Pages

Tuesday, December 31, 2013

ထူးခြားထင်ရှားမြန်မာပြည်သား ၂၀၁၃ ဗိုလ်ချုပ်ဂွန်မော်

ထူးခြားထင်ရှားမြန်မာပြည်သား ၂၀၁၃ ဗိုလ်ချုပ်ဂွန်မော်


By ဒီဗွီဘီ 31 December 2013

 
ဒီဗွီဘီက ရွေးချယ်ထားတဲ့ ၂၀၁၃ ခုနှစ် ထူးခြားထင်ရှား မြန်မာနိုင်ငံသားတွေထဲမှာ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကို ဒီဗွီဘီ ပရိသတ်တွေက မဲအများဆုံး ပေး ရွေးချယ်လိုက်ပါတယ်။
 
ဒီဗွီဘီ ပရိသတ်တွေအနေနဲ့ ၂၀၁၃ ခုနှစ်အတွင်း သတင်းမီဒီယာတွေမှာ အလေးပေးဖော်ပြခံရသူ ၁၀ ဦးကို ရွေးချယ်ကောက်နှုတ်ပြီး ဒီဗွီဘီ ပရိသတ်တွေရဲ့ အနှစ်သက်ဆုံး၊ အလေးစားဆုံး၊ တနည်းအားဖြင့် သူတို့ရဲ့အတွေးအမြင်ထဲမှာ အလွှမ်းမိုးနိုင်ဆုံး သူတယောက်ကို မဲပေးရွေးချယ်ပေးဖို့ ဆန္ဒပြုစေခဲ့တာပါ။
 
ဒီဗွီဘီ သတင်းဌာနရဲ့ မြန်မာပိုင်းနဲ့ အင်္ဂလိပ်ပိုင်း ၀က်ဘ်ဆိုဒ်တွေမှာ ဖတ်ရှုသူ ပရိသတ်ပေါင်း ၂၀၆၆၂ ယောက်တို့က ဆန္ဒပြု မဲပေးခဲ့ကြရာမှာ ဗိုလ်ချုပ်ဂွမ်မော်က ဆန္ဒမဲပေါင်း ၁၃၈၉၂ ရရှိပြီး မဲအရေအတွက် စုစုပေါင်းရဲ့ ၆၈ ရာခိုင်နှုန်းနဲ့ အများဆုံးရရှိသွားတာပါ။
 
ဒုတိယအများဆုံးကတော့ မဲပေါင်း ၄၇၈၇ မဲနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးဝီရသူ ဖြစ်ပြီး ဒေါက်တာ စင်သီယာမောင်ကတော့ ၄၇၅ မဲနဲ့ တတိယ မဲအများဆုံး ဖြစ်ပါတယ်။ တက်ကြွလှုပ်ရှားသူ နော်အုန်းလှက ၃၄၉ မဲ ရရှိခဲ့ပြီး စတုတ္ထမဲအများဆုံးပါ။
 
ဒါ့အပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က မဲပေါင်း ၂၃၀၊ ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေးက ၁၉၆ မဲ၊ အမျိုးသမီး ဘောလုံးလက်ရွေးစင် မသန်းသန်းထွေးက ၁၉၅ မဲ၊ မယ်စကြ၀ဠာ မြန်မာ- မိုးစက်ဝိုင် က ၁၁၆ မဲ၊ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က မဲပေါင်း ၁၁၀၊ အဆိုတော် အိုင်ရင်းဇင်မာမြင့်က ၄၄ မဲနဲ့ အခြားမဲဆန္ဒပေါင်း ၂၆၈ မဲ တို့ ဖြစ်ပါတယ်။
ဒီဗွီဘီဝက်ဘ်ဆိုဒ်တွေကို ဖတ်ရှုအားပေး မဲရွေးချယ်ပေးကြသူများကို ဒီဗွီဘီက အထူး ကျေးဇူးတင် ရှိပါ တယ်။ မဲအများဆုံးပေး ရွေးချယ်ခံရတဲ့ ဗိုလ်ချုပ်ဂွမ်မော်ဟာ ဒီဗွီဘီက ချီးမြှင့်ပေးပို့မယ့် ဂုဏ်ပြု လက်မှတ်နဲ့ ဆုဖလားကို လက်ခံရရှိမှာ ဖြစ်ပါတယ်။
 
ဗိုလ်ချုပ် ဂွန်မော်
 
၂၀၁၃ ခုနှစ် အောက်တိုဘာလ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ အစိုးရ ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ လာရောက်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ကို ကချင်ရိုးရာဝတ်စုံတွေ ဆင်မြန်းထားတဲ့ ရာနဲ့ချီတဲ့ ဒေသခံတွေရဲ့ ကြိုဆိုမှု က ကချင်ပြည်သူတွေအကြား သူရဲ့လွှမ်းမိုးမှုကို လျှော့တွက်ထားတဲ့ အာဏာပိုင်တွေအတွက် အံအားသင့် စရာ တခု ဖြစ်စေခဲ့ပါတယ်။
 
