Pages

Thursday, December 19, 2013

ဗမာအစိုး၇၇ဲ့  ယုတ်မာချက်ကတော့ ကမ်းကုန်ပြီ

ဗမာအစိုး၇၇ဲ့  ယုတ်မာချက်ကတော့ ကမ်းကုန်ပြီ

December 19, 2013

ကချင်ပြည်က ရှမ်းနီလူမျိုးစုတွေ December 20, 2013 ၇က်နေ့  KIO/KIA ကိုဆန္ဒပြမဲ့ အစီအစဉ်ကို မှတ် တမ်းတင်ဖို့  KIO Technical Team ရုံးရှေ့ မှာ CCTV ကင်မ၇ာ တွေလာေ၇ာက်တပ်ဆင်တဲ့ အထူး၇ဲတပ်ဖွဲ့  တွေအကြောင်း တွေ့ ရှိ၇ပါတယ်။
 
ဗမာအစိုး၇အနေနဲ့  ရှမ်းနီလူမျိုးစု တွေကိုအသုံးချပြီး အခုလိုညစ်ပတ်တာဟာ ပထမဆုံးမဟုတ် သလို နောက်ဆုံးလည်း မဖြစ်နိုင်ပါ။
 
ကချင်ပြည်မှာ ကျန်လူနဲစုများအဖြစ် ရှမ်းလူမျိုးစုတွေအပြင် တိုင်း၇င်းသားတွေဖြစ်ကြတဲ့ ဗမာလူမျိုးစု၊ ချင်းလူမျိုးစု၊ နာဂလူမျိုးစု၊ ဂဒူး-ဂဏန်းလူမျိုးစု များလည်းနေထိုင်ကြသည့်ပြင် နစ်ပေါင်းများစွာ နေထိုင်လာ ကြသော နိုင်ငံသားများဖြစ်ကြသည့် ဂေါ်၇ခါး၊ အိန္ဒိယ၊ ပန်ချာဘီ နှင့် တရုပ်လူမျိုး များလည်း နေထိုင်သော အ၇ပ်ဒေသဖြစ်ကြောင်း လေ့လာတွေ့ ရှိနိုင်ပါသည်။
 
ကချင်ပြည်တွင် နေထိုင်သော ရှမ်းလူမျိုးဟုဆို၇ာတွင်လည်း ရှမ်းနီ(ရှမ်းဗမာ)၊ ခန္တီးရှမ်း၊ ရှမ်းကြီး(Tai Yai)၊ Tai Dam(ခေါင်းပေါင်းအနက်-ရှမ်း) နှင့် အခြား ရှမ်းမျိုးနွယ်မျိုးကွဲ အတော်များများ နေထိုင်ကြ ပါသည်၊ ၄င်းရှမ်းမျိုးနွယ်ကွဲတွေထဲက ရှမ်းနီ/ ရှမ်းဗမာ အများစုဟာ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ နမ္မား ၇ထားသံလမ်း တလျှောက် နေထိုင်ကြပြီး ဗမာအစိုး၇ အဆက်ဆက် အုပ်ထိန်းစောင့်ရှောက်မှုအောက် နေထိုင်ခဲ့ကြသည့် နည်းတူ ဗမာ့တပ်မတော်မှ ရှမ်းနီ/ ရှမ်းဗမာ ကျေးရွာတိုင်းနီးပါး ပြည်သူ့ စစ်များ ဖွဲ့  စည်းပေးကာ နယ်မြေ စိုးမိုးေ၇း၊ စစ်ဆင်ေ၇းများ၌ ၎င်းတို့ ကို လိုသလို အသုံးချခဲ့သည်မှာ ဗိုလ်နေ၀င်း ၏ မဆလ လက်ထက်မှ ယခုတိုင်ဖြစ်ကြောင်း ကချင်ပြည်နယ်သား အားလုံးသိကြပါသည်၊ ဗမာတပ်နှင့် ရှမ်းဗမာ ပြည်သူ့ စစ်တို့ မှ ကချင်နှင့် ကျန်တိုင်း၇င်းသားများကို အနှစ်(၅၀)ကျော် ပေါ်တာဆွဲ နိပ်စက် ခဲ့ကြသည်ကို ကချင်ပြည်သူများ ဘယ်တော့မှ မေ့နိုင်ကြမည် မဟုတ်ပါ၊ အဆိုးဝါးဆုံး အဖြစ်အပျက် တခုမှာ လွန်ခဲ့သော ၁၉၇၆ အောက်တိုဘာလ ၀န်းကျင်ခန့် က ဟိုပင်၊ မိုးညင်းနယ်တ၀ိုက် ရှမ်းနီ/ ရှမ်းဗမာ ပြည်သူ့ စစ်တို့ မှ တွေ့ သမျှ ကချင်လူမျိုးများကို လက်နက်အာကိုးဖြင့် ၇က်၇က်စက်စက် လိုက်လံ ပစ်သတ်ခဲ့ကြသည်ကို ကချင်လူမျိုး များ ကောင်းကောင်း မှတ်မိကြပါသည်၊ ကချင်လူမျိုးများ အနေဖြင့် ရှမ်းလူမျိုးစုကြီးနှင့် အနစ် ၇ာထောင်ချီ ညီအကိုကဲ့သို့  အတူနေထိုင်လာခဲ့သဖြင့် ရှမ်းနှင့် ကချင် အကြား ပြဿနာမရှိခဲ့ကြပါ၊ ၄င်း ဟိုပင်၊ မိုးညင်း အေ၇းအခင်း တွင်လည်း ၇န်သူအစစ် အမှန်ကို ကချင်တို့ သိရှိနားလည်ကြ၍ ရှမ်းနီ/ ရှမ်းဗမာ တို့ အပေါ် ခွင့်လွှတ်ခဲ့ကြခြင်း ဖြစ်သည်။ ယင်း ဟိုပင် မိုးညင်း အေ၇းအခင်း၌ ကချင်လူမျိုး အတော်များများ မြစ်ကြီး နား၊ ဗန်းမော်မြို့ ကြီးများသို့  ထွက်ပြေး လွှတ်မြှောက် ကြသူများလည်း မနည်းကြပါ၊ စာေ၇းသူ၏ ဦးလေး တော်စပ်သူ ၂ဦးမှ တစ်ဦးမှာ ရှမ်းနီ/ ရှမ်းဗမာ တို့ ၏ ၇က်၇က်စက်စက် သတ်ဖြတ်ခြင်းကိုခံ၇ပြီး ကျန် ဦးလေးတစ်ယောက်က မြစ်ကြီးနားမြို့  သို့  ထွက်ပြေးေ၇ာက်ရှိလာပါသည်၊ ထိုအချိန် မြစ်ကြီးနားမြို့ တွင် နေထိုင်ကြသော ကချင်လူမျိုးများမှာ နှစ်တစ်၇ာပြည့် ပွဲတော် ကျင်းပ၇န် နေ့ မအားညမအား ဖြစ်နေချိန် ထိုကဲ့သို့  ခါးသီးသော အဖြစ်အပျက်များကို အံကျိတ်သည်းညီး ခံခဲ့ကြပြီး ဖြစ်ပါသည်။
 
