Pages

Sunday, September 23, 2012

ဘယ်သူကကျူးကျော်ပြီး ဘယ်သူက၇န်လိုနေသလဲ?

ကချင်ဒေသဟာ မြန်မာဘုရင်တွေလက်ထက်က ဗမာလက်အောက်ခံမဟုတ်။ သီးခြားလွတ်လပ်သော ပြည်နယ်သာဖြစ်တယ်။
 
အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးယူကာနီးအခါမှသာ ဗိုလ်ချုပ်အောင်ဆန်းဟာ ကချင်၊ ရှမ်း စတဲ့ တောင်တန်းဒေသတွေကို သွားရောက်ပြီး ဗမာပြည်မအတူ တပြိုင်တည်း လွတ်လပ်ရေး ယူချင် ပါတယ် ဆိုတဲ့ သဘောတူညီချက်ကို တိုင်းရင်သားခေါင်းဆောင်တွေကဆီက ရယူနိုင်အောင် စည်းရုံး နိုင်ခဲ့တယ်။ ပင်လုံစာချုပ်အရ လွတ်လပ်ရေးတာနဲ့ ကချင်ပြည်နယ်လို လွတ်လပ်တဲ့ သီးခြားပြည်နယ် ထူထောင်နိုင် စေရမယ် ဆိုတာလည်း ပါပါတယ်။
 
ဒီကနေ့ ဗမာစစ်တပ်တွေက ကချင်တပ်တွေကို ထိုးစစ်ဆင်နေတယ်။ ဒီအချိန်မှာ တချို့ဗမာတွေက စစ်ဖြစ် တယ်ဆိုတာ နှစ်ဖက်စလုံးက မှားလို့ဆိုပြီး ယောင်ဝါးဝါးပြောနေကြတယ်။ အခုဖြစ်နေတဲ့စစ်မှာ ဗမာတပ် တွေက ကချင်ဒေသကို သွားကျူးကျော်လို့ဖြစ်တာလား။ ကချင်တပ်တွေက ဗမာနယ်ကို လာကျုးကျော် လို့ဖြစ်တာလားဆိုတာကို သေသေချာချာလည်း စဉ်းစားကြစမ်းပါဦး။ကိုယ့်ဒေသကို ကျူးကျော်တိုက်ခိုက် လာရင် ဘယ်သူမဆို သဘာဝကျကျ ခုခံတော်လှန်ကြမှာချည်းပဲ။ ဗိုလ်ချုပ်အောင်ဆန်းတောင် နယ်ချဲ့တွေ ကို အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ ချရမှာပဲလို့ ပြောခဲ့သေး တယ်။
 
တကယ်တမ်းမှာ ကချင်တွေက ခွဲထွက်ခွင့်တောင် မတောင်းသေးပါဘူး။ တန်းတူညီမျှခွင့်ပဲ တောင်းသေး တာပါ။ တကယ်လို့ သူတို့ ခွဲထွက်ချင်တယ်ဆိုလည်း လွတ်လပ်စွာ ခွဲထွက်ခွင့်ရှိတယ်လို့ ကျနော်မြင်တယ်။ ဒါကို တချို့ဗမာတွေက ပြည်ထောင်စုကြီး ပြိုကွဲလိမ့်မယ် ဘာညာ အသံ ကောင်းဟစ်ပြီး သူများမြေကို သူများဆန္ဒမပါဘဲ မောင်ပိုင်စီးချင်နေကြတာကတော့ သူတော်ကောင်း အလုပ်မဟုတ်၊ ဓားပြအလုပ်သာ ဖြစ်တယ်။
 
Aung Naing Moe FaceBook မှကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment