Pages

Sunday, July 1, 2012

ဂျူလိုင်(၁)၇က် ကချင်ပြည်တွင်း သတင်း

July 1 (သတင်းတို)by myitkyina.blog.com on July 1, 2012

ဇွန်လ(၃၀)ရက်နေ့တွင် အင်းအား(၁၅၀)ခန့် (တပ်ရင်းအမည် စုံစမ်းဆဲ) တပ်ဖွဲ့ဝင်တို့သည် မန်မော် ကျေးရွာဘက်သို့ စစ်ချီတက်လာသဖြင့် KIA တပ်ရင်း(၂၃)မှ ခုခံတိုက်ခိုက်ရာ အစိုးရတပ်ဖွဲ့ဝင် (၃)ဦး ထိခိုက်ဒါဏ်ရာရသွားကြောင်း သိရှိရသည်။

ဇွန်လ(၃၀)ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၊ ဂျာပူကျေးရွာ တပ်စခန်းရှိ ခမရ(၃၈၉)မှ တပ်ဖွဲ့ဝင်(၃)ဦး သည် ဂျပူကျေးရွာသားများ၏ နေအိမ်သို့ ၀င်ရောက်မွှေနှောက်စဉ် KIA တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်သဖြင့် အစိုးရတပ်သား(၂)ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ဇွန်လ(၃၀)ရက်နေ့တွင် ခမရ(၃၈၈)စစ်ကြောင်း အင်အား(၁၅၀)ခန့်သည် စစ်ဆင်ရေးပြုလုပ်ရန် အတွင် ဒေါ့ဖုန်းယန်မြို့ ခလရ(၁၄၂)တပ်ရင်းဌာနချုပ်သို့ ရောက်ရှိလာကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်သည် ပြည်သူ့စစ်ခေါင်းဆောင် ဦးဒန်ဂူးတန် နှင့် သတ္တုတူး ဖေါ်ရေး၊ ရွှေလုပ်ငန်း၊ သစ်မှောင်ခိုလုပ်ငန်း ပြုလုပ်ရန် ဒေသဖွံ့ဖြိုးရေး အကြောင်းပြ ချက်ဖြင့် ပူတာအိုမြို့ နယ်၊ ဒန်ဂျီးဘွမ်ဒေသတွင် မြေကွက် ဧက(၆)သိန်း ရရှိရေး ကြိုးပမ်းနေ ကြောင်း သိရှိရသည်။

ဇွန်(၂၉)ရက်နေ့တွင် ဂန်ဒေါ်ယန် မြန်မာအစိုးရစစ်စခန်းမှ မလိရေအားလျှပ်စစ် ထုတ်လုပ်သော စက်ရုံရှိရာ ဂျာထကျေးရွာဘက်သို့ ၁၂၀ မမ အမြောက်ဖြင့် (၁၀)ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။ မလိရေ အားလျှပ်စစ် စက်ရုံသည် မြစ်ကြီးနားမြို့၊ ၀ိုင်းမော်မြို့သို့ လျှပ်စစ်ဓါတ်အား ပို့လွှတ်နေသော စက်ရုံဖြစ် သည်။

ဇွန်လ(၂၈)ရက်နေ့တွင် ဒေါ့ဖုန်းယန်မြို့၊ ခန်းကိုင်တောင် အမြောက်စခန်းနှင့် ရှဒန်ပါ အမြောက် စခန်းတို့မှ နေ၍ KIA တပ်စခန်းရှိရာ လဂျားယန်ဘက်သို့ ၁၀၅ မမ ဟော်ဝင်ဇာအမြောက်၊ ၁၂၀ မမ အမြောက်ဖြင့် အကြိမ်(၃၀)ခန့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဇွန်လ(၂၈)ရက်နေ့တွင် ဂန်ဒေါ်ယန်တပ်စခန်းမှ အင်ပေါင်ကျေးရွာဖက်သို့ ၁၂၀ မမ အမြောက်ဖြင့် (၅)ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

Myitkyina Blog မှပြန်လည်ဖေါ်ပြပါသည်။

No comments:

Post a Comment