Pages

Monday, June 25, 2012

KIA စခန်းဝင်စီး၍ ထိခိုက်ဆုံးရှုံးမှုများ

KIA စခန်းဝင်စီး၍ ထိခိုက်ဆုံးရှုံးမှုများ
by myitkyina.blog.com on June 26, 2012

ဇွန်လ(၂၅)ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၊ ဂန်ဒေါ်ယန်ကျေးရွာ အနီးရှိ ရှအစ် KIA ရှေ့တန်းစခန်းသို့ ခမရ(၃၄၈)တပ်ဖွဲ့ဝင်များ ၀င်ရောက်ရှင်းလင်းစဉ် တိုက်မိုင်းဖြင့် တိုက်ခိုက်ခံရသဖြင့် ဗိုလ်ကြီး ဇင်မင်းထွန်း ကျဆုံးပြီး၊ တပ်ကြပ်ကြီး တစ်ဦးအပါအ၀င် (၄)ဦး ဒါဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာစစ်တပ်သည် KIA တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုပါကြောင်း ကမ္ဘာသိပြောဆို ကြေညာမောင်းခတ်ထားသော်လည်း မြေပြင်တွင်မူ မြန်မာစစ်တပ်သည် KIA တပ်စခန်းများကို ထိုးစစ် ဆင်၊ တိုက်ခိုက်မှုများ၊ စခန်းသိမ်းမှုများ၊ KIA တပ်ဖွဲ့များကို ခြုံခိုတိုက်ခိုက်မှုများကို နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိကြောင်း သိရှိသည်။

ပြုပြင်ပြောင်းလဲရေး(Reform) ကို နိုင်ငံတကာရှေ့မှောက်တွင် နာမည်ကောင်းရရှိရန် ဦးသိန်းစိန်နှင့် အပေါင်းအပါများ ဟန်ဆောင်ကြိုးစား ကပြနေသော်လည်း အတိုင်အဖေါက်လွဲမှားနေသော စစ်တပ်က မူ ကမောက်ကမ ဟန်ချက်မညီဘဲ တဇွတ်ထိုးပြုမူနေသဖြင့် ဇာတ်ကျဖြစ်နေရသည်။


Myitkyina Blog မှပြန်လည်ဖေါ်ပြပါသည်။
OKA

No comments:

Post a Comment