Pages

Sunday, October 27, 2013

အပြောတင်မကတဲ့ ရွှေမန်း

အပြောတင်မကတဲ့ ရွှေမန်း


October 24, 2013

ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေမယ့် အပြုအမူ၊ အပြောအဆိုတွေ မပြုလုပ်ကြဖို့  သူရဦးရွှေမန်း တိုက်တွန်း လိုက် ပါတယ်။
 
- စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် အနစ်(၅၀)ကျော် အဟန့် အတား၊ အနှောက်အယှက် ပေးနေရုံမကဘဲ တတိုင်းပြည်လုံး စုတ်ပျက်သတ်သွားအောင် လုပ်နေခဲ့ကြတာဟာ ဗမာ့တပ်မတော် နဲ့  နောက်လိုက် ခရိုနီ တွေမှာသာ တာဝန်အရှိဆုံးဖြစ်ပါတယ်။
 
အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မှ ပိတ်ပင်ထားသည်ဟု အများက ယုံကြည် ထားသည့် အခြေခံဥပဒေပါ သမ္မတအရည်အချင်းပြဋ္ဌာန်းချက်များကို ပြင်မှသာ လွတ်လပ်မျှတ သည့် ရွေးကောက်ပွဲဖြစ်မည်ဟု သူရဦးရွှေမန်းက အောက်တိုဘာ ၂၄ ရက်က မီဒီယာများကို ပြောဆိုလိုက် သည်။  ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၅၉(စ)
 
- တတိုင်းပြည်လုံး ဒီ 2008 Constitution ကို ပြင်ဖို့ နဲ့  အသစ်ပြန်ေ၇းဖို့  အုတ်အော် သောင်းနင်း ဖြစ်နေတဲ့ အချိန်မှာ ဒီပုဒ်မ ၅၉(စ) ကိုဘဲ ပြင်ဆင်ဖို့  ပြောနေမဲ့အစား 2008 Constitution ကို ပြင်ဖို့  မလူးမလွန့် နိုင် အောင် လုပ်ထားတဲ့ ပုဒ်မ ၄၃၆(က)(ခ) ကိုပြင်ဆင်ဖို့  ပြောခဲ့၇င် သူရဦးရွှေမန်းဟာ အနောက်နိုင်ငံတွေက မျှော်လင့်ထားတဲ့ ဗမာခေါင်းဆောင် ကောင်း တစ်ယောက် အနေနဲ့  သံသယရှိစ၇ာ လိုမယ်မထင်ဘူး။
 
ဒီနေ့နေပြည်တော် ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေ က မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်နေတဲ့ အကြောင်း ပြောတယ်လို့လည်း သူရဦးရွှေမန်းက ပြောပါတယ်။
 
- 2008 Constitution ကို ပြင်ဖို့  နဲ့  အသစ်ပြန်ေ၇းဖို့  ပြည်သူလူထု စပြီး လှုပ်ရှားလာတာနဲ့  ဗမာ့သတ် မတော်၊ အစိုး၇၊ ကြံ့ဖွံ့ (ဖွတ်)၊ ခရိုနီတွေဖက်က ပြည်သူတွေကို ပုံစံအမျိုးမျိုးနဲ့  စပြီးခြိမ်းချောက် လာပါ တယ် .. အခု သူရဦးရွှေမန်းက ပြည်သူ့  ချဉ်ဖတ် ဗိုလ်ချုပ် မှူးကြီးဟောင်း ဦးသန်းရွှေ နာမယ်ကို ထုတ်ပြော လာတာကိုက ဗမာ့သတ်မတော်၊ လွတ်တော်၊ သမ္မတ သိန်းစိန်အစိုး၇ အားလုံး မဟာဗျူဟာတခုကို နည်းပ၇ိယယ် အမျိုးမျိုးနဲ့  ကစားနေတယ် ဆိုတာ ပိုပြီးထင်ရှားစေပါတယ်။
 
တိုင်းပြည်တကယ်ဘဲ စစ်မှန်တဲ့ ငြိမ်းချမ်းေ၇းကို လိုချင်၇င် ဗမာ့တပ်မတော်ကို ..
 
စောက်ရူး မထကြနဲ့ ” လို့ ဆိုဆုံးမနိုင်တာ ဘယ်သူရှိသလဲ ?
 
 
အညတြ ကချင်စစ်သည်ဟောင်း တစ်ဦး

No comments:

Post a Comment