Pages

Sunday, January 26, 2014

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံပြီးဆုံး

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံပြီးဆုံး

Sunday, 26 January 2014 07:12 Written by ရွှေဟင်္သာ သတင်းဌာန

ဒုတိယ အကြိမ် ညီလာခံအပြီး အမှတ်တရ                    ဓါတ်ပုံ ဖိုးခွား
 
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ထိုင်းမြန်မာ နယ်စပ် ကရင် အမျိုးသား အစည်း အရုံး (KNU) တပ်မဟာ () နယ်မြေ လေးဝါး(ခေါ်) လော်ခီးလား စခန်းတွင် ကျင်းပခဲ့သည့် ()ရက်ကြာ လက်နက်ကိုင် တိုင်းရင်း သား အဖွဲ့ များ ၏ ဒုတိယ အကြိမ် ညီ လာခံသည် ယမာန် နေ့ ဇန္နာ ၀ါရီလ (၂၅)ရက်နေ့ တွင် ပြီးဆုံးသွားခဲ့ သည်ဟု ညီလာခံ အကျိုးဆောင် တ ဦးဖြစ်သူ ခွန်ဥက္ကာ မှဆိုပါသည်။
 
ညီလာခံ ပြီးဆုံးပြီး နောက် အချက် ()ချက်ပါသည့် ကြေညာချက် ထုတ်ပြန်ရာတွင် နိုင်ငံရေး ရည်းမှန်းချက် ဖြစ်သည့် "စစ်မှန်သည့် ဖယ်ဒရယ် ပြည်ထောင် စု"တည်ဆောက် နိုင် သည် အထိ ဆက်လက် ကြိုးပမ်းသွား မည်ဟု လော်ခီးလာ ကွန်ဖရန့် ကြေညာ ချက် ၌ထည့်သွင်း ကြေညာထား ခဲ့ပါ သည်။
 
ညီလာခံ နောက်ဆုံးနေ့ တွင်လည်း အချက် (၁၁)ချက် ပါဝင်သည့် တနိုင်ငံ လုံး အပစ် အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA) မူကြမ်း ကို အတည်ပြု ကြပြီး တက်ရောက်လာ သည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ (၁၇) ဖွဲ့အနက် (၁၆) ဖွဲ့ မှ လက်မှတ်ရေး ထိုးလိုက်ကြ ပါသည်။
 
ရှမ်းပြည်ပြန် လည်ထူ ထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့သည် ပထမ အကြိမ် ညီလာခံ တွင်လည်း လက်မှတ် မထိုး သလို ယခု ဒုတိယ အကြိမ်တွင် လည်း လက်မှတ် ရေးထိုးခြင်း မရှိပေ။ သို့သော် ဆုံးဖြတ် ချက် မူကြမ်း အပေါ် လက်ခံပြီး RCSS ၏ ဆုံးဖြတ် အရ လက်မှတ်ရေး ထိုး ခြင်း မပြုခြင်းသာ ဖြစ်သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စိုင်းလောဝ် ဆိုင်က ဆိုပါသည်။
 
တနိုင်ငံ လုံး အပစ် အခတ် ရပ်စဲရေးသဘောတူ စာချုပ် (NCA) မူကြမ်း ထဲတွင်တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲပြီး () လအတွင်း အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲ စတင်ကျင်း ပရန် ကိစ္စ၊ မတရား အသင်း ဥပဒေ ကို လည်း လွှတ်တော် မပါဘဲ သမ္မတ အမိန့်ဖြင့် ပယ်ဖျက်ပေးရန် ကိစ္စနှင့် ပြည်ထောင် စုတပ်မ တော် ဖွဲ့စည်း ရေး ကိစ္စဆိုသည့် အချက်များပါ ထည့်သွင်း ခဲ့ပါသည်။
 
ထို့အပြင် အပစ်ရပ်ပြီးနိုင်ငံရေး ဆွေးနွေးပွဲ မစတင်ခင် ကြားကာလ တွင်လည်း တိုင်းရင်းသား အဖွဲ့များ၏ လုပ်ပိုင်ခွင့် များ တည်ရှိရ လိမ့်မည်ဟု ခေါင်းစဉ် ၁၁ ခန်း ပါဝင်သည့် အပစ်အခတ် ရပ်စဲရေး မူကြမ်းထဲ ၌ ဖေါ်ပြထားပါသည်။
 
