Pages

Saturday, June 15, 2013

ပြုပြင်ပြောင်းလဲေ၇း ဆို၇ာဝယ်

ပြုပြင်ပြောင်းလဲေ၇း ဆို၇ာဝယ်

ပြည်နယ်နှင့်တိုင်း မြေပုံ
 
တိုင်း၇င်းသား ပေါင်းစုံ မှီတင်းနေထိုင်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် အနာဂတ် ငြိမ်းချမ်းသာယာ ဖွံ့  ဖြိုး တိုးတက်၇န် အစိုး၇၊ လူမျိုးစု လက်နက်ကိုင် အဖွဲ့ အစည်းများ၊ နိုင်ငံေ၇းပါတီများ၊ ပညာတတ် လူတန်းစားများ နှင့် အဖွဲ့ အစည်း အလွှာအသီးသီးမှ ခေါင်းဆောင်များမှ ပွင့်ပွင့်လင်းလင်း တွေးခေါ် ကြံဆ လာခြင်းမှာ စာေ၇းသူအနေဖြင့် အပြုသဘော ဆောင်သော ပြောင်းလဲမှု အဖြစ်လက်ခံပါသည်။
 
သို့ သော် -
 
ပွင့်ပွင့်လင်းလင်း တွေးခေါ် ကြံဆလာခြင်း နှင့် အခြေအနေ တ၇ပ်သို့ေ၇ာက်ရှိ၇န် ပြင်ဆင်နိုင်ခြင်း များမှာ အေ၇းကြီးသော အဆင့် ဖြစ်သော်လည်း လက်တွေ့ ဘ၀ အခြေအနေမှန် မဟုတ်သေးပါ။
 
ပွင့်လင်းမြင်သာမှုကို တနေ့ တနေ့  ပို၍ အလေးပေးလာသော ကမ္ဘာကြီးမှ  ကင်းကင်း ရှင်းရှင်း နေ၇န်မှာ တိုင်း၇င်းသားပေါင်းစုံ နေထိုင်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွက် ပို၍ မဖြစ်နှိုင်တော့ပါ၊ ဖုံးဖိ .. ၀ှက်ထားလို့ လည်းမ၇တော့ပါ။
 
ပြောတိုင်း တွေးတိုင်းလည်း မမှန်နိုင်သလို ပြင်ဆင်နှိုင်တိုင်းလည်း အဆင်မပြေ နိုင်သည်ကို ကျနော်တို့ ၇ဲ့  ခါးသီးလွန်းတဲ့ သမိုင်းအတွေ့ အကြုံတွေက သင်ပေးခဲ့ကြပါပြီ။
 
၁. 2008 constitution ပြင်ဆင်ဖို့ ကိစ္စ
 
တိုင်း၇င်းသား၊ အတိုက်အခံ ပါတီတွေ တောင်းဆိုနေတဲ့ Federalism နဲ့  ဘယ်လောက်ထိ ကိုက်ညီနိုင် မလဲ ?
 
၂.  တိုင်း၇င်းသား/ နိုင်ငံသား အခွင့်အေ၇း ​နဲ့  ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စ
 
လက်ရှိ တပ်မတော်အခြေပြု အစိုး၇ ဘယ်လောက်ထိ လိုက်လျော မလဲ ?
လက်ရှိအစိုး၇၇ဲ့  အနာဂတ် နိုင်ငံေ၇း လုပ်ငန်းစဉ်တွေ အပေါ် လေ့လာ သုံးသပ် ပြီးမှသာ တိုင်း၇င်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ အနေနဲ့  ၂၀၁၅ရွေးကောက်ပွဲ အပေါ် ဆုံးဖြတ်ကြမှာပါ၊ ပြီးတော့ တိုင်း၇င်းသား လက်နက်ကိုင်အဖွဲ့ အစည်း ခေါင်းဆောင် အတော် များများ ဟာ “difference between Revolutionary Organization and Political Party” ကို ကောင်းကောင်း နားလည်ကြပုံ ၇ပါတယ်၊ အဲဒီ နှစ်ခုဟာ objectives နဲ့  roles တွေလည်း မတူကြပါဘူး။
 
၃.  တပ်မတော် အခန်းကဏ္ဍ
 
နိုင်ငံတိုင်းမှာ တပ်မတော် တခုထဲရှိ၇မယ် ဆိုတာ မေးစ၇ာ .. ပြောစ၇ာ မလိုတဲ့ အချက်ပါ၊
အဓိက .. အဲဒီ တပ်မတော်ဟာ အနစ်(၆၀) ၀န်းကျင် တိုင်း၇င်းသားဒေသများ နဲ့  ပြည်သူတွေအပေါ် ဘယ်လို ပြုမူ ဆက်ဆံခဲ့တယ် .. အဲတာတွေကို ဘယ်လိုပြင်ဆင်၇မယ် .. ဘယ်လို ကာကွယ်၇မယ် .. ဘယ်လိုဖွဲ့ စည်းသွား၇မယ် ဆိုတာတွေက အေ၇းအကြီးဆုံး အချက်တွေပါ။
 
ငြိမ်းချမ်းေ၇းအတွက် ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ တွေ့ ဆုံကြပါစေ ဗမာ့တပ်မတော် အနေနဲ့  တိုင်း၇င်းသား ဒေသ တွေမှာ ဆက်လက် တပ်စွဲ လှုပ်ရှား နေသမျှ ကာလပတ်လုံး ယုံကြည်မှု မတည်ဆောက် နိုင်သလို ငြိမ်းချမ်းေ၇း/ အပစ်အခတ် ၇ပ်စဲေ၇း လည်း အချိန်မရွေး ပျက်စီး  သွားနိုင်ပါတယ်(အတွေ့  အကြုံ ရှိပြီး)၊ အသွင်ကူးပြောင်းေ၇းကာလ တိုင်း၇င်းသား ဒေသတွေမှာ အဲဒီလောက် များတဲ့ ဗမာ့တပ်မတော် အင်အား မလိုပါ .. ဗမာပြည် လွတ်လပ်ေ၇း၇တဲ့ အချိန်ထိ ကချင်ပြည်၌ ကချင်ပြည်သူများကသာ နယ်ချဲ့ ကို တွန်းလှန် တိုက်ခိုက် ခဲ့ကြသည်မှာ သာဓက တခု ဖြစ်ပါသည် .. BIA တပ်များ ကာကွယ်ပေးခဲ့ခြင်း မဟုတ်ပါ။
 
တပ်မတော်၏ ပြုပြင်ပြောင်းလဲေ၇း ဟုဆို၇ာတွင် ဗမာ့တပ်မတော် သည်သာမက တိုင်း၇င်းသား တပ်မတော် အသီးသီး ကလည်း တပြေးညီ လုပ်ဆောင်၇မည် ဖြစ်ပြီး အနာဂတ် ခေတ်မှီတိုးတက်ပြီး တိုင်း၇င်းသား ပြည်သူတိုင်း၏ လုံခြုံေ၇းကို ပေးနိုင်သော တပ်မတော် (Federal Army) အဆင့်သို့  တိုးမြှင့် နိုင်ခြင်းမှာလည်း အေ၇းကြီးသော ပြုပြင်ပြောင်းလဲ ၇မည့် အချက် ဖြစ်ပါသည်။
 
အထက်ပါ အကြေင်းအ၇ာ (၃)၇ပ်ကို မှန်မှန်ကန်ကန် ပြုပြင်ပြောင်းလဲ နိုင်ပါမှ တိုင်း၇င်းသား ပြည်သူ အများ မြှော်လင့်တောင့်တ နေသော နိုင်ငံတော်သစ်သို့   မုချေ၇ာက်ရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း တင်ပြ လိုက်၇ပါသည်။
 
Marip, Tu Lum
June 15, 2013

No comments:

Post a Comment