မဟာ ဗမာ စိတ်ဓါတ်က ဘာလဲ လို့  လူငယ်တွေက ကျနော်ကိုလာမေးကြလေ့ရှိတယ်။ အလွယ်ကူ ဆုံးပြောရမယ်ဆိုရင်တော့
အယူသာရှိပြီး အပေးမရှိတဲ့စိတ်ဓါတ်။ ပါးစပ်က တိုင်းရင်းသား တွေကို ဒို့  က
ညီအကို တွေ၊ ဘာသာတူတယ်။ ယဉ်ကျေးမှုတူတယ်ဆိုပြီး ပတ်ချွဲ နှပ်ချွဲ ပြောနေကြ တယ်။
အခုရခိုင် ဖက်က နာသလိုလိုနဲ့  ၀င်ပြီး လေသံကောင်းပြစ်ကြတယ်။ တကယ် လက်တွေ့ က
ရခိုင် လူမျိုးတွေ ရော တိုင်းရင်းသားတွေ လူမှု
ပြသာနာပေါင်းစုံကိုရင်ဆိုင်နေကြရတာ တိုင်းရင်းသား ပြည်နယ်တွေမှာ
ကိုယ်ပိုင်ပြဌာန်းခွင့်မရှိတဲ့ပြသနာဖြစ်ပါတယ်။ တိုင်းရင်းသားတွေကိုကိုယ်ပိုင်
ပြဌာန်းခွင့် ပေးဖို့ ကြတော့ ဘယ်ဗမာ မှ ပါးစပ်တွေ မဟ ကြဘူး။
ရူးခြင်ယောင်ဆောင်နေကြတယ်။
တိုင်းရင်းသားအပေါင်းတို့  မဟာဗမာ ဆောက်ကျင့် သီလကြောင် တွေ ကို သတိထားကြပါ။
တိုင်းရင်းသားတွေ ဟာ
ကိုယ်ပြည်နယ်ကိုယ်ချုပ်ခွင့်ရှိရမယ်။ ပြည်တောင်စုနဲ့ အတူလက်တွဲ နေမယ် ဆိုတဲ
့ ကတိက၀ိတ်ကို ကျနော်တို့  မနပုလောစာချုပ်အဖြစ်နဲ့ချုပ်ဆိုဖို့  စတင် ကြိုးပန်းခဲ့တဲ့
ဗမာ ခေါင်းဆောင်ဟာ မိုးသီးဇွန် သာဖြစ်တယ်ဆိုတာ မမေ့ ဖို့ ပြောချင်ပါတယ်။
ကျနော် နဲ့အေဘီအက်စ်ဒီအက်ရဲ
ဘော်တွေဟာ ပါးစပ်နဲ့တိုင်းရင်းသားတွေကို ချစ်ပြခဲ့သူတွေမဟုတ်။ အသည်းနှလုံးနဲ့ 
ဘ၀နဲ့ ရင်းပြီး တိုင်းရင်းသားတွေဖက်က ရပ်တည်ခဲ့ကြတာဖြစ်ပါတယ်။ ကျနော်တို့  ဟာ
တိုင်းရင်းသားတွေရဲ့  ကြေကွဲဘွယ်ရာဘ၀တွေကိုမြင်ခဲ့ရတဲ့အဓိက သက်သေတွေဖြစ်ပါတယ်။
မြန်မာ နိင်ငံမှာ အရင်းခံပြသနာက
ဒီမိုကရေစီဆိတ်သုဉ်းတဲ့ပြသနာ ဖြစ်ပြီတိုင်းရင်းသား များ
ကိုယ်ပိုင်ပြဌာန်းခွင့်မရှိသမျှ ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကိုကာကွယ်စောင့်ရှောက်မှုဥပဒေတွေ
မရှိ သမျှ မြန်မာပြည်ဟာ ဒီမိုကရေစီ ရှိမှာမဟုတ်ပါဘူး။
တိုင်းရင်းသားတွေရဲ့ ပြသနာ က ဘာလဲ ?
တိုင်းရင်းသားတွေရဲ့ ပြသနာက
ကိုယ်ရဲ့  ပြည်နယ်ကို ကိုယ်ပြန်တောင်းဖို့  မေ့ နေတဲ့  ပြသနာဖြစ် တယ်။
ကိုယ်အိမ်ကို ကိုယ်ပြန်မတောင်းဖို့  အားနာနေတဲ့ပြသနာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ လူမျိုးရေးပြသာနာနဲ
့ပတ်သက်ပြီး အေအဲလ်ပီနဲ့ ပြည်တွင်းက နိင်ငံရေးအင်အားစုတွေရဲ့ ဆွေးနွေးချက်ကို ကြည့်ပြီး
ကျနော်တော်တော် စိတ်ပျက်မိတယ်။ မျော်လင့် ကင်းမိတယ်။ (Wishi Washi)
တွေပဲများနေတယ်။ တောမယ်တောင်ဘွဲ့  တွေကို ပြောနေကြတယ်။
တိုင်းရင်းသားခေါင်းဆောင်တွေက သူတို
့ကို နိပ်စက်နေတဲ့ မဟာဗမာ တွေကို ပြန်ပြီး အသနားခံ နေကြရသလိုဖြစ်နေတယ်။
တကယ်တန်းပြောရမှာ က ရခိုင်ပြည်နယ်ကို ရခိုင်တွေမအုပ်ချုပ်ရလို့ 
ဒီလို ဖြစ်တာလို့ ပြောရမှာဖြစ်ပါတယ်။
ဒါကြောင့်တိုင်းရင်းသားတွေကခင်ဗျားတို
့ရဲ့  ဗမာသူငယ်ချင်းတွေနဲ့  တွေ့ရင် မေးရမဲ့ ငါတို့  ကိုယ်ပိုင် ပြဌာန်းခွင့်ရဖို
့ တောင်းဆိုမယ်။ မင်း တို့ ထောက်ခံပေးပါလို့  စည်းရုံးပါ။ အဲ့ဒီကြရင်
ခင်ဗျားတို့ တွေ့  လိမ့်မယ်။
သူတို့ ဟာ ခင်ဗျားတို့  ကို
သူတို့  တကယ်ချစ်တယ်မချစ်ဘူးဆိုတာတွေ့ လိမ့်မယ်။
အဲ့ဒီအချိန်မှာ သေနပ်တလက် ၊ ကလောင်တလက်နဲ့ ခင်ဗျားတို့ ဖက်က ရှိနေသူဟာဘယ်သူလဲ
ဆိုတာ တွေ့ လိမ့်မယ်။ အချိန်က စကားပြောလိ့မ်မယ်။
ရိုဟင်ရျာ ပြသနာ လောက်နဲ့ သူတို
့လွမ်းပြနေတာကို ချင့်ယုံပါ။ ရိုဟင်ရျာပြသနာ ဟာဖြေရှင်းလို့ ရတဲ့ ပြသနာဖြစ်တယ်လို့ကျနော်ယုံကြည်တယ်။
မိုးသီးဇွန်
Wednesday, 13 June
2012
http://komoethee.blogspot.com/
(We Fight We Win) မှကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment