၆၅
နှစ် လွတ်လပ်ရေးနှင့် ဒုတိယလွတ်လပ်ရေးတိုက်ပွဲ
တူမောင်ညို ၊ ဇန်နဝါရီ
၇ ၂၀၁၃
လွတ်လပ်ရေး (၆၅) နှစ် ပြည့်ခဲ့ပြီ။
တစ်တိုင်းတစ်ပြည်လုံး
မငြိမ်းချမ်းသေးသမျှ၊ တိုင်းရင်းသားပြည်သူများတွင် ဒီမိုကရေစီ
ပြည့်ပြည့်ဝဝမရှိ သေးသမျှ၊ တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိသေးသမျှ
လွတ်လပ်ရေးသည် မပြည့်စုံ၊ မပြည့်ဝ၊ မစစ်မှန်ဟုပြောရလိမ့်မည်။
ပြည်တွင်းစစ်သည်
လွတ်လပ်ရေးသက်တမ်းနှင့်အမျှ ရှည်ကြာခဲ့ပြီ။ ယနေ့အထိ ပြည်တွင်းစစ်
ဖြစ်ပွားနေဆဲ ဖြစ်သည်။
နေပြည်တော်တွင်
တေးသံသာများဖြင့် လွတ်လပ်ရေးညစာကို ပျော်ရွှင်စွာ ခံစားသုံးဆောင်နေချိန်တွင်
ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများမှာ ပြည်တွင်းစစ်၏ အမြောက်သံ၊ ဗုံးသံ၊
သေနတ်သံများ အောက်တွင် ထိပ်လန့်နေကြရသည်။ စစ်မီးဝေးရာသို့ ထွက်ပြေးခိုလှုံနေကြရသည်။
မနောမြေတွင် ယမ်းငွေ့၊ သွေးနှင့် မျက်ရည်တို့သည် ဝေ့ဝိုက်စီးစင်းနေပေလိမ့်မည်။
ဤသို့သော
အခြေအနေအချက်အလက်များကပင်“လွတ်လပ်ရေး”၏အစစ်အမှန်အဓိပ္ပါယ်ကို စစ်ဆေး မေးမြန်းနေသည်။
အရင်းစစ်လိုက်လျှင်
ပြည်တွင်းစစ် ဆိုသည်မှာ ပြည်တွင်းနိုင်ငံရေးပြဿနာ၏ အဆက်ပင်ဖြစ်သည်။
ဒီမိုကရေစီမပြည့်ဝမှု၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိခြင်း၏
လက်တွေ့သရုပ်ဖော်ချက်လည်း ဖြစ်သည်။
(ဖဆပလ)
(မဆလ) (နဝတ-နအဖ) နှင့် ၄င်း၏ အမွေခံ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ ဟူ၍
အုပ်စိုးသူအဆက်ဆက်သာ ပြောင်းသွားခဲ့သည်။ ပြည်တွင်းစစ်က ရှိမြဲရှိဆဲပင်၊
ဖြစ်ပွားမြဲ၊ ဖြစ်ပွားဆဲ။
၁၉၄၇
အခြေခံဥပဒေ၊ ၁၉၇၄ အခြေခံဥပဒေ၊ ၂၀၀၈ အခြေခံဥပဒေ ဟူ၍ အခြေခံဥပဒေ တစ်ခုပြီး တစ်ခုပြောင်းသွားခဲ့သည်။
ဒီမိုကရေစီအရေး၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက်
တောင်းဆို နေရဆဲ၊ တိုက်ပွဲဝင်နေရဆဲပင်ဖြစ်သည်။
သို့ဖြင့်
လွတ်လပ်ရေးသည် သက်တမ်းအားဖြင့် ၆၅ နှစ် ပြည့်ပင် ပြည့်ခဲ့သော်ငြားလည်း
ငြိမ်းချမ်းမှု မရှိသော လွတ်လပ်ရေး၊ ဒီမိုကရေစီအရေး၊
တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိသော လွတ်လပ် ရေးသာဖြစ်ခဲ့သည်။
ပြည်တွင်းစစ်ဖြစ်ပွားနေသော
လွတ်လပ်ရေး ပင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က
လူထုလှုပ်ရှားမှုကြီးကို “ဒုတိယလွတ်လပ်ရေးတိုက်ပွဲ” ဟု ပြောဆိုခဲ့ဖူး သည်။
သမ္မတ
(ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ ကျင်းပသော (၆၅) နှစ်ပြည့် “လွတ်လပ်ရေးနေ့”
အခမ်းအနား သို့ ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ခြင်းမရှိချေ။ “လွတ်လပ်ရေးနေ့”
အခမ်းအနားကို ဒီချုပ်က သီးခြား ကျင်းပသည်။ အဘယ့်ကြောင့် ထိုသို့ မတက် ရောက်သည်ကို
အသေအချာမသိပါ။
“ဒုတိယလွတ်လပ်ရေးတိုက်ပွဲ”ဟူသောအယူအဆကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်သည်။
သို့မဟုတ် လက်ရှိ ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော
စစ်ပွဲများကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်သည်။ အကြောင်း ရင်းကိုမူ ကာယကံရှင်များ က
သာ သိမည်။ သူတို့ထုတ်ဖော်ပြောကြားမှသာ ကျနော်တို့ သိနိုင်မည်။
ယမန်နှစ်က
“အာဇာနည်နေ့”တွင် အစိုးရကျင်းပသောအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်
တက် ရောက်ခဲ့သလို၊ ကိုယ်ပိုင် အစီအစဉ်ဖြင့်သီးခြားသွားရောက်၍လည်း ဂါရဝပြုသည်။
ဒီချုပ် ဌာနချုပ်တွင် လည်း “အာဇာနည်နေ့”အခမ်းအနား သီးခြားကျင်းပခဲ့သည်။
အစိုးရကျင်းပသော
“အာဇာနည်နေ့” သို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ခြင်းအပေါ်
“သင့်မြတ်ရေး အတွက်အပေါင်း လက္ခဏာ” တစ်ခုအဖြစ် စာနယ်ဇင်းပုဂ္ဂိုလ်အချို့က အကဲဖြတ်ခဲ့ ကြသည်။
ယခုနှစ်
၆၅ နှစ်ပြည့် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားခဲ့ သည်ဟု
သိရသည်။ သို့သော် လည်းဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခြင်းမရှိခဲ့။ တိုင်းရင်းသား ပါတီ
၂ ခု (ချင်းနှင့်ရခိုင်) မှ ဥက္ကဋ္ဌ ၂ ဦး ဖိတ်ကြားခံရသော်လည်း တက်ရောက်ခြင်းမရှိဟု
သိရသည်။ ချင်းအမျိုးသား ပါတီဥက္ကဋ္ဌက သွေးချင်းကချင်တိုင်းရင်းသားပြည်သူများ ပြည်တွင်းစစ်ကြောင့်
အတိ ဒုက္ခရောက်နေ ရချိန်တွင် လွတ်လပ်ရေးနေ့ ညစာစားပွဲမှ စားကောင်းသောက်ဖွယ်များကို
သူသည် မျိုချနိုင်လိမ့်မည် မဟုတ်ဟု ခံစားချက် အပြည့်ဖြင့်ပြောသွားသည်ကို
နားထောင်လိုက်ရပါသည်။ ချင်းအမျိုးသားပါတီဥက္ကဋ္ဌ၏ ခံစားချက်သည် မှန်ကန်လေးနက်သော
ခံစားချက် ပင်ဖြစ်သည်။
လွတ်လပ်ရေး၏
အရသာကို တိုင်းရင်းသားလူမျိုးတိုင်း၊ ပြည်သူပြည်သားတိုင်း အပြည့်အဝ၊ အညီအမျှ
ခံစားကြရမည်သာ ဖြစ် သည်။ သို့မှသာ လွတ်လပ်ရေးသည် အဓိပ္ပါယ်ရှိပေလိမ့်မည်။ အနှစ်သာ ရရှိပေလိမ့်မည်။
အတိတ်သမိုင်းမှ လက်ရှိပစ္စုပ္ပန်အထိ ပြန်ကြည့် လျှင်လွတ်လပ်ရေး၏အရသာသည် အုပ်စိုးသူ
အဆက်ဆက်ကသာ ခံစားခဲ့ရသော၊ ခံစားနေကြရသော ဇိမ်ခံအခွင့်အရေးတစ်ခုမျှသာဖြစ် ခဲ့သည်။
ဖြစ်နေဆဲဖြစ်သည်။ တိုင်းရင်းသားပြည်သူအများစုမှာ လွတ်လပ်ရေး၏အရသာကို ပြည့်ပြည့် ဝဝ၊
အေးအေးချမ်းချမ်း ခံစားခဲ့ရ ခြင်းမရှိသေးပါ။
တနည်းဆိုရလျှင်
နိုင်ငံတစ်နိုင်ငံ၏လွတ်လပ်ရေးဆိုသည်မှာ ထိုနိုင်ငံ၊ ထိုအမျိုးသား၊ ထိုပြည်သူများ၏
စီးပွားရေးအရ နိုင်ငံရေး အရ၊ ယဉ်ကျေးမှုအရ အမှီအခိုကင်းမှုကို
ဖော်ပြခြင်းပင်ဖြစ်ပါသည်။
လွတ်လပ်ရေး
