Pages

Saturday, October 12, 2013

ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး နှစ်ဖက်လိုက်နာရမည့် အခြေခံမူများ


ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး နှစ်ဖက်လိုက်နာရမည့် အခြေခံမူများ

(က)    ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတည်ဆောက်ရန် အမှန်တကယ်ဆန္ဒရှိရန်။

(ခ)     သဘောတူညီချက်များအတိုင်း ကတိတည်ရန်။

(ဂ)     ရရှိထားသောသဘောတူညီချက်များအပေါ်အမြတ်မထုတ်ရန်နှင့်လက်တွေ့အကောင် အထည် ဖော်ဆောင်ရွက်သွားရန်။

(ဃ)    ဒေသခံပြည်သူများအပေါ်ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန်။

(င)     ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်လုပ်ဆောင်နိုင်ရန် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအဏာ တည်တံ့ ခိုင်မြဲရေး တို့တွင် လက်တွဲဆောင်ရွက်ရန်။

နှစ်ဖက်လိုက်နာရန်အချက်များ

၁။       တိုက်ပွဲများထပ်မံ မဖြစ်ပွားရေးအတွက် စောင့်ကြည့်ကြီးကြပ်မှုများ ပြုလုပ်နိုင်ရန် အောက်ပါ အချက်များကို နှစ်ဖက်အဖွဲ့များက လိုက်နာဆောင်ရွက်ရန်သဘောတူသည်။

(က)    နှစ်ဖက်တပ်များထိတွေ့ပစ်ခတ်မှုများ၊ တွေ့ဆုံတိုက်ပွဲများ မဖြစ်ပွားရေး ညိနှိုင်း ဆောင်ရွက်ရန်

( ခ )   နှစ်ဖက်သဘောတူသတ်မှတ်ထားသော ကန့်သတ်နယ်မြေများရှိလာပါက ထိုနယ်မြေ အတွင်း နှစ်ဖက်ညိနှိုင်း သဘောတူညီချက်မရှိဘဲ စခန်းသစ်များဆောက်လုပ်ခြင်း၊ ကန့်သတ်နယ်မြေ ကျော်လွန် သွားလာလှုပ်ရှားခြင်း၊ ကျူးကျော်ဝင်ရောက်ခြင်း မပြု လုပ်ရန်။

( ဂ )   ပြည်သူလူထုနှင့် နှစ်ဖက်အဖွဲ့များ၏ ၀န်ထမ်းများ၊ တာဝန်ရှိသူများအား ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင် ခြင်း၊  သတ်ဖြတ်ခြင်း၊ မတရားညင်းပန်းနှိပ်စက်ခြင်း၊ အဓမ္မပြု ကျင့်ခြင်း အပါအ၀င် အကြမ်းဖက်လုပ်ရပ် များမပြုလုပ်ရန်။

(ဃ)    ပြည်သူလူထုအား အကြောင်းမဲ့/အမှုဆင်ပြီး ဖမ်းဆီးအရေးယူခြင်း၊ အပြစ်ပေးခြင်း လုံးဝမပြု လုပ်ရန် နှင့် ဥပဒေနှင့် အညီဆောင်ရွက်ရန်။

( င )   ပြည်သူလူထုထံမှ တရားမဝင် အခွန်ကောက်ခံခြင်း၊ အတင်းအဓမ္မ ငွေကြေး ပစ္စည်းများရယူခြင်း မပြုလုပ်ရ။

( စ )   ကာယကံရှင်၏ဆန္ဒမပါဘဲ တပ်ဖွဲ့ဝင်အဖြစ် အဓမ္မသွတ်သွင်းခြင်း မပြုလုပ်ရန်။

(ဆ)    အများပြည်သူ အသုံးပြုသောလမ်းများအား တားဆီးပိတ်ဆို့ခြင်း၊ ပြည်သူလူထု သွားလာရေးနှင့် ကုန်စည်စီးဆင်းမှုအားဟန့်တားပိတ်ဆို့ခြင်း၊ မိုင်းထောင်ဖျက်ဆီးခြင်း၊ မပြုလုပ်ရန်။

( ဇ )   နိုင်ငံတော်မှ တရားဝင်ဖွဲ့စည်းထားပြီးဖြစ်သော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအပေါ် လူမျိုးရေး အရဖိအား ပေး ဖဲ့ထုတ်ခြင်း၊ ဖမ်းဆီးခြင်း၊ စစ်ရေးအရ ဖိအားပေး ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်းများမပြုလုပ်ရန် နှင့် ပြည်သူ့စစ်အဖွဲ့များ၏ လုပ်ဆောင်ချက်တို့ကို သက်ဆိုင်ရာ အဖွဲ့အစည်းများက တာဝန်ခံရန်။