နိုဝင်ဘာလ ကချင်ပြည်နယ် မန်စီမြို့နယ်မှာ မြန်မာ စစ်တပ်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ ဗိုလ်ချုပ်ဂွန်မော်ဟာ အများထင်မှတ်မထားဘဲ ရန်ကုန်ကို သမိုင်းဝင်ခရီးစဉ်အဖြစ် လာရောက်နိုင်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့သလို စမ်းချောင်းမြို့နယ်က ဘတ်ပ်တစ် ခရစ်ယာန်ဘုရားကျောင်းမှာ ရန်ကုန်ရောက် ကချင်လူမျိုးတွေကို တွေ့ဆုံစကားပြောခဲ့ပါတယ်။ ကချင်လူမျိုး အဆိုတော်တွေအပါအ၀င် ၈၈ မျိုးဆက် ပွင့်လင်းလူအဖွဲ့အစည်းဝင်တွေ နိုင်ငံရေးသမားတွေနဲ့ ဦးတေဇ တို့လို လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီနောက်မှာတော့ နိုင်ငံကူးလတ်မှတ်ကို လျှောက်ထားခဲ့ ပါတယ်။
 
 
 
 
 
 
 
 
မီဒီယာနဲ့ ရင်းရင်းနှီးနှီးဆက်ဆံတတ်ပြီး နှိမ်ချတဲ့ ဗိုလ်ချုပ်ဂွန်မော်ရဲ့ တည်ကြည်မှု ဂုဏ်သရေ ဟာလည်း သိသာထင်ရှားပါတယ်။ ငြိမ်းချမ်းရေးဆိုတာကို ဖြစ်စဉ်တခုအနေနဲ့ သတ်မှတ်ထားတဲ့ အကြောင်း၊ မြန်မာ အစိုးရကတော့ ငြိမ်းချမ်းရေးဆိုတာ သဘောတူညီချက်တွေကို လတ်မှတ်ရေးထိုးဖို့ အဓိပ္ပာယ်ဖွင့်ဆိုတဲ့ အကြောင်း ဒီဗွီဘီရဲ့ မေးမြန်းတာကို သူက ပြောဆိုခဲ့ပါတယ်။
 
ဗိုလ်ချုပ်ဂွန်မော်ဟာ မန္တလေးတက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားခဲ့ဖူးပြီး တက္ကသိုလ်က ဘွဲ့ရခဲ့ပြီးတဲ့ နောက်မှာတော့ အစိုးရ ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး ပါတယ်။ အဲဒီနောက် ကချင်လွတ်လပ်ရေး တပ်မတော်ထဲကို သာမာန်တပ်သား အဆင့်ကနေ ၀င်ရောက်ခဲ့ပြီး ဗိုလ်ချုပ် အဆင့်ထိ တက်လှမ်းခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ အနာဂတ် မြန်မာနိုင်ငံမှာ အရေးပါတဲ့ တိုင်းရင်းသားခေါင်းဆောင်တဦး ဖြစ်လာ လိမ့်မယ်လို့ ကချင်တိုင်းရင်းသားတွေက မျှော်လင့်ထားကြပါတယ်။
 
 
DVB Person of the Year 2013: Gen. Gun Maw


 
By DVB 31 December 2013
DVB readers have spoken, and their voice was loud and clear: the Burmese Person of the Year for 2013 is Gen. Gun Maw Sumlat, the vice-chief of staff of the Kachin Independence Army (KIA).
 
We offered a selection of the biggest news-makers of the past year and asked readers to vote for one – their favourite, their most respected or simply the person they thought was the most prolific.
 
A total of 20,662 readers of DVB’s Burmese and English websites voted. The result was that Gen. Gun Maw won with 68 percent of votes cast; some 13,892 readers voted for the KIA peace negotiator.
 
Second was outspoken Buddhist monk, U Wirathu, with 4,787 votes; third was Dr. Cynthia Maung with 475 votes; and fourth was activist Naw Ohn Hla with 349.
 
Other votes: Zaw Zaw (230); Phwe Phwe (196); Than Than Htwe (195); Moe Set Wine (116); Ye Htut (110); Irene Zin Mar Myint (44); and others (268).

 
DVB would like to thank its readers for their overwhelming support. Gen. Gun Maw will now receive a certificate and an engraved trophy from DVB to commemorate this occasion.
 
Gen. Gun Maw Sumlat, vice-chief of staff of Kachin Independence Army
 
Hundreds of well-wishers wearing traditional Kachin costumes welcomed the Kachin Independence Army (KIA) Vice Chief of Staff Maj-Gen Gun Maw Sumlat when he arrived in Myitkyina, the Kachin state capital, in October to negotiate peace with a Burmese government delegation which until then had drastically underestimated his influence.
 
When hostilities between Burmese government forces and the KIA intensified in Mansi Township in November, Gun Maw bravely paid a historic visit to Rangoon where he met with media, spoke at the Kachin Baptist Church, schmoozed with Kachin celebrities and generally charmed each and every political and business figure who met him.
 
Media-savvy but humble, Gun Maw exudes a deep sense of integrity. He says he views peace as a process, unlike the Burmese government which defines peace by the number of agreements it signs.

No comments:

Post a Comment