ကချင်လူမျိုးနှင့် ရှမ်းလူမျိုးတို့ ကြား နေ၇ာဒေသ အတော်များများမှာ ထာ၀၇မိတ်ဆွေ ဖွဲ့ ကာ အတူတကွ နေထိုင် ကြသော်လည်း ကချင်ပြည်မှ ဗမာစကားကိုသာ အဓိကထားပြောဆိုသော ရှမ်းနီ/ ရှမ်းဗမာ တို့  ၏ ဗမာ အစိုး၇ အဆက်ဆက်အား ယနေ့ တိုင် အလုပ်အကြွေးပြု ကူညီနေခြင်းမှာ များစွာ စိတ်ပျက် စ၇ာ ကောင်းလှ ပါသည်၊ ကျန်ရှမ်းလူမျိုးများ အတွက်လည်း မကောင်းပါ။ ပြည်တွင်းစစ်၏ အကျိုးဆက် များကို ရှမ်းနီ/ ရှမ်းဗမာ များသာမဟုတ် တိုင်း၇င်းသားပြည်သူတ၇ပ်လုံး အနစ်(၅၀)ကျော် အလူးအလဲ ခံစားကြ၇သည်ကို ရှမ်းနီ/ ရှမ်းဗမာ အမျိုးသားများ နားလည် လက်ခံသင့်ပါသည်။
 
ရှမ်းနီ/ ရှမ်းဗမာ လူမျိုးစုများအနေဖြင့် ဒီမိုကေ၇စီ ပြုပြင်ပြောင်လဲေ၇းဖြစ်စဉ်တွင် ဗမာအစိုး၇ အဆက် ဆက်မှ အသုံးချခဲ့မှုများမှ ရုန်းထွက်ပြီး ကချင်ပြည်၏တိုးတက်၇ာတိုးတက်ကြောင်း နှင့် ကိုယ်ပိုင်ပြဌန်းခွင့် ပြည်သူ့ တိုက်ပွဲ၌သာ ပါဝင်သင့်ပါသည်၊ ဗမာအစိုး၇၏ နဖါးကြိုးမှလွှတ်မြှောက်၇န် ကြိုးစားသင့်ပါသည်။
 
ရှမ်းနီ/ ရှမ်းဗမာ များအနေဖြင့် ဖယ်ဒ၇ယ် ပြည်ထောင်စု စနစ်အောက် ကချင်ပြည် ကိုယ်ပိုင်ပြဌန်းခွင့် ၇ရှိသောအခါ ရှမ်းအမျိုးသားအားလုံး၏ အခြေခံ၇ပိုင်ခွင့် များကိုတောင်းဆိုခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက် သော ကိစ္စဟု မှတ်ယူနိုင်သော်လည်း ယခုကဲ့သို့ သော နိုင်ငံေ၇း အခင်းအကျင်းတွင် KIO/KIA ကိုဆန္ဒပြမှုဟာ ဗမာအစိုး၇နှင့်ပူးပေါင်းပြီး ကချင်ပြည်သူလူထုနှင့် KIO/KIA အား အကျပ်ကိုင် ဆန့်  ကျင်နေခြင်းသာ ဖြစ် ကြောင်း ကျွန်ုပ်၏ပုဂ္ဂလိက အတွေ့ အကြုံနှင့် အမြင်တို့ ကို တင်ပြလိုက်၇ပါသည်။
 
အညတြ ကချင် စစ်သည်ဟောင်း တစ်ဦး

No comments:

Post a Comment