(ဈ )    နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာနေထိုင်ကြသော ပြည်သူများကို လူသားချင်း စာနာထောက်ထား သော အကူအညီများ ပေးအပ်သွားရန်နှင့် အခြားအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများအား နှောင့်ယှက် ဟန့်တား ပိတ်ပင်ခြင်းမပြုလုပ်ရန်နှင့်ဒေသခံ အဖွဲ့အစည်းများနှင့် ညိနှိုင်းဆောင်ရွက်သွားရန်။

(ည)    ကျွန်ပြုခြင်း၊ အဓမ္မခိုင်းစေခြင်းမပြုလုပ်ရန်။

( ဋ )   အမျိုးသမီးများအား ဗလက္ကာယ ပြုခြင်း၊ လိင်အကြမ်းဖက်ခြင်း၊ အဓမ္မသားမယား ပြုကျင့်ခြင်း၊ လိင်မှုဆိုင်ရာ ကျွန်ပြုခြင်းမပြုလုပ်ရန်။

( )   ကလေးငယ်များအားသတ်ဖြတ်ခြင်း နှင့် ကိုယ်အင်္ဂါဖြတ်တောက်ခြင်း၊ ကလေးစစ်သား အဖြစ် စုဆောင်း/စစ်မှုထမ်းစေခြင်း၊ အဓမ္မပြုခြင်းနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ မပြုလုပ်ရန်။

( )   ဘာသာရေး အကြောင်းပြ၍ စစ်ရေးကိစ္စများတွင် ပါဝင်စွက်ဖက် အမြတ်ထုတ်ခြင်း များကို ရှောင် ကြဉ်ရန်နှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို ပစ်ခတ် တိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများ မပြုလုပ်ရန်၊ ကျေးရွာဆုတောင်းတောင်များ၊ ဘုန်းကြီးကျောင်းများ (သို့မဟုတ်) လူထုဝတ်ပြုရာနေရာများ၌ ထပ်မံ၍ တပ်စခန်းချခြင်း၊ နေထိုင်ခြင်း စသည်ဖြင့် ဘာသာရေးဆိုင်ရာမြေနေရာများကို သိမ်းပိုက်နေရာ ယူခြင်း၊ မီးရှို့ခြင်းများ မပြုလုပ်ရန်။ ဘာသာရေးဆိုင်ရာနေရာများနှင့် ငြိစွန်းနေသော တပ်နေရာ များနှင့် ပတ်သက်၍ နှစ်ဖက်မှ ဆက်လက်ညှိနှိုင်းဆွေးနွေးသွားရန်။

( )   ဂျီနီဗာကွန်ဗင်းရှင်း - (၄)        စစ်ကာလအတွင်း အရပ်သားများအား အကာအကွယ် ပေးရေး ( Geneva Convention ( IV ) – Relative to the protection of civilian persons in time of war) တွင်ပါရှိသည့်အချက်များကို လေးစားလိုက်နာကြမည်။

၂။       လက်နက်ကိုင်တိုက်ပွဲများတွင် ဖမ်းဆီးရမိသူများ၊ လက်နက်ချပြီးသူများအား လူသားဆန်စွာ ဆက်ဆံပြီး အောက်ဖော်ပြပါအချက်များကို မည်သည့်အကြောင်းပြချက်နှင့်မျှမပြုလုပ်ရန် -

(က)    လူ့အသက်နှင့် ခန္ဓာကိုယ်ကို ထိခိုက်နစ်နာအောင်ပြုမူခြင်း၊  အထူးသဖြင့်နည်းမျိုးစုံဖြင့် သတ်ဖြတ် ခြင်း၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကို ဖြတ်တောက်ပစ်ခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ ပြုမူ ဆက်ဆံခြင်းနှင့် နှိပ်စက်ကလူပြုခြင်း၊

( ခ )   ဓားစာခံအဖြစ်ဖမ်းဆီးထားခြင်း။

( ဂ )   လူ့ဂုဏ်သိက္ခာကို စော်ကားခြင်း၊ အထူးသဖြင့် အရှက်ရသိမ်ငယ်စေသော ဆက်ဆံမှုများ ပြုလုပ်ခြင်း။

(ဃ)    တရားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမပြုဘဲ ပြစ်ဒဏ်များချမှတ်ခြင်း၊ သေဒဏ် စီရင်ခြင်း။     

No comments:

Post a Comment