Pages

Sunday, January 20, 2013

Myitkyina's Blog Daily News for 20 January 2013

MYITKYINA’S BLOG
20 January 2013

MYITKYINA’S BLOG
20 January 2013

စခန်းသိမ်းတိုက်ပွဲကို ၂၄ နာရီနှင့်အပြီး ဆင်နွဲရန်ညွှန်ကြား

မြန်မာ့တပ်မတော်၏ရည်မှန်းချက်ဖြစ်သော စခန်းသိမ်းတိုက်ပွဲကို ယနေ့ညမှစ၍ ၂၄ နာရီအတွင်း အပြီး ထိုးစစ်ဆင်သွားရန် ညွှန်ကြားလျက်ရှိကြောင်း သိရှိရသည်။

လဂျားယန်ဒေသ ခယာဘွမ်(Hka Ya Bum)စခန်းကို ၂၄ နာရီအပြီး သိမ်းပိုက်ရန် ညွှန်ကြားခြင်း ဖြစ်သည်။ ယင်းခယာဘွမ်ထိုးစစ်ကို ဇန်န၀ါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ကာ ထိုးစစ်ဆင် သော်လည်း အစိုးရ တပ်ဖွဲ့များ ထိခိုက်မှုများလျက်ရှိသည်။ ဇန်န၀ါရီလ ၂၀ ရက် မနက် ၈ နာရီ အချိန်တွင် လဂျားယန်ရှိ တပ်ဖွဲ့မှ ခယာဘွမ်၏ အရှေ့ဘက်ခြမ်းမှ လျှပ်တပြက်ဝင်ရောက်တိုက်ခိုက် သော်လည်း အကျအရှုံးနှင့် ပြန်ဆုတ်ခဲ့ရ သည်။ နေ့လည် ၁၂ နာရီအချိန်မှစ၍ ခယာဘွမ်၏အနောက် ဘက်နှင့် မြောက်ဖက်မှပတ်၍ ပြန်လည်ထိုးစစ်ဆင်လျက်ရှိသည်။

ခယာဘွမ်ကို ၂၄ နာရီနှင့်အပြီး သိမ်းပိုက်ရေးစီမံချက်ကို ဇန်န၀ါရီလ ၂၀ ညပိုင်းတွင်စတင်ကြောင်း သိရှိရသည်။ ယင်း ၂၄ နာရီစီမံကိန်းတွင် ပန်ဝါဒေသ နယ်ခြားမှတ်တိုင်အမှတ်(၆) KIA တပ်စခန်း လည်းပါဝင်ကြောင်း သိရှိရသည်။

မြန်မာ့တပ်မတော်၏ ၂၄ နာရီ ရည်မှန်းချက်ပြည့်ဝပြီးသောအခါ သမ္မတဦးသိန်းစိန်းက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာရန် စီစဉ်နေကြောင်း သိရှိရသည်။

တပ်မ(၁၀၁) ပြုန်းတီးမှုအများဆုံးဖြစ်

ဒီဇင်ဘာလ ကုန်ပိုင်းမှစတင်၍ လဂျားယန်ဒေသ ထိုးစစ်ဆင်ရာတွင်ပါဝင်လာသော ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)လက်အောက်ခံ တပ်ရင်းများသည် အထိအခိုက်အများဆုံးဖြစ်ကာ တပ်ဖွဲ့စည်းပုံပျက်ခဲ့ ကြောင်း သိရှိရသည်။ ၁၀ ရက်ကြာ တိုက်ပွဲတွင် ကျဆုံးသူ ၂၀၀ ကျော်၊ ဒဏ်ရာရသူ ၁၀၀ ကျော်နှင့် ထွက်ပြေး ပျေက်ဆုံးသူ ၂၀၀ ကျော်ရှိကြောင်း သိရှိရသည်။ ခလရ (၂၅၂)၊ (၂၅၈) တပ်ရင်းမှူးနှစ်ဦး သည်လည်း ဒဏ်ရာ ပြင်းထန်စွာရရှိကာ ခလရ(၂၅၈) တပ်ရင်းသည် တပ်ပျက်ခဲ့ကြောင်း သိရှိရသည်။ တပ်မ(၁၀၁)လက်အောက်ခံ ခလရ(၂၅၁)၊ (၂၅၂)၊ (၂၅၃)၊ (၂၅၄)၊ (၂၅၅)၊ (၂၅၆)၊ (၂၅၇)၊ (၂၅၈)၊ (၂၅၉)၊ တပ်ရင်းများ လဂျားယန်သေ ထိုးစစ်တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်၏ ၂ လ စာရင်းချုပ်

၂၀၁၂ နိုဝင်ဘာလ ၁၅ ရက်မှ ဇန်န၀ါရီလ ၁၅ ရက်အထိ ၂ လ အတွင်း မြန်မာ့တပ်မတော်၏ ကချင်ဒေသ ထိုးစစ်ဆင်ရာတွင် စစ်အသုံးစရိတ် ကျပ်ငွေသန်းပေါင်း ၂၆၈၃၀(သန်း) နှင့် အမေရိကန်ဒေါ်လာ ၂.၃ သန်း ရှိကြောင်း သိရှိရသည်။ ယင်း ၂ လ အတောအတွင်း ကျဆုံးသူ တပ်မတော်သား ၂၁၈ (အရာရှိ ၂၂ ဦး ပါဝင်) နှင့် ဒဏ်ရာရရှိသူ ၇၆၄ ဦး ရှိကြောင်း သိရှိရသည်။

လေတပ်၏ အပေါ့စားတိုက်လေယာဉ်ပျက်စီး ၃ စီး၊ စစ်ရဟတ်ယာဉ် ၂ စီး ပျက်စီးခဲ့ကြောင်း သိရှိရ သည်။ ၁၂၀ မမ အမြောက် ၁ လက်၊ ၁၀၅ မမ အမြောက် ၂ လက်၊ ၈၁ မမ စိန်ပြောင်း ၃ လက် ပျက်စီး၊ ပျောက်ဆုံးကြောင်း နှင့် စက်လတ် ၉ လက်၊ MA အပေါ့စားသေနတ် ၁၅၂ လက် နှင့် ကျည် ၂၆၃၄၂၀ တောင့် ပျောက်ဆုံး၊ ရှုံးဆုံး ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment