Pages

Friday, June 15, 2012

ဦးဇခုန်တိန်းယိန်း အမှန်မသိတာလား? မပြောပြကြဘူးလား? မသိယောင်ဆောင်တာလား?

ဦးဇခုန်တိန်းယိန်း အမှန်မသိတာလား? မပြောပြကြဘူးလား? မသိယောင်ဆောင်တာလား?

by myitkyina.blog.com on June 14, 2012
၁၄.၆.၂၀၁၂

သို့

ဦးဇခုန်တိန်းယိန်း
အထူးဒေသ (၁) ဥက္ကဌ ဟောင်း
အမျိုးသားလွတ်တော် ကိုယ်စားလှယ်

KIA နယ်ခြားစောင့်လှုပ်ရှားနေရာကို ၀င်ရောက်ရန် ကောလဟာလသတင်းများ ထွက်နေတာကြာ ခဲ့ပြီ ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် ၁၀ လပိုင်း ၄ လပတ်စည်းဝေး အပြန်မှာ ဒေတန်ခေါင်လွမ်း၊ ဆော်တိန့်တို့ကို မြစ်ကြီးနားက ကျွန်တော့်အိမ်မှာခေါ်ယူပြီး ကိုယ့်လူမျိုးအချင်းချင်းကြား သွေးထွက်သံယိုမှုမဖြစ်အောင် နည်းနာများရှာဖို့ လိုအပ်မည်ဖြစ်ကြောင်း၊ သမိုင်းမလှအောင်မဖြစ်ဖို့ သတိပေးခဲ့ပါသည်။

၆.၁၂.၂၀၁၁ ရက်နေ့ည ပန်ဝါဆောင်တိန့်အိမ်သွားပြီးလည်း ကိုယ့်လူမျိုးကြား သွေးထွက်သံ ယိုမှု မဖြစ်ဖို့ ထပ်သတိပေးခဲ့ပါသေးသည်။ ကျွန်တော်လည်း ကောလာဟာလသတင်းဘဲဖြစ်သည်၊ အသိအကျ ဘယ်သူမှမပြောပြကြဘူး။

နောက် ခေါင်လွမ်း၊ဆော်တိန့်၊ ဒိုင်ခေါင် တို့တိုင်ပင်ပြီး KIA အရာရှိ တစ်ဦးထံလူလွတ်တွေ့ခဲ့ ကြောင်းသိရ၊ ၄င်း KIA အရာရှိက ခင်ဗျားတို့ဖြစ်ချင်သည့် သဘောထားများကို စာရေးဖို့ ပြောလိုက် ကြောင်းသိရ၊ ရေး မရေးတော့ မသိရတော့ပါ။

၂၀၀၃ တပ်မှုး ဒိုင်ခေါင်ကို KIA တို့ဆက်သွယ်မေးကြည့်ရာ ကျွန်တော်လည်း ၀မ်ထယ်ဒိုင်ခေါင် ဘဲလို့ပြော လာသဖြင့် ၄င်းKIA အရာရှိတောင်ရှက်မိသည်လို့ဆို၏ (ကျွန်တော်ကချင်မျိုးဖြစ်သည်၊ ကချင်လူမျိုး ချစ်စိတ်ဓာတ်ရှိသည် ဆိုသည့်အဓိပ္ပါယ်ဖြစ်သည်။)

နောက်ပိုင်း နယ်ခြားစောင့်တပ် များလည်းသွားလာမှု အဆင်ပြေနေတာတွေ့ရသဖြင့် ခုလို တိုက်ပွဲ ဖြစ်လာလိမ့်မည်လို့ မမျှော်လင့်ခဲ့ပါ။ ဤ အထက်ဖေါ်ပြ ချက်များ ဦးတိန့်ယိန်း ကို မပြောပြကြဘူးလား၊ သို့မဟုတ် ဦးတိန့်ယိန်း နယ်ခြားစောင့်တပ်နှင့် မဆိုင်တော့လို့လား တော့မသိတော့ပါ။

ကျွန်တော်သည် တစ်လျှောက်လုံးအများက ဇခုန်တိန့်ယိန်း၏ အရင်းနီးဆုံး ညီအကိုတစ်ဦး အဖြစ် ယုံကြည်ခဲ့ကြသူပါ။ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း အဖွဲ့အစည်း၏ ရန်သူ၊ သမိုင်း၏ရန်သူ၊ ဘ၀၏ ရန်သူ အဖြစ်သတ်မှတ်လာခဲ့သည်။ ထုတ်ပယ်ခြင်း၊ နယ်နှင်ဒဏ်ပေးခြင်း ခံခဲ့ရသည့်အတွက် ဦးတိန့်ယိန်း တစ်လျှောက်လုံးဆန့်ကျင်ခဲ့သည့်၊ ကိုယ့်လူမျိုး လက်နက်ကိုင်နိုင်ငံရေးအဖွဲ့သို့ ကူးပြောင်း ပါဝင်သွားပြီ ဖြစ်ပါသည်။ တနည်းအားဖြင့်ပြောရရင် မိခင်အဖွဲ့အစည်းသို့ပြန်ရောက်သွားခြင်းလည်း ဖြစ်ပါသည် မျိုးချစ်စိတ်ဓါတ်ဖြင့် ဂုဏ်လည်းယူမိပါသည်။


ဦးမဂျီဇော်တောင်၊

Myitkyina Blog မှကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment