ ဆိုတာတွေကို နားမလည် … စည်ကို မပေါက်မခြင်းတီး ..ပေါက်ပြဲ သွား၇င်တောင် အတီးက မ၇ပ်ချင်သေးဘူး၊ အနစ်(၆၀)ကျော် စည်ကြီးကိုတီးလာလိုက်ကြတာ .. တိုင်းပြည်လည်း ဖွတ်ဖွတ်ကျေနေပြီ၊ လူထုလည်းပင်ပမ်းလှပြီ .. တိုင်း၇င်းသားအေ၇း၊ ဦးသန့် အေ၇း၊ ၈၈၈၈ အေ၇း၊ ၂၀၀၇ သံဃာတော် အေ၇း၊ လက်ပန်းတောင်းတောင် အေ၇း၊ တောင်သူလယ် သမား အေ၇း စတဲ့  ပြည်သူတွေ၇ဲ့ လက်နက်မဲ့ တောင်းဆိုနေတဲ့ အော်သံတွေ ကို ဥပက္ခာပြုပြီး .. အရှက်နဲ့  နောင်တ ဆိုတာ နားမလယ် .. လွတ်တော်မှာထိ အမိအဖ ဇွတ် ၇ာထူးနဲ့  တမတ်သား တက်လုပ် နေတာဖြင့် … ထွီ… တတ်လည်း တတ်နိုင်ကြတယ်။

No comments:

Post a Comment