တစ်နိုင်ငံ လုံး အပစ် အခတ် ရပ်စဲရေး ကိစ္စ တွင်လည်း လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ အားလုံး ပါဝင် ရန် လိုအပ် သဖြင့် အစိုးရနှင့် တစ်ဖွဲ့ချင်း လက် မှတ် ရေး ထိုး ခဲ့သည့် အဖွဲ့ဝင်များ၏ အခန်းကဏ္ဍ၊ လက် မှတ် မထိုးရ သေးသော အဖွဲ့မျာားး မည်သို့ ပြုလုပ်ရ မည်ကို ဆက်လက် ညှိနှိုင်းရဦးည်ဟု ဗိုလ်ချုပ် ဂွန်မော်က ဇန်နဝါရီ၂၅ရက်နေ့တွင် သတင်း ထောက်များအား ပြောကြား ခဲ့ပါသည်။
 
ဒုတိယ အကြိမ် ညီလာခံမှ ဆုံးဖြတ် ထားသည့် သဘောတူ ညီချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်း များအပြင် ညီ လာခံမ တက်ရောက် နိုင်သော အဖွဲ့များအား ထပ်မံ တင်ပြဦးမည် ဖြစ်သည်။ ဤကဲ့သို့ ချပြ ပြီးပါက လက်နက်ကိုင် တိုင်းရင်း သား များ၏ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT) သည် ၄င်းတို့ သဘော တူထားသည့် မူကြမ်းကို လာမယ့် ဖေဖော်ဝါရီလ တတိယ ပတ် အတွင်းအစိုးရ ကိုယ်စားလှယ် များ နှင့် ကရင်ပြည် နယ် ဖါးအံမြို့တွင် ဆွေးနွေးကြ မည် ဖြစ်ပါသည်။
 
ယခု ဒုတိယ အကြိမ် ညီလာခံသို့ ကချင် လွတ်မြောက်ရေး အဖွဲ့(KIO)၊ ချင်း အမျိုး သားတပ်ဦး (CNF)၊ ပလောင်ပြည် လွတ် မြောက်ရေး တပ်ဦး (PSLF)ရှမ်း ပြည်တိုး တက်ရေး ပါတီ (SSPP)၊ ပအိုဝ်း အမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO)ရှမ်းပြည်ပြန် လည်ထူထောင် ရေးကောင် စီ(RCSS)၊ ၀အမျိုး သား အစည်း အရုံး(WNO) ကရင်နီ အ မျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ လားဟူ ဒီမိုကရက် သမဂ္ဂ(LDU)၊ ကရင် အမျိုးသား အစည်း အရုံး (KNU)၊ ဒီမိုကရေ စီ အကျိုးပြု ကရင့် အမျိုးသား တပ်မတော် (DKBA)၊ ကေအဲန်ယူ/ကေအဲန်အယ် လ်အေ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC)၊ မွန်ပြည် သစ်ပါတီ (NMSP)၊ ရခိုင် တပ်မတော် (AA)၊ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)၊ ရခိုင် အမျိုးသားကောင် စီ(ANC)၊မြန်မာနိုင်ငံ အမျိုးသား များ ဒီမိုကရေစီ တပ်ဖွဲ့ (MNDAA)၊ စသည့် တိုင်း ရင်းသား အဖွဲ့ (၁၇)ဖွဲ့မှ ခေါင်းဆောင် များ၊ အထူး ဖိတ်ကြား ထားသည့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ် တပ်ဦး (ABSDF) မှ လေ့လာ သူများ အပါအ၀င် စုစုပေါင်း ကိယ်စားလှယ် (၁၆၀) ကျော် တက်ရောက် ခဲ့ကြသည်။
 
လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တို့၏ ပထမ အကြိမ် ညီလာခံ ကို ၄င်းအဖွဲ့များ ပင် တက်ရောက် ကြပြီး ပြီးခဲ့သည့် အောက်တို ဘာ (၃၁) ရက်နေ့ မှနိုဝင်ဘာ ()ရက်နေ့အ ထိ ကချင်လွတ် လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် ကျင်းပခဲ့ပါ သည်။ ဤကဲ့သို့ ကျင်း ပပြီးနောက် နိုဝင်ဘာ ()ရက် နေ့တွင် အစိုးရ ကိုယ်စား လှယ်များနှင့် ကချင်ပြည် နယ်မြစ်ကြီး နားမြို့၌ တွေ့ ဆုံဆွေးနွေး ခဲ့ကြပါ သည်။

No comments:

Post a Comment