၆၅ နှစ် သက်တမ်းအတွင်း အမှီအခိုကင်းသော အမျိုးသားစီးပွားရေးထူထောင်မှု လုပ်ငန်းတစ်ရပ်နှင့်
ဂုဏ်ယူဖွယ် ရာ အမျိုးသားထုတ်ကုန်တစ်ခုကို လက်ညှိုးထိုးပြပါဟုဆိုလျှင်
မည်သည့် အရာကို ကျနော်တို့ပြသကြမည်နည်း။
နိုင်ငံ၏
အဓိက စီးပွားရေးလုပ်ငန်းဖြစ်သော လယ်ယာထုတ်လုပ်ရေးလုပ်ငန်းသည် နွားနှင့်ဖက်၍
ထွန်ယက် စိုက်ပျိုးနေရဆဲ ပင်ဖြစ်ပါသည်။ နိုင်ငံလူဦးရေ၏ ၇၀%သော လယ်သမားများမှာ
ဆင်းရဲ မွဲတေမြဲ ပင်ဖြစ်ပါသည်။ လယ်မြေယာမြေများလုယက်သိမ်းပိုက်ခံ နေရဆဲပင်ဖြစ်ပါ
သည်။ အမျိုးသား လက္ခဏာ ဆောင်သော စက်မှုလုပ်ငန်းဆိုသည်မှာ မည်သည့် အရာကို
ကျနော်တို့ခေါ်ဆိုကြမည်နည်း၊ လက်ညှိုးထိုးပြ ကြမည်နည်း။
နယ်ချဲ့အင်္ဂလိပ်ထံမှ
“လွတ်လပ်ရေး”ကို စာချုပ်များ ( အောင်ဆန်း-အက်တလီစာချုပ်/ မြ- ကရွန်ဘီ စာချုပ်/
လက်ျာ-ဖရီးမင်း စာချုပ်) ဖြင့်ရယူခဲ့စဉ်က ဗမာ့လွတ်လပ်ရေးသည် နိုင်ငံရေးအရ လွတ်လပ် ပင်
လွတ်လပ်သော်ငြားလည်း စီးပွားရေးအရ မလွတ်လပ် ဟု အကဲဖြတ်ခဲ့ကြသည်၊ ဝေဖန် ထောက် ပြခဲ့ကြသည်၊
“လုံးဝလွတ်လပ်ရေး”အတွက် တစ်တိုင်းတစ်ပြည်လုံး ညီညွတ်စည်းလုံးကာ တိုက်ပွဲဝင်
ကြရမည်ဟု ဆော်သြ စည်းရုံးခဲ့ကြသည်။
ယခု
သက်တမ်း ၆၅ ပြည့်ခဲ့သော “လွတ်လပ်ရေး” အဓိပ္ပါယ်ကို ပြန်လည် စစ်ဆေးကြည့်ရှု လိုက်သော အခါ
စီးပွားရေးဘက်တွင် လည်း အိမ်နီးချင်းနှင့် အခြားနိုင်ငံပေါင်းစုံကို
မှီခိုမြဲမှီခိုနေရဆဲဖြစ်သည်။ နိုင်ငံရေးဘက်တွင်လည်း တိုင်းရင်းသားပြည်သူများမှာ
ပြည်တွင်း ငြိမ်းချမ်းရေးလည်းမရှိ၊ ဒီမို ကရေစီရေး၊
တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ ပြည့်ပြည့်ဝဝမရှိခဲ့ကြောင်း
ကိုယ်ပိုင် အတွေ့ အကြုံအရ သိရှိလာခဲ့ကြရပြီဖြစ်သည်။
သို့အတွက်
၆၅ နှစ်ပြည့်ခဲ့သော “လွတ်လပ်ရေး”သည် နိုင်ငံရေးအရ၊ စီးပွားရေးအရ ပြည့်ဝသော၊ အမှီအခိုကင်းသော
တကယ့်လွတ်လပ်ရေး မဟုတ်ဘဲ၊ အမည်ခံလွတ်လပ်ရေး၊ အုပ်စိုးသူများတွက် ခံစား၊ စံစားစရာ
ဇိမ်ခံလွတ်လပ်ရေးမျှသာ ဖြစ်နေသေး သည်ဆို သည့် အချက်မှာ ပို၍ထင်ရှားလာ ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏
“ဒုတိယလွတ်လပ်ရေးတိုက်ပွဲ” အယူအဆ မည်သို့ဖြစ်မည်ဟု ကျနော် မသိ သော်လည်း၊ တိုင်းရင်း
သားပြည်သူတစ်ရပ်လုံး နိုင်ငံရေးအရ လုံးဝလွတ်လပ်ရေး (ငြိမ်းချမ်းရေး၊
ဒီမိုကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး) နှင့် စီးပွားရေးအရ
အမှီအခိုကင်းရေး (နိုင်ငံ ပေါင်းစုံမှီခိုနေရမှုမှ လွတ်လပ်၍
ကိုယ်ပိုင်အမျိုးသားစီးပွားရေးထူထောင်နိုင်ရေး) တို့သည် “ဒုတိယ လွတ်လပ်ရေးတိုက်ပွဲ”
၏ အဓိက လုပ်ငန်းစဉ်များ ဖြစ်လိမ့်မည်ဟု ကျနော်တွေးတော၊ စဉ်းစားနေမိ ပါသည်။
moemaka.com မှကူးယူဖေါ်ပြပါသည်
No comments:
Post a Comment