Pages

Tuesday, July 10, 2012

ဦးအောင်မင်း ဘာတွေ တော်နေသလဲ

ဦးအောင်မင်း ဘာတွေ တော်နေသလဲ

KNU မှ နော်စီဖိုးရာစိန်နဲ့အတူ ဦးအောင်မင်း

Tuesday, 10 July 2012 00:00

မီးရထားဝန်ကြီး ဦးအောင်မင်းဟာ ယခင်က ထောက်လှမ်းရေး မျက်မှန်ကြီး တင်ဦးရဲ့ တပည့် တစ်ယောက် ဖြစ်ခဲ့တဲ့ အပြင် မဟာဘုတ်တိုင် ဗေဒင်ယတြာ ကျွမ်းကျင်သူလို့ သိရပါတယ်။ ဒါကြောင့် ဦးအောင်မင်းဟာ အဖားတော်၊ ယတြာတော်တဲ့သူ ဖြစ်တာကြောင့် ဒေါ်ကြိုင်ကြိုင်ကို ယတြာ အစီအမံ ပြုလုပ်ပေးရင်း ပိုမို အလွမ်းသင့် လိုင်းဝင်သွားဟန် ရှိတယ်လို့ စစ်တပ် နီးစပ်သူ များက ဆိုပါတယ်။ သူဟာ တပ်မ (၆၆) တပ်မမှူး ဖြစ်ခဲ့ပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ထပ်မံ ရာထူး တိုးခဲ့ပါတယ်။ သူ့ရဲ့ ဇနီးဟာ ဆရာဝန်ဖြစ်ပြီး မိခင်နဲ့ကလေး စောင့်ရှောက်ရေးအသင်းမှာ တာဝန် ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ အဲဒီနောက် ရထားဝန်ကြီး ဖြစ်လာပြီးမှ အစိုးရသစ် ပြန်ဖွဲ့လာတဲ့အခါ ရထား ၀န်ကြီး အဖြစ်ပင် ဆက်လက် တာဝန် ပေးအပ်ခံရသူ ဖြစ်လို့ အခြား ၀န်ကြီးများနဲ့ ယှဉ်ရင် သူဟာ ‘ခေလှသူ’ မဟုတ်ကြောင်း စစ်ရုံးနဲ့ နီးစပ်သူများက ဆိုပါတယ်။

ယနေ့ခေတ် ၀န်ကြီးတွေဟာ စစ်တပ် ဆိုရိုးစကားအတိုင်း ကျောပိုးအိပ် ပြင်ထားရတယ် ဆိုတဲ့အတိုင်း ထိုင်ခုံမမြဲ နေရာ အတည်တကျ မဖြစ်ဘဲ ပြုတ်မှာကို အမြဲ စိတ်ပူနေရပါတယ်။ မျက်စိရှေ့မှာပင် ယခင် က ပုခုံးယှဉ်လာတဲ့ တိုင်းမှူးဗိုလ်ချုပ်တွေ တဖြုတ်ဖြုတ်နဲ့ ဇာတ်သိမ်းမလှတာကို တွေ့မြင်နေရပြီ ဖြစ်ပါ တယ်။ ယနေ့ ဦးအောင်မင်းကတော့ ပန်းပန်လျှက် ရှိနေရာ ထိုင်ခုံ မြဲလှပါတယ် ဆိုတဲ့ ဦးအောင် သောင်း တောင် ယခု ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင်အဖြစ် နှုတ်ထွက်သွားရပြီ ဖြစ်ပါတယ်။ ဦးအောင်မင်းဟာ လက်နက် ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ အထိုက်အလျောက် အောင်မြင်မှု ရရှိနေသူ ဖြစ်ပါတယ်။

သူဟာ ထောက်လှမ်းရေးမှာ နေခဲ့သူပီပီ ပရိယာယ်၊ ဥာဏ်များလှပြီး ဗေဒင်ယတြာ အစီအမံတွေနဲ့ လုပ်လာတက်တာကြောင့် တိုင်းရင်းသား အဖွဲ့များ အနေဖြင့် သတိထား ဆက်ဆံသွားဖို့ လိုကြောင်း စစ်ဖက်နီးစပ်သူများမှ တိုက်တွန်း အကြံပြု သွားပါတယ်။ သူဟာ မီဒီယာများနဲ့ တွေ့တိုင်း မိုက်ဖြစ်ဖြစ်၊ ကင်မရာနဲ့ ဖြစ်ဖြစ် တည့်တည့် မပြောဘဲ သူ့ရဲ့ မျက်နှာ တစောင်း ပြောနေဟန်ပုံတွေဟာ အဓိပ္ပာယ် ကောက် ခက်ခဲလှပါတယ်။ ထောက်လှမ်းရေးတွေရဲ့ စကားအတိုင်း တိုင်းရင်းသား အဖွဲ့တွေကို စီးပွားရေး မက်လုံးပေးရုံနဲ့ နှပ်ကြောင်း ပေးလို့ ရတယ် ဆိုတာ ဦးအောင်မင်း လေသံထွက်ခဲ့ဖူးပါတယ်။ သူ့ရဲ့ အပြုံးတွေဟာ သဘာဝကျကျ ရိုးသားမှု ရှိ မရှိ ကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဦးအောင်မင်းတစ်ယောက် KNU နှင့် ဆွေးနွေးပွဲတွေမှာ အောင်မြင်မှု ရသလောက် KIA နှင့် ဆွေးနွေးပွဲတွေမှာ အောင်မြင်ဖို့ အလှမ်းဝေးနေဆဲပင်ဖြစ်ကြောင်း စစ်ဖက်နီး စပ်သူ များက သုံးသပ်လာပါတယ်။ ဦးအောင်မင်း လူရည်လည်တဲ့ အချက် တစ်ချက်က ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီမှာ အဖွဲ့ဝင် အဖြစ်ပါလာတဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းကို ကျောသတ်ရင်သတ် ဖားနေတာကို စစ်ဖက် နီးစပ်သူများက သိရှိရပါတယ်။ ယခင်က ဦးအောင်သောင်းတို့ဟာ တိုင်းမှူးတွေကို လူရာမသွင်း တဲ့အတွက် တိုင်းရင်းသား နယ်မြေတွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကို ဦးအောင်မင်း ကောင်းကောင်းသိနေပါတယ်။ ဒါကြောင့် ကိုစိုးဝင်းကို ဦးအောင်မင်း တွဲခေါ်မှ ဖြစ်တယ်လို့ ခံယူ ထားဟန် တူကြောင်း စစ်ဖက်နီးစပ် သူများက စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ် www.photayokeking.org သို့ သတင်းပေးပို့လာပါတယ်။

www.photayokeking.org မှပြန်လည်ဖေါ်ပြပါသည်။

No comments:

Post a Comment